အစိမ္းေရာင္အလင္းတန္းေလးေတြ႕လို႔ စူးစမ္းၾကည့္ရမွ ကံေကာင္းသြားတဲ့ ဇႏွီးေမာင္ႏွံ

0
5437
နီလာေက်ာက္
နီလာေက်ာက္

ဒီအျဖစ္အပ်က္ေလးတစ္ခုက တ႐ုတ္ႏိုင္ငံရဲ႕ ေက်းလက္ေဒသမွာ ေနထိုင္တဲ့သူတစ္ဦးရဲ႕ ျဖစ္ရပ္ေလးပါ။ ထိုလူဟာ အစဥ္အဆက္ဘိုးဘြားပိုင္ အိမ္ေလးမွာ ေနထိုင္ေနတာ ႏွစ္ေပါင္းမနည္းေတာ့ပါဘူး။ သူဟာ တစ္ေန႔ေတာ့ ၿခံဝန္းအတြင္း လမ္းေလွ်ာက္ၾကည့္ရင္း အေနာက္ဘက္ ၿခံစည္း႐ိုးအုတ္တံတိုင္းရဲ႕ အက္ကြဲေနတဲ့ အက္ေၾကာင္းၾကားထဲမွာ အစိမ္းေရာင္အလင္းတန္းေလးတစ္ခုကို ေတြ႕ျမင္လိုက္ပါတယ္။ သူ႔အေနနဲ႔ စက်င္ေက်ာက္ ဒါမွမဟုတ္ ေရာင္ျပန္အရာဝတၳဳတစ္ခုခု လို႔ပဲ စိတ္ထဲမွာထင္ခဲ့ပါတယ္။ ဒါေပမဲ့ စူးစမ္းခ်င္စိတ္ရွိတာေၾကာင့္ ထိုအလင္းတန္းထြက္ေနတဲ့အရာဝတၳဳဆီကိုသြားၿပီး တုတ္ေခ်ာင္းျဖင့္ ကေလာ္ထုတ္ၾကည့္ခဲ့ပါတယ္။ ထိုအရာဝတၳဳဟာ ႏွစ္တစ္ရာေလာက္ေတာင္ ရွိၿပီလို႔ေတာင္ထင္ရတဲ့ ေရွးေဟာင္းပစၥည္းတစ္ခုလိုပါပဲ။

ေတြ႕ေတြ႕ခ်င္း သူ႔ရဲ႕ မိန္းမျဖစ္သူကို ေခၚျပေတာ့ မိန္မျဖစ္သူကလည္း အဆိုပါစၥည္းဟာ ေရွးေဟာင္းလက္စြပ္တစ္ကြင္းနဲ႔တူတယ္။ သာမန္လက္စြပ္ေတာ့မဟုတ္ေလာက္ဘူးလို႔ စဥ္းစားမိၿပီး ဒါက ငါ့တို႔အတြက္အဖိုးတန္တဲ့ပစၥည္းတစ္ခုပဲလို႔ ဆိုပါတယ္။ အဲ့ဒီေနာက္သူတို႔ဟာ ဒီလက္စြပ္အေၾကာင္းနားလည္တဲ့ ကၽြမ္းက်င္သူအခ်ိဳ႕ကို ေမးျမန္းခဲ့ပါတယ္။ နားလည္တတ္ကၽြမ္းတဲ့ ပညာရွင္က သူတို႔ဇႏွီးေမာင္ႏွံကို “ဂုဏ္ယူပါတယ္” မင္းတို႔ သန္းၾကြယ္သူေဌးျဖစ္တာေပါ့ဆိုၿပီး အဆိုပါ လက္စြပ္မွာပါဝင္တဲ့ေက်ာက္ဟာ သာမန္ေက်ာက္မဟုတ္ဘူး အရည္အေသြးေကာင္းတဲ့နီလာေက်ာက္တစ္မ်ိဳးျဖစ္တာေၾကာင္း ေျပာဆိုပါတယ္။

နီလာကို အဓိကအားျဖင့္ ေရွ႕ေခတ္က ျမင့္ျမတ္တဲ့သူေတြရဲ႕ လက္စြပ္၊ လက္ေကာက္၊ လည္ဆြဲနဲ႔ သရဖူးအထက္မွာ ပန္ဆင္ၾကပါတယ္။ အခုရရွိတဲ့ လက္စြပ္ဟာလည္း ဘိုးဘြားေတြအဆက္ဆက္က ျမင့္ျမတ္သူတို႔ ဝတ္ဆင္တဲ့ ေတာ္ဝင္လက္စြပ္တစ္ခုျဖစ္တယ္လို႔ကၽြမ္းက်င္သူေတြက ေကာက္ခ်ခ်က္ၾကပါတယ္။ ယခုဆိုရင္ သူ႔တို႔ဇႏီွးေမာင္နွံရရွိတဲ့ လက္စြပ္ကို ဝယ္ယူဖို႔အတြက္ ေစ်းႏႈန္းကမ္းလွမ္းသူေတြ ရွိေနပါၿပီ။ ဒါေပမဲ့ ဒီလက္စြပ္ရဲ႕ ေစ်းႏႈန္းတန္ဖိုးကို အတိအက် အတည္ျပဳၿပီးမွ ေရာင္းမယ္လို႔ဆိုပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ေပ ၂၀ အရြယ္အစားရွိတဲ့ စပါးအုံးေျမြစုံတြဲကို ခ်က္ျပဳတ္စားေသာက္လိုက္ၾကတဲ့ ရြာသူရြာသားေတြ

