အစိမ်းမစားသင့်တဲ့ အစားအစာများ

0
40

ယနေ့ခေတ်မှာ နိုင်ငံတကာက food show တွေကိုကြည့်လိုက်ရင် ပုဇွန်၊ ရေဘဝဲ၊ ကမာကောင်၊ ငါးအသားလွှာစတဲ့ အစားအသောက်တွေကို အစိမ်းစားကြတဲ့ ခေတ်ရေစီးကြောင်းက အားကောင်းလာသလို ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရောဂါဘယတွေ များပြားလာတာကိုလည်း တွေ့ရပါတယ်။ အသားစိမ်း၊ ငါးစိမ်းတွေကပဲ ကျန်းမာရေးကိုထိခိုက်စေတာမဟုတ်ပါဘူး၊ တချို့အစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေက အစိမ်းစားရင် ကောင်းမွန်တယ်လို့ ဆိုကြပေမယ့် ရေနှင့် သေသေချာချာမဆေးဘဲစားတာ၊ ဘက်တီးရီးယားတွေသေစေတဲ့အထိ ချက်ပြုတ်ပြီးမစားတာ၊ အစိမ်းအတိုင်းစားတာက ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဘယ်အစားအစာတွေကို အစိမ်းမစားသင့်သလဲဆိုတာ သိရှိစေဖို့မျှဝေပေးချင်ပါတယ်။

၁။ နို့

လတ်လတ်ဆတ်ဆတ်ရှိတဲ့နို့က ကိုယ်ခန္ဓာအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် နွားနို့၊ ဆိတ်နို့၊ သိုးနှင့် ကျွဲနို့တွေမှာ အန္တရာယ်ရှိ ဘက်တီးရီးယားများနှင့် တခြားရောဂါပိုးမွှားများ သယ်ဆောင်လာနိုင်တာကြောင့် အသေအချာ မကြိုချက်ဘဲ အစိမ်းအတိုင်း မသောက်သင့်ပါဘူး။ သင့်ကိုနေမကောင်းဖြစ်စေနိုင်ပြီး salmonella,listeria, နှင့် E. coliကဲ့သို့သော ဘက်တီးရီးယားပိုးတွေက ဆိုးရွားတဲ့ ရောဂါကူးစက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ CDC ကလေ့လာမှုများမှာ နို့အစိမ်းသောက်ခြင်းက လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ ဖော်ပြထားပါတယ်။

၂။ ကိုက်လန်

ကိုက်လန်ဟာ ကမ္ဘာ့အကျန်းမာဆုံး အစားအစာများထဲက တစ်ခုဖြစ်ကြောင်း အများသိကြပါတယ်။ သို့သော်လည်း ကိုက်လန်အစိမ်းကို အများကြီးစားရင် ကိုယ်အလေးချိန်နှင့် သွေးတွင်းသကြားဓါတ်ကို တတ်လိုက်ကျလိုက်ဖြစ်စေတဲ့ ဟော်မုန်းမူမမှန်တာကို ဖြစ်ပေါ်စေပါတယ်။ လည်ပင်းကြီးရောဂါ (သို့) သိုင်းရွိုက်ရောင်ရမ်းတာကိုလည်း တွေ့ကြုံခံစားရနိုင်ပါတယ်။

၃။ ကြက်ဉ

ကြက်ဥအစိမ်းစားတာကို ဂျပန်နှင့် ကိုရီးယားကဲ့သို့သော နိုင်ငံများမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ကြက်ဥအစိမ်းဖောက်သောက်တာက ချက်ပြုတ်ထားတဲ့ ကြက်ဥထက် အားရှိတယ်လို့ အများကထင်ကြပါတယ်။ ပရိုတိန်းစုပ်ယူမှုဟာ ချက်ပြုတ်ထားတဲ့ ကြက်ဥမှာ (၉၀%)နှင့် ကြက်ဥအစိမ်းမှာ (၅၀%)သာ မြင့်မားတာကိုတွေ့ရတာကြောင့် ကြက်ဥအစိမ်းသောက်တာက အားပိုရှိတယ်ဆိုတာ အမှားဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ကြက်ဥအခွံကြောင့် salmonella ဘက်တီးရီးယားရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။

၄။ ဗာဒံသီး

ဗာဒံသီးဟာ ကျန်းမာရေးနှင့် ညီညွှတ်သောအဆီတွေ၊ အမျှင်ဓါတ်၊ ပရိုတိန်းတွေ ရက်ရက်ရောရော ပေးစွမ်းတာကြောင့် အာဟာရပြည့်ဝတဲ့ သရေစာဖြစ်ပါတယ်။ သို့သော်လည်း ဒီအစေ့တွေမှာ သဘာဝအားဖြင့် cyanide ပါဝင်တာကြောင့် လူသတ်လက်နက်အဖြစ် Agatha Christieရဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ ဗာဒံစေ့အခါးကို ၄-၅စေ့လောက် စားမယ်ဆိုရင် ခေါင်းကိုက်လာတာ၊ ပျို့လာတာ၊ ဗိုက်အောင့်လာတာကို ဖြစ်ပေါ်စေနိုင်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ အခါးအရသာ ဗာဒံစေ့အစိမ်းကို တစ်ချို့တိုင်းပြည်တွေမှာ တရားဝင်ရောင်းချပေမယ့် အမေရိကန်မှာ တရားမဝင်ပါဘူး။

