အတိုက်အခိုက်တွေကြားက သူမရဲ့ အိမ်မက်အတိုင်း အောင်မြင်မှုရလာတဲ့ လူမည်းမော်ဒယ်မလေး

0
80
Duckie Thot

Duckie Thot ဟာ ဆူဒန်နိုင်ငံတောင်ပိုင်းမှာ မွေးဖွားလာတဲ့ လူမည်းလူမျိုးတစ်ဦးပဲဖြစ်ပါတယ်။ သူမဟာလူမည်းမျိုးရိုးဖြစ်ပေမဲ့ ပင်ကိုယ်အလှအပနဲ့ပြည့်စုံတာကြောင့် မော်ဒယ်တစ်ဦးဖြစ်လာပြီး ငယ်စဉ်ကတည်းကလည်း မော်ဒယ်ဖြစ်ဖို့ အိမ်မက်ရှိသူတစ်ဦးဖြစ်ပါတယ်။

-Advertisement-

သူမရဲ့ ပထမဦးဆုံးခြေလှမ်းမှာပဲ သြစတြေးလျရဲ့ Next Top Model အစီစဉ်မှာ နာမည်ကျော်ကြားလာခဲ့ပါတယ်။ သူမ Show စလျှောက်တော့ အသက် ၁၇နှစ်အရွယ်သာရှိပါသေးတယ်။

ပထမဦးဆုံး သူမရဲ့ ပုံစံကို ပရိတ်သတ်တွေက မကြိုက်ကြပါဘူး ဘာကြောင့် လဲဆိုတော့ သူမမှာ သဘာဝအတိုင်း ထူးခြားတဲ့ အသွင်အပြင်ရှိတာကို ပရိတ်သတ်တွေအမြင်မှာ ခွဲစိတ်မှုခံယူထားတာ၊ ဓာတ်ပုံတွေဆို photoshop နဲ့ လုပ်ထားတာလို့ ယုံကြည်နေကြလို့ပါပဲ။

ဖက်ရှင်လောက က လုပ်ဖော်ကိုင်ဖက်အချို့ကလည်း သူမရဲ့ မကောင်းကြောင်းတွေကို ပြောဆိုဝေဖန်ကြပါတယ်။ နောက်ပိုင်း Teen Vogue အင်တာဗျူးတစ်ခုမှာ သူမရဲ့အကြောင်းကို အသေးစိတ်ဖော်ပြပေးခဲ့ပါတယ်။

အသက် ၁၇နှစ်အရွယ်ထဲက အတိုက်အခိုက်တွေကို မကြာခဏခံခဲ့ရပေမဲ့ ဖက်ရှင်လောကမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ ရပ်တည်နေနိုင်ဖို့ Duckie အချိန် ၂နှစ်ယူခဲ့ရပါတယ်။

သူမအတွက် ကိုယ်ပိုင်အတွေ့အကြုံကနေ သင်ယူစရာတွေ၊ သင်ခန်းစာတွေအများကြီးရရှိခဲ့ပါတယ်။ ဒီအပေါ်မှာ ကိုယ်ကသာ ဆက်လက်ကြိုးစားဖို့လိုအပ်ပါတယ်။

ဘေးကဝေဖန်တဲ့စကားတွေကို ပုံသေမှန်တယ်လို့ မသတ်မှတ်သင့်ပါဘူး။ စိန်ခေါ်မှုတွေကို မကြောက်ဘဲ ကိုယ့်အိမ်မက်ကိုသာ ကိုယ်အကောင်အထည်ဖော်ပါ။

ကောင်းတဲ့ အကြံဉာဏ်တွေကို နားစွင့်နေပါလို့သူမရဲ့ ခံယူချက်ကို ဖွင့်ဆိုပါတယ်။ ယခုဆိုရင် သူမဟာ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်လာခဲ့ပြီး Instagram မှာ သူမရဲ့ followers ၁သန်းကျော်ရှိပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အင်တာနက်သုံးသူတွေ ရွေးချယ်ထားတဲ့ အသက်ငယ်ငယ်နှင့် ချမ်းသာကြွယ်ဝသူ ကိုရီးယား အမျိုးသမီးဆယ်လီ (၁၀)ဦး

