အတွေ့အကြုံရှိတဲ့ ကလေးဆရာဝန်တစ်ယောက် ဖော်ပြထားသော ကလေး မမွေးခင်မှာ ဝယ်ဖို့ မလိုအပ်သေးတဲ့ အရာများ

0
259

ကလေးအထူးကု Födor Katasonovမှာ မိဘတွေ အသုံးဝင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးတတ်တဲ့ ကလေးတွေရဲ့ ကျန်းမာရေးနှင့် ပတ်သတ်ပြီး နာမည်ကြီး ချန်နယ်တစ်ခုရှိပါတယ်။ ဆရာဝန်တစ်ယောက်လည်းဖြစ်၊ ကလေးနှစ်ယောက် အဖေလည်းဖြစ်တဲ့ သူဟာ သူ့အတွေ့အကြုံလေးတွေကို မျှဝေလေ့ရှိပါတယ်။ သူဟာ လွန်ခဲ့တဲ့နှစ်က ကလေးကို စိုးရိမ်ပူပန်မှုကင်းတဲ့ ချည်းကပ်နည်း ဆိုတဲ့ ကလေးနှင့် ပတ်သတ်တဲ့ ခေါင်းစဉ်ဖြင့် ပထမဆုံး စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အခန်း၁မှာ စာရေးသူက ကလေးမမွေးခင်မှာ ပုခက်၊ ရေချိုးဇလုံတွေနဲ့ အရုပ်တွေကို ဘာ့ကြောင့် ဝယ်ဖို့မလိုအပ်တဲ့ အကြောင်းကို ရှင်းပြထားပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ရင်သွေးလေးတွေကို မွေးဖွားဖို့ ပြင်ဆင်နေတဲ့ မေမေတို့အတွက် အကျိုးရှိမယ့် အကြောင်းအရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ပုခက်

ဘေဘီလေးက ဘယ်လိုအိပ်ရတာ ပိုပြီးသက်တောင့်သက်သာ ရှိတယ်ဆိုတာ မသိနိုင်သေးခင်မှာ ပုခက်ကို မဝယ်ပါနဲ့ဦး။ မွေးကင်းစအရွယ်မှာ မေမေနဲ့ပဲ အတူတူပေးအိပ်ပါ။ ကလေးက မိခင်နဲ့ လုံးဝသီးခြားစီ အိပ်လို့ရပြီလို့ သေချာနေမှ ပုခက်ဝယ်ပါ။ မွေးကင်းစကလေးတွေက တခါတရံမှာ သီးခြားအိပ်ရရင် ကောင်းကောင်း အိပ်မပျော်နိုင်ပါဘူး။ ၆လနောက်ပိုင်းမှ သူတို့ရဲ့ အိပ်စက်မှုကို ပိုသတိထားတတ်လာပါတယ်။ ညဘက်မှာ နို့တိုက်ဖို့လည်း အဆင်ပြေအောင် မေမေတို့နားမှာပဲ သိပ်ပေးပါ။ မိဘတွေရဲ့ အိပ်ရာက ပိုကျယ်တဲ့အတွက် ကလေးပုခက်ထက်စာရင် သူတို့ လွတ်လွတ်လပ်လပ် အိပ်လို့ရပါတယ်။ ဒါ့အပြင် ကလေးဟာ စောစော ဝမ်းလျားထိုးသွားတတ်လာပါလိမ့်မယ်။ ကြမ်းပြင်ဟာလည်း ကလေးတွေ အိပ်စက်ဖို့အတွက် အလုံခြုံဆုံးဖြစ်ပါတယ်။ ကလေးပုခက် ဝယ်ဖို့ သင်လိုအပ်ပေမယ့် ကလေးမွေးပြီးနောက်မှ ဝယ်ဖို့ အကြံပြုပါတယ်။

