အချစ်စစ်ဆိုတာ တကယ်တော့ ဘယ်လိုအရာများလဲ?

0
106

ချစ်ခြင်းမေတ္တာဆိုတာ တကယ် စစ်မှန်တဲ့ အရာတစ်ခုပါ။ အချစ်တွေသာ စစ်မှန်ခဲ့မယ်ဆိုရင် သင့်ကို စိတ်ဓာတ်ခွန်အားတွေပေးနိုင်မယ်။ တစ်ခါတစ်ရံမှာ နာကျင်မှုတွေမှုတွေလည်း ရှိနေနိုင်ပါတယ်။ သင့်ရဲ့ခံစားမှုတွေနဲ့အတူ ရိုးသားမှု ရှိစေဖို့ သာ သင်ယူပါ။ သင့်ကိုသိပ်ချစ်တဲ့ တစ်ယောက်သူအတွက် သင်နဲ့အတူ ထာ၀ရအဆုံးတိုင်ထိ တည်တံ့ခိုင်မြဲဖို့ အထိမ်းအမှတ်ကျောက်တိုင်တစ်ခုခု တည်ဆောက်ပေးမှာလား။

-Advertisement-

ချစ်ခြင်းမေတ္တာအကြောင်း စူးစမ်းလေ့လာနေတဲ့ မနုဿဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ Helen Fisherက ပထမထောင်စုနှစ်ကာလအလယ်လောက်က ချစ်မြတ်နိုးရတဲ့သူအတွက် ၀တ်ပြုဘုရားကျောင်းတစ်ဆောင် တည်ဆောက်ပေးခဲ့တဲ့ မာယာဘုရင်တစ်ပါးအကြောင်းကို ပြောပြပါတယ်။ ဘုရင် Hasaw Chan Kawilဟာ နောက်ပိုင်းမှာ သူ့ရဲ့ချစ်ဇနီးနဲ့အတူ နှစ်ဦးတည်း ၀တ်ပြုဆုတောင်းဖို့ ကိုယ်ပိုင်ဘုရားကျောင်းတစ်ခုတည်ဆောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့နှစ်ဦးဟာ ထာ၀ရသက်ဆုံးတိုင် အတူရှင်သန်နေထိုင်သွားကြပါတယ်တဲ့။

ချစ်ခြင်းမေတ္တာဆိုတာ စစ်မှန်တဲ့အရာတစ်ခု

အချစ်ဆိုတာ ဘယ်အရာကို ဆိုလိုပါသလဲ ။ ချစ်ခြင်းမေတ္တာကရော အဲ့ဒီ့မာယာတော်၀င်တွေလိုမျိုး အမှန်တကယ် ကြုံတွေ့ဖူးကြပါသလား။ Fisherကတော့ ဒါဟာ အစစ်အမှန်ဖြစ်ပြီးတော့ လူသားတွေအတွက် ကြီးပွားတိုးတက်ဖို့နဲ့ ရပ်တည်ရှင်သန်ဖို့ ချစ်ခြင်းမေတ္တာက အမှန်တကယ်လိုအပ်တယ်လို့ ဆိုပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာ လှုံဆော်ပေးနိုင်တဲ့ အရာတစ်ခု

Fisherရဲ့ အဆိုအရ အချစ်ဆိုတာ လိုအပ်ချက်နှင့် တီထွင်ဖန်တီးမှုရဲ့အဓိက အရင်းအမြစ်တွေဖြစ်ပါတယ်။ လူတွေဟာ ချစ်ခြင်းမေတ္တာအတွက် သီချင်းတွေ ၊အကတွေ သီဆိုကပြတတ်ကြပြီးတော့ အချစ်အကြောင်းဒဏ္ဍာရီတွေ၊ ပုံပြင်တွေကိုလည်း ပြောပြတတ်ကြပါသေးတယ်။ ဒါကြောင့်ချစ်ခြင်းမေတ္တာဟာ လူတွေအတွက် စကြာ၀ဠာကြီး တစ်ခုလို ထင်ရပြီးတော့ အလှအပတွေများစွာကို ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးပါတယ်။