၅။ Elderberries သီး

Elderberries လို့ခေါ်တဲ့ ဘယ်ရီသီးတစ်မျိုးမှာ အင်တီအောက်ဆီဒင့်တွေ ပါဝင်ပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးပြီး တုပ်ကွေးနှင့် အအေးမိခြင်းကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် elderberries (သို့) အပင်ရဲ့ တခြားအဆိပ်အတောက်ဖြစ်စေတဲ့ အစိတ်အပိုင်းတစ်ခုကို အစိမ်းစားခြင်း၊ သောက်ခြင်းက ပျို့၊ အန်၊ မူးဝေခြင်းနှင့် သတိလစ်မေ့မြောခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘယ်ရီသီးမှာတွေ့ရတဲ့ အဆိပ်အတောက် substances တွေကို ချက်ပြုတ်ခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ်။

၆။ ဂျုံမှုန့်

ကွက်ကီးလုပ်တဲ့ ဂျုံမှုန့်အစိမ်း သို့ ကြက်ဥနှင့် နယ်ထားသော ဂျုံမှုန့်တစ်ဇွန်းကို စားခြင်းက ကြက်ဥအစိမ်းကြောင့် salmonella ဘက်တီးရီးယားပိုးကို ရရှိနိုင်သလို ဂျုံမှုန့်မှာပါတဲ့ အီကိုလီပိုးကြောင့်လည်း အန္တရာယ်ဖြစ်နိုင်ပါတယ်။
2016မှာ ဂျုံမှုန့်အစိမ်းနှင့် ဆက်စပ်နေတဲ့ အီကိုလီရောဂါပိုးကူးစက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၆၃ယောက်ဖျားနာခဲ့ပါတယ်။ ဂျုံမှုန့်နှင့် ပြုလုပ်ထားတဲ့ အစားအစာက ချက်ပြုတ်လိုက်တဲ့အခါမှာ ဘက်တီးရီးယားတွေကို သေစေတာကြောင့် oven ထဲမှာ ကျက်သွားမှ စားသင့်ပါတယ်။

၇။ ပန်းသီး

ပန်းသီး တစ်နေ့တစ်လုံး စားရင် ဆရာဝန်ပြစရာမလိုဘူး လို့ဆိုကြပေမယ့် စနိုးဝှိုက်မင်းသမီးလေးကတော့ ပန်းသီးတစ်ကိုက်ကိုက်ပြီး အဆိပ်သင့်သွားတာကို ဖတ်ဘူးမှာပါ။ ပန်းသီးစားတဲ့အခါ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ amygdalin ဒြပ်ပေါင်း ပါဝင်သော ပန်းသီးအစေ့ကို မတော်တဆ ဝါးမိရင် ဆိုက်ရာနိုက်အဆိပ် ထုတ်လွှတ်ပါလိမ့်မယ်။ ဆိုက်ရာနိုက်ဟာ ပမာဏနည်းနည်းလေးဆိုရင်တောင် အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ပန်းသီးအစေ့ကို မစားမိဖို့ Agency for Toxic Substances & Disease Registry (ATSDR)က အကြံပြုထားပါတယ်။

၈။ သီဟိုဠ်စေ့

Cashew on wooden background – film effect style pictures

သီဟိုဠ်စေ့ဟာ အရသာရှိတဲ့ သရေစာတစ်ခုသာ မဟုတ်ပါဘူး။ heart attack ဖြစ်ခြင်းအန္တရာယ်ကို လျော့ကျစေပြီး မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပေးပါတယ်။ သီဟိုဠ်စေ့အစိမ်းမှာ အဆိပ်အတောက် ပစ္စည်းတစ်ခုဖြစ်သော urushiol ပါဝင်ပါတယ်။ ထိုအဆိပ်အတောက်ကို သီဟိုဠ်ပင်လို တူညီတဲ့ရုက္ခဗေဒမိသားစုကနေ လာသော အိုင်ဗီအဆိပ်ပင်မှာ တွေ့ရပါတယ်။

