အင်တာနက်သုံးသူတွေ ရွေးချယ်ထားတဲ့ အသက်ငယ်ငယ်နှင့် ချမ်းသာကြွယ်ဝသူ ကိုရီးယား အမျိုးသမီးဆယ်လီ (၁၀)ဦး
0
84
Dish Insider ကပြုလုပ်တဲ့ စစ်တမ်းအရ အင်တာနက်သုံးသူတွေဟာ ဒီနာမည်ကြီးဆယ်လီတွေကို ငယ်ရွယ်ပြီး ချမ်းသာကြွယ်ဝတဲ့ လူနေမှုဘဝပုံစံကို ပိုင်ဆိုင်ထားသူများအနေဖြင့် ရွေးချယ်ခဲ့ကြပါတယ်။ အဆိုပါမဲပေးမှုကို ဇူလိုင်လ ၇ရက်နေ့မှ ဇူလိုင်လ ၁၃ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
-Advertisement-
၁။ Kim Yoo Jung
2.6 ရာခိုင်နှုန်းဖြင့် ၁၀ယောက်မြောက်နေရာမှာ ရရှိခဲ့တဲ့ မင်းသမီး Kim Yoo Jung ဟာ ၂၀၀၃ခုနှစ်မှာ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့တာပါ။ အဲ့ဒီကတည်းက ကိုရီးယားမှာ လူကြိုက်အများဆုံး ကလေးသရုပ်ဆောင်တစ်ယောက် အဖြစ် လူသိများခဲ့ပါတယ်။ သူမကို “ကိုရီးယားရဲ့ညီမလေး” လို့ခေါ်ဝေါ်ခဲ့ကြပါတယ်၊။ ၂၀၁၇ ခုနှစ်တွင် Forbes မဂ္ဂဇင်းမှာ ကိုရီးယားနိုင်ငံရဲ့ ပါဝါအရှိဆုံး ဆယ်လီစာရင်းမှာ နံပါတ် ၈နေရာကနေ ဖော်ပြခံခဲ့ရပါတယ်၊ ထိပ်တန်းဆယ်ယောက်ထဲမှာ အငယ်ဆုံးလည်းဖြစ်ပါတယ်။
၂။ HyunA
HyunA ဟာ 3.2ရာခိုင်နှုန်းနှင့်အတူ ၉ယောက်မြောက်မှာ စာရင်းဝင်ခဲ့ပါတယ်။ HyunA ကို သူမရဲ့ငယ်ရွယ်မှုနှင့် ချမ်းသာကြွယ်ဝတဲ့ လူနေမှုစတိုင်ကြောင့် လူသိများပါတယ်။ တစ်ကိုယ်တော် အဆိုတော်လည်းဖြစ် 4MINUTE, TROUBLEMAKER နှင့် Triple H ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တဲ့ သူမဟာ အလုပ်ကနေ အမြတ်အစွန်းတွေ စုဆောင်းခဲ့ပါတယ်။ သူမဟာ variety shows တွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ HyunA ဟာ ငယ်ရွယ်ပြီး ချမ်းသာကြွယ်ဝတာကြောင့် သူမနဲ့ သူမရဲ့ချစ်သူ E’Dawnအတွက် Rolex နာရီဆင်တူတွေကို တစ်ပြိုင်တည်း ဝယ်ယူခဲ့ပါတယ်။
၃။ MAMAMOO အဖွဲ့ဝင် Hwasa
Hwasa ဟာ 3.3 ရာခိုင်နှုန်းဖြင့် ၈ယောက်မြောက်နေရာမှာ ရှိပါတယ်။ Hwasa ဟာ MAMAMOO ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပြီး အဖွဲ့လိုက်လှုပ်ရှားမှုတွေအပြင် တစ်ကိုယ်တော် activities တွေကနေ ပိုက်ဆံအများကြီး ရရှိခဲ့ပါတယ်။ သူမဟာ တစ်ကိုယ်တော် မြူးဇစ်ကို ပြုလုပ်ခဲ့ပြီး တခြားသူတွေရဲ့ အပုဒ်မှာလည်း တင်ဆက်ခဲ့ပါတယ်။ ပရိတ်သတ်များက သူမရဲ့ တစ်ယောက်တည်းနေတဲ့ ဘဝကို မြင်ပြီးနောက် ငယ်ရွယ်ပြီး ချမ်းသာကြွယ်ဝတဲ့ ဘဝကြောင့် နေနိုင်တာဖြစ်ကြောင်း ယုံကြည်ပါတယ်။
၄။ TWICE အဖွဲ့ဝင် Tzuyu
TWICE အဖွဲ့ဝင် Tzuyu ဟာ 3.9 ရာခိုင်နှုန်းနှင့်အတူ ၇ယောက်မြောက်နေရာမှာ သတ်မှတ်ခံရပါတယ်။ သူမ ပွဲဦးထွက်တဲ့ ရက်တွေ အတွင်းမှာတောင် ပရိတ်သတ်တွေက Tzuyu ဟာ တကယ်ချမ်းသာကြောင်း သိခဲ့ကြပါတယ်။ သူမရဲ့ အမေဟာ ထိုင်ဝမ်မှာ ကော်ဖီဆိုင်တွေရှိသလို အောင်မြင်နေတဲ့ ပလတ်စတစ်ဆာဂျရီဆေးခန်းတွေ ပိုင်ဆိုင်ထားပါတယ်။ သူမမိဘတွေဟာ အောင်မြင်တဲ့ night market တစ်ခုကို လုပ်ကိုင်နေပြီး ထိုင်ဝမ်မှာရှိတဲ့ ဆေးရုံ ၃ရုံမှာလည်း ရင်းနှီးမြုပ်နှံထားပါသေးတယ်။
