သင့်ရဲ့ “လက်တွဲဖော်”ကို ရှာတွေ့တဲ့အခါ နှလုံးသား ပါဝင်တယ်လို့ ပြောလေ့ရှိပေမယ့် ဦးနှောက်က ဒီစိတ်လှုပ်ရှားမှုတွေနှင့် အချစ်နဲ့ပတ်သက်တဲ့ တခြားခံစားချက်တွေ ခံစားလာစေဖို့ တာဝန်ရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ အချစ်နဲ့ သင့်ဦးနှောက်ကြားက တုံ့ပြန်မှုကို လေ့လာပြီး ချစ်မိတဲ့အခါ သင့်စိတ်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ ပြောပြချင်ပါတယ်။
အချစ်နဲ့ ဦးနှောက်
အချစ်ဆိုတာ အထူးပုဂ္ဂိုလ်တစ်ယောက်နဲ့ နီးကပ်နေဖို့လိုတဲ့၊ တိမ်တွေထဲမှာ လွင့်မျောခြင်းရဲ့လှပသော ခံစားချက်တစ်ခုပါ။ သို့သော် ချစ်ခြင်းမေတ္တာနဲ့ ဆက်စပ်နေတဲ့ စိတ်ခံစားမှုအားလုံးက ” ရိုမန့်တစ်” မဟုတ်ပါဘူး။ တကယ်တော့ အများစုက ဦးနှောက်ကနေ လာတာပါ။

သင့်စိတ်က မတူညီတဲ့ ဓါတုပစ္စည်း (neurotransmitters နဲ့ ဟော်မုန်းတွေ) ကို ထုတ်ပေးတာကြောင့် သင့်အား စွဲလမ်းခြင်းရဲ့ အဆက်မပြတ် အခြေအနေမှာ ရှိနေစေပါတယ်။ ဟုတ်ပါတယ်၊ နှလုံးသားနဲ့ စိတ်လှုပ်ရှားမှုတွေအကြောင်း ပြောရတာ ပိုကဗျာဆန်ပါတယ်။ သို့သော်လည်း ယခုအခါမှာ သိပ္ပံပညာက ကဗျာဆရာတွေ၊ ဂီတပညာရှင်တွေနဲ့ စာရေးဆရာတွေအတွက် ထားရစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာကို ပိုင်းခြားစိတ်ဖြာဖို့ တာဝန်ရှိပါတယ်။
သိပ္ပံပညာက အချစ်နဲ့ ဦးနှောက်အကြောင်း စိတ်ဝင်စားဖွယ်ရာများစွာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အချစ်နဲ့တွေ့တဲ့အခါ သင့်အာရုံကြောစနစ်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါက မှော်ဆန်တာမဟုတ်ပါဘူး။ ဇီဝဗေဒသာ ဖြစ်ပါတယ်။ သင်ဟာ ချစ်မိသွားတဲ့အခါ ပုံမှန်စကားမပြောနိုင်တော့ဘူး၊ ချွေးသီးချွေးပေါက် ကျလာပြီး သင့်ရန်ခုန်သံတွေ မြန်လာတယ်၊ ပါးတွေရဲလာပါတယ်။ ဒါတွေအားလုံးက သင့်အတွင်းပိုင်း ဓါတု ပြောင်းလဲမှုကြောင့် ဖြစ်တာပါ။
နောက်ထပ်ရှိပါသေးတယ်၊ ချစ်မိသွားတဲ့ ကနဦးအဆင့်မှာ သင်ဟာ အခြားသူတစ်ယောက်မှ သတိပြုမိမယ့် အနံ့အသက် အချက်ပြတွေ၊ pheromones တွေကို ထုတ်ပါတယ်။ ထိုသို့ဖြစ်လာတာနှင့် တပြိုက်နက်တည်း နောက်တဆင့်မှာ adrenaline နဲ့ noradrenaline ဟော်မုန်းနှစ်မျိုး ထုတ်လုပ်မှု တိုးလာပါတယ်။

