အစာစားပြီးပြီးချင်း ဘယ်တော့မှမလုပ်သင့်တဲ့ အရာ (၅)ချက်

0
6064

လူတိုင်းလိုလို စိတ်တိုင်းကျအစာစားပြီးနောက် ခဏလဲလျောင်းပြီးအနားယူခြင်း ဒါမှမဟုတ် လဲလျောင်းပြီးတီဗွီကြည့်ခြင်းတို့ကို ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် အစာစားပြီးပြီးချင်း ယခုလိုလုပ်ဆောင်တာဟာ ဆိုးဝါးတဲ့လုပ်ဆောင်ချက်တွေ ဖြစ်ကြောင်းကိုတော့ သိတဲ့သူနည်းပါတယ်။ ဒီလို မကောင်းတဲ့အလေ့အကျင့် သေးသေးလေးတွေကနေ ကျွန်တော်တို့ရဲ့ကျန်းမာရေးအပေါ်ကို သက်ရောက်မှုဖြစ်တတ်တာကြောင့် Lifestyle Myanmar ပရိသတ်တွေရှောင်ရှားစေနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

-Advertisement-

၁။ အိပ်စက်ခြင်း
အစာစားပြီးပြီးချင်း အိပ်စက်ခြင်းကြောင့် ကျွန်တော်တို့ရဲ့အစာအိမ်ကို များစွာထိခိုက်စေပါပြီး မသက်မသာဖြစ်ခြင်း၊ ဖောရောင်ခြင်း နဲ့ အိပ်စက်ခြင်းပုံစံမမှန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ Loannina ဆေးတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ အစာစားပြီးပြီးချင်းမအိပ်စက်ပဲ ကြာမှအိပ်ရာဝင်တဲ့သူတွေဟာ လေဖြတ်ရောဂါခံစားရမှုကို လျော့နည်းစေနိုင်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် အစာစားပြီးပြီးချင်း မအိပ်စက်သင့်ကြောင်းကို မိမိတို့ရဲ့စိတ်ထဲမှာ စွဲနေအောင်မှတ်သားထားရမှာဖြစ်ပြီး နာရီအနည်းငယ်လောက်ကြာမှသာ အိပ်စက်သင့်ကြောင်း အကြံပေးလိုပါတယ်။

၂။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ ကျန်မာရေးထိခိုက်မှုကို ဆိုးဝါးစွာဖြစ်စေနိုင်ကြောင်း လူတိုင်းသိပေမယ့် အကြောင်းကြောင်းကြောင့် ဆေးလိပ်သောက်ခြင်းကို မစွန့်လွှတ်နိုင်ကြသေးပါဘူး။လေ့လာမှုတွေရဲ့အဆိုအရ အစာစားပြီးပြီးချင်း ဆေးလိပ်သောက်တာဟာ အဆုတ်ကိုပိုမိုထိခိုက်စေနိုင်ပြီး ဆေးလိပ်တလိပ်သောက်ခြင်းဟာ ဆေးလိပ် ၁၀ လိပ်စာသောက်ခြင်းနှင့် ညီမျှကြောင်းသိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အစာစားပြီးနောက် အစာခြေဖို့အတွက် အောက်ဆီဂျင်ကိုစုပ်ယူတဲ့အခါဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓါတ်တွေက အောက်ဆီဂျင်ကိုဟန့်တားထားပြီး သင့်ရဲ့ခန္ဓာကိုယ်က ကင်ဆာဖြစ်စေတဲ့ ကာဆီနိုဂျင်ကို သာမာန်ထက်ပိုပြီး စုပ်ယူတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အစာစားပြီးပြီးချင်း ဆေးလိပ်သောက်ခြင်းဟာ အူသိမ်အူမအန္တရာယ်နဲ့ အဆုတ်ကင်ဆာကိုဖြစ်ပွားမှုကို တိုးပွားစေတာကြောင့် အစာစားပြီးပြီးချင်း ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

