အဆီတွေကို ပိုပြီးမြန်မြန်လောင်ကျွမ်းစေဖို့အတွက် အစာစားချင်စိတ်ကို ဘယ်လိုထိန်းချုပ်မလဲ

0
1076
- Advertisement -

အစားအသောက်နဲ့ပတ်သက်လို့ တမ်းတမ်းစွဲဖြစ်စေတဲ့ ဟော်မုန်းအမျိုးအစားတစ်ချို့ဟာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက သက်သေပြထားကြပါတယ်။ အလွန်အကျူးစားသုံးခြင်းကလည်း စွဲလမ်းမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ချို့ဟာ သူတို့စားမယ့်အရာ၊ ဘယ်လောက်စားမယ်ဆိုတဲ့အပေါ်မှာ ထိန်းချုပ်နိုင်စွမ်းရည်က နည်းနည်းသာရှိတဲ့အတွက်ကြောင့်ပါ။ အခုလိုဖြစ်လာမယ်ဆိုရင် အဝလွန်ခြင်းသာမက ဗိုက်ကားအောင်စားခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့လို စိတ်ပိုင်းဆိုင်ရာ စိတ်ကစဥ့်ကလျားဖြစ်ခြင်းတို့ကို ကြုံတွေ့လာရစေနိုင်ပါတယ်။

-Advertisement-

ဒါကြောင့် အစာအာဟာရပညာရှင်များနှင့် အစားအသောက်ကျွမ်းကျင်သူများမှ ပေးအပ်ထားတဲ့ အကြံဥာဏ်ကောင်းလေးတွေကို သေချာမှတ်သားထားပြီး အစားအသောက်စွဲလမ်းမှုကို တိုက်ဖျက်လိုက်ပါ။

ပြုပြင်ပြီးစားသောက်ကုန်များနှင့် ဆေးသကြားပါတဲ့အစားအသောက်များ မစားပါနဲ့။

သကြား၊ ဆေးသကြားတွေနဲ့ အဆီတွေ မြောက်မြားစွာပါဝင်တဲ့ အစားအသောက်တွေဟာ ခန္ဓာကိုယ်အတွင်းက ဓာတ်တုန့်ပြန်မှုကို နှိုးဆွလိုက်သလိုဖြစ်စေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် ဈေးဝယ်မသွားခင်ကတည်းက ကြိုတင်စာရင်းပြုစုထားပါ။

လျှော့စားပါ။

အာဟာရမဖြစ်မယ့် အစားအသောက်တွေကို ဘယ်လိုမှဖယ်ပြီး စားဖို့မဖြစ်နိုင်ဘူးဆိုရင် စွဲလမ်းမှုကိုလျော့ချဖို့အတွက် နည်းလမ်းတစ်ခုကတော့ စားနေကျထက် ပမာဏကို နည်းသထက်နည်းပြီး စားတာပါပဲ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို မှန်မှန်စားပါ။

အာဟာရမျှတမယ့် အစားအသောက်တွေကို စားသုံးမယ်ဆိုပါက မလိုအပ်တဲ့အရာတွေမစားဘဲနဲ့ စွဲလမ်းမှုကို လျော့ချနိုင်မှာဖြစ်ပါတယ်။ တစ်နေ့တာလုံးအတွက် မနက်စာက အရေးကြီးဆုံးပဲဆိုတာကို လူတိုင်းကြားဖူးကြမှာပါ။ မနက်စာကတည်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးပေးမယ်ဆိုပါက အကျင့်ကောင်းကိုလည်း မွေးမြူရာရောက်ပါလိမ့်မယ်။

စားပွဲမှာသေချာထိုင်ပြီး ဖြည်းဖြည်းချင်းဝါးစားပါ။

ကျွန်ုပ်တို့ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေဟာ အစာစားချင်စိတ်နဲ့ ကယ်လိုရီသုံးစွဲမှုတို့အတွက် တာဝန်ရှိပြီးတော့ အစားစားပြီးပြီ၊ ဗိုက်ပြည့်ပြီလို့ သဘောပေါက်စေဖို့ ဦးနှောက်ကိုအချက်ပြဖို့က အနည်းဆုံး မိနစ် ၂၀ လောက်ကြာမြင့်ပါတယ်။ ဒါကြောင့် ကိုယ်ကအချိန်ယူပြီးတော့ ဖြည်းဖြည်းချင်းစားမယ်ဆိုရင် ပိုစားမိခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်းမဖြစ်အောင် ကာကွယ်ရာလည်းရောက်ပါလိမ့်မယ်။

ကဖိန်းကိုရှောင်ပါ။

ကျန်းကျန်းမာမာနေနိုင်ဖို့နှင့် နေ့စဥ်ကြုံတွေ့ရမယ့် စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် အိပ်ချိန်ကောင်းကောင်းလိုအပ်ပါတယ်။ ကဖိန်းဓာတ်ကတော့ ကိုယ်လိုအပ်တဲ့အနားယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် အိပ်ရေးမဝဘူးဆိုရင် ကိုယ်အလေးချိန်လည်းတက်လာနိုင်လို့ ကဖိန်းဓာတ်ကိုရှောင်ကြဥ်ပါ။

အိမ်မှာချက်စားပါ

ကိုယ်ချက်စားမယ့်အစားအသောက်ကို ကိုယ်ကိုယ်တိုင် ဦးစီးရတဲ့အတွက်ကြောင့် ကိုယ့်အတွက်ဆိုးကျိုးဖြစ်စေမယ့်အရာတွေကို မထည့်မိအောင် ဟန့်တားနိုင်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here