၂။ အသီးအနှံယိုတွေ
၃။ ထောပတ်
၎။ ဆန်
၅။ ပျားရည်
၆။ ဝိုင်
၇။ ငါး
၈။ ကြက်ဥ
#Lifestyle_Myanmar
#TB_Nandar
Unicode
အစာအဆိပ်သင့်ခြင်းမှ သင့်ကိုကယ်တင်လိမ့်မယ့် လျှို့ဝှက်ချက်လေးတွေ
ယနေ့ခေတ် အစားအသောက်ထုတ်လုပ်သူများသည် သူတို့ရဲထုတ်ကုန်တွေကို ပိုကောင်းအောင်၊ ပိုကြာရှည်ခံအောင်နှင့် အမြန်ကြီးထွားအောင် ဓါတုပစ္စည်းတွေ ထည့်သွင်းအသုံးပြုလာကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်အစားအသောက်များဟာ ကျန်းမာရေးကို ထိခိုက်လွယ်လာတာကြောင့် ကိုယ်စားသောက်မယ့်အစားအစာတွေကို အစာအဆိပ်သင့်နိုင်/မသင့်နိုင်ဆိုတာ စစ်ဆေးဖို့ လိုလာပါပြီ။ ဒီလိုအစာအဆိပ်သင့်ခြင်းမှ ကယ်တင်ကူညီနိုင်မယ့် လျှို့ဝှက်ချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ ချိစ်ဟုတ်လား/မဟုတ်လားသိနိုင်ဖို့
တစ်ချို့နို့ထွက်ပစ္စည်း ထုတ်လုပ်သူများသည် ချိစ်အစား ထောပတ်အဖြစ်သို့ပြောင်းလဲသွားတဲ့ ကစီဓါတ်တွေထည့်တာကို သင်သိဖို့လိုအပ်ပါတယ်။ ဒီလိုသိနိုင်ဖို့ အဲ့ဒီအထဲကို အိုင်အိုဒင်းအစက်အနညး်ငယ်ထည့်ပါ။ ကောင်းစွာမွှေပေးပါ။ အပြာရောင်ပြောင်းသွားလျှင် အရည်အသွေးမကောင်းတဲ့ ထောပတ်ပါ။ ချိစ်မဟုတ်ပါဘူး။
၂။ အသီးအနှံယိုတွေ
ကြည်လင်နေတဲ့ အသီးအနှံယိုတွေဟာ တခါတရံမှာ သကြားရည်ထဲမှာ ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။ တကယ့် သစ်သီးယိုတွေက ဘယ်တော့မှ မရောင်တောက်တောက်ကြီးတွေ မဟုတ်ပါဘူး။ သစ်သီးယို စစ်မစစ် စမ်းကြည့်ချင်ရင်တော့ ရေနွေးထဲကို အသီးယိုထည့်ကြည့်ပါ။ လုံးဝကို ပျော်ကျသွားတာ၊ အရောင်မရှိတော့တာ ဖြစ်လာလျှင် ဒါက အစားအစာဆိုးဆေးတွေနဲ့ gelatin တစ်ချို့နဲ့ ပြုလုပ်ထားတာပါ။
၃။ ထောပတ်
မနက်တိုင်းမှာ ပေါင်မုန့်ထောပတ်သုတ်လေး စားရတာကို နှစ်သက်ပါသလား? သတိပြုပါ။ တစ်ချို့ ထောပတ်အမျိုးအစားများသည် palm oil ကဲ့သို့ ဟင်းသီးဟင်းရွက်ဆီများ ပါဝင်ပါတယ်။ ထောပတ်စစ်မစစ် စမ်းကြည့်ချင်ရင်တော့ ရေပွတ်ပွတ်ဆူနေတဲ့အထဲမှာ ထောပတ်တစ်ဖဲ့လောက်ထည့်ပါ။ မြန်မြန်အရည်ပျော်သွားပြီး မျက်နှာပြင်ပေါ်မှာ အလွှာဖွဲ့စည်းနေပါလိမ့်မယ်။ မာဂျရင်းဆိုရင် အတုံးအခဲအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။
