အခ်ိန္တိုင္း အထီးက်န္ေနတယ္လို႔ ခံစားေနရရင္ သင္အမွတ္ရေနသင့္တဲ့ အရာ (၅) ခ်က္

0
306

အထီးက်န္ျခင္းဟာ တကယ့္ကိုခက္ခဲတဲ့ ခံစားခ်က္တစ္ခုပါ။ ဒီလိုခံစားခ်က္ကသင့္ကို မေပ်ာ္ရြင္မႈေတြရယ္ စိတ္ညစ္မႈေတြရယ္ ရရွိေစၿပီး ဘာေၾကာင့္ယခုလို ခံစားေနရတယ္ ဆိုတာကိုလည္း အေျဖရွာဖို႔ဆိုတာလည္း သင့္အတြက္ခက္ခဲပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ အထီးက်န္ျခင္းဟာ တစ္ဦးတစ္ေယာက္စီတိုင္းရဲ႕ အေတြ႔အၾကံဳျဖစ္ၿပီး
နားလည္မႈလြဲတဲ့ ခံစားခ်က္ေတြ၊ သို႔မဟုတ္ ကိုယ့္ကိုယ္ကိုစိတ္ပ်က္မႈေတြ သို႔မဟုတ္ အျခားသူေတြကို စိတ္ပ်က္ေစမႈေတြ ျဖစ္ေစႏိုင္ပါတယ္။  တကယ္လို႔ အထီးက်န္ျခင္းအလယ္မွာ သင္ေရာက္ေနခဲ့ရင္ အကူအညီျဖစ္ေစႏိုင္ဖို႔ မွတ္မိေနရမယ့္ အရာေတြရွိပါတယ္။ ဒီအရာေတြက သင့္ကိုအေကာင္းျမင္ျခင္းကို အာ႐ံုစိုက္မိေစဖို႔နဲ႔ အေျခအေနတိုင္းကို ျပန္လည္ထိန္းညွိႏိုင္ဖို႔ အကူအညီေပးႏိုင္ပါလိမ့္မယ္။

-Advertisement-

၁။ ဒါလည္းၿပီးသြားမွာပါ
သင့္အတြက္ အမွတ္ရေနသင့္တဲ့ အရာတစ္ခုက အထီးက်န္ျခင္းဟာ ၾကာရွည္မခံဘူး ဆိုတာပါပဲ။ အရင္ဆံုး သင္အထီးက်န္ေနတယ္ဆိုတာကိုပဲ အသိအမွတ္ျပဳပါ။ ဒါေပမယ့္ ဒီအေၾကာင္းနဲ႔ေတာ့ သင့္ကိုယ္သင္ ဖိႏွိပ္ဖို႔ မႀကိဳးစားပါနဲ႔။ အထီးက်န္ျခင္းရဲ႕ ေနာက္ဆံုးကာလေရာက္တဲ့အထိ သင္အသက္ရွင္က်န္ရစ္ေနဦးမွာပါ။ ဒီလိုအထီးက်န္မႈေတြထဲကမွ
ပိုၿပီးခါးသက္တဲ့ နာက်င္မႈေတြအျဖစ္ သင္ဖန္တီးႏိုင္သလိုပဲ ပိုၿပီးေကာင္းမြန္တဲ့ ခ်ိဳၿမိန္မႈေတြကိုလည္း သင္ကိုယ္တိုင္ဖန္တီးႏိုင္ပါတယ္။ ယာယီခံစားမႈေလးက သင့္ကိုသတ္မွတ္လို႔မရ သလို သင့္ကိုဒဏ္ေပးခြင့္လည္း မရွိပါဘူး။ သင့္အတြက္သတိက အေကာင္းဆံုးေလ့က်င့္ခန္းတစ္ခုပါ။ အထီးက်န္မႈေတြကို ဆုပ္ကိုင္ထားမယ့္အစား ၿပီးသြားမယ့္ခဏတာခံစားခ်က္ေလးအျဖစ္ ႏွလံုးသြင္းႏိုင္ေအာင္ ႀကိဳးစားေပးသင့္ပါတယ္။