Unicode

အစိမ်းရောင်အလင်းတန်းလေးတွေ့လို့ စူးစမ်းကြည့်ရမှ ကံကောင်းသွားတဲ့ ဇနှီးမောင်နှံ
ဒီအဖြစ်အပျက်လေးတစ်ခုက တရုတ်နိုင်ငံရဲ့ ကျေးလက်ဒေသမှာ နေထိုင်တဲ့သူတစ်ဦးရဲ့ ဖြစ်ရပ်လေးပါ။ ထိုလူဟာ အစဉ်အဆက်ဘိုးဘွားပိုင် အိမ်လေးမှာ နေထိုင်နေတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ သူဟာ တစ်နေ့တော့ ခြံဝန်းအတွင်း လမ်းလျှောက်ကြည့်ရင်း အနောက်ဘက် ခြံစည်းရိုးအုတ်တံတိုင်းရဲ့ အက်ကွဲနေတဲ့ အက်ကြောင်းကြားထဲမှာ အစိမ်းရောင်အလင်းတန်းလေးတစ်ခုကို တွေ့မြင်လိုက်ပါတယ်။ သူ့အနေနဲ့ စကျင်ကျောက် ဒါမှမဟုတ် ရောင်ပြန်အရာဝတ္ထုတစ်ခုခု လို့ပဲ စိတ်ထဲမှာထင်ခဲ့ပါတယ်။ ဒါပေမဲ့ စူးစမ်းချင်စိတ်ရှိတာကြောင့် ထိုအလင်းတန်းထွက်နေတဲ့အရာဝတ္ထုဆီကိုသွားပြီး တုတ်ချောင်းဖြင့် ကလော်ထုတ်ကြည့်ခဲ့ပါတယ်။ ထိုအရာဝတ္ထုဟာ နှစ်တစ်ရာလောက်တောင် ရှိပြီလို့တောင်ထင်ရတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုလိုပါပဲ။

တွေ့တွေ့ချင်း သူ့ရဲ့ မိန်းမဖြစ်သူကို ခေါ်ပြတော့ မိန်မဖြစ်သူကလည်း အဆိုပါစ္စည်းဟာ ရှေးဟောင်းလက်စွပ်တစ်ကွင်းနဲ့တူတယ်။ သာမန်လက်စွပ်တော့မဟုတ်လောက်ဘူးလို့ စဉ်းစားမိပြီး ဒါက ငါ့တို့အတွက်အဖိုးတန်တဲ့ပစ္စည်းတစ်ခုပဲလို့ ဆိုပါတယ်။ အဲ့ဒီနောက်သူတို့ဟာ ဒီလက်စွပ်အကြောင်းနားလည်တဲ့ ကျွမ်းကျင်သူအချို့ကို မေးမြန်းခဲ့ပါတယ်။ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်က သူတို့ဇနှီးမောင်နှံကို “ဂုဏ်ယူပါတယ်” မင်းတို့ သန်းကြွယ်သူဌေးဖြစ်တာပေါ့ဆိုပြီး အဆိုပါ လက်စွပ်မှာပါဝင်တဲ့ကျောက်ဟာ သာမန်ကျောက်မဟုတ်ဘူး အရည်အသွေးကောင်းတဲ့နီလာကျောက်တစ်မျိုးဖြစ်တာကြောင်း ပြောဆိုပါတယ်။

နီလာကို အဓိကအားဖြင့် ရှေ့ခေတ်က မြင့်မြတ်တဲ့သူတွေရဲ့ လက်စွပ်၊ လက်ကောက်၊ လည်ဆွဲနဲ့ သရဖူးအထက်မှာ ပန်ဆင်ကြပါတယ်။ အခုရရှိတဲ့ လက်စွပ်ဟာလည်း ဘိုးဘွားတွေအဆက်ဆက်က မြင့်မြတ်သူတို့ ဝတ်ဆင်တဲ့ တော်ဝင်လက်စွပ်တစ်ခုဖြစ်တယ်လို့ကျွမ်းကျင်သူတွေက ကောက်ချချက်ကြပါတယ်။ ယခုဆိုရင် သူ့တို့ဇနှီးမောင်နှံရရှိတဲ့ လက်စွပ်ကို ဝယ်ယူဖို့အတွက် စျေးနှုန်းကမ်းလှမ်းသူတွေ ရှိနေပါပြီ။ ဒါပေမဲ့ ဒီလက်စွပ်ရဲ့ စျေးနှုန်းတန်ဖိုးကို အတိအကျ အတည်ပြုပြီးမှ ရောင်းမယ်လို့ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here