တခြားနည်းလမ်းက ထောပတ်မှာ ခရမ်ပါဝင်လား သိချင်ရင် ထောပတ်ကို အေးခဲထားပြီး ဓါးနှင့် ပိုင်းကြည့်ပါ။ အပိုင်းပိုင်းဖြစ်ပြီး ကောင်းကောင်းပြတ်လျှင် ထောပတ်အစစ်ပါ။
၄။ ဆန်
တချို့တွေက ဆန်အတုတွေ ထုတ်လုပ်လာကြတာကြောင့် ကျွန်တော်တို့ စားသုံးတဲ့ ထမင်းဟာလည်း စိတ်မချရတော့ပါဘူး။ ဒါ့ကြောင့် ဆန်ကို စစ်ဆေးဖို့ လိုအပ်လာပါပြီ။ တချို့ဆန်တွေကို အားလူးတွေ၊ ဓါတုသစ်စေးတွေနဲ့ တကယ့်ပစ္စည်းတွေကို အစားထိုးကြပါတယ်။ ကြည့်လိုက်ရင် သဘာဝအတိုင်းထင်ရပေမယ့် အရသာမကောင်းပါဘူး။ ဆန်စစ်မစစ် သိချင်ရင် ဆန်ကို ဇွန်းထဲထည့်ပြီး မီးရှို့ကြည့်ပါ။ ဆန်အတုက ပလက်စတစ်နံ့ထွက်ပြီး မီးခိုးမည်းသွားပါလိမ့်မယ်။
၅။ ပျားရည်
ပျားရည်ထုတ်လုပ်သူများဟာ အလေးချိန်တိုးစေဖို့အတွက် မြေဖြူထည့်တာတို့၊ ကော်မှုန့်ထည့်တာတို့ ပြုလာလာကြပါတယ်။ ပျားရည်စစ်မစစ် သိချင်ရင် ရေထဲမှာ ပျားရည်ဇွန်းအပြည့်ကို ထည့်ပါ။ acetic acid အစက်အနည်းငယ်ကို ထည့်ပါ။ အရောအနှောက ပူဖောင်းတွေ အမြုပ်တွေ တတ်လာလျှင် မြေဖြူရောထားတာပါ။ ပျားရည်ထဲမှာ ကော်မှုန့်တို့ဘာတို့ ရောထားလားသိချင်ရင် အိုင်အိုဒင်းထည့်ပြီး စမ်းကြည့်ပါ။ အရောအနှောက မည်းလာပါလိမ့်မယ်။
၆။ ဝိုင်
ဝိုင်အစစ်က စျေးကြီးတာကြောင့် အတုတွေ ထုတ်လုပ်လာကြပါပြီ။ ဝိုင်အတုကို အရက်ရောထားတဲ့ ဝိုင်အမှုန့်တွေနဲ့ ပြုလုပ်နိုင်ပါတယ်။ ဝိုင်အစစ်သောက်ချင်သူတွေ စစ်ဆေးနိုင်ဖို့အတွက် မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းတစ်ဇွန်းကို ယူပါ။ ဝိုင်အနည်းငယ်ထဲ လောင်းထည့်ကြည့်ပါ။ ကယ်မီကယ်တုန့်ပြန်မှုကြောင့် အပြာရောင်ပြောင်းသွားပါလိမ့်မယ်။ ဒီအဓိပ္ပာယ်က သင့်ဖျော်ရည်ထဲမှာ စပျစ်သီးကစီဓါတ်တွေ ရှိတယ်လို့ ဆိုလိိုပါတယ်။ အရက်ရောထားတဲ့ဝိုင်အမှုန့်တွေက ၎င်းအရောင်ကို မပြောင်းပါဘူး။