၉။ တူနာငါး

တူနာငါးအစိမ်းစားခြင်းက အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါတယ်။ တူနာငါးအစိမ်းမှာ နှလုံးသွေးကြောဆိုင်ရာနှင့် ဗဟိုအာရုံကြောစနစ်များအပေါ် အဆိပ်အတောက်သက်ရောက်မှုရှိနိုင်သော မာကျူရီမြင့်မားစွာ ပါဝင်ပါတယ်၊ လေ့လာမှုတစ်ခုမှာ bioaccessible မာကျူရီပမာဏဟာ ငါးအစိမ်းမှာထက် ချက်ထားတဲ့ငါးမှာ ၄၀-၆၀% ပိုလျော့နည်းကြောင်း တွေ့ရှိရပါတယ်။

၁၀။ ပဲပင်ပေါက်

ပဲပင်ပေါက်ဟာ စိုက်ပျိုးဖို့ အလွယ်ဆုံးအပင်များထဲက တစ်ခုဖြစ်ပြီး အာဟာရတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါပေမယ့် ပဲပင်ပေါက် အစိမ်းစားသုံးခြင်းက ဗိုက်နာခြင်း၊ ဝမ်းလျောခြင်းနှင့် အော့အန်ခြင်း ကဲ့သို့သော အစာအဆိပ်သင့်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၁၁။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အစိမ်းစားနိုင်သော်လည်း Cornell Universityမှ သိပ္ပံပညာရှင်များရဲ့ လေ့လာမှုတစ်ခုမှာ ချက်ပြုတ်ထားတဲ့ ခရမ်းချဉ်သီးရဲ့ အင်တီအောက်ဆီဒင့် တတ်ကြွမှုဟာ မချက်ထားတဲ့ ခရမ်းချဉ်သီးထက် ပိုမြင့်မားတယ်လို့ ပြသခဲ့ပါတယ်။ ဒါက ခရမ်းချဉ်သီးရဲ့ အကျိုးကျေးဇူးတွေကို ပိုပြီးရရှိစေဖို့ ချက်စားသင့်ကြောင်း အကြံပြုပါတယ်။ ခရမ်းချဉ်သီးမှာ ပိုးသတ်ဆေးအကြွင်းအကျန်တွေ ရှိနေတတ်တာကြောင့် ပထမဆုံး သေချာဆေးကြောသင့်ပါတယ်၊ မမှည့်သေးတဲ့ ခရမ်းချဉ်သီးနှင့် ပင်စည်၊ အရွက်တို့မှာ အဆိပ်တွေရှိတာကြောင့် မစားသင့်ပါဘူး။

၁၂။ Lima ပဲ

Lima ပဲဟာ အစိမ်းစားတဲ့အခါ ဆိုက်ရာနိုက်ထုတ်လုပ်သော linamarin ပါဝင်ပါတယ်။ Limaပဲကို ချက်ပြုတ်လိုက်တဲ့အခါ စားဖို့ အန္တရာယ်ကင်းလောက်တဲ့အထိ ဆိုက်ရာနိုက်လယ်ဗယ်ဟာ လျော့ကျသွားပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် စတိုးဆိုင်မှာ ရောင်းချတဲ့ lima ပဲတွေဟာ ဆိုက်ရာနိုက်လယ်ဗယ်နိမ့်ဖို့ လိုအပ်ပေမယ့် တချို့နိုင်ငံတွေမှာတော့ လိုချက်ချက်တွေကဲ့သို့ မရှိပါဘူး။

၁၃။ အာလူး

အာလူးအစိမ်းကို စားလေ့စားထ မရှိကြပေမယ့် ကလေးတွေက ပန်းသီးအမှတ်နဲ့ ကိုက်တတ်ကြပါတယ်။ အာလူးမှာ အာဟာရတွေ စုပ်ယူမှုနှင့် ခန္ဓာကိုယ်ရဲ့ အစာခြေမှုကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ antinutrientsတွေ ပါဝင်ပါတယ်။ အာလူးတွေကို ချက်ပြုတ်လိုက်ခြင်းဟာ antinutrients တစ်မျိုးဖြစ်တဲ့ lectin ကို ၅၀%လောက် လျော့ကျစေနိုင်ပါတယ်။ အာလူးမှာပါဝင်တဲ့ Glycoalkaloids ဟာ sensitivity ကိုတိုးစေသလို ယားယံခြင်း၊ အိပ်ငိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ပမာဏမြင့်မားရင် အစာခြေပြဿနာများကို ဖြစ်စေပါတယ်။ အာလူးတွေကို အခွံခွာခြင်းနှင့် ချက်ပြုတ်ခြင်းဖြင့် လျော့ချနိုင်ပါတယ်။