၂။ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ပါ
သင္သာလွ်င္ ဦးစားေပးမႈရဲ႕ ထိပ္ဆံုးမွာ ရွိေနပါေစ။ ကိုယ့္ကိုယ္ကိုေလးစားမႈ ေလ်ာ့နည္းျခင္းဟာ သင့္ကိုတိုက္႐ိုက္နည္းနဲ႔ အထီးက်န္ေစပါလိမ့္မယ္။ ျဖစ္စဥ္အားလံုးကို ေျပာင္းျပန္လွန္လိုက္ပါ။ ကိုယ့္ကိုယ္ကိုတန္ဖိုးထားမႈ နည္းပါးျခင္းကို ျပန္လည္ကုစားျခင္းအပိုင္းဟာ သင့္ရဲ႕ကိုယ္ပိုင္အေကာင္းဆံုးမိတ္ေဆြ ဆိုတာကို အမွတ္ရေနဖို႔ လိုအပ္ပါတယ္။ ဒီအရာဟာ လူတိုင္းအတြက္ေတာ့ ကြဲျပားႏိုင္ၿပီး သင္ကိုယ္တိုင္နဲ႔အတူ သင့္ပတ္ဝန္းက်င္က သင့္ကိုေပ်ာ္ရြင္ေစနိုင္မယ့္ အရာဘာပဲျဖစ္ျဖစ္ ပါဝင္ပါတယ္။ ဒါကိုသင္စဥ္းစားတဲ့အခါ သင့္ကိုယ္သင္ႏူးညံ့သိမ့္ေမြ႕ဖို႔ လိုအပ္ပါတယ္။ သင့္ရဲ႕ခံစားခ်က္ေတြကို စစ္ေၾကာျခင္းမရွိပဲ ဝန္ခံျခင္းဟာလည္း အေရးႀကီးတဲ့ အရာတစ္ခုျဖစ္ပါတယ္။

၃။ ေကာင္းတဲ့အရာေတြနဲ႔ အေထာက္အပံ့ျဖစ္ေစမယ့္ relationship ေတြကို ရွာေဖြပါ
အထီးက်န္ျခင္းဟာ စိတ္ပုိင္းဆိုင္ရာအျပင္ ႐ုပ္ပိုင္းဆိုင္ရာလည္း ျဖစ္နိုင္ပါတယ္။ အထီးက်န္သူတစ္ေယာက္ရဲ႕ အဓိကလကၡဏာတစ္ခုကေတာ့ ပတ္ဝန္းက်င္နဲ႔ အဆက္အသြယ္ျပတ္ျခင္း ျဖစ္ပါတယ္။ သူတို႔ဟာ အျမဲတမ္းကံဆိုးျခင္းစိတ္သေဘာထားကေန ကိုယ့္ကိုယ္ကိုသီးျခားအျဖစ္ ခြဲထုတ္သြားတတ္ပါတယ္။ ဒီလိုေခ်ာ္က်ႏိုင္တဲ့ အေနအထားကေန သတိရွိရွိန႔ဲ န္းထြက္ႏိုင္ဖို႔လည္း လိုအပ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးေတြမွာ သူငယ္ခ်င္းေကာင္းေတြက သင့္ကိုပိုေကာင္းတဲ့အရာေတြ မွတ္မိေနေစဖို႔ ကူညီေပးပါလိမ့္မယ္။ လူတစ္ေယာက္ရဲ႕ ခ်စ္ခင္မႈကို ခံရျခင္းဟာ ဒီလိုအခ်ိန္မွာ အထီးက်န္မႈကိုေက်ာ္ျဖတ္ဖို႔ ပထမဆံုးေျခလွမ္းဆိုလည္း မမွားပါဘူး။ သူကသင့္ရဲ႕က်ေနတဲ့ စိတ္ေတြကို ျမွင့္တင္ေပးႏိုင္စြမ္းရွိၿပီး ေပ်ာ္စရာအခ်ိန္ေတြကို သတိေပးေနပါလိမ့္မယ္။ ဘယ္ေလာက္ပဲအထီးက်န္ေနပါေစ။ ဒီအခ်က္ကိုေတာ့ ေမ့မပစ္ပါနဲ႔။