၃။ ရေချိုးခြင်း
အစာစားပြီးပြီးချင်း ရေချိုးခြင်းကြောင့် ကျွန်တော်တို့ရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သွေးစီးဆင်းမှု တိုးပွားစေတာကြောင့် အစာအိမ်ဆီသို့ သွေးစီးဆင်းမှုကို လျော့ကျသွားစေပါတယ်။ ဒါကြောင့် အစာခြေစနစ်အားနည်းခြင်း၊ အစာအိမ်ဝေဒနာဖြစ်ပွားခြင်း စတဲ့အခြေအနေတွေကို ဖြစ်ပွားစေတာကြောင့် အစာစားပြီးနာရီအနည်းငယ်လောက်ခြားမှသာ ရေချိုးသင့်ပါတယ်။

၄။ သစ်သီးအချိုတည်းခြင်း
သစ်သီးဝလံတွေကို အစာစားပြီးချိန်မှလွဲ၍ အချိန်တိုင်းစားသုံးနိုင်ပါတယ်။ အစာအိမ်ထဲမှာ အစာမရှိတဲ့အချိန်တွေဆို သစ်သီးစားခြင်းဟာ ပိုကောင်းတဲ့အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်စားလိုက်တဲ့သစ်သီးကို အစာခြေဖို့အတွက် ကွဲပြားတဲ့ အင်ဇိုင်းတွေထုတ်ပေးဖို့လိုအပ်ပြီး သစ်သီးထဲမှာပါတဲ့ သာမန်သကြားဓါတ်လိုအရာတွေကို ခန္ဓာကိုယ်ကပြည့်ဝစွာစုပ်ယူဖို့အတွက် အချိန်ပိုလိုအပ်တာကြောင့် ဖြစ်ပါတယ်။ သင့်ဗိုက်ထဲမှာ ဘာမှမရှိတဲ့အတွက် လိုအပ်တဲ့အာဟာရဓါတ်တွေ၊ အမျှင်ဓါတ်တွေ၊ သကြားဓါတ်တွေကို ပိုမိုစုပ်ယူနိုင်ပါတယ်။ အစာစားပြီးပြီးချင်း သစ်သီးတွေစားခြင်းကြောင့် အစာမကြေခြင်း၊ ရင်ပူခြင်းနဲ့ အခြားနာကျင်ကိုက်ခဲခြင်းတို့ကို ဖြစ်ပွားစေနိုင်တာကြောင့် အစာစားပြီးနောက် အချိန်ခြားပြီးမှသာ စားသုံးသင့်ပါတယ်။

၅။ လ္ဘက်ရည်သောက်ခြင်း
စားစားပြီးပြီးခြင်း လ္ဘက်ရည်သောက်ခြင်းဟာ ခန္ဓာကိုယ်က သံဓါတ်စုပ်ယူမှုကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ လ္ဘက်ရည်ထဲမှာပါတဲ့ Tannic acid ဟာကျွန်တော်တို့ရဲ့ စားလိုက်တဲ့အစားအစာတွေထဲက ပရိုတိန်းဓာတ်၊သံဓာတ်တွေကိုအစိုင်အခဲဖြစ်ပွားစေပြီး အစာအိမ်ကအစာမချက်နိုင်အောင်တားဆီးစေပါတယ်။ ဒါကြောင့် ရလာဒ်အနေနဲ့ သံဓာတ်စုပ်ယူနိုင်မှုကို ၈၇% ထိလျော့ကျစေနိုင်ပြီး သံဓာတ်နည်းပါးခြင်းကြောင့် ြစ်တတ်တဲ့ သွေးအားနည်းရောဂါလိုမျိုးကို အစပျိုးစေပါတယ်။ အစာစားပြီးပြီးချင်း လ္ဘက်ရည်သောက်ခြင်းကြောင့် သွေးထဲမှာသွေးနီဥများကို လျော့နည်းစေခြင်း၊ အလွန်အမင်းပင်ပန်းစေခြင်း၊ အားနည်းခြင်း၊ အရေပြားအရောင်ဖျော့ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လက်သည်းခြေသည်းတွေ ကျွတ်ဆတ်ခြင်း၊ လက်ဖျားခြေဖျားတွေ အေးစက်ခြင်းနဲ့ အစာစားချင်စိတ်ပျောက်ကွယ်ခြင်း စတဲ့ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် နောက်တခါသင်အစာစားပြီးတာနဲ့ချက်ခြင်း လဲလျောင်းခြင်း၊ သစ်သီးတွေစားးခြင်း၊ လ္ဘက်ရည်သောက်ခြင်း ဒါမှမဟုတ် ရေချိုးတဲ့အလေ့အထတွေကို တတ်နိုင်သလောက်ရှောင်ရှားဖို့ မှတ်သားထားသင့်ပြီး ဆေးလိပ်သောက်ခြင်းအလေ့ကို ဖြတ်ဖို့ အကြံပေးလိုပါတယ်။

