အင်စတာဂရမ်နဲ့ snapchat မှာ ပုံတွေတင်ပြီး တနှစ်အတွင်း ယူရိုပေါင် ၇၂၀၀၀၀ ကျော်ရှာခဲ့တဲ့ sexy မော်ဒယ်

0
87

လူငယ်တွေအများစုဟာ အလုပ်ဘယ်လောက်ပဲကြိုးစားပါစေ ငွေရဖို့အတွက် ခက်ခဲနေကြောင်း ညည်းတွားနေကြပါတယ်။ တကယ်တော့ အလုပ်ဘယ်လောက်ပဲ ခက်ခဲစွာလုပ်ပါစေ လူတစ်ယောက်လျှောက်လှမ်းနေတဲ့ လမ်းကြောင်းဟာ ကံတရားအရ ကိုက်ညီမှု ရှိမရှိဆိုတာလည်း သက်ဆိုင်နေပါတယ်။ လျှောက်တဲ့လမ်းကြောင်းတူပေမယ့် သူ့လောက်ငွေမဝင်တာဟာ သင့်ရဲ့အပြစ်မဟုတ်ပဲ သင်နဲ့အပ်စပ်တဲ့လမ်းကြောင်းကို မရောက်သေးတာလည်း ဖြစ်နိုင်ပါတယ်။ Abigali Ratchford ဆိုတဲ့ မော်ဒယ်တစ်ယောက်ကတော့ အင်စတာဂရမ်နဲ့ snapchat မှာသူမရဲ့ပုံတွေကိုတင်ပြီး ယူရိုပေါင် ၇၂၀၀၀၀ ($၉၀၇၃၄၄) ကို တနှစ်အတွင်းရှာနိုင်ခဲ့ပါတယ်။

-Advertisement-

သူမဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီး အင်စတာဂရမ်မှာ ဖော်လိုဝါ ၉သန်းကျော် ရှိသလို သူမရဲ့ပိုစ့်တစ်ခုဟာလည်း ပျမ်းမျှ ပေါင် ၆၃၀၀ ( $7937) လောက် ဝင်ငွေရရှိကြောင်း သိရပါတယ်။ သူမဟာ အမေရိကန်နိုင်ငံသူဖြစ်ပြီး အရင်တည်းက ပြက္ခဒိန်နဲ့ brands တွေအတွက် ဓါတ်ပုံမော်ဒယ်အလုပ်ကို လုပ်ကိုင်ခဲ့ပြီး ယူရိုပေါင် သန်းနဲ့ချီ ရှာနိုင်ခဲ့သူတစ်ယောက်ပါ။ ယခုလိုဆိုရှယ်မီဒီယာကနေ ဝင်ငွေရှာဖို့အတွက် အစီအစဉ်မရှိခဲ့ပဲ မတော်တဆသဘောမျိုးနဲ့ ဝင်ငွေရှာနိုင်မယ့် လမ်းကြောင်းတွေကို တွေ့ခဲ့တာဖြစ်ကြောင်း သူမဆိုပါတယ်။ သူမရဲ့ပုံတွေကို လူတွေက အာရုံစိုက်ခဲ့တဲ့အတွက် အရင်ဆုံးသူမဖော်လိုဝါတိုးလာဖို့ လုပ်ခဲ့ကြောင်း ထို့နောက် brand တွေနဲ့ချိတ်ဆက်ပြီး သူတို့ကုန်ပစ္စည်းတွေကို သုံးပြတာတွေ ရောင်းချတာတွေ ပြုလုပ်ခဲ့ပြီး ဝင်ငွေအမြောက်အများရရှိလာခဲ့ပါတယ်။

brand တွေနဲ့ စာချုပ်ချုပ်ဖို့ကိစ္စတွေ ကြော်ငြာတွေဟာ သူမရဲ့အီးမေးလ်မှတဆင့် မန်နေဂျာနဲ့လွဲထားကြောင်း သူမရဲ့ဘဝမှာ skin care တွေ ဘစ်ကနီတွေ စတဲ့အရာတွေကိုသုံးစွဲရတာ နှစ်သက်တဲ့အတွက် သူမရဲ့အလုပ်နဲ့ ကိုက်ညီနေကြောင်း သူမကပြောပါတယ်။ အောင်မြင်မှုအတွက် လှို့ဝှက်ချက်အကြောင်းကို မေးတဲ့အခါ သူမက တိုက်ခိုက်သူတွေရဲ့ စကားကိုလုံးဝဂရုမစိုက်ပဲ ဉပေက္ခာပြုထားပြီး တကယ်လို့အောင်မြင်မှု ပန်းတိုင်အကြီးကြီးကို သင်ဆွတ်ခူးချင်ရင် အတိုက်အခံတွေကို သေးသွားအောင် မြင်တတ်ရကြောင်း သူမကပြောခဲ့ပါတယ်။

သူမရဲ့အိမ်မှာ whiteboard အမြောက်အများထားရှိပြီး သူမဖြစ်ချင်တဲ့အရာတွေ လိုချင်တာတွေကို ရေးထားလေ့ရှိကြောင်း ကိုယ့်ကိုယ်ကိုအကောင်းမြင်ဖို့အတွက် အမြဲကြိုးစားနေကြောင်းလည်း သူမကပြောခဲ့ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Source