မနာလိုျဖစ္ေနတဲ့ လူတစ္ေယာက္ရဲ႕ လကၡဏာ (၇)ခ်က္နဲ႔ ရွာင္ရွားဖို႔အတြက္ နည္းလမ္းမ်ား

၄။ သင့္ရဲ႕ဦးစားေပးအရာေတြကို ျပန္လည္သံုးသပ္ပါ
သင္လည္းပဲ အထီးက်န္မႈကို ခံစားႏိုင္ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ခ်စ္တဲ့သူတစ္ေယာက္အစား အလုပ္နဲ႔ အျခားစီမံကိန္းေတြအေပၚပဲ အာ႐ံုစိုက္တာမ်ားေနႏိုင္ပါတယ္။ ဒါေတြကို ဘရိတ္အုပ္လိုက္ပါ။ သင့္အတြက္ အေရးအႀကီးဆံုးအရာက ဘာလဲဆိုတာကို ျပန္လည္ဆံုးျဖတ္ပါ။ သင့္ရဲ႕တစ္ေန႔တာအစီအစဥ္ဇယားမွာ အေရးအႀကီးဆံုးအရာေတြကို ျပင္ဆင္ေရးဖို႔ လက္မတြန္႔ပါနဲ႔။ သင္ဒီေန႔ဘာကို ၿပီးေျမာက္ေစခ်င္တာလဲ။ ဘာသာစကားအသစ္သင္ယူေနတာ၊ သို႔မဟုတ္ အႏုပညာတစ္ခုခုသင္ယူေနျခင္း၊ ဖန္းတီးေနျခင္းဟာလည္း သင့္အတြက္ေကာင္းတဲ့ ၿပီးေျမာက္မႈဆိုတာကုိ မေမ့ပါနဲ႔။ ဒီအရာေတြက သင့္အတြက္အလြန္ေကာင္းတဲ့ ၿပီးေျမာက္မႈအသိကို ေပးႏိုင္စြမ္းရွိၿပီး အခြံထဲကေန သင့္ကိုအျပင္ထုတ္ေပးပါလိမ့္မယ္။ ကိုယ့္ရဲ႕ရည္ရြယ္ခ်က္ကို ျပန္လည္အဓိပၸာယ္ဖြင့္ျခင္းဟာ သင့္ရဲ႕တန္ဖိုးေတြကို အျခားသူေတြအျမင္မွာ တိုးပြားေစႏိုင္ပါတယ္..

၅။ သင္ဟာအေရးႀကီးပါတယ္
အထီးက်န္ေနတဲ့အခ်ိန္မွာ ခံစားခ်က္တန္ဖိုးနဲ႔ အခ်စ္ခံရျခင္းဟာ မွတ္မိဖို႔အတြက္ အခက္အခဲဆံုးအရာတစ္ခု ျဖစ္ႏိုင္ပါတယ္။ ပထမဆံုး ယံုၾကည္ရမွာက သင္ဟာအေကာင္းဆံုးျဖစ္ေၾကာင္းကိုပါ။ အရင္ဆံုး သင္လုပ္ရမွာက ေက်းဇူးတင္မႈ စာရင္းတစ္ခုပါ။ သင့္အတြက္ ေကာင္းျခင္းေတြလုပ္ေပးဖူးတဲ့ သူေတြကို စာရင္းျပဳစုပါ။ ၿပီးရင္ အျခားသူေတြအတြက္ သင္လုပ္ေပးဖူးခဲ့တဲ့ ေကာင္းတဲ့အရာေတြကို ခ်ေရးပါ။ ဒီစာရင္းတစ္ခုက သင္ဟာေမတၱာတရားၾကြယ္ဝသူျဖစ္ေၾကာင္း ေဖာ္ျပေနယံုသာမက အထီးက်န္ေနတယ္လို႔ ခံစားေနရတဲ့ ယံုၾကည္မႈကိုလည္း ပယ္ခ်ႏိုင္စြမ္းရွ္ိပါတယ္။ အျခားသူေတြ သင့္ကိုထင္ျမင္မႈေတြနဲ႔ေတာ့ ကိုယ့္ရဲ႕ကိုယ္ပိုင္တန္ဖိုးကို မသတ္မွတ္ပစ္လိုက္ပါနဲ႔။ အထီးက်န္ျခင္းဟာ လူတိုင္းတစ္ေန႔ေန႕ ခံစားရႏိုင္တဲ့ ခံစားခ်က္ျဖစ္ပါတယ္။ ဒါကို သင္ေၾကာက္႐ြံေနျခင္း၊ သို႔မဟုတ္ ေပ်ာ့ညံ့စြာခံစားေနျခင္းေတြအစား ဒီအတြက္ သင္ဘာလုပ္သင့္တယ္ဆိုတာကို ျပင္ဆင္ထားဖို႔ပဲ လိုအပ္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-powerofpossitively

