အခုကစလို့ ဝိတ်ချဖို့ကြိုးစားမယ့်သူတိုင်း လိုက်လံပြုလုပ်သင့်တဲ့ အလေ့အကျင့်ကောင်းများ

0
140

Diet နှင့် အစားအသောက်ညီညွတ်မျှတစွာ စားသုံးခြင်း၏ အရေးကြီးခြင်းနှင့်ပတ်သက်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ပါဝင်ခဲ့သူတွေဟာဆိုရင် ၁၂ ပတ်ကြာပြီးနောက် ပျမ်းမျှ ၃.၁ ကီလိုဂရမ် (၆.၈ ပေါင်) ကျသွားခဲ့ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးအချက်ကတော့ ဆီးချိုနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ခဲ့ခြင်းပါပဲ။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို သေသေချာချာ လိုက်နာမယ်ဆိုပါက ဘယ်အစားအစာကို မစားရဘူးဆိုပြီးတော့ ကိုယ့်ကိုယ်ကို ဟန့်တားစရာလိုမှာမဟုတ်ပါဘူး။

-Advertisement-

၁။ တစ်နေ့လျှင် ရေကိုးခွက် အဝသောက်ပါ

ပထမဦးဆုံးအချက်ကတော့ အစာမစားခင် နာရီဝက်အလိုမှာ ရေတစ်ခွက်အဝသောက်ပေးရပါမယ်။ အခုလိုရေသောက်ပေးခြင်းက သုံးလကြာပြီးနောက်မှာ ၄၄ ရာခိုင်နှုန်းလောက်ကို ကိုယ်အလေးချိန်လျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

ဒုတိယအချက်ကတော့ အမျိုးသားတွေဟာ ၁၂ ခွက်မှ ၁၃ ခွက်အထိ သောက်သုံးပေးသင့်ပြီး အမျိုးသမီးတွေအနေနဲ့တော့ ကိုးခွက်အထိ နေ့စဥ်သောက်သုံးပေးသင့်ပါတယ်။ အခုလိုအလေ့အကျင့်ကို မွေးမြူခြင်းက ရေဓာတ်ဖြည့်တင်းနိုင်သလို ကိုယ်အလေးချိန်လျော့ချရာမှာ ရန်သူတွေဖြစ်တဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဗိုက်ဆာတာကိုလည်း သက်သာစေမှာပါ။

၂။ ထောပတ်သီးများများစားပါ

ပဲနက်များ၊ ထောပတ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းသီးနှင့် မုန်လာဥနီတွေဟာ ပျော်ဝင်နိုင်သော ဖိုက်ဘာပါဝင်တဲ့ ထူးခြားပါဝင်ပစ္စည်းများဖြစ်ကြပါတယ်။ ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အသုံးဝင်ရုံသာမက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ဆီးချိုနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၃။ စားသောက်ဆိုင်တွေရောက်တဲ့အခါ အစားအသောက်တန်းတွေကို ကျောပေးထိုင်ပါ

အပြင်ထွက်ပြီး မုန့်စားတဲ့အခါတိုင်း သရေကျချင်စရာ အစားအသောက်တွေကို မျက်နှာချင်းဆိုင်ပြီး အကြာကြီးထိုင်မယ်ဆိုရင်တော့ စားချင်စိတ်က ပိုပိုပြီးတိုးလာမှာဖြစ်ပါတယ်။ ဒါကြောင့် စားသောက်ဆိုင် သို့မဟုတ် ကော်ဖီဆိုင်တွေရောက်တဲ့အခါ အစားအသောက်တန်းတွေကို ကျောပေးပြီးထိုင်ပါ။

၄။ ဗီတာမင်ဒီလုံလုံလောက်လောက်ရယူပါ

နေရောင်ခြည်ကလည်း ကိုယ်အလေးချိန်လျော့ချရာမှာ ကောင်းမွန်တဲ့သက်ရောက်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ဗီတာမင်ဒီကြောင့်ပါပဲ။ ၄ နှစ်နီးပါးလောက် အမျိုးသမီးပေါင်း ၄,၆၅၉ ယောက်ကို လေ့လာကြည့်ခဲ့ပြီးနောက်မှာတော့ ဗီတာမင်ပမာဏမြင့်မားခြင်းက ဝိတ်မတက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၅။ ပမာဏနည်းနည်းလေးနဲ့ အမျိုးအစားများများစားပါ

အလွန်အကျွံစားမိခြင်းမှ ရှောင်ကြဥ်ဖို့အတွက် အမယ်မတူတဲ့ ဟင်းအမျိုးအစားအများအပြားကို နည်းနည်းလေးတွေစားပေးပါ။ ဒါမှသာ အရသာမျိုးစုံကိုလည်း မြည်းစမ်းနိုင်မှာဖြစ်သလို ဗိုက်လည်းတအားတင်းစေမှာမဟုတ်တော့ပါဘူး။

၆။ လက်ဖက်ရည်ကို နို့ထည့်မသောက်ပါနဲ့

ညစာစားပြီးရင်တောင် အိပ်ရာဝင်ခါနီးကျရင် ဗိုက်ထပ်ဆာတတ်ကြပါတယ်။ တချို့တွေက ညဖက်ဗိုက်ဆာတာကို အာသာပြေစေဖို့အတွက် လက်ဖက်ရည်နည်းနည်းကို နို့ရောပြီးသောက်တတ်ကြပေမယ့် သိပ္ပံပညာအရ ဒါဟာကောင်းတဲ့အကြံမဟုတ်ပါဘူး။ အဆီတွေကိုလျော့ချရန်ကူညီပေးတဲ့ ကွန်ပေါင်းတွေအများအပြားဟာ လက်ဖက်ရည်ထဲမှာပါဝင်နေသော်လည်း နွားနို့ထဲရှိ ပရိုတင်းတွေက ဒီစွမ်းရည်ကို ဖျက်စီးပစ်လိုက်နိုင်ပါတယ်။ ဒါကြောင့် ညဖက်မှာ တစ်ခုခုစားချင်စိတ်ဖြစ်နေပြီဆိုရင် နွားနို့မထည့်ဘဲနဲ့ လက်ဖက်ရည်ပဲသောက်လိုက်ပါ။

#Lifestyle_Myanmar

#Thinzar

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here