၁၄။ ကြက်သား

ကြက်သားအစိမ်းစားခြင်းဟာ ဝမ်းလျောခြင်း၊ ဖျားနာခြင်းနှင့် ဗိုက်အောင့်ခြင်းကို ဖြစ်ပေါ်စေတဲ့ salmonella နှင့် campylobacter ဘက်တီးရီးယားပိုးတွေပါဝင်တာကြောင့် ပြင်းထန်တဲ့ဖျားနာမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ၁၉၉၈-၂၀၁၂အတွင်း ရောဂါဖြစ်ပွားမှုအများဆုံး အစားအစာတွေက မွေးမြူရေးကြက်တွေ ဖြစ်တယ်လို့ လေ့လာမှုတစ်ခုက မှတ်ချက်ချခဲ့ပါတယ်။ ကြက်သားတွေကို အန္တရာယ်ကင်းကင်းစားနိုင်ဖို့ အတွင်းအပူချိန် ၁၆၅ ဒီဂရီဖာရင်ဟိုက်အထိ ချက်သင့်တယ်လို့ CDC ကပြောပါတယ်။

၁၅။ မှိုများ

မှိုအစိမ်းများက ကြွက်ရဲ့ ဆီးအိမ်မှာ ကင်ဆာသက်ရောက်မှု ရှိစေသော agaritine ပါဝင်ပါတယ်။ ဒါ့ကြောင့် မှိုကို ချက်ပြုတ်စားတာ အကောင်းဆုံးပါပဲ။ မှိုကို ချက်ပြုတ်လိုက်ခြင်းက မှိုရဲ့ မာကျူရီညစ်ညမ်းမှုများကို လျော့နည်းစေနိုင်ပါတယ်။

၁၆။ ဗိုလ်စားပဲ

ဗိုလ်စားပဲမှာ ဆိုးဆိုးရွားရွား ပျို့အန်ခြင်း၊ ဝမ်းလျောခြင်းနှင့် အစာအိမ်ရောဂါတို့ကိုဖြစ်စေနိုင်တဲ့ Phytohemagglutinin လို့ခေါ်တဲ့ အဆိပ်အတောက်တွေ ပါဝင်ပါတယ်။ အနီရောင်ဗိုလ်စားပဲကို ၅နာရီလောက် ရေစိမ်ထားပြီးမှ အနည်းဆုံး ၁၀မိနစ်လောက် ပြုတ်သင့်ကြောင်း FDA ကပြောထားပါတယ်။

၁၇။ သံလွင်သီး

သံလွင်သီးဟာ စားလို့မရတာကြောင့် အစိမ်းမစားသင့်ပါဘူး။ သံလွင်သီးအစိမ်းက အရမ်းခါးတာကြောင့်ဖြစ်ပါတယ်။

၁၈။ ပျားရည်

ပျားရည်ကြမ်းမှာ တစ်နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်သည်တွေကို အန္တရာယ် ဖြစ်စေနိုင်သော Clostridium botulinum ဘက်တီးရီးယားမျိုးမှုန်တွေ ပါဝင်နိုင်ပါတယ်။ ၎င်းက ပျို့အန်ခြ်ငး၊ ဝမ်းလျှောခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးများအပြင် botulism အဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ သွက်ချာပါဒဖြစ်စေနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

အစိမ္းမစားသင့္တဲ့ အစားအစာမ်ား
ယေန႔ေခတ္မွာ ႏိုင္ငံတကာက food show ေတြကိုၾကည့္လိုက္ရင္ ပုဇြန္၊ ေရဘဝဲ၊ ကမာေကာင္၊ ငါးအသားလႊာစတဲ့ အစားအေသာက္ေတြကို အစိမ္းစားၾကတဲ့ ေခတ္ေရစီးေၾကာင္းက အားေကာင္းလာသလို က်န္းမာေရးရႈေထာင့္ကၾကည့္ရင္ ေရာဂါဘယေတြ မ်ားျပားလာတာကိုလည္း ေတြ႕ရပါတယ္။ အသားစိမ္း၊ ငါးစိမ္းေတြကပဲ က်န္းမာေရးကိုထိခိုက္ေစတာမဟုတ္ပါဘူး၊ တခ်ိဳ႕အစားအစာေတြ၊ ဟင္းသီးဟင္း႐ြက္ေတြက အစိမ္းစားရင္ ေကာင္းမြန္တယ္လို႔ ဆိုၾကေပမယ့္ ေရႏွင့္ ေသေသခ်ာခ်ာမေဆးဘဲစားတာ၊ ဘက္တီးရီးယားေတြေသေစတဲ့အထိ ခ်က္ျပဳတ္ၿပီးမစားတာ၊ အစိမ္းအတိုင္းစားတာက က်န္းမာေရးကို ထိခိုက္လာေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္က်န္းမာေရးအတြက္ ဘယ္အစားအစာေတြကို အစိမ္းမစားသင့္သလဲဆိုတာ သိရွိေစဖို႔မွ်ေဝေပးခ်င္ပါတယ္။