Unicode

အထီးကျန်ခြင်းဟာ တကယ့်ကိုခက်ခဲတဲ့ ခံစားချက်တစ်ခုပါ။ ဒီလိုခံစားချက်ကသင့်ကို မပျော်ရွင်မှုတွေရယ် စိတ်ညစ်မှုတွေရယ် ရရှိစေပြီး ဘာကြောင့်ယခုလို ခံစားနေရတယ် ဆိုတာကိုလည်း အဖြေရှာဖို့ဆိုတာလည်း သင့်အတွက်ခက်ခဲပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အထီးကျန်ခြင်းဟာ တစ်ဦးတစ်ယောက်စီတိုင်းရဲ့ အတွေ့အကြုံဖြစ်ပြီး
နားလည်မှုလွဲတဲ့ ခံစားချက်တွေ၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုစိတ်ပျက်မှုတွေ သို့မဟုတ် အခြားသူတွေကို စိတ်ပျက်စေမှုတွေ ဖြစ်စေနိုင်ပါတယ်။  တကယ်လို့ အထီးကျန်ခြင်းအလယ်မှာ သင်ရောက်နေခဲ့ရင် အကူအညီဖြစ်စေနိုင်ဖို့ မှတ်မိနေရမယ့် အရာတွေရှိပါတယ်။ ဒီအရာတွေက သင့်ကိုအကောင်းမြင်ခြင်းကို အာရုံစိုက်မိစေဖို့နဲ့ အခြေအနေတိုင်းကို ပြန်လည်ထိန်းညှိနိုင်ဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။

၁။ ဒါလည်းပြီးသွားမှာပါ
သင့်အတွက် အမှတ်ရနေသင့်တဲ့ အရာတစ်ခုက အထီးကျန်ခြင်းဟာ ကြာရှည်မခံဘူး ဆိုတာပါပဲ။ အရင်ဆုံး သင်အထီးကျန်နေတယ်ဆိုတာကိုပဲ အသိအမှတ်ပြုပါ။ ဒါပေမယ့် ဒီအကြောင်းနဲ့တော့ သင့်ကိုယ်သင် ဖိနှိပ်ဖို့ မကြိုးစားပါနဲ့။ အထီးကျန်ခြင်းရဲ့ နောက်ဆုံးကာလရောက်တဲ့အထိ သင်အသက်ရှင်ကျန်ရစ်နေဦးမှာပါ။ ဒီလိုအထီးကျန်မှုတွေထဲကမှ
ပိုပြီးခါးသက်တဲ့ နာကျင်မှုတွေအဖြစ် သင်ဖန်တီးနိုင်သလိုပဲ ပိုပြီးကောင်းမွန်တဲ့ ချိုမြိန်မှုတွေကိုလည်း သင်ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။ ယာယီခံစားမှုလေးက သင့်ကိုသတ်မှတ်လို့မရ သလို သင့်ကိုဒဏ်ပေးခွင့်လည်း မရှိပါဘူး။ သင့်အတွက်သတိက အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါ။ အထီးကျန်မှုတွေကို ဆုပ်ကိုင်ထားမယ့်အစား ပြီးသွားမယ့်ခဏတာခံစားချက်လေးအဖြစ် နှလုံးသွင်းနိုင်အောင် ကြိုးစားပေးသင့်ပါတယ်။

