အတန်ဆုံးဈေးနှုန်းများဖြင့် ကင်မရာ ၄လုံးစနစ်ပါ realme 5 နှင့် realme 5 Pro တို့ကို တရားဝင်မိတ်ဆက်

0
73

Realme Myanmar က realme 5 sereis သစ်ဖြစ်သည့် realme 5 နှင့် realme 5 Pro ထုတ်ကုန်သစ်များကို အနုပညာရှင်များစွာပါဝင်တက်ရောက်မှု နှင့်အတူ တရားဝင်မိတ်ဆက်ကြေညာပေးခဲ့သည်။ ယခုထုတ်ကုန်သစ်များတွင် Leap To Quad Camera ဆို သည့်အတိုင်း နောက်ဘက်ကင်မရာ ၄လုံးစီပါဝင်မည်ဖြစ်သည့်အတွက် ထူးခြားသည့် ကင်မရာရိုက်ကူးမှုအတွေ့အကြုံသစ်များကို အပြည့်အဝခံစားရစေမည်ဖြစ်သည်။

realme 5 Pro အတွက် version ၂မျိုးမိတ်ဆက်ပေးခဲ့ပြီး RAM 4GB + ROM 128GB အတွက် ၃၃၉,၉ဝဝ ကျပ်နှင့် RAM 8GB + ROM 128GB အတွက် ၃၉၉,၉ဝဝ ကျပ်အသီးသီးကျသင့်မည်ဖြစ်ကာ Sparkling Blue နှင့် Crystal Green အရောင်၂မျိုးကို ရွေးချယ်နိုင်မည်ဖြစ်သည်။ realme 5 Pro ကို လာမည့်အောက်တိုဘာလ ၂ဝ ရက်နောက်ပိုင်းမှ စတင်ကာ ဈေးကွက်တွင် စတင် ရောင်းချပေးသွားရန်စီစဉ်ထားသည်။

realme 5 ကို မြန်မာပြည်မိုဘိုင်းသုံးစွဲသူများ ပိုမိုထိတွေ့နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ထူးခြားသည့်ဈေးနှုန်းဖြင့် version ၃မျိုးကိုမိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ RAM 3GB + ROM 32GB အတွက် ၂၂၉,၉ဝဝ ကျပ်၊ RAM 3GB + ROM 64GB အတွက် ၂၄၉,၉ဝဝ ကျပ်နှင့် RAM 4GB + ROM 128GB အတွက် ၂၇၉,၉ဝဝ ကျပ်အသီးသီးကျသင့်မည်ဖြစ်သည်။ realme 5 ကို Crystal Blue နှင့် Crystal Purple ၂မျိုးရွေးချယ်နိုင်မည်ဖြစ်ပြီး ဈေးကွက်တွင်ရောင်းချပေးမည့်ရက်ကို realme Myanmar Facebook Page မှ ဆက်လက်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
realme 5 Pro တွင် Quad Camera အဖြစ် ပင်မ 48MP AI Camera နှင့်အတူ ၁၁၉ ဒီဂရီအထိမြင်ကွင်းကျယ်ရိုက်ယူနိုင်စေမည့် 8MP Ultra Wide-Angle Lens၊ 2MP Portrait Lens နှင့် 2MP Ultra Macro Lens တို့ကိုအသုံးပြုပေးထားသည်။ 6.3-inch FullHD+ မျက်နှာပြင်နှင့် scree-to-body ration 90.6% အထိရှိသည့်အချက်ကြောင့် မျက်နှာပြင်ပြည့်မြင်ကွင်းကျယ်အတွေ့အကြုံကိုခံစားရစေမည်ဖြစ်သည်။

Type-C အမျိုးအစား 20W VOOC 3.0 Fast Charging နည်းပညာကြောင့် 4035 mAh Battery ကို 0-100% အားပြည့်စေရန် မိနစ် ၈ဝ ဝန်းကျင်သာကြာမြင့်စေမည်ဖြစ်သလို ဂိမ်းကစားနေရင်း အားသွင်းမည်ဆိုပါက တစ်နာရီအတွင် Battery အား 43% အထိဝင်စေဦးမည်ဖြစ်သည်။ စွမ်းဆောင်ရည်အထူးကောင်းမွန်သည့် Third Generation အမျိုးအစား Snapdragon 712 AIE processor ကြောင့် 3D graphic မြင့်မားသည့်ဂိမ်းအမြင့်များကိုပါ Frame Rate အကောင်းဆုံးမြင့် ကစားနိုင်စေမည်ဖြစ်သည်။
realme 5 မှာ Bigger Battery, Bigger Screen ဆိုသည့်အတိုင်း ကြီးမားကြာရှည်ခံစေမည့် 5000mAh battery ကို ထည့်သွင်းပေးထားသည့် ပထမဆုံး realme ဖုန်းတစ်လုံးဖြစ်လာခဲ့ပြီး ဂိမ်းကစားရင်တောင်မှ ၁၃နာရီဝန်းကျင်အထိ အားခံစေမည်ဖြစ်သည်။ မျက်နှာပြင်အရွယ်အစားမှာလည်း 6.5-inch HD+ Display ကိုသုံးပေးထားပြီး ပိုမိုကြီးမားကျယ်ပြန့်သည့်မျက်နှာပြင်အတွေ့အကြုံကောင်းကို ခံစားရစေဦးမည်ဖြစ်သည်။

realme 5 တွင်လည်း Leap To Quad ကင်မရာအတွေ့အကြုံကို အပြည့်အဝရရှိစေရန် နောက်ဘက်ကင်မရာ ၄လုံးအထိအသုံးပြုပေးထားပြီး ပင်မ 12MP Camera နှင့်အတူ realme 5 Pro တွင်အသုံးပြုထားသည့် ၁၁၉ ဒီဂရီ မြင်ကွင်းကျယ် Ultra Wide-Angle Lens၊ Portrait Lens နှင့် Ultra Macro Lens တို့ ပြန်လည်ရယူအသုံးပြုပေးထားသည်။ စွမ်းဆောင်ရည်ပိုင်းတွင်လည်း ဈေးနှုန်းတူဖုန်းများတွင် ပိုမိုသာလွန်သည့် Third Generation Snapdragon 665 AIE processor ကိုသုံးပေးထားပြီး octa-core 2.0 GHz အထိမောင်းနှင်အားကိုရရှိစေမည်ဖြစ်သည်။ realme 5 series ထုတ်ကုန်တိုင်းတွင် Holographic Crystal Texture နည်းပညာကြောင့် 3D ရုပ်ကြွနှင့်အတူ ရောင်ပြေးပုံစံနောက်ကျော်ဘက်ဒီဇိုင်းကို ပထမဆုံးထိတွေ့ခွင့်ရရှိစေဦးမည်ဖြစ်သည်။

#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here