• Latest
  • Trending
  • All
  • News
  • Lifestyle
အခ်စ္ဆံုးသူငယ္ခ်င္းနဲ႔ ဘဝမွာအနည္းဆံုး တႀကိမ္ေလာက္ျဖစ္ျဖစ္ ခရီးထြက္သင့္ေၾကာင္း အၾကံေပးခ်က္ (၉)ခ်က္

အခ်စ္ဆံုးသူငယ္ခ်င္းနဲ႔ ဘဝမွာအနည္းဆံုး တႀကိမ္ေလာက္ျဖစ္ျဖစ္ ခရီးထြက္သင့္ေၾကာင္း အၾကံေပးခ်က္ (၉)ခ်က္

October 21, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Tuesday, February 7, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ရည္းစားေဟာင္း

    ကိုယ့္ရဲ႕ ရည္းစားေဟာင္း အေပၚ ေက်းဇူးတင္သင့္တဲ့ အခ်က္အခ်ိဳ႕

    တကယ္ႀကိဳးစားခ်င္စိတ္ရွိတဲ့လူတစ္ေယာက္ဟာ ဘယ္လိုပဲ အခက္အခဲေတြ ႀကံဳေတြ႕ေနပါေစ အၿမဲရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနၿပီးသားပါ။

    တကယ္ႀကိဳးစားခ်င္စိတ္ရွိတဲ့လူတစ္ေယာက္ဟာ ဘယ္လိုပဲ အခက္အခဲေတြ ႀကံဳေတြ႕ေနပါေစ အၿမဲရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနၿပီးသားပါ။

    ခလုတ္ထိမွ အမိတ ဆိုသလို ကၽြန္ေတာ္တို႔ေတြဟာ ျပႆနာေတြ၊ ဒုကၡေတြနဲ႔ ႀကံဳလာတဲ့အခါ

    ခလုတ္ထိမွ အမိတ ဆိုသလို ကၽြန္ေတာ္တို႔ေတြဟာ ျပႆနာေတြ၊ ဒုကၡေတြနဲ႔ ႀကံဳလာတဲ့အခါ

    မိန္းမေခ်ာ့နည္း

    မိန္းမေခ်ာ့နည္း

    ငါးမိနစ္တစ္ခါ စိတ္ေျပာင္းတတ္တဲ့ မိန္းကေလးတို႔ရဲ႕ သဘာဝ အပိုင္း(၂)

    ငါးမိနစ္တစ္ခါ စိတ္ေျပာင္းတတ္တဲ့ မိန္းကေလးတို႔ရဲ႕ သဘာဝ အပိုင္း(၂)

  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle

အခ်စ္ဆံုးသူငယ္ခ်င္းနဲ႔ ဘဝမွာအနည္းဆံုး တႀကိမ္ေလာက္ျဖစ္ျဖစ္ ခရီးထြက္သင့္ေၾကာင္း အၾကံေပးခ်က္ (၉)ခ်က္

by Nandar Lwin
October 21, 2018
in Lifestyle, Travel
0
အခ်စ္ဆံုးသူငယ္ခ်င္းနဲ႔ ဘဝမွာအနည္းဆံုး တႀကိမ္ေလာက္ျဖစ္ျဖစ္ ခရီးထြက္သင့္ေၾကာင္း အၾကံေပးခ်က္ (၉)ခ်က္
864
SHARES
63
VIEWS
Share on FacebookShare on Twitter

