အတန်းထဲမှာ တောင်ခြစ်မြောက်ခြစ်လုပ်လို့ အဆူခံရပေမယ့် စားသောက်ဆိုင် နံရံမှာပန်းချီဆွဲဖို့ အလုပ်ရခဲ့တဲ့ ကောင်လေး

0
621

မိဘတွေအနေနဲ့ ကလေးတွေရဲ့ ပင်ကိုစွမ်းရည်တွေကို အမြဲတမ်းထောက်ပံ့ပေးသင့်ပြီး သူတို့ကို မြေတောင်မြှောက်ပေးမယ်ဆိုရင် ထူးချွန်တဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကတော့ အတန်းထဲမှာ တောင်ခြစ်မြောက်ခြစ်လုပ်လို့ ပြဿနာဖြစ်ခဲ့ရပေမယ့် သူတို့သားလေးကို ပုံဆွဲဖို့ အားပေးခဲ့တဲ့ Joe Whale ရဲ့ မိဘတွေ တွေးတဲ့ အရာပါပဲ။

-Advertisement-

၉နှစ်အရွယ် ဂျိုးဝေလီဟာ ပန်းချီဆွဲရတာကို နှစ်သက်တဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ စာသင်ခန်းထဲမှာ တောင်ခြစ်မြောက်ခြစ်လုပ်တတ်တာကြောင့် အမြဲတမ်း ပြဿနာတတ်ခဲ့ရပါတယ်။ သူ့ရဲ့ မှတ်စုစာအုပ်တွေအားလုံးမှာ ရုပ်ပုံတွေနဲ့ ဖုံးလွှမ်းနေပါတယ်။

တချို့မိဘတွေက သူတို့ကလေးတွေ ကျောင်းမှာ တစ်စုံတစ်ခုအတွက် ပြဿနာတတ်တဲ့အခါ ထိုအပြုအမှုတွေကို ပိတ်ပင်လေ့ရှိကြပါတယ်။ ဂျိုးရဲ့ မိဘတွေကတော့ သူ့ကို ကျောင်းဆင်းတာနဲ့ ပန်းချီအနုပညာအတန်းသို့ ပို့ပေးခဲ့ပါတယ်။

ဂျိုးရဲ့ဆရာဟာ သူ့ရဲ့အနုပညာအရည်အချင်းကို အသိအမှတ်ပြုပြီး အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။ ၉နှစ်သားလေး ဆွဲတဲ့ပုံတွေကို အင်္ဂလန်နိုင်ငံ Shrewsbury ရှိ နံပါတ် 4 စားသောက်ဆိုင်က ဝန်ထမ်းတွေ ချက်ချင်း သတိပြုမိခဲ့ကြပြီး သူတို့စားသောက်ဆိုင်ရဲ့ ထမင်းစားခန်းမှာ သူ့ရဲ့ ပန်းချီကားတွေနဲ့ အလှဆင်ဖို့ တောင်းဆိုခံခဲ့ရပါတယ်။

ဂျိုးရဲ့ ဖခင်ဟာ ကျောင်းဆင်းတာနဲ့ စားသောက်ဆိုင်မှာ ပန်းချီဆွဲဖို့ သူ့ကို တိုက်တွန်းခဲ့ပါတယ်။ “ဂျိုးက ပန်းချီဆွဲရတာကို နှစ်သက်ပါတယ်။ သူရဲ့ အောင်မြင်မှုတွေ အားလုံးကို ကျွန်တော်တို့ အရမ်းဂုဏ်ယူတယ်၊ ကျွန်တော်တို့ရဲ့ ကိုးနှစ်သားလေးကို သူတို့အတွက် ကျွမ်းကျင်တဲ့ အလုပ်တစ်ခု လုပ်ပေးဖို့ တောင်းဆိုလိုက်တာဟာ မယုံနိုင်စရာဖြစ်တယ်” လို့ ဂျိုးရဲ့ဖခင်က မီဒီယာများကို ပြောကြားခဲ့ပါတယ်။

ဒီအခွင့်အရေးဟာ ဂျိုးအတွက် ပရော်ဖက်ရှင်နယ် အနုပညာရှင်တစ်ယောက် ဖြစ်လာမယ့် လမ်းကြောင်းတစ်ခုပဲဖြစ်ပါတယ်။ ဂျိုးကို တောင်ခြစ်မြောက်မြစ်ကောင်လေးလို့ လူသိများပြီး သူ့မှာကိုယ်ပိုင်ဝက်ဘ်ဆိုက်ရှိတဲ့အပြင် သူ့ရဲ့ အနုပညာလက်ရာများကို ပြသထားတဲ့ ဆိုရှယ်မီဒီယာပေ့ချ်တွေပါ ရှိပါတယ်။

Self-Sufficient Kids ရဲ့အဆိုအရ သင့်ကလေးရဲ့ စွမ်းရည်၊ ရည်မှန်းချက် အိမ်မက်နှင့် ဖြစ်ချင်တဲ့ဆန္ဒတွေကို ဘာမဆို လက်ခံဖို့ အရမ်းအရေးကြီးတယ်လို့ ဆိုပါတယ်။

Lifestyle_Myanmar

LM_Nandar

Source- boredpanda

Zawgyi

အတန္းထဲးမွာ ေတာင္ျခစ္ေျမာက္ျခစ္လုပ္လို႔ အဆူခံရေပမယ့္ စားေသာက္ဆိုင္ နံရံမွာပန္းခ်ီဆြဲဖို႔ အလုပ္ရခဲ့တဲ့ ေကာင္ေလး

