အဆိပ်သင့်အိမ်ထောင်ရေးမှာ သောင်တင်နေခြင်းဟာ ကွာရှင်းမှုထက် ကလေးတစ်ယောက်ကို ပိုနာကျင်စေနိုင်သော အကြောင်းရင်း (၆)ချက်

0
1705

အိမ်ထောင်တစ်ခု ကွာရှင်းခြင်းက ဘယ်မိသားစုမဆို နာကျင်မှု မရှိတာ ရှားပါတယ်။ ဒါပေမယ့် တခါတရံမှာ ခက်ခဲတဲ့ အိမ်ထောင်ရေးတစ်ခုကို ထိန်းသိမ်းနေတာထက် ချောချောမွေ့မွေ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချခြင်းက သားသမီးတွေရဲ့ ကောင်းကျိုးချမ်းသာအတွက် ပိုကောင်းပါတယ်။ မပျော်ရွင်တဲ့ relationship တစ်ခုမှာ သည်းခံပြီးနေခြင်းက အထူးသဖြင့် ကလေးတွေနှင့် မိသားစုဝင်တိုင်းကို စိတ်ဆင်းရဲမှုတွေ ခံစားရစေနိုင်ချိန်မှာ မှန်မှန်ကန်ကန်နဲ့ ကိုင်တွယ်ဖြေရှင်းပြီး လမ်းခွဲခြင်းက ကလေးတွေအတွက် ပျော်ရွင်တဲ့အနာဂတ်တစ်ခုကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။ မိဘတွေရဲ့ အိမ်ထောင်ရေးက သားသမီးတွေအပေါ်မှာ များစွာ ရိုက်ခက်မှုရှိပါတယ်။ ဒါ့ကြောင့် ခက်ခဲတဲ့ အိမ်ထောင်ရေးတစ်ခုမှာ သည်းခံပြီးနေခြင်းဟာ ကွာရှင်းမှုထက် ကလေးတွေကို ဘာ့ကြောင့် ပိုဆိုးစေနိုင်သလဲဆိုတဲ့ အကြောင်းရင်း (၆)ချက်ကို မျှဝေပေးချင်ပါတယ်။

-Advertisement-

၁။ မိဘရဲ့ အဆင်မပြေသော relationship စံနမူနာက သားသမီးတွေအပေါ်မှာ ရောင်ပြန်ဟပ်ပါတယ်

ကလေးတွေက ရေမြှုပ်တွေလိုပါပဲ။ သူတို့ကို ဝန်းရံနေတဲ့ relationships ပုံစံများကို စုပ်ယူတတ်ကြပါတယ်။ မိဘတွေ အတောမသတ် ငြင်းခုံနေတာကို မြင်ရတဲ့အခါ သူတို့လည်း ဒီအတိုင်း ပြုလုပ်တတ်ကြပါတယ်။ ကလေးတွေဟာ ပျော်ရွင်မှုမရှိတဲ့ အိမ်ထောင်ရေးတစ်ခုမှာ အခြေကျဖို့ တရားမျှတသလားဆိုတဲ့ အတွေးတွေ စတင်ဝင်လာပြီး သူတို့ဟာ ကျန်းမာပြီး ချစ်ခြင်းမေတ္တာပြည့်ဝတဲ့ relationship တစ်ခုကို သူတို့ဖန်တီးနိုင်ပါ့မလား?ဆိုတာနှင့် ပတ်သတ်ပြီး သံသယဖြစ်လာပါလိမ့်မယ်။
မနာလိုဖြစ်တာ၊ အလွယ်တကူဒေါသထွက်တာ၊ အိမ်ထောင်ဘက်ကို စကားမပြောတာနှင့် ကြီးစိုးချယ်လှယ်တာတွေက အဆိပ်သင့်မိဘတွေနှင့်အတူ နေရတဲ့ ကလေးတွေမှာ ပြဿနာပေါင်းစုံနှဲ့ အိမ်ထောင်ရေးကို ဦးတည်လေ့ရှိသော မိဘအုပ်ထိန်းသူတွေရဲ့ အပြုအမှုတွေ ဖြစ်ပါတယ်။