၂။ Changing table

တချို့က ကလေးအဝတ်အစားနဲ့ အနှီးလဲပေးဖို့ စားပွဲသီးသန့်လေးတွေ ဝယ်ထားတတ်ကြပါတယ်။ ဒီအဝတ်လဲ စားပွဲတွေက ပြဿနာရှိပါတယ်။ သားသမီးတွေကို မိဘတွေက ဘယ်လောက်ပဲ ဂရုစိုက်ပါစေ ၊ ကလေးတွေက ယက်ကန်ယက်ကန်လုပ်တာ၊ လိမ့်တတ်တာကြောင့် စားပွဲပေါ်က ပြုတ်ကျနိုင်လို့ပါ။ အဝတ်လဲစားပွဲက လိုအပ်တဲ့ အရာမဟုတ်ပါဘူး။ အိပ်ရာပေါ်မှာသာ လဲပေးနိုင်ပါတယ်။ ကလေးကို ဒိုင်ပါလဲပေးဖို့အတွက် ရေစိုခံမွေ့ယာလေးတွေ ဝယ်ထားဖို့ အကြံပြုပါတယ်။ ကလေးရဲ့ အနှီးတွေ၊ ပေါင်ဒါတွေနဲ့ လိုအပ်တဲ့အရာတွေကို အလွယ်တကူ ယူလို့ရအောင် အိပ်ရာဘေးက စားပွဲပေါ်မှာ ထားပေးပါ။

၃။ ရေချိုးဇလုံ

မွေးကင်းစ ဘေဘီလေးအတွက် ရေချိုးဇလုံဝယ်ဖို့ မလိုသေးပါဘူးနော်။ ကလေးရဲ့ ချက်ကြိုးအညှာရှိနေသေးချိန်မှာ နူးညံ့တဲ့အဝတ် ဒါမှမဟုတ် ရေမြုပ်ကိုသုံးပြီး သေသေချာချာ သန့်စင်ပေးသင့်ပါတယ်။ မွေးကင်းစ ကလေးအတွက် ရေချိုးဇလုံ သေးသေးလေး ဝယ်ထားတာက ရေရှည်အတွက် အသုံးမဝင်ပါဘူး။ ဒါ့ကြောင့် ကလေးနည်းနည်းကြီးမှ ဝယ်တာ ပိုကောင်းပါတယ်။

၄။ ပုခက်ပါတဲ့ တွန်းလှည်း

ပုခက်တွန်းလှည်းတွေက စျေးအရမ်းကြီးပါတယ်။ ဒါ့ကြောင့် တစ်ယောက်ယောက်ဆီက ငှားသုံးလို့မရမှသာ ပုခက်တွန်းလှည်းကို ဝယ်ဖို့စဉ်းစားပါ။ ဝယ်တဲ့အခါ အသစ်ကို မဝယ်ပါနဲ့ ၊ တစ်ခါသုံးပြီးသား စျေးသက်သက်သာသာနဲ့ ရတဲ့ဟာကို ဝယ်ယူပါ။

၅။ အဝတ်အစား

မွေးကင်းစကလေးအရွယ်မှာ အင်္ကျီတွေ အများကြီး ဝယ်ဖို့ မလိုသေးပါဘူး။ တစ်လနဲ့ တစ်လ ကလေးက ထွားလာမှာ ဖြစ်တာကြောင့် အဝတ်အစားအနည်းငယ်ရှိယုံနဲ့ အဆင်ပြေပါတယ်။ အများစုက ကလေးတစ်ယောက်ကို မီးဖွားပြီဆိုရင် အဝတ်အစားလေးတွေ လက်ဆောင်ပေးတတ်ကြတာကြောင့် မေမေတို့အများကြီး ဝယ်ထားဖို့ မလိုသေးပါဘူးနော်။

၆။ ကလေးအသုံးအဆောင်တွေကို ပေါင်းခံပိုးသတ်လို့ရတဲ့ ပေါင်းစက် Sterilizers

မေမေတို့ရဲ့ အိမ်ထဲမှာ ကလေးကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ မရှိတာကြောင့် ဒီပေါင်းခံစက်တွေ မလိုဘူးလို့ ယုံကြည်ပါတယ်။ ကလေးပစ္စည်းတွေ၊ ပုလင်းတွေကို ရိုးရိုးရေနဲ့ ဆေးလို့ရသလို ၊ ရေနွေးဖြင့်လည်း ဆေးလို့ရပါတယ်။

