သံပုရာသီး
စန္ဒကူးမှုန့်
ရှားစောင်းလက်ပတ်
ဒိန်ချဉ်
#Lifestyle_Mynmar
#Thar_Nage
ရေလုံလောက်အောင် မသောက်တဲ့အတွက် ခန္ဓာကိုယ်မှာဖြစ်လာတဲ့ လက္ခဏာ(၈) ချက်
Unicode
အတွင်းနေရာတစ်ဝှိုက် မည်းနေတာကို ဖြူအောင် ဘယ်လိုလုပ်မလဲ။
အသားကဖြူပေမဲ့ အတွင်းနေရာတစ်ဝှိုက်က အသားအရေမည်းနေရင်တော့ စိတ်ညစ်မိတာ အမှန်ပဲ။ ဒါကိုဖြူအောင်ဘယ်လိုလုပ်မလဲဆိုတာကိုလည်းအကြံဉာဏ်တောင်းဖို့ဆိုတာရှက်စရာတစ်ခုလိုဖြစ်နေမှာ အသေအချာပါပဲ။ ဒါကြောင့် Lifestyle Myanmar ပရိတ်သတ်ကြီးအတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
သံပုရာသီး
သံပုရာသီးမှာ Citrus အက်ဆစ် များစွာပါဝင်တဲ့ ဗီတာမင် စီဓာတ်ရှိတာကြောင့် အတွင်းပိုင်းနေရာ အမည်းစွဲနေတာကို သန့်ရှင်ဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။၎င်းဟာ ဆဲလ်သေများကို ဖယ်ရှားပေးခြင်းနဲ့ ဖန်းဂတ်စ်ပိုး ပျံ့ပွားမှုနှုန်းကို ကာကွယ်ပေးပါတယ်။ အဆိုပါ အမည်းစွဲနေတဲ့ နေရာကို သံပုရာသီးခြမ်းဖြင့် ညင်သာစွာ ပွတ်တိုက်ပေးပါပြီးရေအေးဖြင့် ဆေးကြောပေးပါ။ သတိပြုရန် – သံပုရာသီးခြမ်းအသုံးပြုတဲ့အခါမှာ ပွတ်တိုက်ပေးမဲ့နေရာတစ်ဝှိုက်မှာ အမွှေးရိတ်ထားခြင်း၊ အနာရှိခြင်း ဆိုရင်တော့ ရှောင်ကြဉ်သင့်ပါတယ်။
စန္ဒကူးမှုန့်
စန္ဒကူးအမှုန့် စားပွဲတင်ဇွန်းတစ်ဇွန်းကို ရေ ၁၀ပေါက်လောက်ဖြင့် ခရင်မ်အနေအထားသို့ရောက်အောင်မွှေပေးပါ။ ပြီးလျှင် မည်းနေတဲ့ အတွင်းပိုင်းနေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးပါ။မိနစ် ၂၀ခန့်ကြာမှ ရေဖြင့် သန့်စင်ပေးပါ။ တစ်ပတ်ကို ၃ကြိမ်လောက်ပြုလုပ်ပေးခြင်းဖြင့် အသားအရေကို ဖြူဖွေးလာစေမှာဖြစ်ပါတယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဆီကို အတွင်းပိုင်းမည်းနေတဲ့ နေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးပါ။ မိနစ် ၃၀ခန့်အချိန်ကြာတဲ့အခါမှာ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ။ ရတ်သတ္တပတ်အနည်းငယ်အတွင်း ဖြူဖွေးဝင်းပလာစေမှာဖြစ်ပါတယ်။
ဒိန်ချဉ်
အတွင်းပိုင်းမည်းနေတဲ့ နေရာတစ်ဝှိုက်ကို ဒိန်ချဉ်သုတ်လိမ်းထားပေးပါ။ ၁၅မိနစ်ခန့်ကြာမှ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ။ ၁၄ရက်အထိအသုံးပြုနိုင်ပြီး ၂ပတ်အတွင်း သိသိသာသာ ဖြူဖွေးလာစေမှာဖြစ်ပါတယ်။