အစားအသောက်တွေကို ကျန်းမာရေးနဲ့ညီညွတ်စွာ သုံးစွဲတတ်စေဖို့အတွက်

0
59

ကျန်းမာရေးသည် လာဘ်တစ်ပါး ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အသက်ရှည်ရှည်နေထိုင်နိုင်ဖို့အတွက် အကျိုးဖြစ်စေမယ့် အစားအသောက်မှန်သမျှကို အတတ်နိုင်ဆုံး စားသုံးမိချင်ကြတာက လူသားတိုင်းရဲ့ဆန္ဒပါ။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ စားချင်စိတ်သာရှိပေမယ့်လည်း မှန်ကန်တဲ့အစားအသောက်ကို မရွေးချယ်တတ်လို့ စဥ်းစားရကြပ်တဲ့အချိန်တွေလည်း မနည်းပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ယူဆရတဲ့ အစားအသောက်တွေရှိပေမယ့်လည်း ထိုအစားအသောက်တွေကို လိုအပ်တဲ့ပမာဏထက် လွန်ကဲပြီး စားသုံးမိမယ်ဆိုရင်တော့ ကောင်းကျိုးကနေ ဆိုးကျိုးဖြစ်သွားစေနိုင်ပါတယ်။

-Advertisement-

ခရမ်းချဥ်သီး

နီရဲတဲ့အဆင်းနဲ့ ခရမ်းချဥ်သီးက ကင်ဆာအမျိုးပေါင်းများစွာ ဖြစ်ပွားနိုင်ခြေနှုန်းထားကို လျော့ကျစေပြီး နှလုံးနှင့် သွေးကြောတွေကို ကာကွယ်ပေးကာ ကိုယ်တွင်းရှိ ကိုလက်စထရောပမာဏကိုလည်း လျော့နည်းစေပါတယ်။ မျက်လုံးနှင့် အသားအရေကျန်းမာရေးကိုပါ ကောင်းကျိုးဖြစ်စေနိုင်တဲ့ ခရမ်းချဥ်သီးကို လိုတာထက်ပိုပြီးစားသုံးမိမယ်ဆိုရင်တော့ ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ဖြစ်လာစေနိုင်ပါတယ်။

အရိုးအဆစ်ပြဿနာများ မရှိသူတွေအနေနဲ့ ခရမ်းချဥ်သီးကို တစ်နေ့လျှင် ၃ လုံးမှ ၄ လုံးအထိ စားသုံးနိုင်သလို ဖျော်ရည်အနေဖြင့်လည်း တစ်ခွက်နှင့်တစ်ဝက် သောက်သုံးပေးနိုင်ပါတယ်။

အိုမီဂါသရီးနှင့် ငါးကြီးဆီ

အိုမီဂါသရီးဖက်တီးအက်စစ်တွေဟာဆိုရင် ကိုယ်တွင်းရှိရောင်ရမ်းမှုတွေကို တိုက်ဖျက်ပေးကာ ဆဲလ်သစ်တွေဖွံဖြိုးလာဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ သို့သော်လည်း အိုမီဂါသရီးကို လိုတာထက်ပိုပြီး စားသုံးမိမယ်ဆိုပါက အန္တရာယ်ဖြစ်လာစေနိုင်ပြီးတော့ အထူးသဖြင့် သွေးထွက်လွယ်သူတွေဆီမှာ ပိုပြီးဆိုးရွားစေနိုင်ပါတယ်။

ဒါကြောင့် ဘယ်လောက်ပဲ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုစေကာမူ အိုမီဂါသရီးဖက်တီးအက်စစ်ကိုတော့ တစ်နေ့လျှင် ၁-၆ ဂရမ်သာ သုံးစွဲပေးဖို့ အကြံပြုထားကြပါတယ်။

ကော်ဖီ

အရသာကောင်းမွန်ပြီး မွှေးရနံ့သင်းပျံ့တဲ့ ကော်ဖီသောက်သုံးခြင်းက အသည်းရောဂါ၊ Type 2 ဆီးချို၊ အကြောအားနည်း၍ ခြေလက်တုန်သောရောဂါတို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ သို့သော်လည်း အလွန်အကျူးသောက်သုံးမိမယ်ဆိုရင်တော့ အာရုံကြောဖွဲ့စည်းမှုစနစ်မှာ အပြောင်းအလဲတွေဖြစ်စေကာ အိပ်မပျော်ခြင်း၊ ဗိုက်အောင့်ခြင်း၊ တဆတ်ဆတ်တုန်ခြင်းတို့ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ကဖိန်းဓာတ်က လူပေါ်မူတည်ပြီး သက်ရောက်မှုကလည်း ပြောင်းလဲနိုင်တာကြောင့် တစ်ချို့လူတွေအနေနဲ့ ကော်ဖီနည်းနည်းလေးသောက်လိုက်မိရင်ကို အထက်ပါလက္ခဏာတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့လျှင် ကော်ဖီကို ၂ ခွက်ထက် ပိုမသောက်မိပါစေနဲ့။