အချစ်ဆိုတာ နာကျင်မှုတွေပေးတဲ့ အရာတစ်ခု

ချစ်ခြင်းမေတ္တာ (ဒါမှမဟုတ်) အဓိကအားဖြင့် ချစ်ခြင်းမေတ္တာကို ဆုံးရှုံးလိုက်တဲ့အခါ နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ရင်ဘတ် ဒါမှမဟုတ် နှလုံးသားထဲမှာ နွေးထွေးတဲ့ ခံစားမှု တစ်ခု အဖြစ် ရုပ်ပိုင်းဆိုင်ရာအရ ခံစားခဲ့ရပေမဲ့လည်း ”နာကျင်မှု” ဆိုတာကိုတော့ ချစ်ခြင်းမေတ္တာကို ဆုံးရှုံးလိုက်ရခြင်းရဲ့ စစ်မှန်တဲ့ ရုပ်ပိုင်းဆိုင်ရာ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ ဘာလဲ

နာကျင်မှုကို ခံစားရနိုင်တယ်ဆိုပေမယ့်လည်း လူအများစုက ဂျူလီယာရောဘတ်ရဲ့ ဇာတ်ကောင် Shelby နှင့်အတူ သူမပြောခဲ့တဲ့ ”လူ့ဘ၀ သက်တမ်းတစ်လျှာက်လုံးမှာဘာမှ မထူးခြားမှုမရှိတာထက် အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတဲ့ မိနစ်၃၀ပါတယ်လောက်တော့ ရှိသင့်ပါတယ်”ဆိုတဲ့ စကားကို သဘောကျခဲ့ကြတယ်။

ချစ်ခြင်းမေတ္တာနဲ့ ရှင်သန်နေထိုင်ကြသူတွေဟာ ဘယ်တော့မှ သက်တမ်းကုန်မှာ မဟုတ်တဲ့ လက်ဆောင်ကြီးတစ်ခု ရထားတဲ့ သူတွေလိုပါပဲ။ ကံကောင်းခြင်း ၊ ပျော်ရွှင်ခြင်းတွေနဲ့အတူ ကမ္ဘာလောကကြီးကို ကျေးဇူးတင်နေကြပါလိမ့်မယ်။ အချစ်ဆိုတာ နွေးထွေးစွာ ခြုံလွှမ်းထားသလို သင်ကိုယ်တိုင်လည်း ဘယ်သောအခါမှ မစွန့်ခွာလိုတဲ့ စိတ်နဲ့ လုံခြုံစေမှာပါ။သင့်အနေနဲ့တစ်စုံတစ်ယောက်ကို ချစ်မိနေပြီဆိုလျှင် သင့်အချစ်ကို တုံ့ပြန်နိုင်ခြင်းရှိမရှိ သင့်ကိုယ်သင် အရင်မေးပါ။ အဖြေကYesဆိုလျှင်တော့ အဲ့ဒီ့လူနဲ့တိုင်ပင်ပါ။ သင့်ရဲ့နွေးထွေးမှုနဲ့ ဂရုစိုက်မှုခံစားချက်တွေကို မျှ၀ေပေးပါ။နောက်ပြီး အတူဖန်တီးပါ၊ အတူ ခြယ်မှုန်းပါ၊ အတူကပါ ။

သင့်ရဲ့စိတ်ခံစားချက်တွေနဲ့အတူ ရိုးသားမှုရှိစေဖို့ သင်ယူပါ

ဒီအချက်မှာတော့ အဓိကအနေနဲ့ အမျိုးသားတွေက သင်ယူဖို့ပိုအရေးကြီးပါတယ်။ သင့်ရဲ့ခံစားချက်တွေကို သင့်ရဲ့partnerနှင့် ပြောဆိုပါ။ သင်ချစ်မြတ်နိုးသူကို သိစေဖို့အတွက် သင့်ရဲ့ စိတ်ထဲမှာ သူရှိကြောင်းမျှ၀ေပါ။ သင့်ကို ပျော်ရွှင်စေတဲ့အရာတွေနဲ့ ၀မ်းနည်းစေတဲ့အရာတွေကို သင့်ရဲ့ လက်တွဲဖော်ကို ပြောပြပေးပါ။ သင်ကိုယ်တိုင်အားနည်းချက်ကို ခွင့်ပြုထားတာမို့ ချစ်ခြင်းမေတ္တာဟာ တစ်ခါတစ်ရံမှာ ကြောက်လန့်စေပေမယ့်လည်း အသက်ရှင်ရပ်တည် ခြင်းရဲ့ကြီးမားတဲ့ အတွေ့အကြုံတစ်ခုအဖြစ် ပျော်ရွှင်စွာနဲ့ အချစ်မှာ ကျရှုံးလိုက်ပါ။

Lifestyle_Myanmar

Nyein_Thu

Source-marriage

LEAVE A REPLY

Please enter your comment!
Please enter your name here