အနီးနားမှာရှိတဲ့လူတိုင်းက သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေ မဟုတ်ကြပါဘူး။ သင့်နောက်ကျောကို ဓားနဲ့ထိုးမယ့် အတုအယောင်တွေလည်း အများကြီးရှိနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်ပတ်ဝန်းကျင်မှ လူတွေထဲက အတုအယောင်သူငယ်ချင်းမှန်း ကွဲကွဲပြားပြားသိနိုင်မယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တတ်တယ်
အတုအယောင်သူငယ်ချင်းဆိုတာ သင့်ရှေ့မှာချီးမွမ်းမြှောက်ပင့်ပြောနေပေမယ့် သင့်နောက်ကွယ်မှာတော့ သင့်မကောင်းကြောင်းကို ပြောဆိုပြီး ကဲ့ရဲ့ရှုံ့ချနေတတ်သူတွေပါ။ သူတို့က နောက်ကျောလုံတယ်လို့ ခံယူထားကာ သင့်မကောင်းကြောင်းကို ပြောဆိုနေတက်ပြီး တစ်ချိန်မှာသင် ပြန်ကြားခဲ့ရင်တောင် မသိသလိုနဲ့ ဆက်ပြီးဟန်ဆောင်ကောင်းနေကြတဲ့ လူမျိုးတွေပဲ ဖြစ်ပါတယ်။ ဒီလိုလူတွေကို ကိုယ့်ဘဝရဲ့ အားနည်းချက်တွေ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာတွေ ရင်ဖွင့်ပြောဆိုမိတာမျိုး လုံးဝရှောင်သင့်ပါတယ်။

(၂) လူတွေရှေ့မှာ ဟန်ဆောင်ကောင်းပြတက်တယ်
သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးက သာမာန်လူတွေလိုပဲဖြစ်ပေမယ့် လုပ်ဖော်ကိုင်ဖက်တွေ တခြားသောသူစိမ်းတွေရှေ့မှာတော့ သင့်ကိုလိုတာထက်ပိုပြီး ခင်မင်နေဟန် သူငယ်ချင်းအရင်းအချာဟန်ဖမ်းပြီး မူရာမာယာများနေတတ်ပါတယ်။ ဒါဟာ လူတွေရဲ့အမြင်မှာ သူဟာ ခင်မင်စရာကောင်းတဲ့သူ သူငယ်ချင်းကောင်းဆိုတဲ့ ဂုဏ်ပုဒ်မျိုးကို လိုချင်လို့ပါတယ်။ ဒီလိုလူတွေက ကိုယ့်အကျိုးအတွက် သင့်ကိုအသုံးချမယ့်သူတွေဖြစ်ပြီး ကိုယ့်အတွက်အကျိုးအမြတ်ရတယ်ဆိုရင် သင့်ကိုနင်းတက်သွားဖို့လည်း ဝန်လေးနေကြမှာမဟုတ်ပါဘူး။

(၃) ကိုယ့်ထက်သာသွားမှာ သေမလောက်ကြောက်တယ်
တစ်ယောက်နဲ့တစ်ယောက် မှန်ကန်တဲ့ယှဉ်ပြိုင်လိုစိတ်ရှိတာဟာ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါပဲ။ မိတ်ဆွေသူငယ်ချင်းကောင်းတွေမှာ ယှဉ်ပြိုင်လိုစိတ်ရှိရင်တောင် ကိုယ်ကသူ့ထက်သာလွန်တဲ့အရာတစ်ခုကို ပိုင်ဆိုင်သွားတယ် ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်သွားတယ်ဆိုရင် အရင်ဆုံးလက်ခုပ်တီးပြီး သင့်နဲ့ထပ်တူ ဝမ်းသာပေးကြမယ့် သူမျိုးတွေပါ။ အတုအယောင်လူတွေကတော့ သင့်ကိုပိုကောင်းတဲ့နေရာ ပိုကောင်းတဲ့ အရာတစ်ခုပိုင်ဆိုင်သွားမှာ သူတို့ထက်သာလွန်သွားမှာကို လွန်စွာကြောက်တတ်ကြပါတယ်။ သင်မကောင်းတဲ့အရာတစ်ခုလုပ်နေရင်တောင် သင့်ကိုစေတနာနဲ့တားမယ့်အစား မသိချင်ယောင်ဆောင်နေမယ့် သူမျိုးတွေပါ။

(၄) အကူညီလိုရင် ရှောင်ဖယ်သွားတက်တယ်
စစ်မှန်တဲ့ သူငယ်ချင်းကောင်းဆိုတာ တနည်းအားဖြင့် အတွဲညီတဲ့ ရဲဘော်ရဲဘက်တွေပါပဲ။ သင်အကူညီလိုအပ်ချိန် ဒုက္ခရောက်နေတဲ့အချိန်မှာ သင့်ကိုများများစားစားမကူညီနိုင်ရင်တောင် ပိုကောင်းတဲ့အကြံဉာဏ်တွေ ဆွေးနွေးနှစ်သိမ့်မှုတွေပေးဖို့ တွန့်တိုနေမှာမဟုတ်ပါဘူး။ မိတ်ဆွေအတုအယောင်တွေကတော့ ဒုက္ခရောက်ချိန်မှာ သင့်အနားကနေအလိုလို ပျောက်ကွယ်သွားကြပါလိမ့်မယ်။ အကြောင်းပြချက်အမျိုးမျိုးနဲ့ သင့်ကိုရှောင်ဖယ်သွားကြမယ့်လူတွေဖြစ်ပါတယ်။

Lifestyle_Myanmar
ref-aconsiousrethink