အခ်ိန္ ၂မိနစ္ေၾကာင့္ အသက္ေဘးက သီသီေလး လြတ္ေျမာက္ခဲ့သူ

0
635
အသက္ေဘးက သီသီေလး လြတ္ေျမာက္ခဲ့သူ
အသက္ေဘးက သီသီေလး လြတ္ေျမာက္ခဲ့သူ
 ET302
ET302
 ET302
ET302

ၿပီးခဲ့တဲ့ မတ္လ ၁၀ရက္ေန႔က အီသီယိုးပီယားေလေၾကာင္းလိုင္းမွာ ေလယာဥ္ပ်က္က်မႈျဖစ္ပြားခဲ့ၿပီး ခရီးသည္ ၁၄၉ ေယာက္နဲ႔ ေလယာဥ္ေပၚက ဝန္ထမ္း ၈ဦး ေသဆုံးခဲ့ရပါတယ္။ ေလယာဥ္ေပၚမွာလိုက္ပါလာတဲ့သူ တစ္ဦးတစ္ေယာက္မွ အသက္ရွင္က်န္ရစ္ျခင္းမရွိဘဲ စင္းလုံးကၽြတ္ေသဆုံးခဲ့တာပဲျဖစ္ပါတယ္။ BBC News ရဲ႕ အဆိုအရ အဆိုပါ ET302 ေလယာဥ္ဟာ နံနက္ပိုင္း ၈နာရီ ၃၈မိနစ္မွာ အီသီယိုးပီးယားေလေၾကာင္းလိုင္းက စတင္ထြက္ခြာလာၿပီး မိနစ္ပိုင္းအတြင္းမွာပဲ ပ်က္က်သြားတာျဖစ္ပါတယ္။ ေလေၾကာင္းလိုင္းရဲ႕ ေျပာဆိုခ်က္အရ အဆိုပါေလယာဥ္ဟာ ၈နာရီ ၃၈မိနစ္မွာ စတင္ထြက္ခြာၿပီး ၄၄မိနစ္မွာ ပ်က္က်ခဲ့တာျဖစ္တာေၾကာင့္ အခ်ိန္ ၆မိနစ္သာပ်ံသန္းခဲ့ရတာျဖစ္ပါတယ္။

 ET302
ET302
 ET302
ET302

ဒီလို ေသရကံအျဖစ္ဆိုးၾကားထဲက လြတ္ေျမာက္ခဲ့တာကေတာ့ Antonis Mavropoulos ဆိုတဲ့သူပဲျဖစ္ပါတယ္။ အဆိုပါေလယာဥ္မွာ လိုက္ပါရမဲ့ လူဦးေရစာရင္းဟာ ၁၅၀ ျဖစ္ေပမဲ့ တကယ္ေလယာဥ္ေပၚ လိုက္ပါသြားတာေတာ့ လူဦးေရ ၁၄၉ေယာက္ပဲရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Antonis Mavropoulos ဟာ ေလယာဥ္ထြက္ခြာခ်ိန္ ၂မိနစ္ေနာက္က်ၿပီးမွ ေရာက္လာခဲ့တဲ့အတြက္ ေလယာဥ္မွာ လိုက္ပါခြင့္မရခဲ့တာေၾကာင့္ျဖစ္ပါတယ္။ သူရဲ႕ facebook အေကာင့္မွာလည္း ေလယာဥ္လက္မွတ္နဲ႔တကြ ဒီေန႔ ကၽြန္ေတာ့္အတြက္ ကံေကာင္းတဲ့ေန႔ဆိုၿပီး တင္ထားပါေသးတယ္။ အစပိုင္းမွာေတာ့ ေလယာဥ္ေပၚတက္ဖို႔ ေနာက္က်တဲ့အတြက္ ႐ူးေလာက္ေအာင္ျဖစ္ခဲ့ရၿပီး ေနာက္ေလယာဥ္နဲ႔ လုိက္ပါဖို႔လုပ္ေပမဲ့ ေလဆိပ္ဝန္ထမ္းေတြက သူ႔ကို တားဆီးခဲ့ပါတယ္။ အဲ့ဒီေနာက္ Antonis Mavropoulos ကို ေလဆိပ္က ရဲစခန္းကိုေခၚသြားခဲ့ၿပီး သူလိုက္ပါစီးနင္းမဲ့ ေလယာဥ္က ၿပီးခဲ့တဲ့ ၈နာရီ ၄၄မိနစ္မွာ ပ်က္က်သြားတယ္ဆိုတဲ့အေၾကာင္းေျပာျပခဲ့ပါတယ္။ သူကိုယ္တိုင္းပဲ ဒီသတင္းကို ၾကားၾကားျခင္းမွာ အရမ္းကို တုန္လႈပ္သြားခဲ့ရပါတယ္။ အဲ့ဒီေနာက္ ေလဆိပ္အာဏာပိုင္ေတြက Antonis ကို ေမးခြန္းနည္းနည္းပါးပါး ေမးျမန္းကာ သူ႔ရဲ႕ ID ကဒ္ေတြဘာေတြစစ္ၿပီး ထြက္သြားခြင့္ျပဳလုိက္ပါတယ္။

