အတိတ်က အမှိုက်ပုံကြားမှာရှင်သန်ရပေမဲ့ အခုချိန် အားလုံးရဲ့ စင်ရှေ့ကို ရောက်နေခဲ့တဲ့ မိန်းကလေး

0
753
Sophy Ron

ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့က အမှိုက်ပုံတွေကို အမှီပြုပြီးဝမ်းကြောင်းရတဲ့ Sophy Ron ဆိုတဲ့ ကောင်မလေးဟာ သူမအသက် ၁၁အရွယ်အထိ ကျောင်းဆိုတာ ဘာမှန်းမသိခဲ့ရပါဘူး။ သူများစွန့်ပစ်ထားတဲ့ အမှိုက်ပုံထဲက ကောင်းနိုးရာရာအဝတ်အစားကို ဝတ်ဆင်ပြီး သူမရဲ့ တစ်ပတ်စာအချိန်ကိုဒီအမှိုက်ပုံထဲမှာ အမှိုက်ကောက်ပြီး မိဘတွေနဲ့အတူ ရုန်းကန်ခဲ့ရပါတယ်။

ဒီအမှိုက်ပုံထဲက အသုံးတည့်မဲ့ ပစ္စည်းတွေ၊ စားစရာတွေ မှန်သမှ ဇကာတင်စစ်ယူပြီး အသုံးပြုခဲ့ရပါတယ်။ အဲ့ဒီအချိန်က ဒါတွေဟာ သူမအတွက် ကျန်းမာရေး ညီညွတ်မှု ရှိ မရှိဆိုတာလည်း နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အကူအညီပေးနေတဲ့ ကမ္ဘောဒီးယား ကလေးများရန်ပုံငွေအဖွဲ့ Cambodian Children’s Fund (CCF) ကြောင့် သူမရဲ့ ဘဝကတစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပြီး မဲလ်ဘုန်း တက္ကသိုလ်မှာ အပြည့်အဝပညာသင်ကြားခွင့်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အသက် ၁၁နှစ်ရောက်တဲ့အထိ ကျောင်းဆိုတာ ဘာမှန်းမသိခဲ့ပေမဲ့ အခုအချိန်မှာတော့ သူမရဲ့ ကြိုးစားအားထုတ်မှုကြောင့် ပညာသင်ထူးချွန်ဆုနဲ့အတူ မဲလ်ဘုန်းမြို့ Trinity College က ချီးမြှင့်တဲ့ ဘွဲ့ကိုပါရရှိခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ထူးချွန်မှုတွေကြောင့် ကျောင်းဆင်းပွဲ အခမ်းအနားမှာ နှုတ်ဆက်စကားနဲ့ မိန့်ခွန်းပြောဖို့တောင် အရွေးချယ်ခံခဲ့ရပါတယ်။ ဒီအခမ်းအနားမှာတော့ အတိတ်က သူမရဲ့ အကြောင်းတွေကို ရှက်ကြောက်ခြင်းမရှိဘဲ ရဲရဲဝံ့ဝံ့ ပြောကြားသွားခဲ့ပါတယ်။

သူမဟာ CCF ကထောက်ပံ့ပေးတဲ့ ပထမဦးဆုံး ကျောင်းသားတစ်ဦးဖြစ်သလို ယခင်အတိတ်က ကြမ်းတမ်းခဲ့သမျှ အခုချိန်မှာတော့ အားလုံးရဲ့ရှေ့မှာ အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ မိန့်ခွန်း ပြောကြားနိုင်ခဲ့ပါပြီ။ အင်တာနက်သုံးစွဲသူများစွာကလည်း သူမရဲ့ ကြိုးစားမှုကို အသိအမှတ်ပြု ချီးကျူးပေးကြသလို Phnom Penh မြို့မှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အခုလိုမြေတောင်မြှောက်ပေးနိုင်ခဲ့တဲ့ CCF အဖွဲ့ရဲ့ ကြိုးပမ်းမှုကိုလည်း လေးစားချီးကျူး နေကြပါတယ်။

