အဆိုတော်ရဲ့ တကယ့်ဘဝအတွေ့အကြုံတွေပေါ်မှာ အခြေခံပြီး ရေးခဲ့တဲ့ K-Pop သီချင်းများ

0
56

ဒီသီချင်းတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းလေးတွေပေါ်မှာ အခြေခံပြီး စစ်မှန်သော နှလုံးသားနှင့် ဖန်ဆင်းထားတဲ့ သီချင်းလေးတွေ ဖြစ်ပါတယ်။

၁။ BIGBANG – “This Love”

ဒီသီချင်းကတော့ Maroon 5ရဲ့ “This Loveကို ပြန်ဆိုထားတဲ့ G-Dragonရဲ့ သီချင်းဖြစ်ပါတယ်။ မူလသီချင်းစာသားတွေက Adam Levineရဲ့ ရည်းစားဟောင်းနှင့် လမ်းခွဲတဲ့ဇာတ်လမ်းအဖြစ်မှန်ပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ ပြန်ဆိုထားတဲ့ သီချင်းစာသားတွေမှာ G-Dragon ကသူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို ထည့်ဆိုထားတာဖြစ်ပါတယ်။ BIGBANG အဖွဲ့ဝင်ဟာ သူပြန်ကြိုက်ခဲ့တဲ့ ကောင်မလေးတစ်ယောက်က သူ့ကို စွန့်ပစ်သွားခဲ့ပြီးနောက် မိနစ် ၃၀မှာ ဒီသီချင်းစာသားတွေကို ရေးလိုက်တာပဲ ဖြစ်ပါတယ်။

၂။ IU – “Voicemail”

၂၀၁၃ခုနှစ် MBC ဂီတရဲ့ “Picnic Live”မှာ “Voicemail” သီချင်းဟာ သူမရဲ့ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အချစ်ဇာတ်လမ်းပေါ်အခြေခံပြီး ရေးထားတာလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူမကြိုက်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ငြင်းပယ်မှုကို ခံရပြီးနောက်မှာ ဒီသီချင်းကို ရေးစပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

၃။ Heize – “Don’t Know You”

Heizeရဲ့ “Don’t Know You”သီချင်းဟာ ငွေရေးကြေးရေး အခက်အခဲတွေနဲ့ ဆိုးလ်ကိုပြောင်းရွေ့ခဲ့တဲ့အချိန်မှာ သူမတွေ့ဆုံခဲ့တဲ့ ရည်းစားတစ်ယောက် အကြောင်းကို ရေးစပ်ထားတာပဲဖြစ်ပါတယ်။ သူနဲ့ချိန်းတွေ့ခဲ့တုန်းက သူ့ဆီက လက်ဆောင်တွေအများကြီးရခဲ့ပြီး ယခုထိ အိမ်မှာ အများကြီးရှိနေဆဲပါလို့ Heizeကပြောပါတယ်။ အဆိုပါရက်ပ်အဆိုတော်ဟာ သူမကိုသတိရဖို့ ရည်းစားဟောင်းကို ဘာအမှတ်တရမှ မပေးနိုင်ခဲ့လို့ ဝမ်းနည်းကြောင်း ဖော်ပြထားပါတယ်။

၄။ BIGBANG’s Taeyang – “Eyes, Nose, Lips”

အဆိုတော် Taeyang က “Eyes, Nose, Lips”ဆိုတဲ့ ဒီသီချင်းစာသားတွေဟာ သူ့ဇနီးဖြစ်တဲ့ မင်းသမီး မင်ဟိုရင်ကို ရည်ညွန်းပါတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

၅။ Akdong Musician – “Last Goodbye”

Akdong ဂီတပညာရှင် Lee Chan Hyukက ဒီသီချင်းမှာ သူ့ရဲ့ကိုယ်တွေ့ လမ်းခွဲဇာတ်လမ်းလေးကိုမျှဝေထားတာဖြစ်ပါတယ်။ သူဟာ ဒီသီချင်းကို ရေးနေစဉ်အတွင်းမှာကော၊ အသံသွင်းနေစဉ်မှာကော ငိုခဲ့ရတယ်လို့ ဆိုပါတယ်။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here