အတိတ်ခရီးသွားဇာတ်ကား ကြိုက်တဲ့သူတွေ စောင့်ကြည့်ရဦးမယ့် ထိုင်းဒရမ်မာ(၃)ကား

0
99

ဒီနှစ်မှာ အတိတ်ကာလကို ခရီးသွားတဲ့ ဇာတ်လမ်းလေးတွေကို နာမည်ကြီး ထိုင်းမင်းသား၊ မင်းသမီးတွေဖြင့် ရိုက်ကူးထားတဲ့ ထိုင်း TV3 ဒရမ်မာကားသစ် (၃)ကားရှိပါတယ်။ ထိုင်းမင်းသမီးချော Bella Raneeနှင့် မင်းသား pope thanawat တို့သရုပ်ဆောင်ထားတဲ့ “Buppesannivas” ဆိုတဲ့ အချိန်ခရီးသွား ဇာတ်ကားလိုပဲ ပရိတ်သတ်တွေ နှစ်သက်လိမ့်မယ့် ဇာတ်ကားလေးတွေဖြစ်ပါတယ်။

-Advertisement-

၁။ Plerng Prang Tian

အဆိုပါဒရမ်မာကားကို သောကြာနေ့၊ စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း ည၈နာရီ ၂၀မှာ ထိုင်း TV3မှာ လက်ရှိ ထုတ်လွှင့်နေပါတယ်။ မင်းသား Toey Pongsakorn,Pon Nawasch၊ မင်းသမီး Nychaa Nuttanicha နှင့် Yoghurt Nattasha တို့ရဲ့ အကောင်းဆုံးသရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်တွေဆီကနေ အာရုံစိုက်မှုတွေ အများကြီး ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

၂။ Klin Ka Salong

ဒီဒရမ်မာကားမှာ ထိုင်းမင်းသား James Ma နှင့် မင်းသမီးချောလေး Yaya Urassaya တို့သရုပ်ဆောင်ထားပြီး ထိုင်း TV3 ကနေ ၂၀၁၉ ဇွန်လ ၁၀ရက်နေ့မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ဒရမ်မာထဲမှာ အမွှာအဖြစ် သရုပ်ဆောင်ရတာ Yaya Urassaya အတွက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

၃။ Likit Heang Jun

ဒီကားဟာ ကာလအပိုင်းအခြားနှင့် အက်ရှင်ကားတစ်ကားဖြစ်ပြီး ထိုင်းမင်းသားချော Puen Kanin နှင့် မင်းသမီး Namtarn Pichukkana တို့သရုပ်ဆောင်ထားပါတယ်။ ဒီဒရမ်ကားကို ၂၀၁၉ ဇူလိုင်လမှာ ထုတ်လွှင့်မယ်လို့ မျှော်လင့်ရပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-thaiupdate

ZawGyi


၁။ Plerng Prang Tian


၂။ Klin Ka Salong


၃။ Likit Heang Jun


Lifestyle_Myanmar

LM_Nandar

Source-thaiupdate

LEAVE A REPLY

Please enter your comment!
Please enter your name here