ကိုယ့္ရဲ႕ အေကာင္းဆံုးသူငယ္ခ်င္းနဲ႔အတူ ခရီးတစ္ခုခုကို အတူတူသြားရတာဟာ ေပ်ာ္စရာေကာင္းမွန္း မေျပာလည္း သိၿပီးသားျဖစ္မွာပါ။ ၿပီးေတာ့ အရင္ကထက္ ပိုၿပီး သူငယ္ခ်င္းသံေယာဇဥ္ေတြ တိုးလာမွာ မလြဲပါပဲ။ ကိုယ့္ရဲ႕ အားမနာလွ်ာမက်ိဳး သူငယ္ခ်င္းနဲ႔အတူဆိုေတာ့ ခရီးစဥ္တစ္ခုလံုး တဝါးဝါးတဟားဟားနဲ႔ ေပ်ာ္စရာအခိုက္အတန္႔ေတြ၊ ဘယ္မွာမွမရႏိုင္တဲ့ အမွတ္တရမ်ားစြာကိုလည္း ၾကံဳေတြ႕ရမွာပါ။ ဒါေၾကာင့္ တႀကိမ္ေလာက္အနည္းဆံုးေတာ့ ေဘာ္ေဘာ္နဲ႔ ညွိၿပီး ခရီးရွည္ျဖစ္ျဖစ္ ခရီးတိုေလးပဲျဖစ္ျဖစ္ ႀကိဳးစားၾကည့္ေစခ်င္ပါတယ္။ ဘယ္လို အေတြ႕အၾကံဳေတြ ၾကံဳရမယ္ဆိုတာ အခု (၉) ခ်က္က ႀကိဳတင္ၿပီး ေျပာျပေပးမွာပါ။

၁။ အခက္အခဲေတြ ေျဖရွင္းဖို႔ အေဖာ္ရတယ္
ကၽြန္ေတာ္တို႔အားလံုး ကိုင္တြယ္မေျဖရွင္းႏိုင္တဲ့ အေျခအေနေတြ ရွိပါတယ္။ ဒါေပမယ့္ သင့္ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းကေတာ့ သင္ဘယ္လိုအခက္အခဲပဲၾကံဳၾကံဳ အတူတူရင္ဆိုင္ဖို႔ အသင့္ရွိေနပါတယ္။ ယခုလိုခရီးစဥ္ေလးအတြင္းမွာ သင္ဘယ္လိုဒုကၡေတြပဲၾကံဳၾကံဳ သင့္ကိုထားရစ္ၿပီး ထြက္သြားမွာမဟုတ္ပါဘူး။

ADVERTISEMENT

၂။ အစီအစဥ္ဆြဲတဲ့အခါ အရမ္းစိတ္လႈပ္ရွားဖို႕ေကာင္းတယ္
Plan ဆြဲတဲ့အဆင့္ဟာ ခရီးစဥ္တစ္ခုရဲ႕ အေကာင္းဆံုးအစိတ္အပိုင္းေတြထဲက တစ္ခုျဖစ္ၿပီးေတာ့ အေကာင္းဆံုးသူငယ္ခ်င္းနဲ႔ ခရီးအတြက္ အတူတူ Plan ခ်တဲ့အခါ ပိုလို႔ေတာင္ ေပ်ာ္စရာေကာင္းေနပါေသးတယ္။ ခရီးသြားဖို႔ အခ်ိန္မတိုင္မွီမွာပဲ သင္ဘာေတြယူသြားသင္တယ္၊ ဘယ္လိုျပင္ဆင္ထားသင့္တယ္ဆိုတာ သင္ေမ့ေနမွာစိုးလို႔ ဖုန္းဆက္ၿပီးမွာၾကားရတာ ခဏခဏပါပဲ။ ခရီးစဥ္အတြင္းမွာလည္း သူ႕ရဲ႕စိတ္ကူးေတြ၊ ပတ္ဝန္းက်င္နဲ႔ ရင္သပ္႐ႈေမာဖြယ္ ျမင္ကြင္းေတြအေၾကာင္းကို ႏွစ္ေယာက္သား ႐ိုး႐ိုးရွင္းရွင္း ေျပာဆိုေနၾကလို႔ အရမ္းကိုေပ်ာ္ဖို႕ေကာင္းမွာပါ။