မိဘေတြအေနနဲ႔ ကေလးေတြရဲ႕ ပင္ကိုစြမ္းရည္ေတြကို အၿမဲတမ္းေထာက္ပံ့ေပးသင့္ၿပီး သူတို႔ကို ေျမေတာင္ေျမႇာက္ေပးမယ္ဆိုရင္ ထူးခြၽန္တဲ့သူေတြ ျဖစ္လာပါလိမ့္မယ္။ ဒါကေတာ့ အတန္းထဲမွာ ေတာင္ျခစ္ေျမာက္ျခစ္လုပ္လို႔ ျပႆနာျဖစ္ခဲ့ရေပမယ့္ သူတို႔သားေလးကို ပုံဆြဲဖို႔ အားေပးခဲ့တဲ့ Joe Whale ရဲ႕ မိဘေတြ ေတြးတဲ့ အရာပါပဲ။

၉ႏွစ္အ႐ြယ္ ဂ်ိဳးေဝလီဟာ ပန္းခ်ီဆြဲရတာကို ႏွစ္သက္တဲ့ ကေလးတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ စာသင္ခန္းထဲမွာ ေတာင္ျခစ္ေျမာက္ျခစ္လုပ္တတ္တာေၾကာင့္ အၿမဲတမ္း ျပႆနာတတ္ခဲ့ရပါတယ္။ သူ႔ရဲ႕ မွတ္စုစာအုပ္ေတြအားလုံးမွာ ႐ုပ္ပုံေတြနဲ႔ ဖုံးလႊမ္းေနပါတယ္။

တခ်ိဳ႕မိဘေတြက သူတို႔ကေလးေတြ ေက်ာင္းမွာ တစ္စုံတစ္ခုအတြက္ ျပႆနာတတ္တဲ့အခါ ထိုအျပဳအမႈေတြကို ပိတ္ပင္ေလ့ရွိၾကပါတယ္။ ဂ်ိဳးရဲ႕ မိဘေတြကေတာ့ သူ႔ကို ေက်ာင္းဆင္းတာနဲ႔ ပန္းခ်ီအႏုပညာအတန္းသို႔ ပို႔ေပးခဲ့ပါတယ္။

ဂ်ိဳးရဲ႕ဆရာဟာ သူ႔ရဲ႕အႏုပညာအရည္အခ်င္းကို အသိအမွတ္ျပဳၿပီး အင္စတာဂရမ္မွာ မွ်ေဝခဲ့ပါတယ္။ ၉ႏွစ္သားေလး ဆြဲတဲ့ပုံေတြကို အဂၤလန္ႏိုင္ငံ Shrewsbury ရွိ နံပါတ္ 4 စားေသာက္ဆိုင္က ဝန္ထမ္းေတြ ခ်က္ခ်င္း သတိျပဳမိခဲ့ၾကၿပီး သူတို႔စားေသာက္ဆိုင္ရဲ႕ ထမင္းစားခန္းမွာ သူ႔ရဲ႕ ပန္းခ်ီကားေတြနဲ႔ အလွဆင္ဖို႔ ေတာင္းဆိုခံခဲ့ရပါတယ္။

ဂ်ိဳးရဲ႕ ဖခင္ဟာ ေက်ာင္းဆင္းတာနဲ႔ စားေသာက္ဆိုင္မွာ ပန္းခ်ီဆြဲဖို႔ သူ႔ကို တိုက္တြန္းခဲ့ပါတယ္။ “ဂ်ိဳးက ပန္းခ်ီဆြဲရတာကို ႏွစ္သက္ပါတယ္။ သူရဲ႕ ေအာင္ျမင္မႈေတြ အားလုံးကို ကြၽန္ေတာ္တို႔ အရမ္းဂုဏ္ယူတယ္၊ ကြၽန္ေတာ္တို႔ရဲ႕ ကိုးႏွစ္သားေလးကို သူတို႔အတြက္ ကြၽမ္းက်င္တဲ့ အလုပ္တစ္ခု လုပ္ေပးဖို႔ ေတာင္းဆိုလိုက္တာဟာ မယုံႏိုင္စရာျဖစ္တယ္” လို႔ ဂ်ိဳးရဲ႕ဖခင္က မီဒီယာမ်ားကို ေျပာၾကားခဲ့ပါတယ္။

ဒီအခြင့္အေရးဟာ ဂ်ိဳးအတြက္ ပေရာ္ဖက္ရွင္နယ္ အႏုပညာရွင္တစ္ေယာက္ ျဖစ္လာမယ့္ လမ္းေၾကာင္းတစ္ခုပဲျဖစ္ပါတယ္။ ဂ်ိဳးကို ေတာင္ျခစ္ေျမာက္ျမစ္ေကာင္ေလးလို႔ လူသိမ်ားၿပီး သူ႔မွာကိုယ္ပိုင္ဝက္ဘ္ဆိုက္ရွိတဲ့အျပင္ သူ႔ရဲ႕ အႏုပညာလက္ရာမ်ားကို ျပသထားတဲ့ ဆိုရွယ္မီဒီယာေပ့ခ်္ေတြပါ ရွိပါတယ္။

Self-Sufficient Kids ရဲ႕အဆိုအရ သင့္ကေလးရဲ႕ စြမ္းရည္၊ ရည္မွန္းခ်က္ အိမ္မက္ႏွင့္ ျဖစ္ခ်င္တဲ့ဆႏၵေတြကို ဘာမဆို လက္ခံဖို႔ အရမ္းအေရးႀကီးတယ္လို႔ ဆိုပါတယ္။

Lifestyle_Myanmar

LM_Nandar

Source- boredpanda

LEAVE A REPLY

Please enter your comment!
Please enter your name here