အတန်းဖော်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံရပြီးနောက် သူ့ရဲ့နားကို ပလတ်စတစ်ဆာဂျရီလုပ်ခဲ့တဲ့ ၆နှစ်အရွယ်ကောင်လေး

0
918

အင်တာနက်အသုံးပြုသူတွေ ဒေါသဖြစ်ခဲ့ရပါတယ်။
အနိုင်ကျင့်ခံရခြင်းက ကျောင်းသားဘဝရဲ့ အခါးသီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကလေးအရွယ်၊ ဆယ်ကျော်သက်အရွယ်မှာ စိတ်ပိုင်းဆိုင်ရာအပေါ် ဆိုးရွားတဲ့သက်ရောက်မှုရှိစေသော အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။ အနိုင်ကျင့်ခံရခြင်းက ကလေးတွေမှာ စိတ်ကျရောဂါ၊ စိုးရိမ်စိတ်နှင့် ကြောက်စိတ်တို့ကို ဖြစ်ပေါ်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေအပြင် အနိုင်ကျင့်ခံရခြင်းက တခါတရံမှာ အစွန်းရောက်အနိင်ကျင့်မှုနှင့်အတူ ထိခိုက်ဒဏ်ရာရစေခြင်း ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေပါတယ်။

အနိုင်ကျင့်ခြင်းဟာ မိဘ၊ ဆရာနှင့် ကျောင်းသား/ကျောင်းသူတွေ ပူးပေါင်းအားထုတ်မှုမှတဆင့် ကျောင်းများကနေ နှုတ်ပစ်သင့်တဲ့ ပေါင်းပင်တစ်မျိုးဖြစ်ပါတယ်။

ကျူးလွန်ခံရသူ ၆နှစ်အရွယ်ကလေး
ပထမတန်းကျောင်းသားဖြစ်တဲ့ Gage Berger ဟာ သူ့ရဲ့ နားရွက်ကားကားကြောင့် အတန်းဖော်တွေရဲ့ အနိုင်ကျင့်ခြင်းကိုခံရတဲ့ ကလေးငယ်ဖြစ်ပါတယ်။ ကလေးငယ်ဟာ စိတ်ဓါတ်ကျလာပြီး သူ့ကိုယ်သူ ကောင်းကျိုးမပေးသူလို့ ခံစားရတဲ့အထိ အများကြီး အနိုင်ကျင့်ခံခဲ့ရပါတယ်၊


သူ့မိဘတွေဖြစ်တဲ့ Tim နှင့် kallie ဟာ တခြားကလေးတွေက သူ့သားကို လင်းနို့နားရွက်၊ ဆင်နားရွက်လို့ နာမည်ခေါ်တာကို ကြားခဲ့ရတဲ့အခါ အရမ်းဝမ်းနည်းခဲ့ကြပါတယ်။ သူတို့ရဲ့သားလေးဟာ မှန်ထဲမှာ ကြည့်ပြီး သူ့နားလေးတွေကို ထပ်တလဲလဲ အနောက်ကို တွန်းနေတာကို မြင်ရတဲ့အခါ မိဘနှစ်ယောက်အနေနဲ့ လက်ပိုက်ကြည့်မနေနိုင်တော့သလို ခံစားရပါတယ်။

နောက်ဆုံးမှာ သူ့ရဲ့မေမေ ကယ်လီဟာ သားလေးနားရွက်တွေကို ပလတ်စတစ်ဆာဂျရီလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Gageလို ငယ်ရွယ်တဲ့ ကလေးတွေအတွက် ပလတ်စတစ်ဆာဂျရီလုပ်ပေးခဲ့ရတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ခွဲစိတ်ကုသပေးခဲ့တဲ့ ဆရာဝန် Dr. Steven Mobley ကဆိုပါတယ်။
ခွဲစိတ်ကုသမှုက လုံးဝအောင်မြင်ခဲ့ပါတယ်၊ Gageလေးဟာ ခွဲစိတ်ပြီးနောက် ပထမဆုံးအကြိမ်မှန်ထဲမှာကြည့်ပြီး အံသြခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့်အတူ ‘Oh my gosh’လို့ အံအားသင့်စွာ ကြွေးကြော်ခဲ့ပါတယ်။