၅။ CHUNG HA
CHUNG HA ဟာ 5.9ရာခိုင်နှုန်းဖြင့် ၆ယောက်မြောက်နေရာမှာ စာရင်းဝင်ခဲ့ပါတယ်။ CHUNG HA ဟာ I.O.I ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ် မူလက debut လုပ်ခဲ့ပြီး ယခုမှာ တစ်ကိုယ်တော် soloist တစ်ယောက်အဖြစ် လှုပ်ရှားနေပါတယ်။ သူမဟာ ‘Omniscient Interferring View’ပေါ်မှာ ပေါ်ထွက်လာပြီးကတည်းက ပရိတ်သတ်တွေက သူမရဲ့ဖန်စီ သုံးထပ်တိုက်ခန်းကို မြင်ခဲ့ကြပါတယ်။ သူမဟာ ငယ်ရွယ်ပြီး ချမ်းသာတဲ့ ဘဝမှာ နေထိုင်သူလို့ ယုံကြည်ကြပါတယ်။
၆။ IZ*ON အဖွဲ့ဝင် Jang Wonyoung
IZ*ONE အဖွဲ့ဝင် Jang Wonyoung ဟာ 6.0ရာခိုင်နှုန်းဖြင့် ၅ယောက်မြောက်မှာ စာရင်းဝင်ခဲ့ပါတယ်။ အသက်ငယ်သော်လည်း အရပ်အမောင်း၊ ရုပ်ရည်ရူပကာကြောင့် လူသိများပါတယ်။ တခါက သူမဟာ kindergarden English-speaking တစ်ခုကို သွားတယ်လို့ ဖော်ပြခဲ့တာကြောင့် လူအများက Jang Wonyoung ဟာ ချမ်းသာကြွယ်ဝသူလို့ ယုံကြည်ကြပါတယ်၊ kindergardens အင်္ဂလိပ်စကားပြောဟာ ကိုရီးယားမှာ စျေးအရမ်းကြီးပါတယ်။
၇။ BLACKPINKအဖွဲ့ဝင် Jennie
Jennie ဟာ 6.6 ရာခိုင်နှုန်းဖြင့် ၄ယောက်မြောက်နေရာမှာ သတ်မှတ်ခံရပါတယ်။ သူမဟာ BLACKPINK ရဲ့ အဓိကရက်ပ်ပါအဖြစ် ပွဲထွက်ခဲ့ပြီး ယခု သူတို့အဖွဲ့ဟာ ကိုရီးယားအပြင် အမေရိကန်နိုင်ငံမှာပါ လှုပ်ရှားနေပါတယ်။ Jennie ကို ချန်နယ်အမှတ်တံဆိပ်က စပွန်ဆာပေးခဲ့ပါတယ်။
၈။ Suzy
Suzy ဟာ မဲ 9.9ရာခိုင်နှုန်းဖြင့် ၃ယောက်မြောက်နေရာမှာ ရှိပါတယ်။ Nation’s First Love လို့သိလာကြတဲ့နေရာ JYP Entertainment ရဲ့ MissA မိန်းကလေးအဖွဲ့မှာ အိုင်ဒေါတစ်ယောက်အဖြစ် ပထမဆုံး ပွဲထုတ်ခဲ့ပါတယ်။ သူမဟာ ယခု မင်းသမီးတစ်ယောက်အဖြစ် လှုပ်ရှားနေပါတယ်။
၉။ Kim Yuna
စကိတ်မယ်ဟောင်း Kim Yuna ဟာ မဲ 21.1ရာခိုင်နှုန်းဖြင့် ဒုတိယနေရာမှာ သတ်မှတ်ခံရပါတယ်။ စကိတ်အလှပြ ဘုရင်မလို့ သိကြတဲ့ Yuna ဟာ ကိုရီးယားနိုင်ငံရဲ့ အကောင်းဆုံး အားကစားမယ်တစ်ယောက်အဖြစ် သူမရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ထူးခြားတဲ့ စကိတ်စီး အရည်အချင်းမှာ လူသိများပါတယ်။ ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်သူတစ်ဦးဖြစ်ပါတယ်။
၁၀။ IU
IU ဟာ မဲ22.5 ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး စာရင်းမှာ သတ်မှတ်ခံရပါတယ်။ သူမဟာ အဆိုတော် သီချင်းရေးဆရာတစ်ယောက်အဖြစ် မြောက်မြားစွာ ရေးသားခဲ့ပြီး သူမရဲ့ ထူးခြားသော သရုပ်ဆောင်ကျွမ်းကျင်မှုတွေကို ဒရမ်မာအတော်များများမှာ တွေ့နိုင်ပါတယ်။ ဝင်ငွေအမြတ်များစွာ ရရှိထားသူဖြစ်ပြီး သူမရဲ့ ဆိုရှယ်မီဒီယာလွှမ်းမိုးမှုက အမြင့်ဆုံးလို့ သတ်မှတ်ခံထားရပါတယ်။
Lifestyle_Myanmar
LM_Nandar
ZawGyi
၁။ Kim Yoo Jung
၂။ HyunA
၎။ TWICE အဖွဲ့ဝင် Tzuyu
၅။ CHUNG HA
၈။ Suzy
၉။ Kim Yuna
၁၀။ IU
Lifestyle_Myanmar
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here