၂။ သူတို့ဟာ မိဘတွေရဲ့ ရန်ပွဲကို ဘယ်တော့မှ နေသားမကျတာလည်း ဖြစ်နိုင်ပါလိမ့်မယ်

ကလေးတွေဟာ မကောင်းတဲ့ စိတ်ခံစားမှုတွေကို တော်တော်လေး သတိပြုမိလွယ်ပါတယ်၊ သူတို့ဟာ မိသားစုပဋိပက္ခကို ဖျက်ဆီးပစ်ဖို့ super sensitive တွေဖြစ်ကြပါတယ်။ မိဘတွေရဲ့ တစ်ယောက်နဲ့ တစ်ယောက် မခန့်လေးစားမှုကို မကြာခဏ ပြသခြင်းနှင့်အတူ ကလေးတွေရဲ့ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးချမ်းသာဟာ လုံခြုံမှု မရှိတော့ပါဘူး။
မိဘတွေအကြား တင်းမာမှုက ကလေးတွေမှာ အပြစ်ရှိတဲ့ ခံစားမှုနှင့် ပစ်ပယ်မှုကို ခံစားရစေပါတယ်။ သူတို့မှာ ယုံကြည်မှုဆိုင်ရာပြဿနာများနှင့် self-esteem နိမ့်ကျမှုများနှင့်အတူ အရွယ်ရောက်သူတွေအဖြစ်သို့ ကြီးပြင်းစေနိုင်ပါတယ်။

၃။ စိတ်ဖိစီးမှုကို ပိုမို ခုခံနိုင်စွမ်းမရှိတာ ဖြစ်လာနိုင်ပါတယ်

ကလေးတွေဟာ ကိုယ့်အိမ်မှာ လုံခြုံမှုကို မခံစားရတဲ့အခါ စိတ်ဖိစီးမှု လွယ်လာနိုင်ပါတယ်။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုက စိုးရိမ်ထိတ်လန့်မှု ခံစားချက်များနှင့် အိမ်မက်ဆိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အဆိပ်သင့်မိဘတွေရဲ့ ကလေးတွေ ကြီးပြင်းလာတဲ့အခါ သူတို့မှာ လူနှစ်ယောက်ကြားက relationships ကို နားလည်မှု လွဲမှားတာ ဖြစ်လာပါတယ်။ သူတို့မှာ ကိုယ့်ကိုယ်ကို ဝေဖန်ပြစ်တင်မှု မြင့်မားလာသလို မပြောပလောက်တဲ့ အခက်အခဲများကို ရင်ဆိုင်နေရချိန်မှာတောင် သူတို့ရဲ့အခက်အခဲတွေက အကြီးကြီးလို့ ခံစားရပါလိမ့်မယ်။

၄။ သူတို့ရဲ့ relationships အမျိုးမျိုးကို တည်ဆောက်တဲ့နေရာမှာ အခက်အခဲရှိလာနိုင်ပါတယ်

အိမ်က ပဋိပက္ခတွေက ညီအစ်ကို မောင်နှမဆက်ဆံရေးထဲမှာ အလွန်အမင်းကာကွယ်ပေးခြင်း (သို့ ) ခပ်တန်းတန်းဆက်ဆံရေး ဖြစ်လာနိုင်ချိန်မှာ ရွယ်တူတွေနှင့်အတူ မျှတတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ခြင်းမှာ အခက်အခဲ ဖြစ်လာစေပါတယ်။
ပျော်ရွင်မှုမရှိတဲ့ မိသားစုက ကလေးတွေဟာ သူတို့မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ရပ်တန့်ဖို့ဘာစွမ်းအားမှ ရှိမှာ မဟုတ်ပါဘူး။ ဥပမာ- အတန်းဖော်တွေနဲ့ အဆင်မပြေတဲ့အခါမျိုးမှာ ဘယ်လိုအဆင်ပြေအောင် နေရမယ်ဆိုတဲ့ ဖြေရှင်းချက် မရှာတတ်တော့ပါဘူး) ဒါ့ကြောင့် လူကြီးတွေဖြစ်လာရင် သူတို့လက်တွဲဖော်တွေမှာရှိတဲ့ သူတို့မကြိုက်သောအရာတွေနှင့် ပတ်သတ်ပြီး ပြောဖို့ ခက်ခဲလာသလို ကောင်းမွန်တဲ့ နယ်နိမိတ်တွေ တည်ဆောက်ဖို့ ခက်ခဲလာတာကို တွေ့နိုင်ပါတယ်။