Source-Healthy and Natural Life
Mind Body Green, Dr. Oz, Anemia

LM_Naung_Naung

Lifestyle_Myanmar

အစာစားၿပီးၿပီးခ်င္း ဘယ္ေတာ့မွမလုပ္သင့္တဲ့ အရာ (၅)ခ်က္

လူတိုင္းလိုလို စိတ္တိုင္းက်အစာစားၿပီးေနာက္ ခဏလဲေလ်ာင္းၿပီးအနားယူျခင္း ဒါမွမဟုတ္ လဲေလ်ာင္းၿပီးတီဗြီၾကည့္ျခင္းတို႔ကို ျပဳလုပ္တတ္ၾကပါတယ္။ ဒါေပမယ့္ အစာစားၿပီးၿပီးခ်င္း ယခုလိုလုပ္ေဆာင္တာဟာ ဆိုးဝါးတဲ့လုပ္ေဆာင္ခ်က္ေတြ ျဖစ္ေၾကာင္းကိုေတာ့ သိတဲ့သူနည္းပါတယ္။ ဒီလို မေကာင္းတဲ့အေလ့အက်င့္ ေသးေသးေလးေတြကေန ကြၽန္ေတာ္တို႔ရဲ႕က်န္းမာေရးအေပၚကို သက္ေရာက္မႈျဖစ္တတ္တာေၾကာင့္ Lifestyle Myanmar ပရိသတ္ေတြေရွာင္ရွားေစႏိုင္ရန္အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အိပ္စက္ျခင္း
အစာစားၿပီးၿပီးခ်င္း အိပ္စက္ျခင္းေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕အစာအိမ္ကို မ်ားစြာထိခိုက္ေစပါၿပီး မသက္မသာျဖစ္ျခင္း၊ ေဖာေရာင္ျခင္း နဲ႔ အိပ္စက္ျခင္းပုံစံမမွန္ျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။ Loannina ေဆးတကၠသိုလ္ရဲ႕ ေလ့လာမႈတစ္ခုအရ အစာစားၿပီးၿပီးခ်င္းမအိပ္စက္ပဲ ၾကာမွအိပ္ရာဝင္တဲ့သူေတြဟာ ေလျဖတ္ေရာဂါခံစားရမႈကို ေလ်ာ့နည္းေစႏိုင္ေၾကာင္း သိရွိရပါတယ္။ ဒါေၾကာင့္ အစာစားၿပီးၿပီးခ်င္း မအိပ္စက္သင့္ေၾကာင္းကို မိမိတို႔ရဲ႕စိတ္ထဲမွာ စြဲေနေအာင္မွတ္သားထားရမွာျဖစ္ၿပီး နာရီအနည္းငယ္ေလာက္ၾကာမွသာ အိပ္စက္သင့္ေၾကာင္း အႀကံေပးလိုပါတယ္။