၇။ ငါး
ငါးလတ်မလတ်ဆိုတာ အိမ်ရှင်မအများစုဟာ ရွေးချယ်တတ်ပေမယ့် တစ်ချို့တွေက မသိကြပါဘူး။ ငါးမလတ်တဲ့အခါ အရသာကော၊ အနံ့ပါ စားမကောင်းတာကြောင့် ဝယ်ယူတဲ့အခါ သတိထားဖို့ လိုအပ်ပါတယ်။ ငါးလတ်/မလတ်စစ်ဆေးဖို့ ငါးရဲ့မျက်လုံးတွေနဲ့ အရေပြားတွေက အကြေးခွံနဲ့ အရောင်တူနေရပါမယ်။ ပါးဟက်က နီနေရပါမယ်။ မလတ်တဲ့ငါးတွေက အကြေးခွံမရှိဘဲ ပါးဟက်မည်းနေပြီး အနံ့မကောင်းပါဘူး။ တစ်ချို့ရောင်းသူတွေက အကြေးခွံတွေကို ခြစ်ထုတ်ပြီး ခေါင်းတွေ၊ အမြီးတွေကိို ဖြတ်ထားခြင်းဖြင့် ဒီလက္ခဏာတွေကို ဖုံးကွယ်ထားနိုင်ပါတယ်။ အသားက အနီရောင် သို့မဟုတ် ပန်းရောင်လား အညိုမပြောင်းဘူးလားဆိုတာ ကြည့်ပါ။
၈။ ကြက်ဥ
ကြက်ဥတွေဟာ အလွန်မြန်မြန်ပုပ်လွယ်နိုင်ပါသေးတယ်။ အရသာရှိရှိ ချက်ပြုတ်ချင်လျှင် လတ်ဆတ်တဲ့ ကြက်ဥ ဖြစ်နေရပါမယ်။ ကြက်ဥ လတ်/မလတ် သိချင်ရင် ရေအေးတစ်ဖန်ခွက်ထဲကို ကြက်ဥထည့်ပါ။ ရေဖန်ခွက်အောက်ခြေမှာ နစ်မြုပ်နေလျှင် ကြက်ဥကလတ်ဆတ်ပါတယ်။ ရေဖန်ခွက်ရဲ့ အလယ်လောက်မှာဆိုလျှင် အနည်းငယ် လတ်ဆတ်ပါသေးတယ်။ ရေပေါ်မှာ ပေါလောပေါ်နေပြီဆိုရင်တော့ မစားသင့်တော့ပါဘူး။
၉။ လတ်ဆတ်တဲ့အသီးအနှံတွေ
ဖျော်ရည်သောက်ရတာ နှစ်သက်သူတွေအတွက် အသီးအနှံတွေက လတ်လတ်ဆတ်ဆတ် ရှိဖို့ လိုအပ်ပါတယ်။ ယနေ့ခေတ် လယ်သမားတွေက အသီးအနှံကြီးထွားစေဖို့ ဓါတုပစ္စည်းတွေ အများကြီး သုံးစွဲလေ့ရှိပါတယ်။ ဒီတော့ အရသာရှိတဲ့ ဘယ်ရီသီးအချို့မှာ နိုက်ထရိတ်များနှင့် ပိုးသတ်ဆေးများ ပါဝင်နိုင်ပါတယ်။
စစ်ဆေးဖို့အတွက် စတော်ဘယ်ရီသီး တွေကိုယူပါ။ ကြိတ်ချေပြီး သကြားနှင့် ရောမွှေပါ။ လတ်ဆတ်ပြီး ပိုးသတ်ဆေးကင်းတဲ့ စတော်ဘယ်ရီသီးတွေက ဖျော်ရည်အများကြီး ရပါတယ်။ လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးတွေက အသီးအရသာလည်းရှိပြီး အရောင်ရင့်ရင့် မဟုတ်ဘဲ အနီရောင် ရှိပါလိ်မ့်မယ်။
#Lifestyle_Myanmar
#TB_Nandar