အခက်မသင့်ရင် ဦးနှောက်ဆဲလ်တွေ ပျက်စီးနိုင်တဲ့ ရုရှားနိုင်ငံက တစ်ယောက်တစ်ချက် ပါးရိုက်ပြိုင်ပွဲ

0
80
ပါးရိုက်ပြိုင်ပွဲ
ပါးရိုက်ပြိုင်ပွဲ

ရုရှားနိုင်ငံမှာ လက်၀ှေ့ပွဲတစ်ခုလို တစ်ယောက်နဲ့ တစ်ယောက် စိန်ခေါ်ပြီး ပါးရိုက်တဲ့ပြိုင်ပွဲကို ကျင်းပလျက်ရှိပါတယ်။ တစ်ယောက်ကို တစ်ချက်စီ အကြိတ်အနယ် ရိုက်ရတာဖြစ်ပြီး အခက်မသင့်ရင် အသက်ကို ထိခိုက်စေနိုင်ပါတယ်။ MMA လို လက်၀ှေ့ပွဲကမှ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ အခွင့်အရေးရှိပေမဲ့ ရုရှားက ပါးရိုက်ပြိုင်ပွဲကတော့ ကိုယ့်ကိုကိုယ် ကာကွယ်လို့ မရပါဘူး။ ဒါ့ကြောင့် တစ်ဖက်လူရဲ့ အားပါတဲ့ ရိုက်ချက်တွေကြောင့် ဦးနှောက်ဆဲလ်တွေ များစွာ ထိခိုက်နိုင်ပါတယ်။

ယခုလည်း အဆိုပါ ပါးရိုက်ပြိုင်ပွဲကို ရုရှားနိုင်ငံ ဘေးရီးယားမြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနေ့က ကျင်းပခဲ့ပြီး အနိုင်ရရှိသူကို ပေါင် ၃၅၀ ဆုချီးမြှင့်ပေးခဲ့ပါတယ်။ ပြိုင်ဘက် တစ်ယောက်နဲ့ တစ်ယောက် အရှုံးမပေးမချင်း ယှဥ်ပြိုင်ရရှိပေမဲ့ တစ်ဖက်လူရဲ့ ရိုက်ချက်ကြောင့် မေ့သွားတာ၊ ပြန်မထနိုင်တာမျိုး ဆိုရင်တော့ အရှုံးပေးလိုက်ရမှာြဖစ်ပါတယ်။ ရုရှားရုပ်သံလိုင်း NTV ရဲ့ ရိုက်ကူးထားတဲ့ ဗီဒီယို ကို ကြည့်လိုက်ရင် ဒီ ဗီဒီယိုထဲမှာ တစ်ယောက်ကို တစ်ယောက် အကြိတ်အနယ်ရိုက်ပုတ်နေတာကို ကြောက်မက်ဖွယ် တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

အဆိုပါ ရုရှားနိုင်ငံက ပါးရိုက်ပြိုင်ပွဲတွေကို လူအချို့က အားပေးကြပေမဲ့ အချို့ လူတွေကလည်း ခုလို တစ်ယောက်ကို တစ်ယောက် ရိုက်ပုတ်တာဟာ အားကစားတော့ မဟုတ်ပါဘူး။ ဒါက တစ်ယောက်နဲ့ တစ်ယောက် မိုက်ရူးရဲ ဆန်ဆန်ပြုလုပ်တာလို့လည်း ၀ေဖန်မှုတွေ ရှိနေပါတယ်။

#Lifestyle_Myanmar

#Thar_Nage

နှုတ်ခမ်းကင်ဆာရဲ့ ပထမဦးဆုံးလက္ခဏာတွေက ဘာတွေလဲ?

LEAVE A REPLY

Please enter your comment!
Please enter your name here