အချစ်စစ် အချစ်မှန်နဲ့ ချစ်တဲ့ ယောကျ်ားလေးတွေ သက်သေပြလေ့ရှိတဲ့ အရာ (၈) ချက်

0
160
- Advertisement -

ယောကျ်ားလေးအတော်များများက သူတို့ရဲ့အချစ်တွေကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြဖို့ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့်တချို့ယောကျ်ားလေးတွေကတော့ သူတို့ရဲ့အချစ်ကို ဘယ်လိုဖော်ပြရမယ်ဆိုတာ တကယ်ကိုမသိကြပါဘူး။ သို့သော်လည်း သူတို့ရဲ့ကောင်မလေးကို အချစ်စစ်နဲ့ ချစ်တယ်ဆိုရင် ယခုလိုအရာတွေကို သူ့အလိုလို ဖော်ပြတတ်ကြပါတယ်။

-Advertisement-

၁။ သူမအဖော် အမြဲတမ်းထောက်ခံနေတတ်တယ်
ယောကျ်ားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို တကယ်ချစ်တာနဲ့အမျှ သူမရဲ့အကြီးဆုံးဖန်တစ်ယောက်လို ဖြစ်လာပြီး အများစုမထောက်ခံရင်တောင်မှ သူကသင့်ဖက်ကအမြဲတမ်းထောက်ခံနေတတ်ပါတယ်။ သူမနဲ့ပတ်သတ်ပြီး အရာရာတိုင်းကို တန်ဖိုးထားတာကြောင့် သူမရဲ့အောင်မြင်မှုဟာ သူ့ရဲ့အောင်မြင်မှုကဲ့သို့ မှတ်ယူနေကြတဲ့ သူတွေပါ။

This image has an empty alt attribute; its file name is savs-511895-unsplash-1-768x512.jpg

၂။ သူမရဲ့ထင်မြင်ချက်တွေကို ဂရုစိုက်တတ်တယ်
ချစ်သူကို ချစ်မြတ်နိုးတာနဲ့အမျှ သူမရဲ့အမြင်တွေကိုလည်း တန်ဖိုးထားတတ်လာပါတယ်။ ဒါကြောင့် သူမပြောတဲ့အရာတွေ၊ ထင်မြင်ချက်တွေကို ဂရုစိုက်တတ်ပြီး သူ့အတွက်တကယ့်ကို အရေးကြီးနေမှာဖြစ်ပြီး သူမရဲ့အမြင်တွေ ကြီးကြီးသေးသေး သူ့ရဲ့ကိစ္စလိုပဲ အလေးထားနေမှာပါ။

၃။ သူမအတွက်ဆိုအဆင်သင့်ဖြစ်နေတတ်တယ်
သူမလိုအပ်တဲ့အချိန်တိုင်း သူလုပ်နေတဲ့ကိစ္စတွေကို ရပ်တန့်ပြီး သူမဆီလာဖို့အသင့်ဖြစ်နေတတ်ပါတယ်။ သူမကသူ့ရဲ့ဘဝအတွက် အရေးအကြီးသူတစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့ကိစ္စတွေထက် သူမရဲ့ကိစ္စတွေကို ပိုပြီးဦးစားပေးတတ်ပါတယ်။

This image has an empty alt attribute; its file name is 28-1-1.jpg

၄။ သူမကို ကာကွယ်တတ်တယ်
သူမအတွက်ဆိုရင် သူ့အတွက်ဘယ်လောက်အန္တရာယ်ရှိပါစေ ကာကွယ်ပေးဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ အနာဂတ်မှာ သူမရဲ့စိတ်ပိုင်းရုပ်ပိုင်း နာကျင်မှုတွေကနေ အမြဲတမ်းကာကွယ်ပေးနေမယ့် သူတွေပါ။

၅။ နားထောင်ပေးတတ်တယ်
တစ်နေ့တာလုံး သူမပြောသမျှကို မငြီးမငြူနားထောင်ပေးဖို့အတွက် သူကအဆင်သင့်ဖြစ်နေပြီး သူမပြောသမျှဟာ သူ့အတွက်အရေးကြီးနေပါတယ်။ သူမရဲ့တစ်နေ့တာအကြောင်း၊ ခံစားချက်တွေနဲ့ သူမရဲ့လိုချင်မှု၊ လိုအပ်ချက်တွေကို အမြဲတမ်းကြားချင်နေတဲ့ သူတွေပါ။ပြီးတော့ အားလုံးကိုလည်း မှတ်မိနေတတ်ပါသေးတယ်။

၆။ သူမရဲ့နာကျင်မှုတွေကို ခံစားပေးတယ်
သူမနာကျင်ရင် သူလည်းထပ်တူနာကျင်ရပါတယ်။ သူမပျော်တဲ့အခါ သူကပိုပြီးပျော်တတ်ပါတယ်။ သူမရဲ့ခံစားချက်တွေနဲ့ အမြဲတမ်းထပ်တူညီနေတတ်ခြင်းဟာ သူမနဲ့ စိတ်ချင်းနက်ရှိုင်းစွာဆက်သွယ်နေလို့ပါပဲ။

၇။ သူမကိုလေးစားတတ်ပြီး မြတ်နိုးတတ်တယ်
သူမက သူနှစ်သက်တဲ့မိန်းကလေးတစ်ယောက် ဖြစ်နေတာကြောင့်ပဲ သူမနဲ့ပတ်သတ်တဲ့ အရာရာတိုင်းကို တန်ဖိုးထားပြီး ချစ်နေတာပါ။ ဒါကြောင့် သူမရဲ့အကြောင်းကိစ္စတွေ အမူအကျင့်တွေနဲ့ အသွင်အပြင်အပေါ်မှာပါ လေးစားပြီး တန်ဖိုးထားတတ်တာ ဖြစ်ပါတယ်။

၈။ သူ့ရဲ့အားနည်းချက်တွေကို သူမရှေ့ပြဖို့ ဝန်မလေးတတ်ဖူး
ယောကျ်ားလေးတွေဟာ သူတို့ရဲ့အားနည်းချက်တွေကို အခြားသူတွေရဲ့ရှေ့မှာ ဖုံးကွယ်ထားဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် သူတက်ချစ်တဲ့ ချစ်သူရဲ့ရှေ့မှာတော့ သူတို့ရဲ့ကြောက်ရွံ့မှုတွေ၊ စိတ်ကူးတွေနဲ့ အားနည်းချက်တွေကို မျှဝေဖို့ ဝန်မလေးတတ်ပါဘူး။

LM_Naung_Naung

Lifestyle_Myanmar

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here