- နှစ်ခုလုံးက သင့်ကို ဆွဲဆောင်မှုရှိတယ်လို့ ခံစားရစေပါတယ်။
- ပထမတစ်မျိုးက သင့်သွေးဖိအားကို မြှင့်တင်ပေးပြီး သွေးခုန်နှုန်းကို မြန်စေပါတယ်။
- ဒုတိယတစ်မျိုးက သင်ချစ်ရသူနဲ့ နီးစပ်တဲ့အခါတိုင်း လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုနဲ့ စိတ်ချမ်းသာမှုတို့အတွက် တာဝန်ရှိပါတယ်။
ဒီအဆင့်မှာ testosterone လို့ခေါ်တဲ့ အခြားဟော်မုန်းတစ်မျိုးလည်း ပါဝင်ပါတယ်။ အမျိုးသားတွေနဲ့ ပိုမိုဆက်စပ်မှုရှိသော်လည်း အမျိုးသမီးတွေမှာလည်း ဒါကို (နည်းနည်းပါးပါး) တွေ့ကြုံခံစားနိုင်ပါတယ်။ ဒါက လိင်စိတ်ဆန္ဒခံစားရတဲ့အခါ ဖြစ်ပေါ်လာတဲ့ aphrodisiac (ကာမအားတိုးဆေး) အမျိုးအစားတစ်ခုပါ။
အချစ်စစ်၊ ဟော်မုန်းနဲ့ ဦးနှောက်
အဲဒီကြည်နူးမှုတွေနဲ့ ကိလေသာရဲ့ ပထမဆုံးအခိုက်အတန့်တွေအပြီးမှာ စစ်မှန်တဲ့ အချစ်ဆိုတာ ပေါ်လာပါတယ်။ ၎င်းနှင့်အတူ သင့်ဦးနှောက်မှာ ဟော်မုန်းတွေ ပိုထုတ်လုပ်ပါတယ်။ သူတို့ထဲမှ တစ်ခုက phenylethylamine or PEA ဖြစ်ပါတယ်။
ဒီသဘာဝအမ်ဖီတမင်းက လှုံ့ဆော်ခြင်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ၎င်းက သင့်အား စိတ်လှုပ်ရှားစေပြီး သင်ချစ်ရသူမှလွဲပြီး တခြားအရာတွေကိုမတွေးချင်တော့ပါဘူး။ သင်က သူတို့ကို ဂရုစိုက်ချင်တယ်။ သူတို့ကို ချော့ချင်တယ်၊ သူတို့နဲ့ တစ်ချိန်လုံး ရှိနေချင်ပါတယ်။ ဒီဟော်မုန်းက သင့်ခံယူချက်ကို ပြောင်းလဲစေပြီး သင့်ရဲ့ လက်တွဲဖော်က ပြီးပြည့်စုံပြီး အပြစ်အနာအဆာမရှိဘူးလို့ သင့်ကို ယုံကြည်စေပါတယ်။

၎င်းက သင့်ဦးနှောက်အတွင်းရှိ အခြားသော neurotransmitters တွေဖြစ်ပေါ်စေဖို့ အတွက်လည်း တာဝန်ယူပါတယ်။ ဥပမာအားဖြင့် dopamine ဟော်မုန်းက ပျော်ရွှင်မှုနဲ့ အားဖြည့်မှုအတွက် တာဝန်ယူပါတယ်။ ဒါ့ကြောင့် အချစ်ဆိုတာ မူးယစ်ဆေးလို့ မကြာခဏ ပြောလေ့ရှိပြီး ချစ်ခြင်းမေတ္တာကို စွဲလမ်းမိကြတာပါ။