၅။ စိတ်ခံစားမှုက ထုံသွားပြီး မကောင်းတဲ့ အလေ့အထတွေ ရွေးချယ်ဖို့ ကြိုးစားနိုင်ပါတယ်

ကလေးတွေဟာ မကောင်းတဲ့ စိတ်ခံစားမှုများကို တွန်းလှန်ဖယ်ရှားဖို့ တစ်ခုခုလုပ်ချင်လာပါလိမ့်မယ်၊ ဒါ့ကြောင့် မိသားစုထဲက စိတ်ဖိစီးမှု အခြေအနေတစ်ခုကို တုံ့ပြန်မှုမှာ မကောင်းတဲ့ အလေ့အထတွေ ကို ရွေးချယ်လာစေနိုင်ပါတယ်။
ဒီအမူအကျင့်တွေမှာ အဖြစ်မှန်ကနေ လွတ်မြောက်ဖို့ တခြားကြိုးစားမှုတွေ (သို့) ဗီဒီယိုဂိမ်းအလွန်အကျွံဆော့ခြင်းနှင့် အလွန်အကျွံစားမိခြင်းတို့ ပါဝင်နိုင်ပါတယ်။ ကလေးတွေဟာ မနှစ်မြို့ဖွယ် ခံစားချက်များကို သွယ်ဝိုက်ပြီး ပြသနိုင်ပါတယ်။ ကျောင်းမှာ စာစိတ်ဝင်စားမှု နည်းလာနိုင်သလို ရွယ်တူတွေနဲ့ ရန်ဖြစ်တာ၊ ကစားစရာတွေနဲ့ ကစားနေရင်း ဒေါသထွက်လာတာ ဖြစ်လာပါတယ်။

၆။ သူတို့ဟာ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ကြောက်လာနိုင်ပါတယ်

ဝေဖန်တာ၊ ဒေါသထွက်တာဟာ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ လေးစားမှုကို အလိုအလျောက် ရပ်တန့်သွားစေမယ်လို့ မဆိုလိုပါဘူး။ ပုံမှန်ဆက်ဆံရေး အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ဆဲပါ။ ဒါပေမယ့် မိဘတွေရန်ဖြစ်တဲ့အခါ စကားလုံးတွေနဲ့ ကြားဝင် တိုက်ခိုက်ခြင်း (သို့) ရှောင်ထွက်သွားခြင်း ကဲ့သို့သော နည်းပရိယာယ်များက သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြခြင်းမှာ လုံခြုံတဲ့ strategy တစ်ခုမဟုတ်ကြောင်း ကလေးတွေကို ခံစားရစေနိုင်ပါတယ်။
ကလေးတွေဟာ ဒေါသထွက်တာ၊ ဝေဖန်တာဟာ အစွန်းရောက် အန္တရာယ်တစ်ခုရဲ့ ရင်းမြစ်ဖြစ်ကြောင်း စတွေးလာနိုင်ပါတယ်။ သူတို့ဟာ အရွယ်ရောက်လာပြီး အိမ်ထောင်ရက်သားကျလာတဲ့အခါ သူတို့မိဘတွေရဲ့ အဆိပ်သင့်အပြုအမှုကို ပြန်လုပ်မိသွားပါလိမ့်မယ်။