၃။ ၃၆ နာရီေလာက္ ကားစီးသြားရတဲ့ ခရီးေတာင္မွ ေပ်ာ္စရာေကာင္းေနမွာပါ
အခ်စ္ဆံုးသူငယ္ခ်င္းနဲ႔ ခရီးအတူတူသြားရတဲ့အခါ အခ်ိန္ဟာသင့္အတြက္ ပ်င္းစရာေကာင္းမွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ သင္တို႔ႏွစ္ေယာက္က တစ္ေယာက္အေၾကာင္း တစ္ေယာက္အကုန္သိၿပီးသားျဖစ္ၾကၿပီး တစ္ေယာက္ကေျပာတဲ့အခါ တစ္ေယာက္ကရယ္ေမာဖို႔ အသင့္ျဖစ္ေနတဲ့အတြက္ စကားဝိုင္းက ဆံုးမွာမဟုတ္ေတာ့သလို ေျပာစရာစကားေတြ ကုန္သြာမွာလည္း မဟုတ္ပါဘူး။

၄။ ခရီးအတြက္ ထုတ္ပိုးရတာလည္း ပိုလြယ္သြားတယ္
ကမာၻပတ္ေနတဲ့ ခရီးသြားေတြမွာ ခရီးအတြက္ လိုအပ္တဲ့အသံုးအေဆာင္ေတြ ထုတ္ပိုးၾကတဲ့အခါ တကယ္ကိုပညာသားပါၿပီး အေတြ႕အၾကံဳမ်ားစြာ လိုအပ္ပါတယ္။ အေသးအမႊား တိုလီမုတ္စေတြနဲ႔ လိုအပ္မယ္ထင္တာေတြ မလိုအပ္ဖူးလို႔ ထင္တာေတြနဲ႔ တကယ့္ကို ေခါင္းေျခာက္စရာပါ။ ဒါေပမယ့္ သူငယ္ခ်င္းနဲ႔အတူတူသြားရင္ေတာ့ သင့္အတြက္ ပိုလြယ္ကူသြားေစပါတယ္။ ဥပမာ သြားတိုက္ေဆး၊ ဖုန္းအားသြင္းႀကိဳးလို အေသးအမႊားေလးေတြကအစ ႏွစ္ေယာက္အတူတူသံုးလို႔ရတာေၾကာင့္ ေနရာပိုက်ယ္လာမွာျဖစ္ၿပီး စာအုပ္ေတြလည္း ယူသြားစရာ မလိုေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူငယ္ခ်င္းနဲ႔ ခရီးအတူတူသြားရင္ သင့္မွာစာဖတ္ဖို႔ အခ်ိန္ရွိမွာ မဟုတ္ပါဘူး။

၅။ ဓါတ္ပံု႐ိုက္တဲ့အခါ သင့္ရဲ႕အေကာင္းဆံုး အေနအထားကို သူကသိတယ္
အင္စတာဂရမ္မွာ တင္ေနၾကတဲ့ ပံုေကာင္းေတြဟာ အနည္းဆံုးငါးႀကိမ္ေလာက္ ႀကိဳးစားၿပီးမွ ရေၾကာင္း ကၽြန္ေတာ္တို႔ အားလံုးသိပါတယ္။ ဒါေပမယ့္ သင့္ရဲ႕သူငယ္ခ်င္းကေတာ့ သင့္အတြက္ မီလီယံနဲ႔ခ်ီတဲ့ ပံုေတြကို စိတ္ရွည္လက္ရွည္ ႐ိုက္ေပးမွာျဖစ္ၿပီးေတာ့ သင့္မ်က္ႏွာႏွစ္ျခမ္းမွာ ဘယ္အျခမ္းက ပိုၿပီးေတာ့ Perfect ျဖစ္တယ္ဆိုတာကအစ သူကသိရွိေနပါတယ္။