Zawgyi Fonts

အတိုက္အခိုက္ေတြၾကားက သူမရဲ့ အိမ္မက္အတိုင္း ေအာင္ျမင္မွုရလာတဲ့ လူမည္းေမာ္ဒယ္မေလး
Duckie Thot ဟာ ဆူဒန္နိုင္ငံေတာင္ပိုင္းမွာ ေမြးဖြားလာတဲ့ လူမည္းလူမ်ိဳးတစ္ဦးပဲျဖစ္ပါတယ္။ သူမဟာလူမည္းမ်ိဳးရိုးျဖစ္ေပမဲ့ ပင္ကိုယ္အလွအပနဲ႔ျပည့္စုံတာေၾကာင့္ ေမာ္ဒယ္တစ္ဦးျဖစ္လာၿပီး ငယ္စဥ္ကတည္းကလည္း ေမာ္ဒယ္ျဖစ္ဖို႔ အိမ္မက္ရွိသူတစ္ဦးျဖစ္ပါတယ္။ သူမရဲ့ ပထမဦးဆုံးေျခလွမ္းမွာပဲ ၾသစေၾတးလ်ရဲ့ Next Top Model အစီစဥ္မွာ နာမည္ေက်ာ္ၾကားလာခဲ့ပါတယ္။ သူမ Show စေလၽွာက္ေတာ့ အသက္ ၁၇ႏွစ္အရြယ္သာရွိပါေသးတယ္။

ပထမဦးဆုံး သူမရဲ့ ပုံစံကို ပရိတ္သတ္ေတြက မႀကိဳက္ၾကပါဘူး ဘာေၾကာင့္ လဲဆိုေတာ့ သူမမွာ သဘာဝအတိုင္း ထူးျခားတဲ့ အသြင္အျပင္ရွိတာကို ပရိတ္သတ္ေတြအျမင္မွာ ခြဲစိတ္မွုခံယူထားတာ၊ ဓာတ္ပုံေတြဆို photoshop နဲ႔ လုပ္ထားတာလို႔ ယုံၾကည္ေနၾကလို႔ပါပဲ။ ဖက္ရွင္ေလာက က လုပ္ေဖာ္ကိုင္ဖက္အခ်ိဳ႕ကလည္း သူမရဲ့ မေကာင္းေၾကာင္းေတြကို ေျပာဆိုေဝဖန္ၾကပါတယ္။ ေနာက္ပိုင္း Teen Vogue အင္တာဗ်ဴးတစ္ခုမွာ သူမရဲ့အေၾကာင္းကို အေသးစိတ္ေဖာ္ျပေပးခဲ့ပါတယ္။

အသက္ ၁၇ႏွစ္အရြယ္ထဲက အတိုက္အခိုက္ေတြကို မၾကာခဏခံခဲ့ရေပမဲ့ ဖက္ရွင္ေလာကမွာ ကိုယ့္ကိုကိုယ္ ယုံၾကည္မွုရွိရွိနဲ႔ ရပ္တည္ေနနိုင္ဖို႔ Duckie အခ်ိန္ ၂ႏွစ္ယူခဲ့ရပါတယ္။ သူမအတြက္ ကိုယ္ပိုင္အေတြ႕အၾကဳံကေန သင္ယူစရာေတြ၊ သင္ခန္းစာေတြအမ်ားႀကီးရရွိခဲ့ပါတယ္။ ဒီအေပၚမွာ ကိုယ္ကသာ ဆက္လက္ႀကိဳးစားဖို႔လိုအပ္ပါတယ္။ ေဘးကေဝဖန္တဲ့စကားေတြကို ပုံေသမွန္တယ္လို႔ မသတ္မွတ္သင့္ပါဘူး။ စိန္ေခၚမွုေတြကို မေၾကာက္ဘဲ ကိုယ့္အိမ္မက္ကိုသာ ကိုယ္အေကာင္အထည္ေဖာ္ပါ။ ေကာင္းတဲ့ အႀကံဉာဏ္ေတြကို နားစြင့္ေနပါလို႔သူမရဲ့ ခံယူခ်က္ကို ဖြင့္ဆိုပါတယ္။ ယခုဆိုရင္ သူမဟာ ေအာင္ျမင္တဲ့ ေမာ္ဒယ္တစ္ေယာက္ျဖစ္လာခဲ့ၿပီး Instagram မွာ သူမရဲ့ followers ၁သန္းေက်ာ္ရွိပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here