၂။ ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ေသာက္ျခင္းဟာ က်န္မာေရးထိခိုက္မႈကို ဆိုးဝါးစြာျဖစ္ေစႏိုင္ေၾကာင္း လူတိုင္းသိေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ ေဆးလိပ္ေသာက္ျခင္းကို မစြန႔္လႊတ္ႏိုင္ၾကေသးပါဘူး။ေလ့လာမႈေတြရဲ႕အဆိုအရ အစာစားၿပီးၿပီးခ်င္း ေဆးလိပ္ေသာက္တာဟာ အဆုတ္ကိုပိုမိုထိခိုက္ေစႏိုင္ၿပီး ေဆးလိပ္တလိပ္ေသာက္ျခင္းဟာ ေဆးလိပ္ ၁၀ လိပ္စာေသာက္ျခင္းႏွင့္ ညီမွ်ေၾကာင္းသိရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အစာစားၿပီးေနာက္ အစာေျခဖို႔အတြက္ ေအာက္ဆီဂ်င္ကိုစုပ္ယူတဲ့အခါေဆးလိပ္ထဲမွာပါတဲ့ နီကိုတင္းဓါတ္ေတြက ေအာက္ဆီဂ်င္ကိုဟန႔္တားထားၿပီး သင့္ရဲ႕ခႏၶာကိုယ္က ကင္ဆာျဖစ္ေစတဲ့ ကာဆီႏိုဂ်င္ကို သာမာန္ထက္ပိုၿပီး စုပ္ယူတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ အစာစားၿပီးၿပီးခ်င္း ေဆးလိပ္ေသာက္ျခင္းဟာ အူသိမ္အူမအႏၲရာယ္နဲ႔ အဆုတ္ကင္ဆာကိုျဖစ္ပြားမႈကို တိုးပြားေစတာေၾကာင့္ အစာစားၿပီးၿပီးခ်င္း ေဆးလိပ္ေသာက္ျခင္းကို ေရွာင္က်ဥ္သင့္ပါတယ္။

၃။ ေရခ်ိဳးျခင္း
အစာစားၿပီးၿပီးခ်င္း ေရခ်ိဳးျခင္းေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ လက္ေတြ၊ ေျခေထာက္ေတြနဲ႔ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ေသြးစီးဆင္းမႈ တိုးပြားေစတာေၾကာင့္ အစာအိမ္ဆီသို႔ ေသြးစီးဆင္းမႈကို ေလ်ာ့က်သြားေစပါတယ္။ ဒါေၾကာင့္ အစာေျခစနစ္အားနည္းျခင္း၊ အစာအိမ္ေဝဒနာျဖစ္ပြားျခင္း စတဲ့အေျခအေနေတြကို ျဖစ္ပြားေစတာေၾကာင့္ အစာစားၿပီးနာရီအနည္းငယ္ေလာက္ျခားမွသာ ေရခ်ိဳးသင့္ပါတယ္။

၄။ သစ္သီးအခ်ိဳတည္းျခင္း
သစ္သီးဝလံေတြကို အစာစားၿပီးခ်ိန္မွလြဲ၍ အခ်ိန္တိုင္းစားသုံးႏိုင္ပါတယ္။ အစာအိမ္ထဲမွာ အစာမရွိတဲ့အခ်ိန္ေတြဆို သစ္သီးစားျခင္းဟာ ပိုေကာင္းတဲ့အက်ိဳးေက်းဇူးေတြ ရရွိေစႏိုင္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သင္စားလိုက္တဲ့သစ္သီးကို အစာေျခဖို႔အတြက္ ကြဲျပားတဲ့ အင္ဇိုင္းေတြထုတ္ေပးဖို႔လိုအပ္ၿပီး သစ္သီးထဲမွာပါတဲ့ သာမန္သၾကားဓါတ္လိုအရာေတြကို ခႏၶာကိုယ္ကျပည့္ဝစြာစုပ္ယူဖို႔အတြက္ အခ်ိန္ပိုလိုအပ္တာေၾကာင့္ ျဖစ္ပါတယ္။ သင့္ဗိုက္ထဲမွာ ဘာမွမရွိတဲ့အတြက္ လိုအပ္တဲ့အာဟာရဓါတ္ေတြ၊ အမွ်င္ဓါတ္ေတြ၊ သၾကားဓါတ္ေတြကို ပိုမိုစုပ္ယူႏိုင္ပါတယ္။ အစာစားၿပီးၿပီးခ်င္း သစ္သီးေတြစားျခင္းေၾကာင့္ အစာမေၾကျခင္း၊ ရင္ပူျခင္းနဲ႔ အျခားနာက်င္ကိုက္ခဲျခင္းတို႔ကို ျဖစ္ပြားေစႏိုင္တာေၾကာင့္ အစာစားၿပီးေနာက္ အခ်ိန္ျခားၿပီးမွသာ စားသုံးသင့္ပါတယ္။