ကလေးတွေဟာ များသောအားဖြင့် သူတို့မိဘတွေ ကွဲကွာနေရင်တောင် အဆိပ်သင့် ပတ်ဝန်းကျင် ပြင်ပကို ပိုကောင်းအောင် ပြုလုပ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့ အိမ်ထောင်စုတစ်စုအောက်မှာ ကြီးပြင်းလာသူတွေဟာ စိုးရိမ်စိတ်၊ စိတ်ကျရောဂါနှင့် တခြားပြဿနာတွေ ဖွံ့ဖြိုးလာနိုင်ချိန်မှာ မိဘကွာရှင်းထားတဲ့ ကလေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကောင်းစွာ ပြုပြင်နေထိုင်လာပါတယ်။
မိဘတွေအနေနဲ့ အခင်မင်မပျက်တဲ့ relationship တစ်ခုကို ထိန်းသိမ်းဖို့ ၊ ကလေးတွေရဲ့ ကောင်းကျိုးချမ်းသာကို အဓိကစိုးရိမ်ပူပန်ပေးသော healthy divorce ဖြစ်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေချင်တဲ့ ဆန္ဒသာလျှင် အမှန်ဆုံးဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

အဆိပ္သင့္အိမ္ေထာင္ေရးမွာ ေသာင္တင္ေနျခင္းဟာ ကြာရွင္းမႈထက္ ကေလးတစ္ေယာက္ကို ပိုနာက်င္ေစႏိုင္ေသာ အေၾကာင္းရင္း (၆)ခ်က္

အိမ္ေထာင္တစ္ခု ကြာရွင္းျခင္းက ဘယ္မိသားစုမဆို နာက်င္မႈ မရွိတာ ရွားပါတယ္။ ဒါေပမယ့္ တခါတရံမွာ ခက္ခဲတဲ့ အိမ္ေထာင္ေရးတစ္ခုကို ထိန္းသိမ္းေနတာထက္ ေခ်ာေခ်ာေမြ႕ေမြ႕ လမ္းခြဲဖို႔ ဆုံးျဖတ္ခ်က္ခ်ျခင္းက သားသမီးေတြရဲ႕ ေကာင္းက်ိဳးခ်မ္းသာအတြက္ ပိုေကာင္းပါတယ္။ မေပ်ာ္႐ြင္တဲ့ relationship တစ္ခုမွာ သည္းခံၿပီးေနျခင္းက အထူးသျဖင့္ ကေလးေတြႏွင့္ မိသားစုဝင္တိုင္းကို စိတ္ဆင္းရဲမႈေတြ ခံစားရေစႏိုင္ခ်ိန္မွာ မွန္မွန္ကန္ကန္နဲ႔ ကိုင္တြယ္ေျဖရွင္းၿပီး လမ္းခြဲျခင္းက ကေလးေတြအတြက္ ေပ်ာ္႐ြင္တဲ့အနာဂတ္တစ္ခုကို ေဆာင္ၾကဥ္းေပးႏိုင္ပါတယ္။ မိဘေတြရဲ႕ အိမ္ေထာင္ေရးက သားသမီးေတြအေပၚမွာ မ်ားစြာ ႐ိုက္ခက္မႈရွိပါတယ္။ ဒါ့ေၾကာင့္ ခက္ခဲတဲ့ အိမ္ေထာင္ေရးတစ္ခုမွာ သည္းခံၿပီးေနျခင္းဟာ ကြာရွင္းမႈထက္ ကေလးေတြကို ဘာ့ေၾကာင့္ ပိုဆိုးေစႏိုင္သလဲဆိုတဲ့ အေၾကာင္းရင္း (၆)ခ်က္ကို မွ်ေဝေပးခ်င္ပါတယ္။