၁။ ႏို႔

လတ္လတ္ဆတ္ဆတ္ရွိတဲ့ႏို႔က ကိုယ္ခႏၶာအတြက္ အေကာင္းဆုံးျဖစ္မယ္လို႔ ယုံၾကည္ၾကပါတယ္။ ဒါေပမယ့္ ႏြားႏို႔၊ ဆိတ္ႏို႔၊ သိုးႏွင့္ ကြၽဲႏို႔ေတြမွာ အႏၲရာယ္ရွိ ဘက္တီးရီးယားမ်ားႏွင့္ တျခားေရာဂါပိုးမႊားမ်ား သယ္ေဆာင္လာႏိုင္တာေၾကာင့္ အေသအခ်ာ မႀကိဳခ်က္ဘဲ အစိမ္းအတိုင္း မေသာက္သင့္ပါဘူး။ သင့္ကိုေနမေကာင္းျဖစ္ေစႏိုင္ၿပီး salmonella,listeria, ႏွင့္ E. coliကဲ့သို႔ေသာ ဘက္တီးရီးယားပိုးေတြက ဆိုး႐ြားတဲ့ ေရာဂါကူးစက္မႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။ CDC ကေလ့လာမႈမ်ားမွာ ႏို႔အစိမ္းေသာက္ျခင္းက လူေတြရဲ႕ က်န္းမာေရးကို ထိခိုက္ႏိုင္တယ္ဆိုတာ ေဖာ္ျပထားပါတယ္။

၂။ ကိုက္လန္

ကိုက္လန္ဟာ ကမာၻ႔အက်န္းမာဆုံး အစားအစာမ်ားထဲက တစ္ခုျဖစ္ေၾကာင္း အမ်ားသိၾကပါတယ္။ သို႔ေသာ္လည္း ကိုက္လန္အစိမ္းကို အမ်ားႀကီးစားရင္ ကိုယ္အေလးခ်ိန္ႏွင့္ ေသြးတြင္းသၾကားဓါတ္ကို တတ္လိုက္က်လိုက္ျဖစ္ေစတဲ့ ေဟာ္မုန္းမူမမွန္တာကို ျဖစ္ေပၚေစပါတယ္။ လည္ပင္းႀကီးေရာဂါ (သို႔) သိုင္း႐ြိဳက္ေရာင္ရမ္းတာကိုလည္း ေတြ႕ႀကဳံခံစားရႏိုင္ပါတယ္။

၃။ ၾကက္ဉ

ၾကက္ဥအစိမ္းစားတာကို ဂ်ပန္ႏွင့္ ကိုရီးယားကဲ့သို႔ေသာ ႏိုင္ငံမ်ားမွာ အမ်ားဆုံးေတြ႕ရတတ္ပါတယ္။ ၾကက္ဥအစိမ္းေဖာက္ေသာက္တာက ခ်က္ျပဳတ္ထားတဲ့ ၾကက္ဥထက္ အားရွိတယ္လို႔ အမ်ားကထင္ၾကပါတယ္။ ပ႐ိုတိန္းစုပ္ယူမႈဟာ ခ်က္ျပဳတ္ထားတဲ့ ၾကက္ဥမွာ (၉၀%)ႏွင့္ ၾကက္ဥအစိမ္းမွာ (၅၀%)သာ ျမင့္မားတာကိုေတြ႕ရတာေၾကာင့္ ၾကက္ဥအစိမ္းေသာက္တာက အားပိုရွိတယ္ဆိုတာ အမွားျဖစ္ပါတယ္။ ညစ္ညမ္းတဲ့ ၾကက္ဥအခြံေၾကာင့္ salmonella ဘက္တီးရီးယားေရာဂါပိုးေတြ ကူးစက္ႏိုင္ပါတယ္။

၄။ ဗာဒံသီး

ဗာဒံသီးဟာ က်န္းမာေရးႏွင့္ ညီၫႊတ္ေသာအဆီေတြ၊ အမွ်င္ဓါတ္၊ ပ႐ိုတိန္းေတြ ရက္ရက္ေရာေရာ ေပးစြမ္းတာေၾကာင့္ အာဟာရျပည့္ဝတဲ့ သေရစာျဖစ္ပါတယ္။ သို႔ေသာ္လည္း ဒီအေစ့ေတြမွာ သဘာဝအားျဖင့္ cyanide ပါဝင္တာေၾကာင့္ လူသတ္လက္နက္အျဖစ္ Agatha Christieရဲ႕ စာအုပ္မွာ ေဖာ္ျပထားပါတယ္။ ဗာဒံေစ့အခါးကို ၄-၅ေစ့ေလာက္ စားမယ္ဆိုရင္ ေခါင္းကိုက္လာတာ၊ ပ်ိဳ႕လာတာ၊ ဗိုက္ေအာင့္လာတာကို ျဖစ္ေပၚေစႏိုင္တယ္လို႔ ေလ့လာမႈတစ္ခုအရ သိရပါတယ္။ အခါးအရသာ ဗာဒံေစ့အစိမ္းကို တစ္ခ်ိဳ႕တိုင္းျပည္ေတြမွာ တရားဝင္ေရာင္းခ်ေပမယ့္ အေမရိကန္မွာ တရားမဝင္ပါဘူး။