၅။ လၻက္ရည္ေသာက္ျခင္း
စားစားၿပီးၿပီးျခင္း လၻက္ရည္ေသာက္ျခင္းဟာ ခႏၶာကိုယ္က သံဓါတ္စုပ္ယူမႈကို အေႏွာက္အယွက္ ျဖစ္ေစႏိုင္ပါတယ္။ လၻက္ရည္ထဲမွာပါတဲ့ Tannic acid ဟာကြၽန္ေတာ္တို႔ရဲ႕ စားလိုက္တဲ့အစားအစာေတြထဲက ပ႐ိုတိန္းဓာတ္၊သံဓာတ္ေတြကိုအစိုင္အခဲျဖစ္ပြားေစၿပီး အစာအိမ္ကအစာမခ်က္ႏိုင္ေအာင္တားဆီးေစပါတယ္။ ဒါေၾကာင့္ ရလာဒ္အေနနဲ႔ သံဓာတ္စုပ္ယူႏိုင္မႈကို ၈၇% ထိေလ်ာ့က်ေစႏိုင္ၿပီး သံဓာတ္နည္းပါးျခင္းေၾကာင့္ ျစ္တတ္တဲ့ ေသြးအားနည္းေရာဂါလိုမ်ိဳးကို အစပ်ိဳးေစပါတယ္။ အစာစားၿပီးၿပီးခ်င္း လၻက္ရည္ေသာက္ျခင္းေၾကာင့္ ေသြးထဲမွာေသြးနီဥမ်ားကို ေလ်ာ့နည္းေစျခင္း၊ အလြန္အမင္းပင္ပန္းေစျခင္း၊ အားနည္းျခင္း၊ အေရျပားအေရာင္ေဖ်ာ့ျခင္း၊ ရင္ဘတ္ေအာင့္ျခင္း၊ လက္သည္းေျခသည္းေတြ ကြၽတ္ဆတ္ျခင္း၊ လက္ဖ်ားေျခဖ်ားေတြ ေအးစက္ျခင္းနဲ႔ အစာစားခ်င္စိတ္ေပ်ာက္ကြယ္ျခင္း စတဲ့ဆိုးက်ိဳးေတြကို ျဖစ္ေစႏိုင္ပါတယ္။
ဒါေၾကာင့္ ေနာက္တခါသင္အစာစားၿပီးတာနဲ႔ခ်က္ျခင္း လဲေလ်ာင္းျခင္း၊ သစ္သီးေတြစားးျခင္း၊ လၻက္ရည္ေသာက္ျခင္း ဒါမွမဟုတ္ ေရခ်ိဳးတဲ့အေလ့အထေတြကို တတ္ႏိုင္သေလာက္ေရွာင္ရွားဖို႔ မွတ္သားထားသင့္ၿပီး ေဆးလိပ္ေသာက္ျခင္းအေလ့ကို ျဖတ္ဖို႔ အႀကံေပးလိုပါတယ္။

Source-Healthy and Natural Life
Mind Body Green, Dr. Oz, Anemia

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here