ငယ်ရွယ်တဲ့ Gage ဟာသူရဲ့ ခွဲစိတ်ကုသမှုရလဒ်ကြောင့် ဝမ်းမြောက်ခဲ့ရသော်လည်း တချို့လူတွေက သူ့မိဘတွေလုပ်ခဲ့တာဟာ မှန်ကန်တဲ့ခြေလှမ်းမဟုတ်ဘူးလို့ ဆိုပါတယ်။ ကလေးတစ်ယောက်ကို အနိုင်ကျင့်ခံရခြင်းကနေ လွတ်မြောက်ဖို့ သူ့ကိုယ်သူ ပြောင်းလဲခွင့်ပေးခဲ့တာဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ မိဘအုပ်ထိန်းမှုလို့ တချို့လူတွေက ယုံကြည်ခဲ့ကြပါတယ်။ မည်သို့ပင်ဆိုပါစေ ကလေးလေးအတွက်ကတော့ ပျော်ရွင်မှုရခဲ့သလို အနိုင်ကျင့်ခံရမှုကနေ လျော့ကျနိုင်ဖွယ်ရှိတာကြောင့် ဒီဆုံးဖြတ်ချက်ကို အများစုက ထောက်ခံခဲ့ကြပါတယ်။

မိဘရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ သင်ထင်ပါသလား? ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ထင်ပါသလား? ကိုယ့်ယူဆချက်လေးတွေကို မျှဝေပေးသွားပါဦးနော်။

Lifestyle_Myanmar

LM_Nandar

အတန္းေဖာ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံရၿပီးေနာက္ သူ႔ရဲ႕နားကို ပလတ္စတစ္ဆာဂ်ရီလုပ္ခဲ့တဲ့ ၆ႏွစ္အ႐ြယ္ေကာင္ေလး
အင္တာနက္အသုံးျပဳသူေတြ ေဒါသျဖစ္ခဲ့ရပါတယ္။
အႏိုင္က်င့္ခံရျခင္းက ေက်ာင္းသားဘဝရဲ႕ အခါးသီးဆုံးအစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ကေလးအ႐ြယ္၊ ဆယ္ေက်ာ္သက္အ႐ြယ္မွာ စိတ္ပိုင္းဆိုင္ရာအေပၚ ဆိုး႐ြားတဲ့သက္ေရာက္မႈရွိေစေသာ အေျခအေနတစ္ခုလည္းျဖစ္ပါတယ္။ အႏိုင္က်င့္ခံရျခင္းက ကေလးေတြမွာ စိတ္က်ေရာဂါ၊ စိုးရိမ္စိတ္ႏွင့္ ေၾကာက္စိတ္တို႔ကို ျဖစ္ေပၚေစပါတယ္။ စိတ္ပိုင္းဆိုင္ရာ သက္ေရာက္မႈေတြအျပင္ အႏိုင္က်င့္ခံရျခင္းက တခါတရံမွာ အစြန္းေရာက္အနိင္က်င့္မႈႏွင့္အတူ ထိခိုက္ဒဏ္ရာရေစျခင္း ကဲ့သို႔ေသာ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးျပႆနာမ်ားကို ျဖစ္ေပၚေစပါတယ္။

အႏိုင္က်င့္ျခင္းဟာ မိဘ၊ ဆရာႏွင့္ ေက်ာင္းသား/ေက်ာင္းသူေတြ ပူးေပါင္းအားထုတ္မႈမွတဆင့္ ေက်ာင္းမ်ားကေန ႏႈတ္ပစ္သင့္တဲ့ ေပါင္းပင္တစ္မ်ိဳးျဖစ္ပါတယ္။