၁။ မိဘရဲ႕ အဆင္မေျပေသာ relationship စံနမူနာက သားသမီးေတြအေပၚမွာ ေရာင္ျပန္ဟပ္ပါတယ္

ကေလးေတြက ေရျမႇဳပ္ေတြလိုပါပဲ။ သူတို႔ကို ဝန္းရံေနတဲ့ relationships ပုံစံမ်ားကို စုပ္ယူတတ္ၾကပါတယ္။ မိဘေတြ အေတာမသတ္ ျငင္းခုံေနတာကို ျမင္ရတဲ့အခါ သူတို႔လည္း ဒီအတိုင္း ျပဳလုပ္တတ္ၾကပါတယ္။ ကေလးေတြဟာ ေပ်ာ္႐ြင္မႈမရွိတဲ့ အိမ္ေထာင္ေရးတစ္ခုမွာ အေျခက်ဖို႔ တရားမွ်တသလားဆိုတဲ့ အေတြးေတြ စတင္ဝင္လာၿပီး သူတို႔ဟာ က်န္းမာၿပီး ခ်စ္ျခင္းေမတၱာျပည့္ဝတဲ့ relationship တစ္ခုကို သူတို႔ဖန္တီးႏိုင္ပါ့မလား?ဆိုတာႏွင့္ ပတ္သတ္ၿပီး သံသယျဖစ္လာပါလိမ့္မယ္။
မနာလိုျဖစ္တာ၊ အလြယ္တကူေဒါသထြက္တာ၊ အိမ္ေထာင္ဘက္ကို စကားမေျပာတာႏွင့္ ႀကီးစိုးခ်ယ္လွယ္တာေတြက အဆိပ္သင့္မိဘေတြႏွင့္အတူ ေနရတဲ့ ကေလးေတြမွာ ျပႆနာေပါင္းစုံႏွဲ႔ အိမ္ေထာင္ေရးကို ဦးတည္ေလ့ရွိေသာ မိဘအုပ္ထိန္းသူေတြရဲ႕ အျပဳအမႈေတြ ျဖစ္ပါတယ္။

၂။ သူတို႔ဟာ မိဘေတြရဲ႕ ရန္ပြဲကို ဘယ္ေတာ့မွ ေနသားမက်တာလည္း ျဖစ္ႏိုင္ပါလိမ့္မယ္

ကေလးေတြဟာ မေကာင္းတဲ့ စိတ္ခံစားမႈေတြကို ေတာ္ေတာ္ေလး သတိျပဳမိလြယ္ပါတယ္၊ သူတို႔ဟာ မိသားစုပဋိပကၡကို ဖ်က္ဆီးပစ္ဖို႔ super sensitive ေတြျဖစ္ၾကပါတယ္။ မိဘေတြရဲ႕ တစ္ေယာက္နဲ႔ တစ္ေယာက္ မခန္႔ေလးစားမႈကို မၾကာခဏ ျပသျခင္းႏွင့္အတူ ကေလးေတြရဲ႕ လူမႈေရးႏွင့္ စိတ္ပိုင္းဆိုင္ရာ ေကာင္းက်ိဳးခ်မ္းသာဟာ လုံၿခဳံမႈ မရွိေတာ့ပါဘူး။
မိဘေတြအၾကား တင္းမာမႈက ကေလးေတြမွာ အျပစ္ရွိတဲ့ ခံစားမႈႏွင့္ ပစ္ပယ္မႈကို ခံစားရေစပါတယ္။ သူတို႔မွာ ယုံၾကည္မႈဆိုင္ရာျပႆနာမ်ားႏွင့္ self-esteem နိမ့္က်မႈမ်ားႏွင့္အတူ အ႐ြယ္ေရာက္သူေတြအျဖစ္သို႔ ႀကီးျပင္းေစႏိုင္ပါတယ္။