၆။ တစ္ေယာက္နဲ႔တစ္ေယာက္ Flexible ျဖစ္တယ္
ခရီးထြက္ျခင္းရဲ႕ ေကာင္းက်ိဳးတစ္ခုက အရမ္းကိုစိတ္ဝင္စားဖို႔ေကာင္းတဲ့ လူအသစ္ေတြနဲ႔ ေတြ႕ဆံုရတာျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တစ္ခါတစ္ေလမွာတစ္ေယာက္တည္း တိတ္တိတ္ဆိတ္ေနဖို႔ အခ်ိန္လိုအပ္ၿပီး ဒီလိုအခ်ိန္ေတြမွာ လူေတြနဲ႔ေတြ႕ဆံုတာထက္ Netflix ကဇာတ္ကားေတြၾကည့္တာလို အပန္းေျဖဖို႔လည္း လိုအပ္မွာပါ။ ဒီအတြက္ သင့္သူငယ္ခ်င္းက နားလည္ေပးႏိုင္ၿပီး သင့္အတြက္ လၻက္ရည္ေဖ်ာ္ေပးတာေတြ၊ ေပါက္ေပါက္ဝယ္ၿပီး အတူတူစားတာေတြနဲ႔ ေနာက္တစ္ေန႔ခရီးစဥ္အတြက္ ျပန္လည္စြမ္းအင္ျဖည့္ေပးပါလိမ့္မယ္။

၇။ တစ္ေယာက္ကိုတစ္ေယာက္ ႐ိုးသားၾကတယ္
အျခားတစ္ေယာက္နဲ႔ ခရီးတူတူထြက္တဲ့အခါ ႐ိုးသားမႈက အေရးႀကီးပါတယ္။ အထူးသျဖင့္ သင့္သူငယ္ခ်င္းနဲ႔ဆိုရင္ေပါ့။ သင့္ကို အမွန္ေတြ ေျပာသလို ယံုၾကည္ရတဲ့ လူအနည္းစုထဲမွာ သင့္သူငယ္ခ်င္းက တစ္ေယာက္အပါအဝင္ျဖစ္ၿပီးေတာ့ သင္မွားယြင္းတဲ့ အရာေတြလုပ္မိမွာ သ႔ိုမဟုတ္ အႏၱရာယ္ရွိတဲ့ အရာတစ္ခုခုကို ဆံုးျဖတ္မိမွာကို စိုရိမ္တတ္တာေၾကာင့္ သေဘာထားကြဲလြဲရင္ေတာင္မွ သင့္အတြက္ အျမဲတမ္္းအၾကံေပးပါလိမ့္မယ္။

၈။ ေငြေၾကးအေၾကာင္းကို ပြင့္လင္းစြာေျပာဆိုႏိုင္တယ္
ခရီးတစ္ခုထြက္တဲ့အခါ ေငြကအေရးႀကီးဆံုး အရာတစ္ခုျဖစ္ၿပီးေတာ့ ေပ်ာ္ရြင္စရာေတြကိုလည္း ဖန္တီးေပးႏိုင္ပါတယ္။ သင့္မွာ အရမ္းကိုေကာင္းမြန္တဲ့ ဘ႑ာေရးအေျခအေန မရွိရင္ေတာင္မွ သူငယ္ခ်င္းျဖစ္သူက ကုန္က်စားရိတ္ေတြအတြက္ မွ်ခံေပးတာလို သူမွာရွိတဲ့ ေငြေၾကးကို ႏွေျမာေနမွာ မဟုတ္ပါဘူး။ တစ္ေယာက္ကိုတစ္ေယာက္လည္း ဟန္ေဆာင္မႈကင္းတာေၾကာင့္ ေစ်းႀကီးလို႔ အနားမကပ္ႏိုင္တာေတြေၾကာင့္လည္း စိတ္မသက္မသာျဖစ္စ၇ာ မလိုပါဘူး။

၉။ အရင္ကထက္ ပိုၿပီးခင္မင္လာမယ္
ဘဝမွာ အမွတ္ရစရာေတြကို အတူတကြ ဖန္တီးၾကတဲ့အခါ ပိုၿပီးေတာ့ သံေယာဇဥ္တြယ္လာၿပီး သူငယ္ခ်င္းသံေယာဇဥ္ကို ပိုခိုင္ျမဲေစပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အသက္ေတြႀကီးလာလုိ႔ အဖိုးႀကီးအဖြားႀကီးေတြ ျဖစ္လာတဲ့ အခ်ိန္မွာေတာင္မွ သူငယ္ခ်င္းနဲ႔ ခရီးအတူတူျပန္ထြက္ဖို႔ ေတာင့္တမိမွာ မလြဲပါပဲ။ ဒါေၾကာင့္ ေပ်ာ္စရာအေတြ႕အၾကံဳေတြကို ရွာေဖြႏိုင္ဖို႔အတြက္ ဘဝမွာတႀကိမ္ေလာက္ေတာ့ သူငယ္ခ်င္းနဲ႔ ခရီးအတူတူ ထြက္သင့္ပါတယ္။