၇။ ကစားစရာအရုပ်တွေ

Shelfs with toys

အရုပ်တွေ အများကြီး ဝယ်ထားတာက ကလေးရဲ့ ဖွံ့ဖြိုးမှုကို အကူအညီ မဖြစ်စေပါဘူး။ အရုပ်နည်းနည်းလေးပဲ ဝယ်ပေးထားလိုက်ရင် ကလေးတွေဟာ အရုပ်တစ်ခုချင်းစီပေါ်မှာ တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ကြမ်းပြင်ပေါ်မှာ သို့ အိပ်ရာပေါ်မှာ ၂ရုပ် ၃ရုပ်လောက်ဆိုရင် သူတို့အတွက် လုံလောက်ပါတယ်။ အရုပ်တွေနဲ့ မဆော့တတ်သေးချိန်မှာ ကလေးကို အရုပ်တွေ အများကြီးဝယ်ပေးတဲ့အခါ သူတို့က ဒါတွေကိုပဲ ခဏခဏ မြင်နေရတာကြောင့် အရုပ်တွေပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ပါဘူး။ ဒါ့ကြောင့် ကလေးရဲ့ စိတ်ဝင်စားမှုကို မြင်လိုလျှင် လအတော်ကြာကြာမှ တစ်ရုပ်/နှစ်ရုပ် ဝယ်ပေးတာမျိုး၊ သိမ်းထားပြီး သူတို့ကစားတတ်တဲ့ အရွယ်ရောက်မှ ထုတ်ပေးတာမျိုး ပြုလုပ်ပါ။

၈။ Playpens နဲ့ walkers

ကလေးကစားကွင်း Playpen တွေက မိဘတွေအတွက် အဆင်ပြေပေမယ့် ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို အဆင်ပြေစေတာ ဘာမှမရှိပါဘူး။ walkers တွေလည်း အတူတူပါပဲ။ ကလေးကို သီးသန့်ခွဲထုတ်ထားတဲ့ နည်းလမ်းဖြစ်ပါတယ်။ ကလေးတွေကို လမ်းလျှောက်ဖို့ သင်ပေးမယ့်အစား သူတို့ရဲ့ ဖွံ့ဖြိုးမှုကို နှေးကွေးစေပါတယ်။ တကယ် လမ်းမလျှောက်တတ်သေးတဲ့ ကလေးဟာ walkers ထဲမှာ ကန်တွန်းဖို့ ကြိုးစားရင်း မှောက်ကျတတ်ပါတယ်။ ကလေးအများစုကို ထိခိုက်ဒဏ်ရာရစေတာနှင့် ဆက်စပ်နေတာကြောင့် ကနေဒါနိုင်ငံမှာ ဒီ walker တွေအသုံးပြုခြင်းကို တားမြစ်ထားပါတယ်။ ပုံမှန် walker တစ်ခုအစား ကလေးက သူ့ဘာသာသူ အရှေ့ကို လှိမ့်နိုင်မယ့် အထူးကိရိယာကို ဝယ်တာက ပိုကောင်းပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

အေတြ႕အႀကဳံရွိတဲ့ ကေလးဆရာဝန္တစ္ေယာက္ ေဖာ္ျပထားေသာ ကေလး မေမြးခင္မွာ ဝယ္ဖို႔ မလိုအပ္ေသးတဲ့ အရာမ်ား

