Relationship တစ်ခုမှာ ပြဿနာတွေ အဆင်မပြေမှုဆိုတာတော့ ရှိကြစမြဲပါပဲ။ ဒါပေမဲ့ တစ်ချို့သော စုံတွဲတွေမှာ နေ့တိုင်းနီးပါး အဆင်မပြေမှုကြုံတွေ့နေရပေမဲ့လည်း ချစ်တဲ့စိတ် သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင်နေမိတာကြောင့် တစ်နေ့တော့ ပြဿနာတွေ ပြေလည်သွားမှာပဲဆိုတဲ့စိတ်နဲ့ အဆင်မပြေတဲ့ အချစ်ရေးမှာ ဆက်လက်နစ်မွန်းနေကြပါတယ်။ ဒီလိုအဆင်မပြေမှုတွေ နေ့စဉ်ရက်ဆက်ကြုံတွေ့နေရတဲ့ အချစ်ရေးမှာ နစ်မွန်းနေခြင်းက ဘယ်လိုဆိုးကျိုးတွေရှိလဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) လှပတဲ့မနက်ခင်းတွေပျောက်ဆုံးနေမယ်
လူတိုင်းလူတိုင်း တစ်နေ့တစ်နေ့ရဲ့အစ မနက်ခင်းကို ကောင်းမွန်ခြင်းတွေနဲ့သာနိုးထချင်ကြတာပါ။ ဒါပေမဲ့ သင်ဟာ အဆင်မပြေတဲ့အချစ်ရေးတစ်ခု ပိုင်ဆိုင်ထားရပြီဆိုရင်တော့ မနက်ခင်းတွေဟာလည်း လှပနိုင်တော့မှာမဟုတ်ပါဘူး။ ဒီနေ့မှာရော ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်ရဦးမှာလည်းဆိုတဲ့ ကြောက်စိတ်တွေက သင့်ရဲ့စိတ်ကိုလွမ်းမိုးနေမှာဖြစ်ပါတယ်။ မနက်ခင်းအိပ်ယာနိုးတဲ့အချိန်မှာ စိတ်ညစ်ညူးစွာ နိုးထလာရရင်တော့ အဲ့ဒီတစ်နေ့လုံးက အဆိုးတွေနဲ့ ရင်ဆိုင်သွားရဖို့ များပါတယ်။

(၂) နေ့ရက်တိုင်းမပျော်မရွှင်ဖြစ်လာမယ်
ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တစ်နေ့တာပျော်ရွှင်မှုတွေနဲ့သာ ဖြတ်သန်းချင်ကြတာပါ။ အကယ်၍ မပျော်ရွှင်ရဘူးဆိုရင်တော့ ပြဿနာတွေနဲ့တော့ မဖြတ်သန်းချင်ကြပါဘူး။ ဒါပေမဲ့ အဆင်မပြေတဲ့အချစ်ရေးတစ်ခု ပိုင်ဆိုင်ထားရပြီဆိုရင်တော့ သေချာပါတယ် နေ့တိုင်းလိုလို စိတ်ညစ်စရာတွေနဲ့ စိတ်ဖိစီးမှုတွေက ကိုယ့်ကိုသတ်နေမှာဖြစ်ပါတယ်။ထိုအခါ နေထိုင်ရတဲ့ဘဝကြီးကလည်း အဓိပ္ပါယ်မဲ့လာမှာဖြစ်သလို ပျော်ရွှင်မှုဆိုတာလည်း တဖြည်းဖြည်းပျောက်ဆုံးလာမှာဖြစ်ပါတယ်။

(၃) လုပ်ငန်းခွင်မှာပါသက်ရောက်မှုတွေရှိလာမယ်
စာဖတ်သူသာ ရုံးဝန်ထမ်းတစ်ယောက်ဆိုရင် အဆင်မပြေတဲ့ အချစ်ရေးကြောင့် ကိုယ့်ရဲ့အလုပ်ခွင်မှာပါ သက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့စိတ်ဟာအရမ်း Powerful ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ တစ်ဘက်မှာ စိတ်ခံစားမှုမကောင်းရင် အလုပ်မှာလည်း အာရုံစူးစိုက်ဖို့ ခက်ခဲပါလိမ့်မယ်။ အချစ်ကအချစ် အလုပ်ကအလုပ် သက်သက်စီခွဲထားသင့်တယ်လို့ ပြောကြပေမယ့် နေ့ရက်တိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ဒဏ်ကို ဘယ်သူမှကြာရှည်သည်းမခံနိုင်ပါဘူး။ ဒါကြောင့် အလုပ်မှာပါ ထိခိုက်မှုတွေရှိလာပြီး နောက်ဆုံးအလုပ်ပြုတ်တဲ့အထိ ဆိုးရွှားသွားနိုင်ပါတယ်။

(၄) တစ်ယောက်နဲ့တစ်ယောက် သတ်သလိုဖြစ်လာမယ်
အဆင်မပြေမှုတွေရှိပေမယ့် အချစ်ရေးကို ချက်ချင်းအဆုံးသတ်ဖို့ ခက်ခဲမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ ရှေ့ဆက်လို့ မဖြစ်တဲ့အချစ်ရေးမှာ ဆက်လက်ရှင်သန်နေခြင်းဟာ တစ်ယောက်ရဲ့ လည်ပင်းကိုတစ်ယောက်က ကြိုးကွင်းစွပ်ပြီး အပြန်အလှန်ဆွဲနေတာနဲ့တူပါတယ်။ ကိုယ်ဘက်ပါလိုပါညားဆွဲပေမယ့် တစ်ဖက်ကလှည်ပင်းအစ်တဲ့အခါ ပြန်ဆွဲမိတာကြောင့် အပြန်အလှန်ဆွဲကြရင်း အချိန်ကြာလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သတ်နေသလိုဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် လုံးဝရှေ့ဆက်လို့မဖြစ်တော့ဘူးထင်ရင် အချိန်မှီအဆုံးသတ်လိုက်ပါ။ အသည်းကွဲတာ အချိန်းအတိုင်းအတာတစ်ခုအရ ခံစားရမှာဖြစ်ပေမယ့် အဆင်မပြေလက်ကို အတင်းဆုပ်ကိုင်ထားခြင်းက ဆုပ်ကိုင်နေစဉ်ကာလပတ်လုံး ခံစားနေရမှာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-healthshots