အချစ်ဆုံး မိတ်ဆွေတွေ ဖြစ်သွားကြတဲ့ ခွေးနဲ့ ဘဲရဲ့ သံယောဇဉ်ခိုင်မြဲမှု ပုံရိပ်လေးတွေ

0
193
ခွေးနဲ့ ဘဲ

တခါတလေမှာ ရန်သူတွေလို ထင်ထားတဲ့ သတ္တဝါတွေက အချစ်ဆုံးလေးတွေ ဖြစ်နေတတ်တာ တွေ့မြင်ရဖူးမှာပါ။ ယခုလည်း ကယ်လီဖိုးနီးယားမှာ ၄နှစ်အရွယ် Rudy ဆိုတဲ့ ဘဲလေးနဲ့ retriever အမျိုးအစား Barclay ဆိုတဲ့ ရွှေရောင် ခွေးကလေးဟာ အချစ်ဆုံး မိတ်ဆွေတွေ ဖြစ်သွားကြပါတယ်။

-Advertisement-

အစပိုင်းမှာတော့ပိုင်ရှင်ဖြစ်တဲ့ အလှမယ် Pam Ishiguro က တစ်ကောင်နဲ့တစ်ကောင် ရန်မူမှာဆိုးလို့ သီးခြား ခွဲထားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ကောင်ကတော့ တပူးပူး တတွဲတွဲပဲနေတတ်ပါတယ်။ သူတို့နှစ်ကောင်ကို ကြည့်ရတာ ယောကျ်ားလေးတွေလိုပါပဲ။ အမြဲ စ နောက်တတ်ပြီး တစ်ကောင်ကို တစ်ကောင်လိုက်ဖမ်းကာ ခုန်တက်ဆော့ကစားတတ်ပါတယ်။

Barclay ဟာ ဘဲစာကို စားရတာ ကြိုက်နှစ်သက်တာကြောင့် အခါအခွင့်သင့်တဲ့ အချိန်တိုင်း ဘဲခြံထဲ ခိုးဝင်ပြီး ဘဲစာကို သွားခိုးစားတတ်ပါတယ်။ အဲ့ဒီလို အချိန်ဆို Rudy က သူ့အနောက်ကနေ လာပြီး Barclay ရဲ့ တင်ပါးကို နှုတ်သီးနဲ့ စိပ်တတ်တဲ့ အကျင့် ရှိပါတယ်။ Ishiguro ရဲ့ ပြောပြချက်အရ သူတို့နှစ်ကောင်ဟာ ခွဲလို့ မရတဲ့ အချစ်ဆုံး သူငယ်ချင်းတွေပါလို့ ဆိုပါတယ်။

Barclay တစ်ကောင် ဧည့်ခန်းထဲက ဆိုဖာမှာ ထိုင်နေတဲ့ အချိန်ဆို Rudy ကလည်း သူ့အနားမှာ လိုက်နေတတ်ပြီး Rudy က ဘဲခြံထဲမှာ နေရင် Barclay လဲ ဘဲခြံထဲကို ဝင်ပြီး လိုက်နေတတ်ပါတယ်။ သူတို့နှစ်ကောင်ကို ကြည့်ရတာ တစ်နေ့တာ အချိန်ကို အတူတူ ဖြတ်သန်းရတာ ပိုကြိုက်ဟန်တူပါတယ်။ Ishiguro ကတော့ သူ့မှာ ဒီလို ရှားရှားပါးပါး တိရိစ္ဆာန်လေး နှစ်ကောင် ပိုင်ဆိုင်ထားရတာ တကယ့်ကို ဂုဏ်ယူလို့ မဆုံးပါဘူးလို့ ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

မွေးစားမိဘတွေဆီမှာပဲ ပျော်နေရှာတဲ့ ရှဉ့်မလေးအကြောင်း

Zawgyi Fonts

အခ်စ္ဆုံး မိတ္ေဆြေတြ ျဖစ္သြားၾကတဲ့ ေခြးနဲ႔ ဘဲရဲ့ သံေယာဇဥ္ခိုင္ျမဲမွု ပုံရိပ္ေလးေတြ
တခါတေလမွာ ရန္သူေတြလို ထင္ထားတဲ့ သတၱဝါေတြက အခ်စ္ဆုံးေလးေတြ ျဖစ္ေနတတ္တာ ေတြ႕ျမင္ရဖူးမွာပါ။ ယခုလည္း ကယ္လီဖိုးနီးယားမွာ ၄ႏွစ္အရြယ္ Rudy ဆိုတဲ့ ဘဲေလးနဲ႔ retriever အမ်ိဳးအစား Barclay ဆိုတဲ့ ေရႊေရာင္ ေခြးကေလးဟာ အခ်စ္ဆုံး မိတ္ေဆြေတြ ျဖစ္သြားၾကပါတယ္။

အစပိုင္းမွာေတာ့ပိုင္ရွင္ျဖစ္တဲ့ အလွမယ္ Pam Ishiguro က တစ္ေကာင္နဲ႔တစ္ေကာင္ ရန္မူမွာဆိုးလို႔ သီးျခား ခြဲထားခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔ႏွစ္ေကာင္ကေတာ့ တပူးပူး တတြဲတြဲပဲေနတတ္ပါတယ္။ သူတို႔ႏွစ္ေကာင္ကို ၾကည့္ရတာ ေယာက်္ားေလးေတြလိုပါပဲ။ အျမဲ စ ေနာက္တတ္ၿပီး တစ္ေကာင္ကို တစ္ေကာင္လိုက္ဖမ္းကာ ခုန္တက္ေဆာ့ကစားတတ္ပါတယ္။

Barclay ဟာ ဘဲစာကို စားရတာ ႀကိဳက္ႏွစ္သက္တာေၾကာင့္ အခါအခြင့္သင့္တဲ့ အခ်ိန္တိုင္း ဘဲၿခံထဲ ခိုးဝင္ၿပီး ဘဲစာကို သြားခိုးစားတတ္ပါတယ္။ အဲ့ဒီလို အခ်ိန္ဆို Rudy က သူ႔အေနာက္ကေန လာၿပီး Barclay ရဲ့ တင္ပါးကို ႏွုတ္သီးနဲ႔ စိပ္တတ္တဲ့ အက်င့္ ရွိပါတယ္။ Ishiguro ရဲ့ ေျပာျပခ်က္အရ သူတို႔ႏွစ္ေကာင္ဟာ ခြဲလို႔ မရတဲ့ အခ်စ္ဆုံး သူငယ္ခ်င္းေတြပါလို႔ ဆိုပါတယ္။

Barclay တစ္ေကာင္ ဧည့္ခန္းထဲက ဆိုဖာမွာ ထိုင္ေနတဲ့ အခ်ိန္ဆို Rudy ကလည္း သူ႔အနားမွာ လိုက္ေနတတ္ၿပီး Rudy က ဘဲၿခံထဲမွာ ေနရင္ Barclay လဲ ဘဲၿခံထဲကို ဝင္ၿပီး လိုက္ေနတတ္ပါတယ္။ သူတို႔ႏွစ္ေကာင္ကို ၾကည့္ရတာ တစ္ေန႔တာ အခ်ိန္ကို အတူတူ ျဖတ္သန္းရတာ ပိုႀကိဳက္ဟန္တူပါတယ္။ Ishiguro ကေတာ့ သူ႔မွာ ဒီလို ရွားရွားပါးပါး တိရိစၧာန္ေလး ႏွစ္ေကာင္ ပိုင္ဆိုင္ထားရတာ တကယ့္ကို ဂုဏ္ယူလို႔ မဆုံးပါဘူးလို႔ ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here