ဖက္ရွင္ေတြက မယံုႏိုင္ေအာင္ေအာင္ ေျပာင္းလဲမႈ ျမန္ဆန္ပါတယ္။ တစ္ေက်ာ့ျပန္ဖက္ရွင္ေတြက ေခတ္စားလာသလို တစ္ႏွစ္နဲ႔ တစ္ႏွစ္ အသစ္အသစ္ေသာ ဖက္ရွင္ေရစီးေၾကာင္းေတြ ေပၚထြက္လို႔ လာပါတယ္။ ဖက္ရွင္ဆိုတဲ့အထဲမွာ အ၀တ္အစားတစ္ခုတည္း မဟုတ္ပါဘူး။ ဆံပင္ပံုစံ၊ မိတ္ကပ္၊ ဖိနပ္၊ အိတ္စတဲ့ ဆက္စပ္ပစၥည္းေတြလညး္ ပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ဖက္ရွင္နဲ႔ မကင္းၾကတဲ့ ပ်ိဳေမေတြအတြက္ ဒီႏွစ္မွာ ဘယ္လိုဖက္ရွင္ေတြက ဒိတ္ေအာက္ၿပီး ဘယ္လိုဖက္ရွင္ေတြက ေခတ္စားေနသလဲဆိုတာကို မွ်ေ၀ေပးခ်င္ပါတယ္။
သင့္ခႏၶာကိုယ္ကို ပိုၿပီးေသးသြယ္သေယာင္ထင္ရေစမယ့္ ဖက္ရွင္သိေကာင္းစရာေလးေတြ
၁။ ေရာင္စံုအက်ပ္ေတြ
ေရာင္စံုအက်ပ္ေတြကို လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က အရမ္းလူႀကိဳက္မ်ားခဲ့ၾကပါတယ္။ ဒီေဘာင္းဘီအက်ပ္ေရာင္စံုေတြက ကိုယ့္ရဲ႕ေျခေထာက္လွပမႈကို ေဖာ္ျပႏိုင္တာေၾကာင့္ မိန္းကေလးေတြ ႀကိဳက္ႏွစ္သက္ခဲ့ၾကပါတယ္။ ဒီလိုအေရာင္ေတာက္ေတာက္ေတြက လူေတြကို ခံစားမႈပိုေကာင္းေစေပမယ့္ ဒီအခ်ိန္မွာေတာ့ ေခတ္မမွီေတာ့ပါဘူး။
၂။ ဆံၿမိတ္အေျဖာင့္ေလးေတြ
မိန္းကေလးတိုင္းက ဘာဘီရုပ္မေလးလို ဆံၿမိတ္သပ္သပ္ရပ္ရပ္ေလးနဲ႔ လိႈင္းတြန္႔ဆံပင္ရွည္ေလးကို လိုခ်င္ၾကပါတယ္။ ယခုေတာ့ အရုပ္ေတြက ပိုၿပီး ေခတ္မွီ လက္ေတြ႔က်လာပါၿပီ။ ဆံၿမိတ္အေျဖာင့္ေတြက ေခတ္မရွိေတာ့တာေၾကာင့္ ဆံပင္ပံုစံအသစ္ကို စဥ္းစားဖို႔ လိုလာပါၿပီ။
၃။ မ်က္ခံုးတက္တူး
ဥေရာပက Smashbox မိတ္ကပ္ပညာရွင္ Will Malherbe က မ်က္ခံုးတတ္တူးေတြအေၾကာင္း ဒီခ်ိန္မွာ ေမ့့ပစ္လိုက္ဖို႔ ေျပာပါတယ္။ သူ႔ရဲ႕အသက္ေမြး၀မ္းေက်ာင္းမွာ မ်က္ခံုးတက္တူးထိုးထားတဲ့ အမ်ိဳးသမီးေထာင္ေပါင္းမ်ားစြာနဲ႔ေတြ႕ဆံုခဲ့ၿပီး မ်က္ခံုးတက္တူးနဲ႔ အဆင္ေျပတဲ့သူက နည္းတယ္လို႔ ဆိုပါတယ္။ ပါးလ်တဲ့ တက္တူးမ်က္ခံုးေတြက မ်က္ႏွာပံုသ႑ာန္ကို သဘာ၀မက်ေစတာေၾကာင့္ ဒီအခ်ိန္မွာ မ်က္ခံုးတက္တူးေတြက ေခတ္မမွီေတာ့ပါဘူး။
၄။ မ်က္ခံုးပါးပါး