၃။ စိတ္ဖိစီးမႈကို ပိုမို ခုခံႏိုင္စြမ္းမရွိတာ ျဖစ္လာႏိုင္ပါတယ္

ကေလးေတြဟာ ကိုယ့္အိမ္မွာ လုံၿခဳံမႈကို မခံစားရတဲ့အခါ စိတ္ဖိစီးမႈ လြယ္လာႏိုင္ပါတယ္။ သူတို႔ရဲ႕ စိုးရိမ္ပူပန္မႈက စိုးရိမ္ထိတ္လန္႔မႈ ခံစားခ်က္မ်ားႏွင့္ အိမ္မက္ဆိုးေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။
အဆိပ္သင့္မိဘေတြရဲ႕ ကေလးေတြ ႀကီးျပင္းလာတဲ့အခါ သူတို႔မွာ လူႏွစ္ေယာက္ၾကားက relationships ကို နားလည္မႈ လြဲမွားတာ ျဖစ္လာပါတယ္။ သူတို႔မွာ ကိုယ့္ကိုယ္ကို ေဝဖန္ျပစ္တင္မႈ ျမင့္မားလာသလို မေျပာပေလာက္တဲ့ အခက္အခဲမ်ားကို ရင္ဆိုင္ေနရခ်ိန္မွာေတာင္ သူတို႔ရဲ႕အခက္အခဲေတြက အႀကီးႀကီးလို႔ ခံစားရပါလိမ့္မယ္။

၄။ သူတို႔ရဲ႕ relationships အမ်ိဳးမ်ိဳးကို တည္ေဆာက္တဲ့ေနရာမွာ အခက္အခဲရွိလာႏိုင္ပါတယ္

အိမ္က ပဋိပကၡေတြက ညီအစ္ကို ေမာင္ႏွမဆက္ဆံေရးထဲမွာ အလြန္အမင္းကာကြယ္ေပးျခင္း (သို႔ ) ခပ္တန္းတန္းဆက္ဆံေရး ျဖစ္လာႏိုင္ခ်ိန္မွာ ႐ြယ္တူေတြႏွင့္အတူ မွ်တတဲ့ ဆက္ဆံေရးမ်ိဳး တည္ေဆာက္ျခင္းမွာ အခက္အခဲ ျဖစ္လာေစပါတယ္။
ေပ်ာ္႐ြင္မႈမရွိတဲ့ မိသားစုက ကေလးေတြဟာ သူတို႔မွာ ျဖစ္ပ်က္ေနတဲ့ အရာေတြကို ရပ္တန္႔ဖို႔ဘာစြမ္းအားမွ ရွိမွာ မဟုတ္ပါဘူး။ ဥပမာ- အတန္းေဖာ္ေတြနဲ႔ အဆင္မေျပတဲ့အခါမ်ိဳးမွာ ဘယ္လိုအဆင္ေျပေအာင္ ေနရမယ္ဆိုတဲ့ ေျဖရွင္းခ်က္ မရွာတတ္ေတာ့ပါဘူး) ဒါ့ေၾကာင့္ လူႀကီးေတြျဖစ္လာရင္ သူတို႔လက္တြဲေဖာ္ေတြမွာရွိတဲ့ သူတို႔မႀကိဳက္ေသာအရာေတြႏွင့္ ပတ္သတ္ၿပီး ေျပာဖို႔ ခက္ခဲလာသလို ေကာင္းမြန္တဲ့ နယ္နိမိတ္ေတြ တည္ေဆာက္ဖို႔ ခက္ခဲလာတာကို ေတြ႕ႏိုင္ပါတယ္။

၅။ စိတ္ခံစားမႈက ထုံသြားၿပီး မေကာင္းတဲ့ အေလ့အထေတြ ေ႐ြးခ်ယ္ဖို႔ ႀကိဳးစားႏိုင္ပါတယ္

ကေလးေတြဟာ မေကာင္းတဲ့ စိတ္ခံစားမႈမ်ားကို တြန္းလွန္ဖယ္ရွားဖို႔ တစ္ခုခုလုပ္ခ်င္လာပါလိမ့္မယ္၊ ဒါ့ေၾကာင့္ မိသားစုထဲက စိတ္ဖိစီးမႈ အေျခအေနတစ္ခုကို တုံ႔ျပန္မႈမွာ မေကာင္းတဲ့ အေလ့အထေတြ ကို ေ႐ြးခ်ယ္လာေစႏိုင္ပါတယ္။
ဒီအမူအက်င့္ေတြမွာ အျဖစ္မွန္ကေန လြတ္ေျမာက္ဖို႔ တျခားႀကိဳးစားမႈေတြ (သို႔) ဗီဒီယိုဂိမ္းအလြန္အကြၽံေဆာ့ျခင္းႏွင့္ အလြန္အကြၽံစားမိျခင္းတို႔ ပါဝင္ႏိုင္ပါတယ္။ ကေလးေတြဟာ မႏွစ္ၿမိဳ႕ဖြယ္ ခံစားခ်က္မ်ားကို သြယ္ဝိုက္ၿပီး ျပသႏိုင္ပါတယ္။ ေက်ာင္းမွာ စာစိတ္ဝင္စားမႈ နည္းလာႏိုင္သလို ႐ြယ္တူေတြနဲ႔ ရန္ျဖစ္တာ၊ ကစားစရာေတြနဲ႔ ကစားေနရင္း ေဒါသထြက္လာတာ ျဖစ္လာပါတယ္။