၅။ Elderberries သီး

Elderberries လို႔ေခၚတဲ့ ဘယ္ရီသီးတစ္မ်ိဳးမွာ အင္တီေအာက္ဆီဒင့္ေတြ ပါဝင္ပါတယ္။ ကိုယ္ခံစြမ္းအားစနစ္ကို ျမႇင့္တင္ေပးၿပီး တုပ္ေကြးႏွင့္ အေအးမိျခင္းကို သက္သာေစတယ္လို႔ ယုံၾကည္ၾကပါတယ္။ ဒါေပမယ့္ elderberries (သို႔) အပင္ရဲ႕ တျခားအဆိပ္အေတာက္ျဖစ္ေစတဲ့ အစိတ္အပိုင္းတစ္ခုကို အစိမ္းစားျခင္း၊ ေသာက္ျခင္းက ပ်ိဳ႕၊ အန္၊ မူးေဝျခင္းႏွင့္ သတိလစ္ေမ့ေျမာျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဘယ္ရီသီးမွာေတြ႕ရတဲ့ အဆိပ္အေတာက္ substances ေတြကို ခ်က္ျပဳတ္ျခင္းျဖင့္ ဖယ္ရွားႏိုင္ပါတယ္။

၆။ ဂ်ဳံမႈန္႔

ကြက္ကီးလုပ္တဲ့ ဂ်ဳံမႈန္႔အစိမ္း သို႔ ၾကက္ဥႏွင့္ နယ္ထားေသာ ဂ်ဳံမႈန္႔တစ္ဇြန္းကို စားျခင္းက ၾကက္ဥအစိမ္းေၾကာင့္ salmonella ဘက္တီးရီးယားပိုးကို ရရွိႏိုင္သလို ဂ်ဳံမႈန္႔မွာပါတဲ့ အီကိုလီပိုးေၾကာင့္လည္း အႏၲရာယ္ျဖစ္ႏိုင္ပါတယ္။
2016မွာ ဂ်ဳံမႈန္႔အစိမ္းႏွင့္ ဆက္စပ္ေနတဲ့ အီကိုလီေရာဂါပိုးကူးစက္မႈတစ္ခု ျဖစ္ပြားခဲ့ၿပီး လူ ၆၃ေယာက္ဖ်ားနာခဲ့ပါတယ္။ ဂ်ဳံမႈန္႔ႏွင့္ ျပဳလုပ္ထားတဲ့ အစားအစာက ခ်က္ျပဳတ္လိုက္တဲ့အခါမွာ ဘက္တီးရီးယားေတြကို ေသေစတာေၾကာင့္ oven ထဲမွာ က်က္သြားမွ စားသင့္ပါတယ္။

၇။ ပန္းသီး

ပန္းသီး တစ္ေန႔တစ္လုံး စားရင္ ဆရာဝန္ျပစရာမလိုဘူး လို႔ဆိုၾကေပမယ့္ စႏိုးဝႈိက္မင္းသမီးေလးကေတာ့ ပန္းသီးတစ္ကိုက္ကိုက္ၿပီး အဆိပ္သင့္သြားတာကို ဖတ္ဘူးမွာပါ။ ပန္းသီးစားတဲ့အခါ ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။ amygdalin ျဒပ္ေပါင္း ပါဝင္ေသာ ပန္းသီးအေစ့ကို မေတာ္တဆ ဝါးမိရင္ ဆိုက္ရာႏိုက္အဆိပ္ ထုတ္လႊတ္ပါလိမ့္မယ္။ ဆိုက္ရာႏိုက္ဟာ ပမာဏနည္းနည္းေလးဆိုရင္ေတာင္ အႏၲရာယ္ျဖစ္ေစႏိုင္တာေၾကာင့္ ပန္းသီးအေစ့ကို မစားမိဖို႔ Agency for Toxic Substances & Disease Registry (ATSDR)က အႀကံျပဳထားပါတယ္။

၈။ သီဟိုဠ္ေစ့

သီဟိုဠ္ေစ့ဟာ အရသာရွိတဲ့ သေရစာတစ္ခုသာ မဟုတ္ပါဘူး။ heart attack ျဖစ္ျခင္းအႏၲရာယ္ကို ေလ်ာ့က်ေစၿပီး မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလွ်ာ့ခ်ေပးပါတယ္။ က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ကိုလည္း ထိန္းသိမ္းေပးပါတယ္။ သီဟိုဠ္ေစ့အစိမ္းမွာ အဆိပ္အေတာက္ ပစၥည္းတစ္ခုျဖစ္ေသာ urushiol ပါဝင္ပါတယ္။ ထိုအဆိပ္အေတာက္ကို သီဟိုဠ္ပင္လို တူညီတဲ့႐ုကၡေဗဒမိသားစုကေန လာေသာ အိုင္ဗီအဆိပ္ပင္မွာ ေတြ႕ရပါတယ္။