ဒီေနာက္ပိုင္းမွာ သဘာ၀ဆန္တဲ့အလွအပကို ဦးစားေပးလာတာေၾကာင့္ မ်က္ခံုးေသးေသးပါးပါးေလးေတြက ေခတ္မရွိေတာ့ပါဘူး။ မ်က္ခံုးထူထူေလးေတြက ယခုမွာ ေခတ္မွီေနပါတယ္။
၅။ မ်က္ႏွာ ဟိုက္လိုက္လုပ္ျခင္း
နယူးေယာက္က Bobbi Brown အလွကုန္တည္ေထာင္သူက သူမရဲ႕အင္တာဗ်ဴးမွာ highlighting လုပ္တာ ေခတ္လြန္သြားၿပီလို႔ ဆိုပါတယ္။ သူမက moisturizing cream ကိုအသံုးျပဳဖို႔ႏွင့္ ပါးနီကို ပါးရိုးတ၀ိုက္လိမ္းဖို႔ အႀကံျပဳထားပါတယ္။
၆။ ဂါ၀န္အႀကီးႀကီးေတြ
ဒီေန႔ေခတ္မွာ ဂါ၀န္ကားကားႀကီးေတြအစား နာမည္ႀကီးအႏုပညာရွင္ေတြ ၀တ္ဆင္ေလ့ရွိတဲ့ ရိုးရိုးဂါ၀န္ရွည္ေတြက ေခတ္မွီေနတာေၾကာင့္ သင့္မွာ ဂါ၀န္ကားကားေတြရွိရင္ ထုတ္မ၀တ္ပါနဲ႔ေတာ့။
၇။ ေျပာင္ေျပာင္လက္လက္ဖိနပ္ေတြ၊ အိတ္ေတြ
ေျပာင္လက္ေနတဲ့ ဖိနပ္ေတြ၊ အိတ္ေတြက ေက်ာင္းသြားတဲ့ မိန္းကေလးေတြေလာက္ပဲ ၾကည့္ေကာင္းပါတယ္။ အရြယ္ေရာက္ၿပီး အမ်ိဳးသမီးေတြအတြက္ေတာ့ ဒီလိုပစၥည္းေတြကို ၀တ္ဆင္ဖို႔ မလိုက္ဖက္ပါဘူး။
#Lifestyle_Myanmar
#TB_Nandar
Source-brightside
Unicode
အတိတ်မှာ ကျန်ခဲ့ပြီဖြစ်တဲ့ ဖက်ရှင်ရေစီးကြောင်း
ဖက်ရှင်တွေက မယုံနိုင်အောင်အောင် ပြောင်းလဲမှု မြန်ဆန်ပါတယ်။ တစ်ကျော့ပြန်ဖက်ရှင်တွေက ခေတ်စားလာသလို တစ်နှစ်နဲ့ တစ်နှစ် အသစ်အသစ်သော ဖက်ရှင်ရေစီးကြောင်းတွေ ပေါ်ထွက်လို့ လာပါတယ်။ ဖက်ရှင်ဆိုတဲ့အထဲမှာ အဝတ်အစားတစ်ခုတည်း မဟုတ်ပါဘူး။ ဆံပင်ပုံစံ၊ မိတ်ကပ်၊ ဖိနပ်၊ အိတ်စတဲ့ ဆက်စပ်ပစ္စည်းတွေလညး် ပါဝင်ပါတယ်။ ဒါ့ကြောင့် ဖက်ရှင်နဲ့ မကင်းကြတဲ့ ပျိုမေတွေအတွက် ဒီနှစ်မှာ ဘယ်လိုဖက်ရှင်တွေက ဒိတ်အောက်ပြီး ဘယ်လိုဖက်ရှင်တွေက ခေတ်စားနေသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
၁။ ရောင်စုံအကျပ်တွေ
ရောင်စုံအကျပ်တွေကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က အရမ်းလူကြိုက်များခဲ့ကြပါတယ်။ ဒီဘောင်းဘီအကျပ်ရောင်စုံတွေက ကိုယ့်ရဲ့ခြေထောက်လှပမှုကို ဖော်ပြနိုင်တာကြောင့် မိန်းကလေးတွေ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ဒီလိုအရောင်တောက်တောက်တွေက လူတွေကို ခံစားမှုပိုကောင်းစေပေမယ့် ဒီအချိန်မှာတော့ ခေတ်မမှီတော့ပါဘူး။