#LM_Naung_Naung
#Lifestyle_Myanmar

Unicode

အချစ်ဆုံးသူငယ်ချင်းနဲ့ ဘဝမှာအနည်းဆုံး တကြိမ်လောက်ဖြစ်ဖြစ် ခရီးထွက်သင့်ကြောင်း အကြံပေးချက် (၉)ချက်
ကိုယ့်ရဲ့ အကောင်းဆုံးသူငယ်ချင်းနဲ့အတူ ခရီးတစ်ခုခုကို အတူတူသွားရတာဟာ ပျော်စရာကောင်းမှန်း မပြောလည်း သိပြီးသားဖြစ်မှာပါ။ ပြီးတော့ အရင်ကထက် ပိုပြီး သူငယ်ချင်းသံယောဇဉ်တွေ တိုးလာမှာ မလွဲပါပဲ။ ကိုယ့်ရဲ့ အားမနာလျှာမကျိုး သူငယ်ချင်းနဲ့အတူဆိုတော့ ခရီးစဉ်တစ်ခုလုံး တဝါးဝါးတဟားဟားနဲ့ ပျော်စရာအခိုက်အတန့်တွေ၊ ဘယ်မှာမှမရနိုင်တဲ့ အမှတ်တရများစွာကိုလည်း ကြုံတွေ့ရမှာပါ။ ဒါကြောင့် တကြိမ်လောက်အနည်းဆုံးတော့ ဘော်ဘော်နဲ့ ညှိပြီး ခရီးရှည်ဖြစ်ဖြစ် ခရီးတိုလေးပဲဖြစ်ဖြစ် ကြိုးစားကြည့်စေချင်ပါတယ်။ ဘယ်လို အတွေ့အကြံုတွေ ကြံုရမယ်ဆိုတာ အခု (၉) ချက်က ကြိုတင်ပြီး ပြောပြပေးမှာပါ။

၁။ အခက်အခဲတွေ ဖြေရှင်းဖို့ အဖော်ရတယ်
ကျွန်တော်တို့အားလုံး ကိုင်တွယ်မဖြေရှင်းနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါပေမယ့် သင့်ရဲ့အချစ်ဆုံးသူငယ်ချင်းကတော့ သင်ဘယ်လိုအခက်အခဲပဲကြံုကြံု အတူတူရင်ဆိုင်ဖို့ အသင့်ရှိနေပါတယ်။ ယခုလိုခရီးစဉ်လေးအတွင်းမှာ သင်ဘယ်လိုဒုက္ခတွေပဲကြံုကြံု သင့်ကိုထားရစ်ပြီး ထွက်သွားမှာမဟုတ်ပါဘူး။

၂။ အစီအစဉ်ဆွဲတဲ့အခါ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်
Plan ဆွဲတဲ့အဆင့်ဟာ ခရီးစဉ်တစ်ခုရဲ့ အကောင်းဆုံးအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီးတော့ အကောင်းဆုံးသူငယ်ချင်းနဲ့ ခရီးအတွက် အတူတူ Plan ချတဲ့အခါ ပိုလို့တောင် ပျော်စရာကောင်းနေပါသေးတယ်။ ခရီးသွားဖို့ အချိန်မတိုင်မှီမှာပဲ သင်ဘာတွေယူသွားသင်တယ်၊ ဘယ်လိုပြင်ဆင်ထားသင့်တယ်ဆိုတာ သင်မေ့နေမှာစိုးလို့ ဖုန်းဆက်ပြီးမှာကြားရတာ ခဏခဏပါပဲ။ ခရီးစဉ်အတွင်းမှာလည်း သူ့ရဲ့စိတ်ကူးတွေ၊ ပတ်ဝန်းကျင်နဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေအကြောင်းကို နှစ်ယောက်သား ရိုးရိုးရှင်းရှင်း ပြောဆိုနေကြလို့ အရမ်းကိုပျော်ဖို့ကောင်းမှာပါ။

