လူတိုင်း ဘဝမှာတစ်ခါတော့ မှတ်မှတ်ရရ ပျော်ရွှင်စရာ အချိန်ခဏလေးတော့ ကိုယ်စီရှိခဲ့ဖူးကြမှာပါ။ ဒီအမှတ်တရတွေက ဖျောက်ဖျက်လို့ မရသလို မေ့ပျောက်လို့လဲ မရနိုင်ပါဘူး။ ဘယ်အချိန်ဖြစ်ဖြစ် ပြန်တွေးတိုင်း ပီတိဖြစ်ပြီး ကြည်နူးမိနေတုန်းပါပဲ။

၁။ ရှေ့တန်းက အပြန် ဇနီးဖြစ်သူက ကိုယ့်ရင်သွေးလေးလွယ်ပြီး လာကြိုတဲ့အခါ ဒီအချိန်က သူ့အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်စရာ အမှတ်တရလေးတစ်ခုပဲဖြစ်ပါတယ်။

၂။ သူကတော့ အသက် ၃၂နှစ်ကြာမှ ဓာတုကုထုံးကြောင့် ၅လအတွင်း ဆံပင်ပြန်ပေါက်လာသူပဲဖြစ်ပါတယ်။ အခြားသူတွေအတွက်တော့ သာမန်ကိစ္စတစ်ခုလို့မြင်ပေမဲ့ ဆံပင်ကိုမြတ်နိုးသူကာယကံရှင်မိန်းကလေးအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်စရာ အခိုက်အတန့်လေးပဲဖြစ်ပါတယ်။
၃။ သူကတော့ အသက် ၁၈နှစ်ရှိတဲ့ မျက်မမြင်တစ်ယောက်ဖြစ်ပြီး စာသောက်ဆိုင်က မျက်မမြင်တွေ စာဖတ်ဖို့အတွက် သီးသန့်ပြုလုပ်ပေးထားတဲ့ menu ကို ပထမဦးဆုံးအကြိမ် ဖတ်ဖူးတာပဲဖြစ်ပါတယ်။

၎။ လူရော တိရိစ္ဆာန်ပါ စင်ကြယ်တဲ့အပြုံးတွေ ကူးစက်နေတဲ့ ဓာတ်ပုံတစ်ပုံပဲဖြစ်ပါတယ်။
၅။ Biker တွေကို အားကျတဲ့ ကလေးလေးတစ်ယောက်က Biker သမားကို တွေ့တဲ့အခါ သူ့ကို Biker သမားက တရင်းတနှီး နှုတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

၆။ မိုးမျှော်တိုက်တွေရဲ့ မှန်တွေကို သက်စွန့်ဆံဖျား သန့်ရှင်းရေးလုပ်ရတဲ့ အလုပ်သမားအတွက် မမျှော်လင့်ဘက် အမျိုးသမီးတစ်ဦးက ကော်ဖီလေးတစ်ခွက်လှမ်းတိုက်တဲ့အခါ ကော်ဖီတစ်ခွက်က တန်ဖိုးမရှိပေမဲ့
သူတို့နှစ်ဦးအတွက်တော့ တန်းဖိုးမဖြတ်နိုင်တဲ့ ကြည်နူးမှုကို ရရှိစေမှာ အသေအချာပါပဲ။

၇။ မာရသွန်အပြေးပြိုင်ပွဲဝင်တွေနဲ့ တရင်းတနှီး နှုတ်ဆက်ရတာ ဘာမှမဆန်းဘူးဆိုပေမဲ့ ဘဝနေဝင်ချိန်ကို စောင့်ဆိုင်းနေတဲ့ အဖွားအိုတစ်ယောက်အတွက်တော့ ခဏတာ စိတ်ချမ်းသာမှုကို ရရှိစေမှာဖြစ်ပါတယ်။

၈။ Ryan Coleman ဆိုတဲ့မီးသတ်သမားဟာ မီးလောင်နေတဲ့ ကြားက ကြောင်လေးကို ကယ်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက် အသက်ဘေးက လွှတ်လာတဲ့ကြောင်လေးနဲ့ ကယ်တင်ပေးလိုက်နိုင်တဲ့ မီးသတ်သမားရဲ့ပုံရိပ်တွေဟာ အရမ်းကို ပျော်ရွှင်ကြည်နူးနေဟန်တူပါတယ်။

၉။ စစ်ထဲဝင်သွားတဲ့ကောင်လေး လေ့ကျင့်ရေးဆင်းနေစဉ်အတွင်း သူ့ချစ်သူကောင်မလေးက Birthday Suprise လုပ်ပေးတဲ့အခါ မျက်ရည်ကျတဲ့အထိ ဝမ်းသာနေတဲ့ မျက်ကွင်းလေးပဲဖြစ်ပါတယ်။

၁၀။ လည်ပင်းမှာ ကြေးနန်းကြိုးပတ်နေတဲ့ လမ်းဘေးခွေးလေးကိုအမျိုးသားတစ်ဦးက စိတ်ရှည်လက်ရှည်နဲ့ ဖြုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ အခက်ခဲဖြစ်နေတဲ့အချိန် အကူအညီရလိုက်တဲ့ ခွေးလေးအတွက်တော့ပျော်ရွှင်ရဆုံးအချိန်တစ်ခုဆိုလည်း မမှားပါဘူး။

၁၁။ သားဖြစ်သူရဲ့ ဟော်ကီကစားပွဲရဲ့ ရမှတ်ကို မြင်ပြီး ပီတိမျက်ရည်ကျခဲ့တဲ့ ဖခင်တစ်ဦးရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်မြင်ကွင်းလေးပဲဖြစ်ပါတယ်။

#Lifestyle_Myanmar
Credit photo – Bright Side