သင့်အချစ်ရေးက ဒီအဆင့်မှာ အကြောင်းပြချက်တစ်ခုခုကြောင့် ကုန်ဆုံးသွားပါက သင်ဟာ မူးယစ်ဆေးတစ်မျိုးမျိုး (စီးကရက် (သို့) အရက်)ကို ဖြတ်လိုက်တာနဲ့ အလားတူလက္ခဏာတွေကို ကြုံတွေ့ရပါလိမ့်မယ်။
အောက်ဆီတိုစင်လို့ခေါ်တဲ့ တခြားအရာတွေလည်း ထွက်လာပါတယ်။ ၎င်းက သင့်အားနမ်းခြင်းနဲ့ ထိတွေ့ခြင်းမှတဆင့် သင့်ခံစားချက်တွေကို ဖော်ပြလိုစိတ်၊ ချစ်ခြင်တွယ်တာမှု၊ ချစ်ခင်မှုကို ပိုရရှိစေပါတယ်။ အကြောင်းပြချက်ကောင်းဖြင့် ၎င်းကို အချစ်ဟော်မုန်းလို့ ခေါ်ပြီး မျိုးပွားခြင်း၊ ကလေးမွေးဖွားခြင်း၊ နို့တိုက်ခြင်းတို့နဲ့ သက်ဆိုင်ပါတယ်။
အောက်ဆီတိုစင်ကို အမြောက်အမြား သိမ်းဆည်းထားတဲ့အခါမှာ သင်ချစ်ရသူနဲ့ အတူရှိလိုစိတ် ပိုများလာမှာ ဖြစ်ပါတယ်။ ၎င်းက ဦးနှောက်အတွင်း ကျေနပ်ဖွယ်ကောင်းတဲ့ တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး “ဆုလာဘ်”အဖြစ် လုပ်ဆောင်ပါတယ်။ ဒါက သင့်လက်တွဲဖော်ကို ပိုဆွဲဆောင်မှုရှိတယ်လို့တောင် မြင်နိုင်စေပါတယ်။

ဦးနှောက်က ထာဝရချစ်နေမှာလား?
အချစ်က ထာဝရ မတည်မြဲပါဘူး။ ဦးနှောက်က “ချစ်ခြင်းမေတ္တာ” ဟော်မုန်းတွေကို တစ်ချိန်လုံး မထုတ်နိုင်ပါဘူး။ တကယ်တော့ သင်ဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ ချစ်မိသွားခြင်းနှင့်ပတ်သတ်တဲ့ ဓါတုတုံ့ပြန်မှုတွေက relationship မှာ ငါးနှစ်အထိ ဆက်တည်ရှိနိုင်ပါတယ်။ ထိုအချိန်နောက်ပိုင်းမှာ သင့်ခန္ဓာကိုယ်နဲ့စိတ်က “drug” ကိုကျင့်သားရလာပါတယ်။ ပြီးနောက် ၎င်းက (အချို့သော ဆေးဝါးတွေလို) ယခင်ကလို အကျိုးသက်ရောက်မှု မရှိတောပါဘူး။
နှစ်တွေကြာလာတာနဲ့အမျှ သင့်လုပ်ဖော်ကိုင်ဖက်ကို ပိုသိလာခဲ့ပါတယ်၊ ပြီးနောက် သင်ဟာ မတူညီတဲ့ အကောင်း၊ အဆိုးအတွေ့အကြုံတွေကိုဖြတ်သန်းသွားရပါတယ်။ သင့်ဦးနှောက်က သင့်အတွက် မလုပ်ပေးတော့တဲ့အတွက် သင့်ဆက်ဆံရေးမှာ ပိုကြိုးစားရမယ့်အချိန်ဖြစ်ပါတယ်၊ ကံမကောင်းစွာပဲ သင့်ခန္ဓာကိုယ်ထဲမှာ အောက်ဆီတိုစင်နဲ့ phenylethylamine လျော့နည်းသွားတဲ့အခါ ငြီးငွေ့မှု ဖြစ်လာပါတော့တယ်။
Lifestyle_Myanmar
Source- steptohealth.