ကေလးအထူးကု Födor Katasonovမွာ မိဘေတြ အသုံးဝင္မယ့္ နည္းလမ္းေလးေတြကို မွ်ေဝေပးတတ္တဲ့ ကေလးေတြရဲ႕ က်န္းမာေရးႏွင့္ ပတ္သတ္ၿပီး နာမည္ႀကီး ခ်န္နယ္တစ္ခုရွိပါတယ္။ ဆရာဝန္တစ္ေယာက္လည္းျဖစ္၊ ကေလးႏွစ္ေယာက္ အေဖလည္းျဖစ္တဲ့ သူဟာ သူ႔အေတြ႕အႀကဳံေလးေတြကို မွ်ေဝေလ့ရွိပါတယ္။ သူဟာ လြန္ခဲ့တဲ့ႏွစ္က ကေလးကို စိုးရိမ္ပူပန္မႈကင္းတဲ့ ခ်ည္းကပ္နည္း ဆိုတဲ့ ကေလးႏွင့္ ပတ္သတ္တဲ့ ေခါင္းစဥ္ျဖင့္ ပထမဆုံး စာအုပ္ကို ထုတ္ေဝခဲ့ပါတယ္။ အခန္း၁မွာ စာေရးသူက ကေလးမေမြးခင္မွာ ပုခက္၊ ေရခ်ိဳးဇလုံေတြနဲ႔ အ႐ုပ္ေတြကို ဘာ့ေၾကာင့္ ဝယ္ဖို႔မလိုအပ္တဲ့ အေၾကာင္းကို ရွင္းျပထားပါတယ္။ ဒါ့ေၾကာင့္ လက္ရွိမွာ ရင္ေသြးေလးေတြကို ေမြးဖြားဖို႔ ျပင္ဆင္ေနတဲ့ ေမေမတို႔အတြက္ အက်ိဳးရွိမယ့္ အေၾကာင္းအရာေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

၁။ ပုခက္

ေဘဘီေလးက ဘယ္လိုအိပ္ရတာ ပိုၿပီးသက္ေတာင့္သက္သာ ရွိတယ္ဆိုတာ မသိႏိုင္ေသးခင္မွာ ပုခက္ကို မဝယ္ပါနဲ႔ဦး။ ေမြးကင္းစအ႐ြယ္မွာ ေမေမနဲ႔ပဲ အတူတူေပးအိပ္ပါ။ ကေလးက မိခင္နဲ႔ လုံးဝသီးျခားစီ အိပ္လို႔ရၿပီလို႔ ေသခ်ာေနမွ ပုခက္ဝယ္ပါ။ ေမြးကင္းစကေလးေတြက တခါတရံမွာ သီးျခားအိပ္ရရင္ ေကာင္းေကာင္း အိပ္မေပ်ာ္ႏိုင္ပါဘူး။ ၆လေနာက္ပိုင္းမွ သူတို႔ရဲ႕ အိပ္စက္မႈကို ပိုသတိထားတတ္လာပါတယ္။ ညဘက္မွာ ႏို႔တိုက္ဖို႔လည္း အဆင္ေျပေအာင္ ေမေမတို႔နားမွာပဲ သိပ္ေပးပါ။ မိဘေတြရဲ႕ အိပ္ရာက ပိုက်ယ္တဲ့အတြက္ ကေလးပုခက္ထက္စာရင္ သူတို႔ လြတ္လြတ္လပ္လပ္ အိပ္လို႔ရပါတယ္။ ဒါ့အျပင္ ကေလးဟာ ေစာေစာ ဝမ္းလ်ားထိုးသြားတတ္လာပါလိမ့္မယ္။ ၾကမ္းျပင္ဟာလည္း ကေလးေတြ အိပ္စက္ဖို႔အတြက္ အလုံၿခဳံဆုံးျဖစ္ပါတယ္။ ကေလးပုခက္ ဝယ္ဖို႔ သင္လိုအပ္ေပမယ့္ ကေလးေမြးၿပီးေနာက္မွ ဝယ္ဖို႔ အႀကံျပဳပါတယ္။