၂။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ
သင်သာလျှင် ဦးစားပေးမှုရဲ့ ထိပ်ဆုံးမှာ ရှိနေပါစေ။ ကိုယ့်ကိုယ်ကိုလေးစားမှု လျော့နည်းခြင်းဟာ သင့်ကိုတိုက်ရိုက်နည်းနဲ့ အထီးကျန်စေပါလိမ့်မယ်။ ဖြစ်စဉ်အားလုံးကို ပြောင်းပြန်လှန်လိုက်ပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု နည်းပါးခြင်းကို ပြန်လည်ကုစားခြင်းအပိုင်းဟာ သင့်ရဲ့ကိုယ်ပိုင်အကောင်းဆုံးမိတ်ဆွေ ဆိုတာကို အမှတ်ရနေဖို့ လိုအပ်ပါတယ်။ ဒီအရာဟာ လူတိုင်းအတွက်တော့ ကွဲပြားနိုင်ပြီး သင်ကိုယ်တိုင်နဲ့အတူ သင့်ပတ်ဝန်းကျင်က သင့်ကိုပျော်ရွင်စေနိုင်မယ့် အရာဘာပဲဖြစ်ဖြစ် ပါဝင်ပါတယ်။ ဒါကိုသင်စဉ်းစားတဲ့အခါ သင့်ကိုယ်သင်နူးညံ့သိမ့်မွေ့ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ခံစားချက်တွေကို စစ်ကြောခြင်းမရှိပဲ ဝန်ခံခြင်းဟာလည်း အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။

၃။ ကောင်းတဲ့အရာတွေနဲ့ အထောက်အပံ့ဖြစ်စေမယ့် relationship တွေကို ရှာဖွေပါ
အထီးကျန်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာလည်း ဖြစ်နိုင်ပါတယ်။ အထီးကျန်သူတစ်ယောက်ရဲ့ အဓိကလက္ခဏာတစ်ခုကတော့ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်ခြင်း ဖြစ်ပါတယ်။ သူတို့ဟာ အမြဲတမ်းကံဆိုးခြင်းစိတ်သဘောထားကနေ ကိုယ့်ကိုယ်ကိုသီးခြားအဖြစ် ခွဲထုတ်သွားတတ်ပါတယ်။ ဒီလိုချော်ကျနိုင်တဲ့ အနေအထားကနေ သတိရှိရှိနဲ့ န်းထွက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ သူငယ်ချင်းကောင်းတွေက သင့်ကိုပိုကောင်းတဲ့အရာတွေ မှတ်မိနေစေဖို့ ကူညီပေးပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ချစ်ခင်မှုကို ခံရခြင်းဟာ ဒီလိုအချိန်မှာ အထီးကျန်မှုကိုကျော်ဖြတ်ဖို့ ပထမဆုံးခြေလှမ်းဆိုလည်း မမှားပါဘူး။ သူကသင့်ရဲ့ကျနေတဲ့ စိတ်တွေကို မြှင့်တင်ပေးနိုင်စွမ်းရှိပြီး ပျော်စရာအချိန်တွေကို သတိပေးနေပါလိမ့်မယ်။ ဘယ်လောက်ပဲအထီးကျန်နေပါစေ။ ဒီအချက်ကိုတော့ မေ့မပစ်ပါနဲ့။

