အချိန်တစ်မိနစ်လောက်နဲ့ ပျိုမေရဲ့ စေ့စပ်လက်စွပ် ကို တောက်ပြောင်သွားအောင် ဘယ်လိုလုပ်မလဲ

0
217


-Advertisement-



#LM_Naung_Naung
#Lifestyle_Myanmar

unicode

ပျိုမေတို့ရဲ့စေ့စပ်လက်စွပ်ကို ကိုယ့်ရဲ့အချစ်ရေးလိုပဲ အမြဲတမ်းတောက်ပပြီး လှပနေစေဖို့ မီးဖိုချောင်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ပဲ သန့်စင်လို့ရပါတယ်။
ပထမဆုံး မုတ်ဖုတ်ဆိုဒါကို အသုံးပြုပြီး ဘယ်လိုသန့်စင်ရမလဲဆိုတာ ပြောပြပေးမယ်နော်။ မုန်ဖုတ်ဆိုဒါဟာ အလှအပကျန်းမာရေးအတွက်သာမက သတ္တုပစ္စည်းအတော်များများကို တိုက်ချွတ်တဲ့နေရာမှာလည်း ဆရာတစ်ဆူပါ။ အသုံးပြုရမှာကတော့ လွယ်ကူပါတယ်။ မုတ်ဖုတ်ဆိုဒါကို ရေနွေးနွေးလေးနဲ့ ရွံ့စေးလိုဖြစ်သွားအောင် ရေစပ်ပါ။ ပြီးလျှင် လက်စွပ်ရဲ့နေရာအနှံ့ ညင်ညင်သာသာလေး သင့်ရဲ့လက်ချောင်းတွေနဲ့အတူ မုတ်ဖုတ်ဆော်ဒါကို ပွတ်တိုက်ပေးပါ။
ပြီးလျှင် ရေနွေးနဲ့ဆေးကြေား ခြောက်သွေ့တဲ့ပဝါနဲ့သုတ်ပေးပါ။

သွားတိုက်ဆေးဟာလည်း သင့်ရဲ့စေ့စပ်လက်စွပ်ကို တိုက်ချွတ်ဖို့အတွက် အသုံးဝင်ပါတယ်။ သွားတိုက်ဆေးနဲ့တိုက်ချွတ်ဖို့အတွက် နူးညံ့တဲ့သွားပွတ်တံတစ်ချောင်းရှိဖို့ လိုအပ်ပါတယ်။ သွားတိုက်ဆေးအနည်းငယ်နဲ့ ညင်သာစွာပွတ်တိုက်ပြီး ရေနွေးနဲ့ဆေးကြောပြီး အဝတ်ခြောက်နဲ့ သုတ်ပေးပါ။
အဝတ်လျှော်ဆပ်ပြာဆီအနည်းငယ်ကို သွားတိုက်ဆေးနဲ့ရောစပ်ပြီး တိုက်ချွတ်ပေးရင်လည်း ပိုပြီးတောက်ပြောင်သွားစေပါတယ်။ တကယ်လို့ သင့်ရဲ့လက်စွပ်က အရမ်းဂျီးတွေတက်နေရင်တော့ မတိုက်ချွတ်မှီ ဆပ်ပြာရောထားတဲ့ရေနွေးထဲမှာ နာရီဝက်လောက်စိမ်ထားပေးပါ။

သင့်ရဲ့လက်စွပ်ကို မထိခိုက်စေဖို့အတွက် ယခုဖော်ပြတဲ့အရာတွေနဲ့ မထိတွေ့ပါစေနဲ့။
hairspray, လက်သည်းနီ၊ လက်သည်းဖျက်ဆေး၊ စတဲ့ မည်သည့်ဓါတုဗေဒ ချွတ်ဆေးတွေနဲ့မှ မထိတွေ့မိပါစေနဲ့။ ဒီအရာတွေက သင့်ရဲ့လက်စွပ်ကိုဖျက်စီးနိုင်ပါတယ်။
သင့်ရဲ့လက်စွပ်ကို အမြဲတမ်းတောက်ပလှပနေစေဖို့အတွက် ရေချိုးတဲ့အခါ၊ မျက်နှာသစ်တဲ့အခါတွေနဲ့၊ လိုးရှင်းလူးတဲ့အချိန်တွေမှာလည်း ချွတ်ထားသင့်ပါတယ်။

#LM_Naung_Naung
#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here