၂။ Changing table

တခ်ိဳ႕က ကေလးအဝတ္အစားနဲ႔ အႏွီးလဲေပးဖို႔ စားပြဲသီးသန္႔ေလးေတြ ဝယ္ထားတတ္ၾကပါတယ္။ ဒီအဝတ္လဲ စားပြဲေတြက ျပႆနာရွိပါတယ္။ သားသမီးေတြကို မိဘေတြက ဘယ္ေလာက္ပဲ ဂ႐ုစိုက္ပါေစ ၊ ကေလးေတြက ယက္ကန္ယက္ကန္လုပ္တာ၊ လိမ့္တတ္တာေၾကာင့္ စားပြဲေပၚက ျပဳတ္က်ႏိုင္လို႔ပါ။ အဝတ္လဲစားပြဲက လိုအပ္တဲ့ အရာမဟုတ္ပါဘူး။ အိပ္ရာေပၚမွာသာ လဲေပးႏိုင္ပါတယ္။ ကေလးကို ဒိုင္ပါလဲေပးဖို႔အတြက္ ေရစိုခံေမြ႕ယာေလးေတြ ဝယ္ထားဖို႔ အႀကံျပဳပါတယ္။ ကေလးရဲ႕ အႏွီးေတြ၊ ေပါင္ဒါေတြနဲ႔ လိုအပ္တဲ့အရာေတြကို အလြယ္တကူ ယူလို႔ရေအာင္ အိပ္ရာေဘးက စားပြဲေပၚမွာ ထားေပးပါ။

၃။ ေရခ်ိဳးဇလုံ

ေမြးကင္းစ ေဘဘီေလးအတြက္ ေရခ်ိဳးဇလုံဝယ္ဖို႔ မလိုေသးပါဘူးေနာ္။ ကေလးရဲ႕ ခ်က္ႀကိဳးအညႇာရွိေနေသးခ်ိန္မွာ ႏူးညံ့တဲ့အဝတ္ ဒါမွမဟုတ္ ေရျမဳပ္ကိုသုံးၿပီး ေသေသခ်ာခ်ာ သန္႔စင္ေပးသင့္ပါတယ္။ ေမြးကင္းစ ကေလးအတြက္ ေရခ်ိဳးဇလုံ ေသးေသးေလး ဝယ္ထားတာက ေရရွည္အတြက္ အသုံးမဝင္ပါဘူး။ ဒါ့ေၾကာင့္ ကေလးနည္းနည္းႀကီးမွ ဝယ္တာ ပိုေကာင္းပါတယ္။

၄။ ပုခက္ပါတဲ့ တြန္းလွည္း

ပုခက္တြန္းလွည္းေတြက ေစ်းအရမ္းႀကီးပါတယ္။ ဒါ့ေၾကာင့္ တစ္ေယာက္ေယာက္ဆီက ငွားသုံးလို႔မရမွသာ ပုခက္တြန္းလွည္းကို ဝယ္ဖို႔စဥ္းစားပါ။ ဝယ္တဲ့အခါ အသစ္ကို မဝယ္ပါနဲ႔ ၊ တစ္ခါသုံးၿပီးသား ေစ်းသက္သက္သာသာနဲ႔ ရတဲ့ဟာကို ဝယ္ယူပါ။

၅။ အဝတ္အစား

ေမြးကင္းစကေလးအ႐ြယ္မွာ အက်ႌေတြ အမ်ားႀကီး ဝယ္ဖို႔ မလိုေသးပါဘူး။ တစ္လနဲ႔ တစ္လ ကေလးက ထြားလာမွာ ျဖစ္တာေၾကာင့္ အဝတ္အစားအနည္းငယ္ရွိယုံနဲ႔ အဆင္ေျပပါတယ္။ အမ်ားစုက ကေလးတစ္ေယာက္ကို မီးဖြားၿပီဆိုရင္ အဝတ္အစားေလးေတြ လက္ေဆာင္ေပးတတ္ၾကတာေၾကာင့္ ေမေမတို႔အမ်ားႀကီး ဝယ္ထားဖို႔ မလိုေသးပါဘူးေနာ္။