၂။ ဆံမြိတ်အဖြောင့်လေးတွေ
မိန်းကလေးတိုင်းက ဘာဘီရုပ်မလေးလို ဆံမြိတ်သပ်သပ်ရပ်ရပ်လေးနဲ့ လှိုင်းတွန့်ဆံပင်ရှည်လေးကို လိုချင်ကြပါတယ်။ ယခုတော့ အရုပ်တွေက ပိုပြီး ခေတ်မှီ လက်တွေ့ကျလာပါပြီ။ ဆံမြိတ်အဖြောင့်တွေက ခေတ်မရှိတော့တာကြောင့် ဆံပင်ပုံစံအသစ်ကို စဉ်းစားဖို့ လိုလာပါပြီ။
၃။ မျက်ခုံးတက်တူး
ဥရောပက Smashbox မိတ်ကပ်ပညာရှင် Will Malherbe က မျက်ခုံးတတ်တူးတွေအကြောင်း ဒီချိန်မှာ မေ့့ပစ်လိုက်ဖို့ ပြောပါတယ်။ သူ့ရဲ့အသက်မွေးဝမ်းကျောင်းမှာ မျက်ခုံးတက်တူးထိုးထားတဲ့ အမျိုးသမီးထောင်ပေါင်းများစွာနဲ့တွေ့ဆုံခဲ့ပြီး မျက်ခုံးတက်တူးနဲ့ အဆင်ပြေတဲ့သူက နည်းတယ်လို့ ဆိုပါတယ်။ ပါးလျတဲ့ တက်တူးမျက်ခုံးတွေက မျက်နှာပုံသဏ္ဍာန်ကို သဘာဝမကျစေတာကြောင့် ဒီအချိန်မှာ မျက်ခုံးတက်တူးတွေက ခေတ်မမှီတော့ပါဘူး။
၄။ မျက်ခုံးပါးပါး
ဒီနောက်ပိုင်းမှာ သဘာဝဆန်တဲ့အလှအပကို ဦးစားပေးလာတာကြောင့် မျက်ခုံးသေးသေးပါးပါးလေးတွေက ခေတ်မရှိတော့ပါဘူး။ မျက်ခုံးထူထူလေးတွေက ယခုမှာ ခေတ်မှီနေပါတယ်။
၅။ မျက်နှာ ဟိုက်လိုက်လုပ်ခြင်း
နယူးယောက်က Bobbi Brown အလှကုန်တည်ထောင်သူက သူမရဲ့အင်တာဗျူးမှာ highlighting လုပ်တာ ခေတ်လွန်သွားပြီလို့ ဆိုပါတယ်။ သူမက moisturizing cream ကိုအသုံးပြုဖို့နှင့် ပါးနီကို ပါးရိုးတဝိုက်လိမ်းဖို့ အကြံပြုထားပါတယ်။
၆။ ဂါဝန်အကြီးကြီးတွေ
ဒီနေ့ခေတ်မှာ ဂါဝန်ကားကားကြီးတွေအစား နာမည်ကြီးအနုပညာရှင်တွေ ဝတ်ဆင်လေ့ရှိတဲ့ ရိုးရိုးဂါဝန်ရှည်တွေက ခေတ်မှီနေတာကြောင့် သင့်မှာ ဂါဝန်ကားကားတွေရှိရင် ထုတ်မဝတ်ပါနဲ့တော့။
၇။ ပြောင်ပြောင်လက်လက်ဖိနပ်တွေ၊ အိတ်တွေ
ပြောင်လက်နေတဲ့ ဖိနပ်တွေ၊ အိတ်တွေက ကျောင်းသွားတဲ့ မိန်းကလေးတွေလောက်ပဲ ကြည့်ကောင်းပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတွေအတွက်တော့ ဒီလိုပစ္စည်းတွေကို ဝတ်ဆင်ဖို့ မလိုက်ဖက်ပါဘူး။
#Lifestyle_Myanmar
#TB_Nandar
Source-brightside