အစားေရွာင္စရာမလို Gym ႐ုံသြားၿပီး အပင္ပန္းခံစရာမလိုဘဲ အဆီက်ေစမဲ့ နည္းလမ္း ၃မ်ိဳး

0
5272
အဆီက်ေစမဲ့ နည္းလမ္း
အဆီက်ေစမဲ့ နည္းလမ္း

အသက္႐ွဴတဲ့အခါ

ဝမ္းဗိုက္က အဆီေတြကို ေလ်ာ့ခ်ခ်င္ရင္ေတာ့ အသက္႐ွဴတဲ့အခါ သတိထားေလ့က်င့္ေပးဖို႔ေတာ့လိုအပ္ပါတယ္။ အသက္႐ွဴတဲ့အခါ ရင္ဘက္ကေန အားစိုက္႐ွဴတာထက္ ဝမ္းဗိုက္ၾကြက္သားကေန အားစိုက္႐ွဴေပးတာပိုေကာင္းပါတယ္။ ေလဝင္ေလထြက္ကို ဝမ္းဗိုက္ကေန အားစိုက္ၿပီး ျပဳလုပ္တဲ့အခါ ေဖာင္းလိုက္ ပိန္လိုက္ ျဖစ္ေပၚပါတယ္။ ဒီလိုျပဳလုပ္ေပးတာဟာ ဝမ္းဗိုက္မွာရွိတဲ့ အဆီကို ဖယ္ရွားေစၿပီး ဝမ္းဗိုက္ၾကြက္သားကို သန္မာလာေစပါတယ္။

မတူညီတဲ့ ေရခ်ိဳးနည္း

ဒီနည္းလမ္းကေတာ့ ႐ိုးရွင္းပါတဲ့ လုပ္ထုံးလုပ္နည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ ေရခ်ိဳးၿပီးသြားတဲ့အခါ ေရေအးနဲ႔ အပူကို တစ္လွည့္စီ ထပ္ခ်ိဳးေပးတာပဲျဖစ္ပါတယ္။ ဒီေရခ်ိဳးနည္းဟာ ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ေရေအးဟာ ၾကြက္သားေတြကို ေျပာင္းလဲ ျပင္လြယ္ေအာင္ ျပဳလုပ္ေပးႏိုင္ၿပီး ေရပူကေတာ့ သင့္ပင္ပန္းတာေတြကို ေျပေလ်ာ့ေစပါတယ္။ ဒါ့အျပင္ ေရေအးဟာ ခႏၶာကိုယ္အေရျပားေပၚက မေကာင္းတဲ့ အညစ္အေၾကးေတြကိုဖယ္ရွားပစ္ၿပီး ေရပူကေတာ့ ေခၽြးေပါက္ေတြကို ပြင့္ေစပါတယ္။ ဒါေပမဲ့ ပုံမွန္မဟုတ္တဲ့ အဝလြန္ျခင္း၊ Vegetovascular ျဖစ္ျခင္း၊ ေသြးတိုးေရာဂါရွိျခင္း နဲ႔ Cellulite ေရာဂါရွိေနရင္ေတာ့ ေပ်ာက္ကင္းမွာမဟုတ္ပါဘူး။ ေရအပူခ်ိန္အတိုင္းတာနဲ႔ ခ်ိဳးရမဲ့ ၾကာခ်ိန္ကိုေတာ့ ပုံမွာေဖာ္ျပေပးထားပါတယ္။

ႏွိပ္နယ္ေပးျခင္း

ႏွိပ္နယ္ေပးျခင္းဟာ ခႏၶာကိုယ္အတြင္းမွာရွိတဲ့ အဆီေတြကို တိုက္ဖ်က္ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ အဆီေတြ ခိုေအာင္ေနတဲ့ ေနရာတစ္ဝိႈက္၊ ခါး၊ ေပါင္ တင္ပါး စတဲ့ ေနရာေတြကို ေသခ်ာႏွိပ္နယ္ေပးပါ။ ဒါမွမဟုတ္ေပါင္မွာ စုေနတဲ့ အဆီေတြကို စုပ္ခြက္နဲ႔ ေသခ်ာႏွိပ္ၿပီး စုပ္ထုတ္တာမ်ိဳး၊ ဝမ္းဗိုက္အဆီရွိတဲ့ေနရာကို စက္ဝိုင္းပုံစံ လက္ယာရစ္လည္ပတ္ၿပီး တျဖည္းျဖည္း အားစိုက္ဖိႏွိပ္ေပးတာမ်ိဳးျပဳလုပ္ေပးသင့္ပါတယ္။ ၁-၂မိနစ္ေလာက္ အခ်ိန္ေပးၿပီးဝမ္းဗိုက္ေနရာကို စက္ဝိုင္းပုံစံ အပတ္ေရ ၃၀-၄၀ ေလာက္ပတ္ၿပီး ႏွိပ္ေပးသင့္ပါတယ္။ ဆိုင္ေတြမွာ ေသခ်ာအႏွိပ္ခံႏိုင္သလို အိမ္မွာလည္း ကိုယ္တိုင္ျပဳလုပ္ေပးႏိုင္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