 ET302
ET302
 ET302
ET302

ပ်က္က်သြားတဲ့ ET3012 ေလယာဥ္ဟာ အီသီယိုးပီးယားႏိုင္ငံ Addis Ababa ၿမိဳ႕ကေန ကင္ညာႏိုင္ငံ Nairobi ၿမိဳ႕ကို မတ္လ ၁၀ရက္ေန႔ နံနက္ပိုင္းမွာ ပ်ံသန္းရင္း မိနစ္ပိုင္းအတြင္းပ်က္က်ခဲ့တာျဖစ္ပါတယ္။ အဆိုပါ ေလယာဥ္ေပၚမွာ ကင္ညာႏိုင္ငံသား ၃၂ဦး၊ ကေနဒါႏိုင္ငံသား ၁၈ဦး၊ အေမရိကန္ႏိုင္ငံသား ၈ဦး၊ ၿဗိတိန္ႏိုင္ငံသား ၇ဦးနဲ႔ ေလယာဥ္ဝန္ထမ္း ၈ဦး လိုက္ပါခဲ့တာျဖစ္ပါတယ္။ အသက္ရွင္က်န္ရစ္ခဲ့တဲ့ Antonis Mavropoulos ဟာ ကင္ညာႏိုင္ငံ Nairobi ၿမိဳ႕ကို သြားၿပီး UN နဲ႔ပတ္သတ္တဲ့ ပတ္ဝန္းက်င္ဆိုင္ရာပ႐ိုဂရမ္တစ္ခုကို တက္ဖို႔စီစဥ္ထားတာျဖစ္ပါတယ္။ ဒါေပမဲ့ အခ်ိန္ေနာက္က်ခဲ့တဲ့အတြက္ အဆိုပါ ပ်က္က်ခဲ့တ့ဲေလယာဥ္မွာမပါဝင္ခဲ့ဘဲ အသက္ရွင္က်န္ရစ္ခဲ့တဲ့ တစ္ဦးတည္းေသာသူျဖစ္ပါတယ္။ အခ်ိန္ေလး ၂မိနစ္က လူတစ္ေယာက္ရဲ႕ အသက္ကို ကယ္ႏိုင္ခဲ့တာေၾကာင့္ ကၽြန္ေတာ္တို႔ မျမင္ႏိုင္တဲ့ ကံၾကမၼာက တကယ့္ကို ဆန္းက်ယ္တယ္ဆိုတာ Antonis Mavropoulos ရဲ႕ အျဖစ္အပ်က္က သက္ေသျပလိုက္တာပဲျဖစ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ကင္ဆာေရာဂါခံစားေနရေပမဲ့ မိုက္ကယ္ဂ်က္ဆင္သီခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ၅ႏွစ္အရြယ္ကေလး

Unicode

အချိန် ၂မိနစ်ကြောင့် အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့သူ
ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့က အီသီယိုးပီယားလေကြောင်းလိုင်းမှာ လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီး ခရီးသည် ၁၄၉ ယောက်နဲ့ လေယာဉ်ပေါ်က ဝန်ထမ်း ၈ဦး သေဆုံးခဲ့ရပါတယ်။ လေယာဉ်ပေါ်မှာလိုက်ပါလာတဲ့သူ တစ်ဦးတစ်ယောက်မှ အသက်ရှင်ကျန်ရစ်ခြင်းမရှိဘဲ စင်းလုံးကျွတ်သေဆုံးခဲ့တာပဲဖြစ်ပါတယ်။ BBC News ရဲ့ အဆိုအရ အဆိုပါ ET302 လေယာဉ်ဟာ နံနက်ပိုင်း ၈နာရီ ၃၈မိနစ်မှာ အီသီယိုးပီးယားလေကြောင်းလိုင်းက စတင်ထွက်ခွာလာပြီး မိနစ်ပိုင်းအတွင်းမှာပဲ ပျက်ကျသွားတာဖြစ်ပါတယ်။ လေကြောင်းလိုင်းရဲ့ ပြောဆိုချက်အရ အဆိုပါလေယာဉ်ဟာ ၈နာရီ ၃၈မိနစ်မှာ စတင်ထွက်ခွာပြီး ၄၄မိနစ်မှာ ပျက်ကျခဲ့တာဖြစ်တာကြောင့် အချိန် ၆မိနစ်သာပျံသန်းခဲ့ရတာဖြစ်ပါတယ်။

