အထီးက်န္ျခင္းနဲ႔ လူမႈေရးေခါင္းပါးမႈေတြေၾကာင့္ အမ်ားကဝိုင္းပယ္ျခင္း ခံရသူေတြဟာ ၾကာရွည္လာတာနဲ႔အမွ် က်န္းမာေရးဆိုင္ရာ ျပႆနာေတြ မ်ားစြာျဖစ္လာႏိုင္ၿပီး နာတာရွည္အထီးက်န္ျခင္းဟာ တစ္ရက္ကို စီးကရက္ ၁၅ လိပ္ေသာက္တာထက္ ပိုဆိုးတဲ့ က်န္းမာေရးဆိုင္ရာျပႆနာေတြကို ျဖစ္လာေစေၾကာင္း အေမရိကန္ႏိုင္ငံပညာရွင္ေတြက ေလ့လာသံုးသပ္ခဲ့ၾကပါတယ္။
ဒီအယူအဆကို သက္ေသျပႏိုင္ဖို႔အတြက္ Brigham Young တကၠသိုလ္က သုေတသီမ်ားဟာ ၂၀၁၅ မွာသုေတသနျပဳလုပ္ခဲ့ၾကပါတယ္။ ယခုလိုအခ်က္အလက္ေတြကို ရရွိႏိုင္ဖို႔အတြက္ သုေတသီေတြဟာ ကြဲျပားျခားနားတဲ့ က်န္းမာေရးဆိုင္ရာကိစၥေတြကေန ေကာက္ယူခဲ့ၾကတာျဖစ္ၿပီး အထီးက်န္မႈေတြ ခံစားေနရသူ၊ တစ္ဦးတည္းေနထိုင္သူ စတဲ့သူေတြအပါအဝင္ လူဦးေရ သံုးသန္းေလာက္ကို ေလ့လာခဲ့ၾကတာျဖစ္ပါတယ္။
ယခုလို အထီးက်န္ေနျခင္းဟာ cortisol ပမာဏနဲ႔ စိတ္ဖိစီးမႈေဟာ္မုန္း ပမာဏကို ျမင့္တက္ေစၿပီး ဆိုးဝါးတဲ့စိတ္ပိုင္း႐ုပ္ပိုင္း အေျခအေနေတြကို ျဖစ္ေစႏိုင္တာေၾကာင့္ က်န္းမာေရးနဲ႔ညီညႊတ္ေအာင္စားသံုးဖို႔၊ ပတ္ဝန္းက်င္နဲ႔သဟဇာတျဖစ္ေအာင္ေနထိုင္ဖို႔၊ ကိုယ္လက္လႈပ္ရွားမႈေတြနဲ႔ နာက်င္စရာေတြကို ျပန္လည္ကုစားဖို႔ လိုအပ္ေၾကာင္းကို ပညာရွင္ေတြက အၾကံေပးခဲ့ၾကပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-providr
သင့္ဘဝတစ္သက္တာအတြက္ ခ်စ္သူအျဖစ္ ေရရွည္လက္မတြဲသင့္တဲ့ လူ (၆)မ်ိဳး
Unicode
အထီးကျန်ဆန်ခြင်းဟာ နေ့စဉ်စီးကရက် ၁၅လိပ်သောက်တာထက် ပိုဆိုးကြောင်း လေ့လာတွေ့ရှိ
အထီးကျန်ခြင်းနဲ့ လူမှုရေးခေါင်းပါးမှုတွေကြောင့် အများကဝိုင်းပယ်ခြင်း ခံရသူတွေဟာ ကြာရှည်လာတာနဲ့အမျှ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ များစွာဖြစ်လာနိုင်ပြီး နာတာရှည်အထီးကျန်ခြင်းဟာ တစ်ရက်ကို စီးကရက် ၁၅ လိပ်သောက်တာထက် ပိုဆိုးတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ဖြစ်လာစေကြောင်း အမေရိကန်နိုင်ငံပညာရှင်တွေက လေ့လာသုံးသပ်ခဲ့ကြပါတယ်။
ဒီအယူအဆကို သက်သေပြနိုင်ဖို့အတွက် Brigham Young တက္ကသိုလ်က သုတေသီများဟာ ၂၀၁၅ မှာသုတေသနပြုလုပ်ခဲ့ကြပါတယ်။ ယခုလိုအချက်အလက်တွေကို ရရှိနိုင်ဖို့အတွက် သုတေသီတွေဟာ ကွဲပြားခြားနားတဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေကနေ ကောက်ယူခဲ့ကြတာဖြစ်ပြီး အထီးကျန်မှုတွေ ခံစားနေရသူ၊ တစ်ဦးတည်းနေထိုင်သူ စတဲ့သူတွေအပါအဝင် လူဦးရေ သုံးသန်းလောက်ကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။
ယခုလို အထီးကျန်နေခြင်းဟာ cortisol ပမာဏနဲ့ စိတ်ဖိစီးမှုဟော်မုန်း ပမာဏကို မြင့်တက်စေပြီး ဆိုးဝါးတဲ့စိတ်ပိုင်းရုပ်ပိုင်း အခြေအနေတွေကို ဖြစ်စေနိုင်တာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်အောင်စားသုံးဖို့၊ ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင်နေထိုင်ဖို့၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ နာကျင်စရာတွေကို ပြန်လည်ကုစားဖို့ လိုအပ်ကြောင်းကို ပညာရှင်တွေက အကြံပေးခဲ့ကြပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-providr