Zawgyi

အင္စတာဂရမ္နဲ႔ snapchat မွာ ပုံေတြတင္ၿပီး တႏွစ္အတြင္း ယူ႐ိုေပါင္ ၇၂၀၀၀၀ ေက်ာ္ရွာခဲ့တဲ့ sexy ေမာ္ဒယ္
လူငယ္ေတြအမ်ားစုဟာ အလုပ္ဘယ္ေလာက္ပဲႀကိဳးစားပါေစ ေငြရဖို႔အတြက္ ခက္ခဲေနေၾကာင္း ညည္းတြားေနၾကပါတယ္။ တကယ္ေတာ့ အလုပ္ဘယ္ေလာက္ပဲ ခက္ခဲစြာလုပ္ပါေစ လူတစ္ေယာက္ေလွ်ာက္လွမ္းေနတဲ့ လမ္းေၾကာင္းဟာ ကံတရားအရ ကိုက္ညီမႈ ရွိမရွိဆိုတာလည္း သက္ဆိုင္ေနပါတယ္။ ေလွ်ာက္တဲ့လမ္းေၾကာင္းတူေပမယ့္ သူ႔ေလာက္ေငြမဝင္တာဟာ သင့္ရဲ႕အျပစ္မဟုတ္ပဲ သင္နဲ႔အပ္စပ္တဲ့လမ္းေၾကာင္းကို မေရာက္ေသးတာလည္း ျဖစ္ႏိုင္ပါတယ္။ Abigali Ratchford ဆိုတဲ့ ေမာ္ဒယ္တစ္ေယာက္ကေတာ့ အင္စတာဂရမ္နဲ႔ snapchat မွာသူမရဲ႕ပုံေတြကိုတင္ၿပီး ယူ႐ိုေပါင္ ၇၂၀၀၀၀ ($၉၀၇၃၄၄) ကို တႏွစ္အတြင္းရွာႏိုင္ခဲ့ပါတယ္။ သူမဟာ အသက္ ၂၇ ႏွစ္အ႐ြယ္ရွိၿပီး အင္စတာဂရမ္မွာ ေဖာ္လိုဝါ ၉သန္းေက်ာ္ ရွိသလို သူမရဲ႕ပိုစ့္တစ္ခုဟာလည္း ပ်မ္းမွ် ေပါင္ ၆၃၀၀ ( $7937) ေလာက္ ဝင္ေငြရရွိေၾကာင္း သိရပါတယ္။ သူမဟာ အေမရိကန္ႏိုင္ငံသူျဖစ္ၿပီး အရင္တည္းက ျပကၡဒိန္နဲ႔ brands ေတြအတြက္ ဓါတ္ပုံေမာ္ဒယ္အလုပ္ကို လုပ္ကိုင္ခဲ့ၿပီး ယူ႐ိုေပါင္ သန္းနဲ႔ခ်ီ ရွာႏိုင္ခဲ့သူတစ္ေယာက္ပါ။ ယခုလိုဆိုရွယ္မီဒီယာကေန ဝင္ေငြရွာဖို႔အတြက္ အစီအစဥ္မရွိခဲ့ပဲ မေတာ္တဆသေဘာမ်ိဳးနဲ႔ ဝင္ေငြရွာႏိုင္မယ့္ လမ္းေၾကာင္းေတြကို ေတြ႕ခဲ့တာျဖစ္ေၾကာင္း သူမဆိုပါတယ္။ သူမရဲ႕ပုံေတြကို လူေတြက အာ႐ုံစိုက္ခဲ့တဲ့အတြက္ အရင္ဆုံးသူမေဖာ္လိုဝါတိုးလာဖို႔ လုပ္ခဲ့ေၾကာင္း ထို႔ေနာက္ brand ေတြနဲ႔ခ်ိတ္ဆက္ၿပီး သူတို႔ကုန္ပစၥည္းေတြကို သုံးျပတာေတြ ေရာင္းခ်တာေတြ ျပဳလုပ္ခဲ့ၿပီး ဝင္ေငြအေျမာက္အမ်ားရရွိလာခဲ့ပါတယ္။ brand ေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ကိစၥေတြ ေၾကာ္ျငာေတြဟာ သူမရဲ႕အီးေမးလ္မွတဆင့္ မန္ေနဂ်ာနဲ႔လြဲထားေၾကာင္း သူမရဲ႕ဘဝမွာ skin care ေတြ ဘစ္ကနီေတြ စတဲ့အရာေတြကိုသုံးစြဲရတာ ႏွစ္သက္တဲ့အတြက္ သူမရဲ႕အလုပ္နဲ႔ ကိုက္ညီေနေၾကာင္း သူမကေျပာပါတယ္။ ေအာင္ျမင္မႈအတြက္ လႈိ႕ဝွက္ခ်က္အေၾကာင္းကို ေမးတဲ့အခါ သူမက တိုက္ခိုက္သူေတြရဲ႕ စကားကိုလုံးဝဂ႐ုမစိုက္ပဲ ဉေပကၡာျပဳထားၿပီး တကယ္လို႔ေအာင္ျမင္မႈ ပန္းတိုင္အႀကီးႀကီးကို သင္ဆြတ္ခူးခ်င္ရင္ အတိုက္အခံေတြကို ေသးသြားေအာင္ ျမင္တတ္ရေၾကာင္း သူမကေျပာခဲ့ပါတယ္။
သူမရဲ႕အိမ္မွာ whiteboard အေျမာက္အမ်ားထားရွိၿပီး သူမျဖစ္ခ်င္တဲ့အရာေတြ လိုခ်င္တာေတြကို ေရးထားေလ့ရွိေၾကာင္း ကိုယ့္ကိုယ္ကိုအေကာင္းျမင္ဖို႔အတြက္ အၿမဲႀကိဳးစားေနေၾကာင္းလည္း
သူမကေျပာခဲ့ပါတယ္။
LM_Naung_Naung
Lifestyle_Myanmar
Source

LEAVE A REPLY

Please enter your comment!
Please enter your name here