၄။ သင့်ရဲ့ဦးစားပေးအရာတွေကို ပြန်လည်သုံးသပ်ပါ
သင်လည်းပဲ အထီးကျန်မှုကို ခံစားနိုင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ချစ်တဲ့သူတစ်ယောက်အစား အလုပ်နဲ့ အခြားစီမံကိန်းတွေအပေါ်ပဲ အာရုံစိုက်တာများနေနိုင်ပါတယ်။ ဒါတွေကို ဘရိတ်အုပ်လိုက်ပါ။ သင့်အတွက် အရေးအကြီးဆုံးအရာက ဘာလဲဆိုတာကို ပြန်လည်ဆုံးဖြတ်ပါ။ သင့်ရဲ့တစ်နေ့တာအစီအစဉ်ဇယားမှာ အရေးအကြီးဆုံးအရာတွေကို ပြင်ဆင်ရေးဖို့ လက်မတွန့်ပါနဲ့။ သင်ဒီနေ့ဘာကို ပြီးမြောက်စေချင်တာလဲ။ ဘာသာစကားအသစ်သင်ယူနေတာ၊ သို့မဟုတ် အနုပညာတစ်ခုခုသင်ယူနေခြင်း၊ ဖန်းတီးနေခြင်းဟာလည်း သင့်အတွက်ကောင်းတဲ့ ပြီးမြောက်မှုဆိုတာကို မမေ့ပါနဲ့။ ဒီအရာတွေက သင့်အတွက်အလွန်ကောင်းတဲ့ ပြီးမြောက်မှုအသိကို ပေးနိုင်စွမ်းရှိပြီး အခွံထဲကနေ သင့်ကိုအပြင်ထုတ်ပေးပါလိမ့်မယ်။ ကိုယ့်ရဲ့ရည်ရွယ်ချက်ကို ပြန်လည်အဓိပ္ပာယ်ဖွင့်ခြင်းဟာ သင့်ရဲ့တန်ဖိုးတွေကို အခြားသူတွေအမြင်မှာ တိုးပွားစေနိုင်ပါတယ်..

၅။ သင်ဟာအရေးကြီးပါတယ်
အထီးကျန်နေတဲ့အချိန်မှာ ခံစားချက်တန်ဖိုးနဲ့ အချစ်ခံရခြင်းဟာ မှတ်မိဖို့အတွက် အခက်အခဲဆုံးအရာတစ်ခု ဖြစ်နိုင်ပါတယ်။ ပထမဆုံး ယုံကြည်ရမှာက သင်ဟာအကောင်းဆုံးဖြစ်ကြောင်းကိုပါ။ အရင်ဆုံး သင်လုပ်ရမှာက ကျေးဇူးတင်မှု စာရင်းတစ်ခုပါ။ သင့်အတွက် ကောင်းခြင်းတွေလုပ်ပေးဖူးတဲ့ သူတွေကို စာရင်းပြုစုပါ။ ပြီးရင် အခြားသူတွေအတွက် သင်လုပ်ပေးဖူးခဲ့တဲ့ ကောင်းတဲ့အရာတွေကို ချရေးပါ။ ဒီစာရင်းတစ်ခုက သင်ဟာမေတ္တာတရားကြွယ်ဝသူဖြစ်ကြောင်း ဖော်ပြနေယုံသာမက အထီးကျန်နေတယ်လို့ ခံစားနေရတဲ့ ယုံကြည်မှုကိုလည်း ပယ်ချနိုင်စွမ်းရှိပါတယ်။ အခြားသူတွေ သင့်ကိုထင်မြင်မှုတွေနဲ့တော့ ကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးကို မသတ်မှတ်ပစ်လိုက်ပါနဲ့။ အထီးကျန်ခြင်းဟာ လူတိုင်းတစ်နေ့နေ့ ခံစားရနိုင်တဲ့ ခံစားချက်ဖြစ်ပါတယ်။ ဒါကို သင်ကြောက်ရွံနေခြင်း၊ သို့မဟုတ် ပျော့ညံ့စွာခံစားနေခြင်းတွေအစား ဒီအတွက် သင်ဘာလုပ်သင့်တယ်ဆိုတာကို ပြင်ဆင်ထားဖို့ပဲ လိုအပ်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-powerofpossitively

LEAVE A REPLY

Please enter your comment!
Please enter your name here