၆။ ကေလးအသုံးအေဆာင္ေတြကို ေပါင္းခံပိုးသတ္လို႔ရတဲ့ ေပါင္းစက္ Sterilizers

ေမေမတို႔ရဲ႕ အိမ္ထဲမွာ ကေလးကို ထိခိုက္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြ မရွိတာေၾကာင့္ ဒီေပါင္းခံစက္ေတြ မလိုဘူးလို႔ ယုံၾကည္ပါတယ္။ ကေလးပစၥည္းေတြ၊ ပုလင္းေတြကို ႐ိုး႐ိုးေရနဲ႔ ေဆးလို႔ရသလို ၊ ေရေႏြးျဖင့္လည္း ေဆးလို႔ရပါတယ္။

၇။ ကစားစရာအ႐ုပ္ေတြ

အ႐ုပ္ေတြ အမ်ားႀကီး ဝယ္ထားတာက ကေလးရဲ႕ ဖြံ႕ၿဖိဳးမႈကို အကူအညီ မျဖစ္ေစပါဘူး။ အ႐ုပ္နည္းနည္းေလးပဲ ဝယ္ေပးထားလိုက္ရင္ ကေလးေတြဟာ အ႐ုပ္တစ္ခုခ်င္းစီေပၚမွာ တန္ဖိုးထားတတ္လာပါလိမ့္မယ္။ ၾကမ္းျပင္ေပၚမွာ သို႔ အိပ္ရာေပၚမွာ ၂႐ုပ္ ၃႐ုပ္ေလာက္ဆိုရင္ သူတို႔အတြက္ လုံေလာက္ပါတယ္။ အ႐ုပ္ေတြနဲ႔ မေဆာ့တတ္ေသးခ်ိန္မွာ ကေလးကို အ႐ုပ္ေတြ အမ်ားႀကီးဝယ္ေပးတဲ့အခါ သူတို႔က ဒါေတြကိုပဲ ခဏခဏ ျမင္ေနရတာေၾကာင့္ အ႐ုပ္ေတြေပၚမွာ စိတ္ဝင္စားမႈ မရွိေတာ့ပါဘူး။ ဒါ့ေၾကာင့္ ကေလးရဲ႕ စိတ္ဝင္စားမႈကို ျမင္လိုလွ်င္ လအေတာ္ၾကာၾကာမွ တစ္႐ုပ္/ႏွစ္႐ုပ္ ဝယ္ေပးတာမ်ိဳး၊ သိမ္းထားၿပီး သူတို႔ကစားတတ္တဲ့ အ႐ြယ္ေရာက္မွ ထုတ္ေပးတာမ်ိဳး ျပဳလုပ္ပါ။

၈။ Playpens နဲ႔ walkers
ကေလးကစားကြင္း Playpen ေတြက မိဘေတြအတြက္ အဆင္ေျပေပမယ့္ ကေလးေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတတ္မႈကို အဆင္ေျပေစတာ ဘာမွမရွိပါဘူး။ walkers ေတြလည္း အတူတူပါပဲ။ ကေလးကို သီးသန္႔ခြဲထုတ္ထားတဲ့ နည္းလမ္းျဖစ္ပါတယ္။ ကေလးေတြကို လမ္းေလွ်ာက္ဖို႔ သင္ေပးမယ့္အစား သူတို႔ရဲ႕ ဖြံ႕ၿဖိဳးမႈကို ေႏွးေကြးေစပါတယ္။ တကယ္ လမ္းမေလွ်ာက္တတ္ေသးတဲ့ ကေလးဟာ walkers ထဲမွာ ကန္တြန္းဖို႔ ႀကိဳးစားရင္း ေမွာက္က်တတ္ပါတယ္။ ကေလးအမ်ားစုကို ထိခိုက္ဒဏ္ရာရေစတာႏွင့္ ဆက္စပ္ေနတာေၾကာင့္ ကေနဒါႏိုင္ငံမွာ ဒီ walker ေတြအသုံးျပဳျခင္းကို တားျမစ္ထားပါတယ္။ ပုံမွန္ walker တစ္ခုအစား ကေလးက သူ႔ဘာသာသူ အေရွ႕ကို လွိမ့္ႏိုင္မယ့္ အထူးကိရိယာကို ဝယ္တာက ပိုေကာင္းပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here