Green Tea

ကျန်းမာရေးအရ ပြဿနာမရှိသူတွေအနေနဲ့ Green Tea ကို ယုံယုံကြည်ကြည်သောက်သုံးနိုင်ပါတယ်။ အိပ်ချိန်မှန်စေတယ်၊ ကိုယ်တွင်းသွေးစီးဆင်းမှုကို အထောက်အကူပြုတယ်၊ ကိုယ်ခံအားကောင်းစေတယ်၊ အစာမကြေတဲ့ပြဿနာတွေ ပြေစေတယ် စတဲ့ ကောင်းကျိုးတွေကို ပေးစွမ်းနိုင်တဲ့ Green Tea ကလည်း သောက်တိုင်းမကောင်းလှပါဘူး။

ရေအစား Green Tea ကိုပဲ အစားထိုးမသောက်သုံးဘဲ တစ်နေ့လျှင် နှစ်ခွက်သုံးခွက်ထက်ပိုပြီး မသောက်မိအောင် သတိထားသင့်ပါတယ်။ အစားအသောက်တွေမှ သံဓာတ်ကိုကောင်းကောင်းစုပ်ယူနိုင်ဖို့အတွက် အစားအသောက်နှင့်အတူ Green Tea သောက်ခြင်းမှ ရှောင်ကြဥ်ပါ။ နောက်တစ်ချက်က ဇီဝဖြစ်စဥ်ကိုနှိုးဆွပေးလို့ အစာမရှိတဲ့အချိန် Green Tea ကိုမသောက်သုံးပါနဲ့။

#Lifestyle_Myanmar

#Thinzar

Ref-ba-bamail

Zawgyi

အစားအေသာက္ေတြကို က်န္းမာေရးနဲ႔ညီၫြတ္စြာ သုံးစြဲတတ္ေစဖို႔အတြက္

က်န္းမာေရးသည္ လာဘ္တစ္ပါး ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း အသက္ရွည္ရွည္ေနထိုင္ႏိုင္ဖို႔အတြက္ အက်ိဳးျဖစ္ေစမယ့္ အစားအေသာက္မွန္သမွ်ကို အတတ္ႏိုင္ဆုံး စားသုံးမိခ်င္ၾကတာက လူသားတိုင္းရဲ႕ဆႏၵပါ။ ဒါေပမယ့္ တစ္ခါတစ္ေလက်ေတာ့ စားခ်င္စိတ္သာရွိေပမယ့္လည္း မွန္ကန္တဲ့အစားအေသာက္ကို မေ႐ြးခ်ယ္တတ္လို႔ စဥ္းစားရၾကပ္တဲ့အခ်ိန္ေတြလည္း မနည္းပါဘူး။ က်န္းမာေရးနဲ႔ညီၫြတ္တယ္လို႔ ယူဆရတဲ့ အစားအေသာက္ေတြရွိေပမယ့္လည္း ထိုအစားအေသာက္ေတြကို လိုအပ္တဲ့ပမာဏထက္ လြန္ကဲၿပီး စားသုံးမိမယ္ဆိုရင္ေတာ့ ေကာင္းက်ိဳးကေန ဆိုးက်ိဳးျဖစ္သြားေစႏိုင္ပါတယ္။

ခရမ္းခ်ဥ္သီး

နီရဲတဲ့အဆင္းနဲ႔ ခရမ္းခ်ဥ္သီးက ကင္ဆာအမ်ိဳးေပါင္းမ်ားစြာ ျဖစ္ပြားႏိုင္ေျခႏႈန္းထားကို ေလ်ာ့က်ေစၿပီး ႏွလုံးႏွင့္ ေသြးေၾကာေတြကို ကာကြယ္ေပးကာ ကိုယ္တြင္းရွိ ကိုလက္စထေရာပမာဏကိုလည္း ေလ်ာ့နည္းေစပါတယ္။ မ်က္လုံးႏွင့္ အသားအေရက်န္းမာေရးကိုပါ ေကာင္းက်ိဳးျဖစ္ေစႏိုင္တဲ့ ခရမ္းခ်ဥ္သီးကို လိုတာထက္ပိုၿပီးစားသုံးမိမယ္ဆိုရင္ေတာ့ ဗိုက္ေအာင့္ျခင္း၊ မအီမသာျဖစ္ျခင္း၊ ေခါင္းကိုက္ျခင္းတို႔ကို ျဖစ္လာေစႏိုင္ပါတယ္။

အ႐ိုးအဆစ္ျပႆနာမ်ား မရွိသူေတြအေနနဲ႔ ခရမ္းခ်ဥ္သီးကို တစ္ေန႔လွ်င္ ၃ လုံးမွ ၄ လုံးအထိ စားသုံးႏိုင္သလို ေဖ်ာ္ရည္အေနျဖင့္လည္း တစ္ခြက္ႏွင့္တစ္ဝက္ ေသာက္သုံးေပးႏိုင္ပါတယ္။