၃။ ၃၆ နာရီလောက် ကားစီးသွားရတဲ့ ခရီးတောင်မှ ပျော်စရာကောင်းနေမှာပါ
အချစ်ဆုံးသူငယ်ချင်းနဲ့ ခရီးအတူတူသွားရတဲ့အခါ အချိန်ဟာသင့်အတွက် ပျင်းစရာကောင်းမှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သင်တို့နှစ်ယောက်က တစ်ယောက်အကြောင်း တစ်ယောက်အကုန်သိပြီးသားဖြစ်ကြပြီး တစ်ယောက်ကပြောတဲ့အခါ တစ်ယောက်ကရယ်မောဖို့ အသင့်ဖြစ်နေတဲ့အတွက် စကားဝိုင်းက ဆုံးမှာမဟုတ်တော့သလို ပြောစရာစကားတွေ ကုန်သွာမှာလည်း မဟုတ်ပါဘူး။

၄။ ခရီးအတွက် ထုတ်ပိုးရတာလည်း ပိုလွယ်သွားတယ်
ကမ္ဘာပတ်နေတဲ့ ခရီးသွားတွေမှာ ခရီးအတွက် လိုအပ်တဲ့အသုံးအဆောင်တွေ ထုတ်ပိုးကြတဲ့အခါ တကယ်ကိုပညာသားပါပြီး အတွေ့အကြံုများစွာ လိုအပ်ပါတယ်။ အသေးအမွှား တိုလီမုတ်စတွေနဲ့ လိုအပ်မယ်ထင်တာတွေ မလိုအပ်ဖူးလို့ ထင်တာတွေနဲ့ တကယ့်ကို ခေါင်းခြောက်စရာပါ။ ဒါပေမယ့် သူငယ်ချင်းနဲ့အတူတူသွားရင်တော့ သင့်အတွက် ပိုလွယ်ကူသွားစေပါတယ်။ ဥပမာ သွားတိုက်ဆေး၊ ဖုန်းအားသွင်းကြိုးလို အသေးအမွှားလေးတွေကအစ နှစ်ယောက်အတူတူသုံးလို့ရတာကြောင့် နေရာပိုကျယ်လာမှာဖြစ်ပြီး စာအုပ်တွေလည်း ယူသွားစရာ မလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းနဲ့ ခရီးအတူတူသွားရင် သင့်မှာစာဖတ်ဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။

၅။ ဓါတ်ပုံရိုက်တဲ့အခါ သင့်ရဲ့အကောင်းဆုံး အနေအထားကို သူကသိတယ်
အင်စတာဂရမ်မှာ တင်နေကြတဲ့ ပုံကောင်းတွေဟာ အနည်းဆုံးငါးကြိမ်လောက် ကြိုးစားပြီးမှ ရကြောင်း ကျွန်တော်တို့ အားလုံးသိပါတယ်။ ဒါပေမယ့် သင့်ရဲ့သူငယ်ချင်းကတော့ သင့်အတွက် မီလီယံနဲ့ချီတဲ့ ပုံတွေကို စိတ်ရှည်လက်ရှည် ရိုက်ပေးမှာဖြစ်ပြီးတော့ သင့်မျက်နှာနှစ်ခြမ်းမှာ ဘယ်အခြမ်းက ပိုပြီးတော့ Perfect ဖြစ်တယ်ဆိုတာကအစ သူကသိရှိနေပါတယ်။