က်ဴးလြန္ခံရသူ ၆ႏွစ္အ႐ြယ္ကေလး
ပထမတန္းေက်ာင္းသားျဖစ္တဲ့ Gage Berger ဟာ သူ႔ရဲ႕ နား႐ြက္ကားကားေၾကာင့္ အတန္းေဖာ္ေတြရဲ႕ အႏိုင္က်င့္ျခင္းကိုခံရတဲ့ ကေလးငယ္ျဖစ္ပါတယ္။ ကေလးငယ္ဟာ စိတ္ဓါတ္က်လာၿပီး သူ႔ကိုယ္သူ ေကာင္းက်ိဳးမေပးသူလို႔ ခံစားရတဲ့အထိ အမ်ားႀကီး အႏိုင္က်င့္ခံခဲ့ရပါတယ္၊
သူ႔မိဘေတြျဖစ္တဲ့ Tim ႏွင့္ kallie ဟာ တျခားကေလးေတြက သူ႔သားကို လင္းႏို႔နား႐ြက္၊ ဆင္နား႐ြက္လို႔ နာမည္ေခၚတာကို ၾကားခဲ့ရတဲ့အခါ အရမ္းဝမ္းနည္းခဲ့ၾကပါတယ္။ သူတို႔ရဲ႕သားေလးဟာ မွန္ထဲမွာ ၾကည့္ၿပီး သူ႔နားေလးေတြကို ထပ္တလဲလဲ အေနာက္ကို တြန္းေနတာကို ျမင္ရတဲ့အခါ မိဘႏွစ္ေယာက္အေနနဲ႔ လက္ပိုက္ၾကည့္မေနႏိုင္ေတာ့သလို ခံစားရပါတယ္။

ေနာက္ဆုံးမွာ သူ႔ရဲ႕ေမေမ ကယ္လီဟာ သားေလးနား႐ြက္ေတြကို ပလတ္စတစ္ဆာဂ်ရီလုပ္ေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ Gageလို ငယ္႐ြယ္တဲ့ ကေလးေတြအတြက္ ပလတ္စတစ္ဆာဂ်ရီလုပ္ေပးခဲ့ရတာဟာ ပထမဆုံးအႀကိမ္မဟုတ္ဘူးလို႔ ခြဲစိတ္ကုသေပးခဲ့တဲ့ ဆရာဝန္ Dr. Steven Mobley ကဆိုပါတယ္။
ခြဲစိတ္ကုသမႈက လုံးဝေအာင္ျမင္ခဲ့ပါတယ္၊ Gageေလးဟာ ခြဲစိတ္ၿပီးေနာက္ ပထမဆုံးအႀကိမ္မွန္ထဲမွာၾကည့္ၿပီး အံၾသျခင္း၊ စိတ္လႈပ္ရွားျခင္းႏွင့္အတူ ‘Oh my gosh’လို႔ အံအားသင့္စြာ ေႂကြးေၾကာ္ခဲ့ပါတယ္။

ငယ္႐ြယ္တဲ့ Gage ဟာသူရဲ႕ ခြဲစိတ္ကုသမႈရလဒ္ေၾကာင့္ ဝမ္းေျမာက္ခဲ့ရေသာ္လည္း တခ်ိဳ႕လူေတြက သူ႔မိဘေတြလုပ္ခဲ့တာဟာ မွန္ကန္တဲ့ေျခလွမ္းမဟုတ္ဘူးလို႔ ဆိုပါတယ္။ ကေလးတစ္ေယာက္ကို အႏိုင္က်င့္ခံရျခင္းကေန လြတ္ေျမာက္ဖို႔ သူ႔ကိုယ္သူ ေျပာင္းလဲခြင့္ေပးခဲ့တာဟာ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ မိဘအုပ္ထိန္းမႈလို႔ တခ်ိဳ႕လူေတြက ယုံၾကည္ခဲ့ၾကပါတယ္။ မည္သို႔ပင္ဆိုပါေစ ကေလးေလးအတြက္ကေတာ့ ေပ်ာ္႐ြင္မႈရခဲ့သလို အႏိုင္က်င့္ခံရမႈကေန ေလ်ာ့က်ႏိုင္ဖြယ္ရွိတာေၾကာင့္ ဒီဆုံးျဖတ္ခ်က္ကို အမ်ားစုက ေထာက္ခံခဲ့ၾကပါတယ္။

မိဘရဲ႕ ဆုံးျဖတ္ခ်က္က မွန္ကန္တဲ့ဆုံးျဖတ္ခ်က္လို႔ သင္ထင္ပါသလား? ဒါမွမဟုတ္ တျခားနည္းလမ္းနဲ႔ ကိုင္တြယ္ေျဖရွင္းသင့္တယ္လို႔ ထင္ပါသလား? ကိုယ့္ယူဆခ်က္ေလးေတြကို မွ်ေဝေပးသြားပါဦးေနာ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here