အင်တာပိုက အလိုအရှိဆုံးအမျိုးသား ထိုင်းနိုင်ငံမှာဇနီးကို အသားကင်ကူရောင်းနေတဲ့ပုံ ပျံ့နှံပြီးနောက် ဖမ်းဆီးခံရ
0
1434
အင်တာပိုက အလိုအရှိဆုံး နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဂျာမန်အမျိုးသားတစ်ယောက်ဟာ ထိုင်းနိုင်ငံ Pak Chong လမ်းမပေါ်မှာ ဇနီးဖြစ်သူ ထိုင်းသမျိုးသမီးကို အသားကင်ကူရောင်းပေးနေရင်း အမည်မသိသူတစ်ယောက်က ဓါတ်ပုံတွေရိုက်ပြီး အွန်လိုင်းမှာတင်ခဲ့တဲ့အတွက် ရဲတွေက သူ့ကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ Maximilian Fernsevbner ဆိုသူဟာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ အလိုအရှိဆုံး ဝရမ်းပြေးတစ်ယောက်ဖြစ်ပြီး ယခုလိုထိုင်းနိုင်ငံကို ရောက်ရှိပြီး တရားမဝင်နေထိုင်နေတာကို မသိရှိခဲ့ကြကြောင်း ပြောခဲ့ပါတယ်။
သူ့ရဲ့ဇနီးဖြစ်သူ Nan ဆိုတဲ့ထိုင်းအမျိုးသမီးရဲ့ မိခင်ဖြစ်သူဟာ မကျန်းမမာဖြစ်လျက်ရှိပြီး ဆေးဖိုးအတွက် ယခုလိုသူကစျေးဝိုင်းရောင်းပေးနေတဲ့အချိန် ပြည်သူတစ်ယောက်က သူတို့လင်မယားကို ကူညီတဲ့အနေနဲ့ အသားကင်တွေကို အားပေးဖို့ မေလပိုင်းလောက်က အွန်လိုင်းမှာပိုစ့်တင်ရင်း ရဲတွေသိရှိခဲ့တာဖြစ်ပါတယ်။ Fernsevbner ဟာ စိတ်ကြွဆေးနဲ့ မူးယစ်ဆေးပြားတွေကို အွန်လိုင်းကတဆင့်ရောင်းချခြင်း ခိုးမှုတွေနဲ့ ကလေးလိင်မှုညစ်ညမ်းပစ္စည်းတွေကို ဖြန့်ဖြူးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ပုံတွေအွန်လိုင်းမှာ ပျံ့ခဲ့တုန်းက သတင်းသမားတွေဟာ သူ့ရဲ့နာမည်ကို သိရှိဖို့ကြိုးစားခဲ့ကြပြီး တချို့က ဂျာမနီသံရုံးကို ပုံတွေပို့ပြီး မေးမြန်းခဲ့တာကြောင့် သံရုံးကတဆင့် သူဟာအင်တာပိုရဲ့ အလိုရှိနေတဲ့ ဝရမ်းပြေးဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက သိရှိခဲ့တာဖြစ်ပါတယ်။
သူဟာထိုင်းနိုင်ငံထဲကို ၂၀၁၇ လောက်ကဝင်ရောင်ခဲ့ပြီး တရားမဝင်နေထိုင်ခဲ့သူပါ။ ထိုအချိန်က အင်တာပိုရဲ့ဝရမ်းဟာလည်း ထိုင်နိုင်ငံကိုမရောက်သေးတဲ့အတွက် ထိုင်းရဲတွေ သိရှိခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ သူ့ကိုဖမ်းဆီးဖို့အတွက် မေလတုန်းက ထိုင်းရဲတွေနဲ့ လဝကအရာရျိတွေဟာ သူ့ရဲ့အိမ်ကိုချက်ချင်းသွားရောက်ခဲ့ပေမယ့် သူကတိမ်းရှောင်သွားတဲ့အတွက် မမိလိုက်ပါဘူး။ ထိုင်းရဲတွေဟာ သူနေခဲ့တဲ့ ပတ်ဝန်းကျင်မှုပဲ သူ့ကိုတစ်လကျော်လောက် စောင့်နေခဲ့ကြပေမယ့် သူကပေါ်မလာပါဘူး။ ထို့နောက် ကံကောင်းထောက်မစွာ ဒေသခံတွေက အမည်မသိ နိုင်ငံခြားသားတစ်ယောက်ကို ခရိုင်အတွင်းက လူသူမရှိတဲ့ နေရာတစ်ခုမှာ မကြာခဏွေ့မြင်ရကြောင်း ရဲကိုသတင်းပေးခဲ့ကြပါတယ်။ ရဲတွေက အဆိုပါနေရာကို အင်အားအလုံးအရင်းနဲ့ ကင်းပုန်းချပြီး ဖမ်းဆီးဖို့စောင့်ဆိုင်းနေခဲ့ပါတယ်။
သုံးရက်မြောက်နေ့မှာတော့ ဂျာမန်သံရုံးကရဲတွေဆီကို ဖုန်းဆက်ခဲ့ပြီး အဆိုပါတရားခံပြေးဟာ သူကိုယ်တိုင်သံရုံးကိုလာရောက်အဖမ်းခံပြီး ဂျာမနီသို့ လွဲပြောင်းခံစေလိုကြောင်း သူ့ရဲ့မိခင်က သံရုံးကိုဖုန်းဆက်ခဲ့ကြောင်း ထိုင်းရဲတွေက သူယခုလိုထွက်လာလို့မရအောင် ပိတ်ဆို့ထားကြောင်း သံရုံးကထိုင်းရဲတွေနဲ့ ညှိနှိုင်းခဲ့ကြပါတယ်။ ထိုင်းရဲတွေက သဘောတူတဲ့အတွက် လာရောက်အဖမ်းခံတဲ့ Fernsebner ကို အချုပ်ထဲထည့်ထားပြီး ဂျာမနီနိုင်ငံက အာဏာပိုင်တွေဆီလွဲပြောင်းပေးဖို့ ပြင်ဆင်နေကြပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Source
Zawgyi font
LM_Naung_Naung
Lifestyle_Myanmar
Source
LEAVE A REPLY
Please enter your comment!
Please enter your name here