သိပၸံပညာရွင္ အႀကံေပးထားတဲ့ ေသြးအမ်ိဳးအစားအရ စားသံုးရမယ့္ အစားအစာမ်ား

Unicode

အစားရှောင်စရာမလို Gym ရုံသွားပြီး အပင်ပန်းခံစရာမလိုဘဲ ဝိတ်ကျစေမဲ့ နည်းလမ်း ၃မျိုး
အသက်ရှူတဲ့အခါ
ဝမ်းဗိုက်က အဆီတွေကို လျော့ချချင်ရင်တော့ အသက်ရှူတဲ့အခါ သတိထားလေ့ကျင့်ပေးဖို့တော့လိုအပ်ပါတယ်။ အသက်ရှူတဲ့အခါ ရင်ဘက်ကနေ အားစိုက်ရှူတာထက် ဝမ်းဗိုက်ကြွက်သားကနေ အားစိုက်ရှူပေးတာပိုကောင်းပါတယ်။ လေဝင်လေထွက်ကို ဝမ်းဗိုက်ကနေ အားစိုက်ပြီး ပြုလုပ်တဲ့အခါ ဖောင်းလိုက် ပိန်လိုက် ဖြစ်ပေါ်ပါတယ်။ ဒီလိုပြုလုပ်ပေးတာဟာ ဝမ်းဗိုက်မှာရှိတဲ့ အဆီကို ဖယ်ရှားစေပြီး ဝမ်းဗိုက်ကြွက်သားကို သန်မာလာစေပါတယ်။

မတူညီတဲ့ ရေချိုးနည်း
ဒီနည်းလမ်းကတော့ ရိုးရှင်းပါတဲ့ လုပ်ထုံးလုပ်နည်းတစ်မျိုးပဲဖြစ်ပါတယ်။ ရေချိုးပြီးသွားတဲ့အခါ ရေအေးနဲ့ အပူကို တစ်လှည့်စီ ထပ်ချိုးပေးတာပဲဖြစ်ပါတယ်။ ဒီရေချိုးနည်းဟာ ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ပါတယ်။ရေအေးဟာ ကြွက်သားတွေကို ပြောင်းလဲ ပြင်လွယ်အောင် ပြုလုပ်ပေးနိုင်ပြီး ရေပူကတော့ သင့်ပင်ပန်းတာတွေကို ပြေလျော့စေပါတယ်။ ဒါ့အပြင် ရေအေးဟာ ခန္ဓာကိုယ်အရေပြားပေါ်က မကောင်းတဲ့ အညစ်အကြေးတွေကိုဖယ်ရှားပစ်ပြီး ရေပူကတော့ ချွေးပေါက်တွေကို ပွင့်စေပါတယ်။ ဒါပေမဲ့ ပုံမှန်မဟုတ်တဲ့ အဝလွန်ခြင်း၊ Vegetovascular ဖြစ်ခြင်း၊ သွေးတိုးရောဂါရှိခြင်း နဲ့ Cellulite ရောဂါရှိနေရင်တော့ ပျောက်ကင်းမှာမဟုတ်ပါဘူး။ ရေအပူချိန်အတိုင်းတာနဲ့ ချိုးရမဲ့ ကြာချိန်ကိုတော့ ပုံမှာဖော်ပြပေးထားပါတယ်။

နှိပ်နယ်ပေးခြင်း
နှိပ်နယ်ပေးခြင်းဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီတွေကို တိုက်ဖျက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။ အဆီတွေ ခိုအောင်နေတဲ့ နေရာတစ်ဝှိုက်၊ ခါး၊ ပေါင် တင်ပါး စတဲ့ နေရာတွေကို သေချာနှိပ်နယ်ပေးပါ။ ဒါမှမဟုတ်ပေါင်မှာ စုနေတဲ့ အဆီတွေကို စုပ်ခွက်နဲ့ သေချာနှိပ်ပြီး စုပ်ထုတ်တာမျိုး၊ ဝမ်းဗိုက်အဆီရှိတဲ့နေရာကို စက်ဝိုင်းပုံစံ လက်ယာရစ်လည်ပတ်ပြီး တဖြည်းဖြည်း အားစိုက်ဖိနှိပ်ပေးတာမျိုးပြုလုပ်ပေးသင့်ပါတယ်။ ၁-၂မိနစ်လောက် အချိန်ပေးပြီးဝမ်းဗိုက်နေရာကို စက်ဝိုင်းပုံစံ အပတ်ရေ ၃၀-၄၀ လောက်ပတ်ပြီး နှိပ်ပေးသင့်ပါတယ်။ ဆိုင်တွေမှာ သေချာအနှိပ်ခံနိုင်သလို အိမ်မှာလည်း ကိုယ်တိုင်ပြုလုပ်ပေးနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here