အတူမနေခင်အချိန်နဲ့ နေပြီးတဲ့အချိန်တိုင်း ပြုလုပ်သင့်တဲ့ အလေ့အထ ၉ ချက်

0
178

အတူမနေခင် အချိန်နဲ့ နေပြီးတဲ့ အချိန်တိုင်းအတွက် တစ်ကိုယ်ရေသန့်ရှင်းခြင်းအကြောင်း ပညာပေးအကြောင်းအရာဟာ ခေါင်းစဉ်ကဆိုးရွားကောင်း ဆိုးရွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတဲ့ အကြောင်းအရာဖြစ်တာကြောင့် အသေအချာ သိရှိထားဖို့ လိုအပ်ပြီး အလေ့အထလေးကို ဂရုစိုက်ပြီး မွေးမြူဖို့ လိုအပ်ပါတယ်။
အတူနေပြီးတဲ့ အချိန်မှာ သန့်ရှင်းစေဖို့အတွက် ကိုယ့်ရဲ့အင်္ဂါကို ဆပ်ပြာတွေ အလှကုန်ပစ္စည်းတွေနဲ့ သန့်စင်တတ်တဲ့ သူတွေရှိတတ်ပါတယ်။ ဒါပေမယ့် အဆိုပါနေရာဟာ အလွန်နူးညံ့တဲ့ ဧရိယာဖြစ်တာကြောင့် pH ပမာဏမြင့်တဲ့ ပစ္စည်းတွေက အန္တရာယ်ပေးနိုင်ကြောင်း သိရှိတဲ့သူနည်းပါးပါတယ်။ ဒါ့ကြောင့် အတူနေပြီးတဲ့ အချိန်နဲ့ မနေခင်အချိန်မှာ မဖြစ်မနေလုပ်သင့်တဲ့ အလေ့အထလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ သင့်ရဲ့လက်ကို ဆေးပါ
အတူမနေခင်အချိန်နဲ့ နေပြီးတဲ့အချိန်တိုင်း လက်ဆေးတာကို လုပ်ရိုးလုပ်စဉ်တစ်ခုလိုကျင့်သုံးပါ။ ဒီအလေ့အထလေးကို ဘယ်တော့မှမမေ့ပါနဲ့။

၂။ အောက်ပိုင်းနေရာကိုသန့်ရှင်းပါ
သင့်ရဲ့ အင်္ဂါနေရာ သန့်ရှင်းပေးခြင်းဟာ များမြောင်တဲ့ ဘက်တီးရီးယားတွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဖန်စီလိုးရှင်းတွေနဲ့ ရေမွေးပါတဲ့ အရာတွေကို ရှောင်ပါ
အရည်အသွေးကောင်းတဲ့ နို့ဆပ်ပြာနဲ့ ရေဟာ လိင်အင်္ဂါကို ဆေးကြောဖို့အတွက် အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

၄။ သန့်စင်ခန်းကို အသုံးပြုပါ
အဆိုပါဧရိယာမှာ ဖြစ်တတ်တဲ့ပြဿနာတွေကို ရှောင်ရှားဖို့အတွက် မဖြစ်မနေလုပ်သင့်တဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပါတယ်။

၅။ ခံတွင်းသန့်ဆေးသုံးပါ
နမ်းရှုံ့တာတွေ ပါးစပ်ကို အသုံးပြုတဲ့ အချိန်တွေလည်း ရှိတတ်တာကြောင့် သင့်ရဲ့ခံတွင်းကို သန့်စင်ပေးဖို့ အရေးကြီးပါတယ်။

၆။ အတွင်းခံအဝတ်တွေကို လဲလှယ်ပါ
အတူနေပြီးတဲ့ အချိန်တိုင်း အတွင်းခံအဝတ်အသစ်တွေကို လဲလှယ်ဝတ်ဆင်ပေးပါ။

၇။ မသက်မသာဖြစ်မှုတွေကို မှတ်သားထားပါ
တကယ်လို့ အတူနေတဲ့အချိန်နဲ့ မနေခင်အချိန်မှာ နာကျင်တဲ့အရာတစ်ခုခုနဲ့ အခြားမသက်မသာ ခံစားချက်တွေကို ဥပက္ခာမပြုထားပါနဲ့ ။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူနဲ့ ဆွေးနွေးတိုင်ပင်ပါ။

၈။ လိင်ဆန္ဒအတွက် အသုံးပြုတဲ့ ပစ္စည်းတွေကို အမြဲတမ်း ဆေးကြောပေးဖို့မမေ့ပါနဲ့

၉။ စောင်တွေနဲ့ အိပ်ရာခင်းတွေကို လဲလှယ်ပေးပါ
ယခုလိုဂရုစိုက်ပေးခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားတွေ မဝင်ရောက်စေဖို့ ကာကွယ်ပေးပါတယ်။ မရည်ရွယ်ပဲ ကြုံတွေ့ခဲ့ရတဲ့ လိင်မှုကိစ္စတိုင်းမှာ သင့်ရဲ့စောင်တွေကို လျှော်ဖို့နဲ့ တားဆေးကိုသောက်ဖို့မမေ့ပါနဲ့။