၉။ တူနာငါး

တူနာငါးအစိမ္းစားျခင္းက အစာအဆိပ္သင့္မႈကို ျဖစ္ေစႏိုင္ပါတယ္။ တူနာငါးအစိမ္းမွာ ႏွလုံးေသြးေၾကာဆိုင္ရာႏွင့္ ဗဟိုအာ႐ုံေၾကာစနစ္မ်ားအေပၚ အဆိပ္အေတာက္သက္ေရာက္မႈရွိႏိုင္ေသာ မာက်ဴရီျမင့္မားစြာ ပါဝင္ပါတယ္၊ ေလ့လာမႈတစ္ခုမွာ bioaccessible မာက်ဴရီပမာဏဟာ ငါးအစိမ္းမွာထက္ ခ်က္ထားတဲ့ငါးမွာ ၄၀-၆၀% ပိုေလ်ာ့နည္းေၾကာင္း ေတြ႕ရွိရပါတယ္။

၁၀။ ပဲပင္ေပါက္

ပဲပင္ေပါက္ဟာ စိုက္ပ်ိဳးဖို႔ အလြယ္ဆုံးအပင္မ်ားထဲက တစ္ခုျဖစ္ၿပီး အာဟာရေတြ ႂကြယ္ဝစြာ ပါဝင္ပါတယ္။ ဒါေပမယ့္ ပဲပင္ေပါက္ အစိမ္းစားသုံးျခင္းက ဗိုက္နာျခင္း၊ ဝမ္းေလ်ာျခင္းႏွင့္ ေအာ့အန္ျခင္း ကဲ့သို႔ေသာ အစာအဆိပ္သင့္မႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။

၁၁။ ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးကို အစိမ္းစားႏိုင္ေသာ္လည္း Cornell Universityမွ သိပၸံပညာရွင္မ်ားရဲ႕ ေလ့လာမႈတစ္ခုမွာ ခ်က္ျပဳတ္ထားတဲ့ ခရမ္းခ်ဥ္သီးရဲ႕ အင္တီေအာက္ဆီဒင့္ တတ္ႂကြမႈဟာ မခ်က္ထားတဲ့ ခရမ္းခ်ဥ္သီးထက္ ပိုျမင့္မားတယ္လို႔ ျပသခဲ့ပါတယ္။ ဒါက ခရမ္းခ်ဥ္သီးရဲ႕ အက်ိဳးေက်းဇူးေတြကို ပိုၿပီးရရွိေစဖို႔ ခ်က္စားသင့္ေၾကာင္း အႀကံျပဳပါတယ္။ ခရမ္းခ်ဥ္သီးမွာ ပိုးသတ္ေဆးအႂကြင္းအက်န္ေတြ ရွိေနတတ္တာေၾကာင့္ ပထမဆုံး ေသခ်ာေဆးေၾကာသင့္ပါတယ္၊ မမွည့္ေသးတဲ့ ခရမ္းခ်ဥ္သီးႏွင့္ ပင္စည္၊ အ႐ြက္တို႔မွာ အဆိပ္ေတြရွိတာေၾကာင့္ မစားသင့္ပါဘူး။

၁၂။ Lima ပဲ

Lima ပဲဟာ အစိမ္းစားတဲ့အခါ ဆိုက္ရာႏိုက္ထုတ္လုပ္ေသာ linamarin ပါဝင္ပါတယ္။ Limaပဲကို ခ်က္ျပဳတ္လိုက္တဲ့အခါ စားဖို႔ အႏၲရာယ္ကင္းေလာက္တဲ့အထိ ဆိုက္ရာႏိုက္လယ္ဗယ္ဟာ ေလ်ာ့က်သြားပါတယ္။ အေမရိကန္ႏိုင္ငံမွာဆိုရင္ စတိုးဆိုင္မွာ ေရာင္းခ်တဲ့ lima ပဲေတြဟာ ဆိုက္ရာႏိုက္လယ္ဗယ္နိမ့္ဖို႔ လိုအပ္ေပမယ့္ တခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ လိုခ်က္ခ်က္ေတြကဲ့သို႔ မရွိပါဘူး။