၆။ တစ်ယောက်နဲ့တစ်ယောက် Flexible ဖြစ်တယ်
ခရီးထွက်ခြင်းရဲ့ ကောင်းကျိုးတစ်ခုက အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတဲ့ လူအသစ်တွေနဲ့ တွေ့ဆုံရတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခါတစ်လေမှာတစ်ယောက်တည်း တိတ်တိတ်ဆိတ်နေဖို့ အချိန်လိုအပ်ပြီး ဒီလိုအချိန်တွေမှာ လူတွေနဲ့တွေ့ဆုံတာထက် Netflix ကဇာတ်ကားတွေကြည့်တာလို အပန်းဖြေဖို့လည်း လိုအပ်မှာပါ။ ဒီအတွက် သင့်သူငယ်ချင်းက နားလည်ပေးနိုင်ပြီး သင့်အတွက် လ္ဘက်ရည်ဖျော်ပေးတာတွေ၊ ပေါက်ပေါက်ဝယ်ပြီး အတူတူစားတာတွေနဲ့ နောက်တစ်နေ့ခရီးစဉ်အတွက် ပြန်လည်စွမ်းအင်ဖြည့်ပေးပါလိမ့်မယ်။

၇။ တစ်ယောက်ကိုတစ်ယောက် ရိုးသားကြတယ်
အခြားတစ်ယောက်နဲ့ ခရီးတူတူထွက်တဲ့အခါ ရိုးသားမှုက အရေးကြီးပါတယ်။ အထူးသဖြင့် သင့်သူငယ်ချင်းနဲ့ဆိုရင်ပေါ့။ သင့်ကို အမှန်တွေ ပြောသလို ယုံကြည်ရတဲ့ လူအနည်းစုထဲမှာ သင့်သူငယ်ချင်းက တစ်ယောက်အပါအဝင်ဖြစ်ပြီးတော့ သင်မှားယွင်းတဲ့ အရာတွေလုပ်မိမှာ သိ့ုမဟုတ် အန္တရာယ်ရှိတဲ့ အရာတစ်ခုခုကို ဆုံးဖြတ်မိမှာကို စိုရိမ်တတ်တာကြောင့် သဘောထားကွဲလွဲရင်တောင်မှ သင့်အတွက် အမြဲတမ််းအကြံပေးပါလိမ့်မယ်။

၈။ ငွေကြေးအကြောင်းကို ပွင့်လင်းစွာပြောဆိုနိုင်တယ်
ခရီးတစ်ခုထွက်တဲ့အခါ ငွေကအရေးကြီးဆုံး အရာတစ်ခုဖြစ်ပြီးတော့ ပျော်ရွင်စရာတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ သင့်မှာ အရမ်းကိုကောင်းမွန်တဲ့ ဘဏ္ဍာရေးအခြေအနေ မရှိရင်တောင်မှ သူငယ်ချင်းဖြစ်သူက ကုန်ကျစားရိတ်တွေအတွက် မျှခံပေးတာလို သူမှာရှိတဲ့ ငွေကြေးကို နှမြောနေမှာ မဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက်လည်း ဟန်ဆောင်မှုကင်းတာကြောင့် စျေးကြီးလို့ အနားမကပ်နိုင်တာတွေကြောင့်လည်း စိတ်မသက်မသာဖြစ်စရာ မလိုပါဘူး။

၉။ အရင်ကထက် ပိုပြီးခင်မင်လာမယ်
ဘဝမှာ အမှတ်ရစရာတွေကို အတူတကွ ဖန်တီးကြတဲ့အခါ ပိုပြီးတော့ သံယောဇဉ်တွယ်လာပြီး သူငယ်ချင်းသံယောဇဉ်ကို ပိုခိုင်မြဲစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသက်တွေကြီးလာလို့ အဖိုးကြီးအဖွားကြီးတွေ ဖြစ်လာတဲ့ အချိန်မှာတောင်မှ သူငယ်ချင်းနဲ့ ခရီးအတူတူပြန်ထွက်ဖို့ တောင့်တမိမှာ မလွဲပါပဲ။ ဒါကြောင့် ပျော်စရာအတွေ့အကြံုတွေကို ရှာဖွေနိုင်ဖို့အတွက် ဘဝမှာတကြိမ်လောက်တော့ သူငယ်ချင်းနဲ့ ခရီးအတူတူ ထွက်သင့်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar

Share864TweetShare
Nandar Lwin

Nandar Lwin

Related Posts

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

by Thinzar
December 20, 2022
0

အောင်မြင်မှုကို ရယူလိုသူတိုင်း ဇွဲနပဲ ကြီးစွာ ကြိုးစားရမှာပါ။ ဒါပေမယ့် ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆိုရင်လည်း အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါပဲ။ အောင်မြင်မှုရရှိဖို့အတွက် နေ့စဉ်ဆောင်ရွက်သင့်တဲ့ အချက်ကလေးတွေကို ညွှန်းပေးပါရစေ။ ရည်မှန်းချက်ထားပါ အောင်မြင်မှုရဖို့အတွက် ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိရပါမယ်။ ကိုယ်တကယ်လိုချင်တဲ့ ပန်းတိုင်က...

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

by Thinzar
December 20, 2022
0

လူတိုင်းလူတိုင်းမှာ အနည်းဆုံး ဂျင်းဘောင်းဘီတစ်ထည်တော့ ရှိသင့်ပါတယ်။ ဂျင်းဖက်ရှင်ဟာ ဘယ်တော့မှ ရိုးမသွားတဲ့ စူပါဖက်ရှင်မျိုးဖြစ်သလို ဂျင်းဘောင်းဘီတစ်ထည်ရှိရုံနဲ့ များစွာသောအင်္ကျီအဝတ်အစားတွေကို လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်။ ဒီလိုအဖိုးတန်လှတဲ့ ဂျင်းဘောင်းဘီတွေကို ဘယ်လိုစနစ်တကျ လျှော်ဖွတ်ရမယ်ဆိုတာလည်း သိထားသင့်တဲ့အချက်တစ်ခုပါ။ ဒီနေ့မှာတော့ သင့်ဂျင်းဘောင်းဘီတွေကို နှစ်တွေအကြာကြီးကြာတဲ့အထိ...

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

by Thinzar
December 20, 2022
0

ဝိတ်ချဖို့စဉ်းစားကြတဲ့အခါ တော်တော်များများက အစားအသောက်ထိန်းတာ အားကစားအပြင်းထန်လုပ်တာတွေလောက်ပဲ တွေးမိကြပါတယ်။ သင်ဟာ ချွေးသံရွှဲရွှဲလုပ်ရတဲ့ အားကစားနည်းတွေနဲ့ ဝိတ်ချရတာ အဆင်မပြေဘူးဆိုရင်တော့ ရေကူးခြင်းဟာ အကောင်းဆုံး အားကစားနည်းတစ်ခုလို့ ညွှန်းပေးချင်ပါတယ်။ ရေကူးခြင်းဟာ ဝိတ်ကျစေတဲ့အပြင် စိတ်ဖိစီးမှုလျော့စေခြင်း ၊ အမောခံနိုင်ခြင်း ၊...

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

by Thinzar
December 20, 2022
0

Relationship တစ်ခုတည်ဆောက်ကြတဲ့ အခါလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေဆိုတာ ရှိပါတယ်။ ဒီစည်းမျဉ်းတွေဟာ ဘယ်ပညာရှင်တွေကမှ ချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေတော့ မဟုတ်ပါဘူး။ ကိုယ်နဲ့ ကိုယ့်ချစ်သူကောင်မလေးနဲ့ ကြားမှာ အဆင်ပြေပြေလက်တွဲနိုင်ဖို့ နှစ်ဦးသဘောတူ ညှိနှိုင်းချမှတ်ရတဲ့ အခြေခံစည်းမျဉ်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေထဲကမှ ဘယ်လိုစကားတွေဟာ...

Lifestyle Myanmar

Copyright © 2017 Lifestyle Myanmar.

Digital Media Production in Myanmar.

  • About
  • Advertise
  • Privacy & Policy
  • Contact

Follow Us

No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us

Copyright © 2017 Lifestyle Myanmar.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!