အိုမီဂါသရီးႏွင့္ ငါးႀကီးဆီ

အိုမီဂါသရီးဖက္တီးအက္စစ္ေတြဟာဆိုရင္ ကိုယ္တြင္းရွိေရာင္ရမ္းမႈေတြကို တိုက္ဖ်က္ေပးကာ ဆဲလ္သစ္ေတြဖြံၿဖိဳးလာဖို႔အတြက္ အေရးႀကီးတဲ့အခန္းက႑မွာ ပါဝင္ေနပါတယ္။ သို႔ေသာ္လည္း အိုမီဂါသရီးကို လိုတာထက္ပိုၿပီး စားသုံးမိမယ္ဆိုပါက အႏၲရာယ္ျဖစ္လာေစႏိုင္ၿပီးေတာ့ အထူးသျဖင့္ ေသြးထြက္လြယ္သူေတြဆီမွာ ပိုၿပီးဆိုး႐ြားေစႏိုင္ပါတယ္။

ဒါေၾကာင့္ ဘယ္ေလာက္ပဲ က်န္းမာေရးအတြက္ေကာင္းတယ္ဆိုေစကာမူ အိုမီဂါသရီးဖက္တီးအက္စစ္ကိုေတာ့ တစ္ေန႔လွ်င္ ၁-၆ ဂရမ္သာ သုံးစြဲေပးဖို႔ အႀကံျပဳထားၾကပါတယ္။

ေကာ္ဖီ

အရသာေကာင္းမြန္ၿပီး ေမႊးရနံ႔သင္းပ်ံ႕တဲ့ ေကာ္ဖီေသာက္သုံးျခင္းက အသည္းေရာဂါ၊ Type 2 ဆီးခ်ိဳ၊ အေၾကာအားနည္း၍ ေျခလက္တုန္ေသာေရာဂါတို႔ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။ သို႔ေသာ္လည္း အလြန္အက်ဴးေသာက္သုံးမိမယ္ဆိုရင္ေတာ့ အာ႐ုံေၾကာဖြဲ႕စည္းမႈစနစ္မွာ အေျပာင္းအလဲေတြျဖစ္ေစကာ အိပ္မေပ်ာ္ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ တဆတ္ဆတ္တုန္ျခင္းတို႔ကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။

ကဖိန္းဓာတ္က လူေပၚမူတည္ၿပီး သက္ေရာက္မႈကလည္း ေျပာင္းလဲႏိုင္တာေၾကာင့္ တစ္ခ်ိဳ႕လူေတြအေနနဲ႔ ေကာ္ဖီနည္းနည္းေလးေသာက္လိုက္မိရင္ကို အထက္ပါလကၡဏာေတြ ႀကဳံေတြ႕လာႏိုင္ပါတယ္။ ဒါေၾကာင့္ တစ္ေန႔လွ်င္ ေကာ္ဖီကို ၂ ခြက္ထက္ ပိုမေသာက္မိပါေစနဲ႔။

Green Tea

က်န္းမာေရးအရ ျပႆနာမရွိသူေတြအေနနဲ႔ Green Tea ကို ယုံယုံၾကည္ၾကည္ေသာက္သုံးႏိုင္ပါတယ္။ အိပ္ခ်ိန္မွန္ေစတယ္၊ ကိုယ္တြင္းေသြးစီးဆင္းမႈကို အေထာက္အကူျပဳတယ္၊ ကိုယ္ခံအားေကာင္းေစတယ္၊ အစာမေၾကတဲ့ျပႆနာေတြ ေျပေစတယ္ စတဲ့ ေကာင္းက်ိဳးေတြကို ေပးစြမ္းႏိုင္တဲ့ Green Tea ကလည္း ေသာက္တိုင္းမေကာင္းလွပါဘူး။

ေရအစား Green Tea ကိုပဲ အစားထိုးမေသာက္သုံးဘဲ တစ္ေန႔လွ်င္ ႏွစ္ခြက္သုံးခြက္ထက္ပိုၿပီး မေသာက္မိေအာင္ သတိထားသင့္ပါတယ္။ အစားအေသာက္ေတြမွ သံဓာတ္ကိုေကာင္းေကာင္းစုပ္ယူႏိုင္ဖို႔အတြက္ အစားအေသာက္ႏွင့္အတူ Green Tea ေသာက္ျခင္းမွ ေရွာင္ၾကဥ္ပါ။ ေနာက္တစ္ခ်က္က ဇီဝျဖစ္စဥ္ကိုႏႈိးဆြေပးလို႔ အစာမရွိတဲ့အခ်ိန္ Green Tea ကိုမေသာက္သုံးပါနဲ႔။

LEAVE A REPLY

Please enter your comment!
Please enter your name here