LM_Naung_Naung
Lifestyle_Myanmar

Zawgyi font

အတူမေနခင္အခ်ိန္နဲ႔ ေနၿပီးတဲ့အခ်ိန္တိုင္း ျပဳလုပ္သင့္တဲ့ အေလ့အထ ၉ ခ်က္
အတူမေနခင္ အခ်ိန္နဲ႔ ေနၿပီးတဲ့ အခ်ိန္တိုင္းအတြက္ တစ္ကိုယ္ေရသန္႔ရွင္းျခင္းအေၾကာင္း ပညာေပးအေၾကာင္းအရာဟာ ေခါင္းစဥ္ကဆိုး႐ြားေကာင္း ဆိုး႐ြားႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အေရးႀကီးတဲ့ အေၾကာင္းအရာျဖစ္တာေၾကာင့္ အေသအခ်ာ သိရွိထားဖို႔ လိုအပ္ၿပီး အေလ့အထေလးကို ဂ႐ုစိုက္ၿပီး ေမြးျမဴဖို႔ လိုအပ္ပါတယ္။
အတူေနၿပီးတဲ့ အခ်ိန္မွာ သန္႔ရွင္းေစဖို႔အတြက္ ကိုယ့္ရဲ႕အဂၤါကို ဆပ္ျပာေတြ အလွကုန္ပစၥည္းေတြနဲ႔ သန္႔စင္တတ္တဲ့ သူေတြရွိတတ္ပါတယ္။ ဒါေပမယ့္ အဆိုပါေနရာဟာ အလြန္ႏူးညံ့တဲ့ ဧရိယာျဖစ္တာေၾကာင့္ pH ပမာဏျမင့္တဲ့ ပစၥည္းေတြက အႏၲရာယ္ေပးႏိုင္ေၾကာင္း သိရွိတဲ့သူနည္းပါးပါတယ္။ ဒါ့ေၾကာင့္ အတူေနၿပီးတဲ့ အခ်ိန္နဲ႔ မေနခင္အခ်ိန္မွာ မျဖစ္မေနလုပ္သင့္တဲ့ အေလ့အထေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။
၁။ သင့္ရဲ႕လက္ကို ေဆးပါ
အတူမေနခင္အခ်ိန္နဲ႔ ေနၿပီးတဲ့အခ်ိန္တိုင္း လက္ေဆးတာကို လုပ္႐ိုးလုပ္စဥ္တစ္ခုလိုက်င့္သုံးပါ။ ဒီအေလ့အထေလးကို ဘယ္ေတာ့မွမေမ့ပါနဲ႔။

၂။ ေအာက္ပိုင္းေနရာကိုသန္႔ရွင္းပါ
သင့္ရဲ႕ အဂၤါေနရာ သန္႔ရွင္းေပးျခင္းဟာ မ်ားေျမာင္တဲ့ ဘက္တီးရီးယားေတြရဲ႕ ရန္ကေန ကာကြယ္ေပးႏိုင္ပါတယ္။

၃။ ဖန္စီလိုးရွင္းေတြနဲ႔ ေရေမြးပါတဲ့ အရာေတြကို ေရွာင္ပါ
အရည္အေသြးေကာင္းတဲ့ ႏို႔ဆပ္ျပာနဲ႔ ေရဟာ လိင္အဂၤါကို ေဆးေၾကာဖို႔အတြက္ အေကာင္းဆုံးနဲ႔ အႏၲရာယ္အကင္းဆုံး နည္းလမ္းျဖစ္ပါတယ္။

၄။ သန္႔စင္ခန္းကို အသုံးျပဳပါ
အဆိုပါဧရိယာမွာ ျဖစ္တတ္တဲ့ျပႆနာေတြကို ေရွာင္ရွားဖို႔အတြက္ မျဖစ္မေနလုပ္သင့္တဲ့ လုပ္႐ိုးလုပ္စဥ္တစ္ခုျဖစ္ပါတယ္။

၅။ ခံတြင္းသန္႔ေဆးသုံးပါ
နမ္းရႈံ႕တာေတြ ပါးစပ္ကို အသုံးျပဳတဲ့ အခ်ိန္ေတြလည္း ရွိတတ္တာေၾကာင့္ သင့္ရဲ႕ခံတြင္းကို သန္႔စင္ေပးဖို႔ အေရးႀကီးပါတယ္။

၆။ အတြင္းခံအဝတ္ေတြကို လဲလွယ္ပါ
အတူေနၿပီးတဲ့ အခ်ိန္တိုင္း အတြင္းခံအဝတ္အသစ္ေတြကို လဲလွယ္ဝတ္ဆင္ေပးပါ။

၇။ မသက္မသာျဖစ္မႈေတြကို မွတ္သားထားပါ
တကယ္လို႔ အတူေနတဲ့အခ်ိန္နဲ႔ မေနခင္အခ်ိန္မွာ နာက်င္တဲ့အရာတစ္ခုခုနဲ႔ အျခားမသက္မသာ ခံစားခ်က္ေတြကို ဥပကၡာမျပဳထားပါနဲ႔ ။ က်န္းမာေရးဆိုင္ရာကြၽမ္းက်င္သူနဲ႔ ေဆြးေႏြးတိုင္ပင္ပါ။

၈။ လိင္ဆႏၵအတြက္ အသုံးျပဳတဲ့ ပစၥည္းေတြကို အၿမဲတမ္း ေဆးေၾကာေပးဖို႔မေမ့ပါနဲ႔

၉။ ေစာင္ေတြနဲ႔ အိပ္ရာခင္းေတြကို လဲလွယ္ေပးပါ
ယခုလိုဂ႐ုစိုက္ေပးျခင္းဟာ သင့္ရဲ႕ခႏၶာကိုယ္ထဲကို ဘက္တီးရီးယားေတြ မဝင္ေရာက္ေစဖို႔ ကာကြယ္ေပးပါတယ္။ မရည္႐ြယ္ပဲ ႀကဳံေတြ႕ခဲ့ရတဲ့ လိင္မႈကိစၥတိုင္းမွာ သင့္ရဲ႕ေစာင္ေတြကို ေလွ်ာ္ဖို႔နဲ႔ တားေဆးကိုေသာက္ဖို႔မေမ့ပါနဲ႔။

LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here