၁၃။ အာလူး

အာလူးအစိမ္းကို စားေလ့စားထ မရွိၾကေပမယ့္ ကေလးေတြက ပန္းသီးအမွတ္နဲ႔ ကိုက္တတ္ၾကပါတယ္။ အာလူးမွာ အာဟာရေတြ စုပ္ယူမႈႏွင့္ ခႏၶာကိုယ္ရဲ႕ အစာေျခမႈကို အေႏွာက္အယွက္ျဖစ္ေစႏိုင္တဲ့ antinutrientsေတြ ပါဝင္ပါတယ္။ အာလူးေတြကို ခ်က္ျပဳတ္လိုက္ျခင္းဟာ antinutrients တစ္မ်ိဳးျဖစ္တဲ့ lectin ကို ၅၀%ေလာက္ ေလ်ာ့က်ေစႏိုင္ပါတယ္။ အာလူးမွာပါဝင္တဲ့ Glycoalkaloids ဟာ sensitivity ကိုတိုးေစသလို ယားယံျခင္း၊ အိပ္ငိုက္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ပမာဏျမင့္မားရင္ အစာေျချပႆနာမ်ားကို ျဖစ္ေစပါတယ္။ အာလူးေတြကို အခြံခြာျခင္းႏွင့္ ခ်က္ျပဳတ္ျခင္းျဖင့္ ေလ်ာ့ခ်ႏိုင္ပါတယ္။

၁၄။ ၾကက္သား

ၾကက္သားအစိမ္းစားျခင္းဟာ ဝမ္းေလ်ာျခင္း၊ ဖ်ားနာျခင္းႏွင့္ ဗိုက္ေအာင့္ျခင္းကို ျဖစ္ေပၚေစတဲ့ salmonella ႏွင့္ campylobacter ဘက္တီးရီးယားပိုးေတြပါဝင္တာေၾကာင့္ ျပင္းထန္တဲ့ဖ်ားနာမႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ၁၉၉၈-၂၀၁၂အတြင္း ေရာဂါျဖစ္ပြားမႈအမ်ားဆုံး အစားအစာေတြက ေမြးျမဴေရးၾကက္ေတြ ျဖစ္တယ္လို႔ ေလ့လာမႈတစ္ခုက မွတ္ခ်က္ခ်ခဲ့ပါတယ္။ ၾကက္သားေတြကို အႏၲရာယ္ကင္းကင္းစားႏိုင္ဖို႔ အတြင္းအပူခ်ိန္ ၁၆၅ ဒီဂရီဖာရင္ဟိုက္အထိ ခ်က္သင့္တယ္လို႔ CDC ကေျပာပါတယ္။

၁၅။ မႈိမ်ား

မႈိအစိမ္းမ်ားက ႂကြက္ရဲ႕ ဆီးအိမ္မွာ ကင္ဆာသက္ေရာက္မႈ ရွိေစေသာ agaritine ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ မႈိကို ခ်က္ျပဳတ္စားတာ အေကာင္းဆုံးပါပဲ။ မႈိကို ခ်က္ျပဳတ္လိုက္ျခင္းက မႈိရဲ႕ မာက်ဴရီညစ္ညမ္းမႈမ်ားကို ေလ်ာ့နည္းေစႏိုင္ပါတယ္။

၁၆။ ဗိုလ္စားပဲ

ဗိုလ္စားပဲမွာ ဆိုးဆိုး႐ြား႐ြား ပ်ိဳ႕အန္ျခင္း၊ ဝမ္းေလ်ာျခင္းႏွင့္ အစာအိမ္ေရာဂါတို႔ကိုျဖစ္ေစႏိုင္တဲ့ Phytohemagglutinin လို႔ေခၚတဲ့ အဆိပ္အေတာက္ေတြ ပါဝင္ပါတယ္။ အနီေရာင္ဗိုလ္စားပဲကို ၅နာရီေလာက္ ေရစိမ္ထားၿပီးမွ အနည္းဆုံး ၁၀မိနစ္ေလာက္ ျပဳတ္သင့္ေၾကာင္း FDA ကေျပာထားပါတယ္။

၁၇။ သံလြင္သီး

သံလြင္သီးဟာ စားလို႔မရတာေၾကာင့္ အစိမ္းမစားသင့္ပါဘူး။ သံလြင္သီးအစိမ္းက အရမ္းခါးတာေၾကာင့္ျဖစ္ပါတယ္။

၁၈။ ပ်ားရည္

ပ်ားရည္ၾကမ္းမွာ တစ္ႏွစ္ေအာက္ကေလးႏွင့္ ကိုယ္ဝန္ေဆာင္သည္ေတြကို အႏၲရာယ္ ျဖစ္ေစႏိုင္ေသာ Clostridium botulinum ဘက္တီးရီးယားမ်ိဳးမႈန္ေတြ ပါဝင္ႏိုင္ပါတယ္။ ၎က ပ်ိဳ႕အန္ျခ္ငး၊ ဝမ္းေလွ်ာျခင္းစတဲ့ ေဘးထြက္ဆိုးက်ိဳးမ်ားအျပင္ botulism အဆိပ္သင့္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အက်ိဳးဆက္အေနနဲ႔ သြက္ခ်ာပါဒျဖစ္ေစႏိုင္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here