၆။ သူတို႔ဟာ ကိုယ့္ရဲ႕ စိတ္ခံစားမႈေတြကို ေၾကာက္လာႏိုင္ပါတယ္

ေဝဖန္တာ၊ ေဒါသထြက္တာဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ရဲ႕ ေလးစားမႈကို အလိုအေလ်ာက္ ရပ္တန္႔သြားေစမယ္လို႔ မဆိုလိုပါဘူး။ ပုံမွန္ဆက္ဆံေရး အစိတ္အပိုင္းတစ္ခု ျဖစ္ႏိုင္ဆဲပါ။ ဒါေပမယ့္ မိဘေတြရန္ျဖစ္တဲ့အခါ စကားလုံးေတြနဲ႔ ၾကားဝင္ တိုက္ခိုက္ျခင္း (သို႔) ေရွာင္ထြက္သြားျခင္း ကဲ့သို႔ေသာ နည္းပရိယာယ္မ်ားက သူတို႔ရဲ႕ ခံစားခ်က္ေတြကို ေဖာ္ျပျခင္းမွာ လုံၿခဳံတဲ့ strategy တစ္ခုမဟုတ္ေၾကာင္း ကေလးေတြကို ခံစားရေစႏိုင္ပါတယ္။
ကေလးေတြဟာ ေဒါသထြက္တာ၊ ေဝဖန္တာဟာ အစြန္းေရာက္ အႏၲရာယ္တစ္ခုရဲ႕ ရင္းျမစ္ျဖစ္ေၾကာင္း စေတြးလာႏိုင္ပါတယ္။ သူတို႔ဟာ အ႐ြယ္ေရာက္လာၿပီး အိမ္ေထာင္ရက္သားက်လာတဲ့အခါ သူတို႔မိဘေတြရဲ႕ အဆိပ္သင့္အျပဳအမႈကို ျပန္လုပ္မိသြားပါလိမ့္မယ္။
ကေလးေတြဟာ မ်ားေသာအားျဖင့္ သူတို႔မိဘေတြ ကြဲကြာေနရင္ေတာင္ အဆိပ္သင့္ ပတ္ဝန္းက်င္ ျပင္ပကို ပိုေကာင္းေအာင္ ျပဳလုပ္ပါတယ္။ စိတ္ဖိစီးမႈမ်ားတဲ့ အိမ္ေထာင္စုတစ္စုေအာက္မွာ ႀကီးျပင္းလာသူေတြဟာ စိုးရိမ္စိတ္၊ စိတ္က်ေရာဂါႏွင့္ တျခားျပႆနာေတြ ဖြံ႕ၿဖိဳးလာႏိုင္ခ်ိန္မွာ မိဘကြာရွင္းထားတဲ့ ကေလးေတြဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ေကာင္းစြာ ျပဳျပင္ေနထိုင္လာပါတယ္။
မိဘေတြအေနနဲ႔ အခင္မင္မပ်က္တဲ့ relationship တစ္ခုကို ထိန္းသိမ္းဖို႔ ၊ ကေလးေတြရဲ႕ ေကာင္းက်ိဳးခ်မ္းသာကို အဓိကစိုးရိမ္ပူပန္ေပးေသာ healthy divorce ျဖစ္တဲ့ နည္းလမ္းတစ္ခုကို ရွာေဖြခ်င္တဲ့ ဆႏၵသာလွ်င္ အမွန္ဆုံးျဖစ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here