#Lifestyle_Myanmar

#Thar_Nage

လူပျင်းတွေအတွက် အလိုလျောက် ခေါင်းလျှော်ပေးတဲ့စက်ကို တီထွင်ခဲ့တဲ့ အမျိုးသား

Zawgyi Fonts

အတိတ္က အမွိုက္ပုံၾကားမွာရွင္သန္ရေပမဲ့ အခုေတာ့ အားလုံးရဲ့ စင္ေရွ႕ကို ေရာက္ေနခဲ့တဲ့ မိန္းကေလး
ကေမၻာဒီးယားနိုင္ငံ Phnom Penh ၿမိဳ႕က အမွိုက္ပုံေတြကို အမွီျပဳၿပီးဝမ္းေၾကာင္းရတဲ့ Sophy Ron ဆိုတဲ့ ေကာင္မေလးဟာ သူမအသက္ ၁၁အရြယ္အထိ ေက်ာင္းဆိုတာ ဘာမွန္းမသိခဲ့ရပါဘူး။ သူမ်ားစြန္႔ပစ္ထားတဲ့ အမွိုက္ပုံထဲက ေကာင္းနိုးရာရာအဝတ္အစားကို ဝတ္ဆင္ၿပီး သူမရဲ့ တစ္ပတ္စာအခ်ိန္ကိုဒီအမွိုက္ပုံထဲမွာ အမွိုက္ေကာက္ၿပီး မိဘေတြနဲ႔အတူ ႐ုန္းကန္ခဲ့ရပါတယ္။

ဒီအမွိုက္ပုံထဲက အသုံးတည့္မဲ့ ပစၥည္းေတြ၊ စားစရာေတြ မွန္သမွ ဇကာတင္စစ္ယူၿပီး အသုံးျပဳခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္က ဒါေတြဟာ သူမအတြက္ က်န္းမာေရး ညီညြတ္မွု ရွိ မရွိဆိုတာလည္း နားမလည္ခဲ့ပါဘူး။ ဒါေပမဲ့ ဆင္းရဲႏြမ္းပါးတဲ့ကေလးေတြကို အကူအညီေပးေနတဲ့ ကေမၻာဒီးယား ကေလးမ်ားရန္ပုံေငြအဖြဲ႕ Cambodian Children’s Fund (CCF) ေၾကာင့္ သူမရဲ့ ဘဝကတစ္ဆစ္ခ်ိဳးေျပာင္းလဲလာခဲ့ၿပီး မဲလ္ဘုန္း တကၠသိုလ္မွာ အျပည့္အဝပညာသင္ၾကားခြင့္ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

အသက္ ၁၁ႏွစ္ေရာက္တဲ့အထိ ေက်ာင္းဆိုတာ ဘာမွန္းမသိခဲ့ေပမဲ့ အခုအခ်ိန္မွာေတာ့ သူမရဲ့ ႀကိဳးစားအားထုတ္မွုေၾကာင့္ ပညာသင္ထူးခၽြန္ဆုနဲ႔အတူ မဲလ္ဘုန္းၿမိဳ႕ Trinity College က ခ်ီးျမႇင့္တဲ့ ဘြဲ႕ကိုပါရရွိခဲ့ပါတယ္။ ဒါ့အျပင္ သူမရဲ့ ထူးခၽြန္မွုေတြေၾကာင့္ ေက်ာင္းဆင္းပြဲ အခမ္းအနားမွာ ႏွုတ္ဆက္စကားနဲ႔ မိန္႔ခြန္းေျပာဖို႔ေတာင္ အေရြးခ်ယ္ခံခဲ့ရပါတယ္။ ဒီအခမ္းအနားမွာေတာ့ အတိတ္က သူမရဲ့ အေၾကာင္းေတြကို ရွက္ေၾကာက္ျခင္းမရွိဘဲ ရဲရဲဝံ့ဝံ့ ေျပာၾကားသြားခဲ့ပါတယ္။

သူမဟာ CCF ကေထာက္ပံ့ေပးတဲ့ ပထမဦးဆုံး ေက်ာင္းသားတစ္ဦးျဖစ္သလို ယခင္အတိတ္က ၾကမ္းတမ္းခဲ့သမၽွ အခုခ်ိန္မွာေတာ့ အားလုံးရဲ့ေရွ႕မွာ အဂၤလိပ္စာ ကၽြမ္းကၽြမ္းက်င္က်င္နဲ႔ မိန္႔ခြန္း ေျပာၾကားနိုင္ခဲ့ပါၿပီ။ အင္တာနက္သုံးစြဲသူမ်ားစြာကလည္း သူမရဲ့ ႀကိဳးစားမွုကို အသိအမွတ္ျပဳ ခ်ီးက်ဴးေပးၾကသလို Phnom Penh ၿမိဳ႕မွာရွိတဲ့ ဆင္းရဲႏြမ္းပါးတဲ့ကေလးေတြကို အခုလိုေျမေတာင္ေျမႇာက္ေပးနိုင္ခဲ့တဲ့ CCF အဖြဲ႕ရဲ့ ႀကိဳးပမ္းမွုကိုလည္း ေလးစားခ်ီးက်ဴး ေနၾကပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here