ဒီလို သေရကံအဖြစ်ဆိုးကြားထဲက လွတ်မြောက်ခဲ့တာကတော့ Antonis Mavropoulos ဆိုတဲ့သူပဲဖြစ်ပါတယ်။ အဆိုပါလေယာဉ်မှာ လိုက်ပါရမဲ့ လူဦးရေစာရင်းဟာ ၁၅၀ ဖြစ်ပေမဲ့ တကယ်လေယာဉ်ပေါ် လိုက်ပါသွားတာတော့ လူဦးရေ ၁၄၉ယောက်ပဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ Antonis Mavropoulos ဟာ လေယာဉ်ထွက်ခွာချိန် ၂မိနစ်နောက်ကျပြီးမှ ရောက်လာခဲ့တဲ့အတွက် လေယာဉ်မှာ လိုက်ပါခွင့်မရခဲ့တာကြောင့်ဖြစ်ပါတယ်။ သူရဲ့ facebook အကောင့်မှာလည်း လေယာဉ်လက်မှတ်နဲ့တကွ ဒီနေ့ ကျွန်တော့်အတွက် ကံကောင်းတဲ့နေ့ဆိုပြီး တင်ထားပါသေးတယ်။ အစပိုင်းမှာတော့ လေယာဉ်ပေါ်တက်ဖို့ နောက်ကျတဲ့အတွက် ရူးလောက်အောင်ဖြစ်ခဲ့ရပြီး နောက်လေယာဉ်နဲ့ လိုက်ပါဖို့လုပ်ပေမဲ့ လေဆိပ်ဝန်ထမ်းတွေက သူ့ကို တားဆီးခဲ့ပါတယ်။ အဲ့ဒီနောက် Antonis Mavropoulos ကို လေဆိပ်က ရဲစခန်းကိုခေါ်သွားခဲ့ပြီး သူလိုက်ပါစီးနင်းမဲ့ လေယာဉ်က ပြီးခဲ့တဲ့ ၈နာရီ ၄၄မိနစ်မှာ ပျက်ကျသွားတယ်ဆိုတဲ့အကြောင်းပြောပြခဲ့ပါတယ်။ သူကိုယ်တိုင်းပဲ ဒီသတင်းကို ကြားကြားခြင်းမှာ အရမ်းကို တုန်လှုပ်သွားခဲ့ရပါတယ်။ အဲ့ဒီနောက် လေဆိပ်အာဏာပိုင်တွေက Antonis ကို မေးခွန်းနည်းနည်းပါးပါး မေးမြန်းကာ သူ့ရဲ့ ID ကဒ်တွေဘာတွေစစ်ပြီး ထွက်သွားခွင့်ပြုလိုက်ပါတယ်။

ပျက်ကျသွားတဲ့ ET3012 လေယာဉ်ဟာ အီသီယိုးပီးယားနိုင်ငံ Addis Ababa မြို့ကနေ ကင်ညာနိုင်ငံ Nairobi မြို့ကို မတ်လ ၁၀ရက်နေ့ နံနက်ပိုင်းမှာ ပျံသန်းရင်း မိနစ်ပိုင်းအတွင်းပျက်ကျခဲ့တာဖြစ်ပါတယ်။ အဆိုပါ လေယာဉ်ပေါ်မှာ ကင်ညာနိုင်ငံသား ၃၂ဦး၊ ကနေဒါနိုင်ငံသား ၁၈ဦး၊ အမေရိကန်နိုင်ငံသား ၈ဦး၊ ဗြိတိန်နိုင်ငံသား ရဦးနဲ့ လေယာဉ်ဝန်ထမ်း ၈ဦး လိုက်ပါခဲ့တာဖြစ်ပါတယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Antonis Mavropoulos ဟာ ကင်ညာနိုင်ငံ Nairobi မြို့ကို သွားပြီး UN နဲ့ပတ်သတ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာပရိုဂရမ်တစ်ခုကို တက်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်နောက်ကျခဲ့တဲ့အတွက် အဆိုပါ ပျက်ကျခဲ့တဲ့လေယာဉ်မှာမပါဝင်ခဲ့ဘဲ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်ပါတယ်။ အချိန်လေး ၂မိနစ်က လူတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့ မမြင်နိုင်တဲ့ ကံကြမ္မာက တကယ့်ကို ဆန်းကျယ်တယ်ဆိုတာ Antonis Mavropoulos ရဲ့ အဖြစ်အပျက်က သက်သေပြလိုက်တာပဲဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here