Home Health & Beauty အခက္မသင့္ရင္ ေဆး႐ုံတက္ရမဲ့ အဆင့္ရွိတဲ့ အလွအပဆိုင္ရာ လုပ္ထုံးလုပ္နည္းအမွား ၆မ်ိဳး

အခက္မသင့္ရင္ ေဆး႐ုံတက္ရမဲ့ အဆင့္ရွိတဲ့ အလွအပဆိုင္ရာ လုပ္ထုံးလုပ္နည္းအမွား ၆မ်ိဳး

0
3
အလွအပဆိုင္ရာ လုပ္ထုံးလုပ္နည္းအမွား
အလွအပဆိုင္ရာ လုပ္ထုံးလုပ္နည္းအမွား

၁။ မ်က္ခုံးေမႊး

မ်က္ခုံးေမႊးအလွဆင္တဲ့ Microblading ဆိုတဲ့ လုပ္ထုံးလုပ္နည္းေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္ ေဆး႐ုံတင္ခဲ့ရပါတယ္။ အဆိုပါ လုပ္ထုံးလုပ္နည္းဟာ မ်က္ခုံးေမႊးပါးသူေတြ မညီမညာျဖစ္သူေတြအတြက္ တက္တူးနဲ႔ မ်က္ခုံးေမႊးအလွေဖာ္ေပးတာပဲျဖစ္ပါတယ္။ သူမဟာ အဆိုပါ နည္းလမ္းနဲ႔ သူမရဲ႕ မ်က္ခုံးေမႊးကို အလွေဖာ္ၿပီးတဲ့အခါမွာေတာ့ ရက္အနည္းငယ္ၾကာတဲ့အခါမ်က္ခုံးေနရာတစ္ဝိႈက္က ေရာင္ရမ္းၿပီး နာက်င္ျခင္းကိုျဖစ္ေပၚပါတယ္။ ဒါနဲ႔ သူမဟာ IV antibiotics and steroids လို႔ေခၚတဲ့ အေရျပားနဲ႔ ပတ္သတ္တဲ့ေဆးခန္းကို သြားေရာက္ျပသခဲ့တဲ့အခါမွာေတာ့ အေရျပာအထူးကုဆရာဝန္ Dr Stephen Gretkin ရဲ႕ အဆိုအရ သူမရဲ႕ မ်က္ခုံးေမႊးမွာ ဆြဲထားတဲ့ တက္တူးဟာ အေရျပားနဲ႔ မတည့္တာလို႔ ဆိုပါတယ္။ ေရာင္ရမ္းၿပီး အနာျဖစ္ေပၚတဲ့ေနရာတစ္ဝိႈက္ကို ပိုးကူးစက္မႈမရွိေအာင္ ေသေသခ်ာခ်ာ ေဆးကုသမႈခဲ့ၿပီး အလွအပအတြက္ အဆိုပါ လုပ္ထုံးလုပ္နည္းဟာ ၁၀၀% လုံၿခံဳမႈရွိတဲ့ လုပ္နည္းမ်ိဳးမဟုတ္ဘူးလို႔
ဆိုခဲ့ပါတယ္။

၂။ ဆံပင္ေျဖာင့္ျခင္း

FDA လုပ္ထုံးလုပ္နည္းကို အသုံးျပဳၿပီး ဆံပင္ေျဖာင့္တဲ့ ထုတ္ကုန္ဟာ ကင္ဆာအႏၱရာယ္အထိ ျဖစ္လာႏိုင္ပါတယ္။ အဆိုပါ ထုတ္ကုန္မွာပါဝင္တဲ့ Formaldehyde ဟာ အနံ႔ျပင္းၿပီးက်န္မာေရးအတြက္ စိုးရိမ္ဖြယ္ေကာင္းေလာက္ေအာင္ျမင့္မားတာေၾကာင့္ အသုံးျပဳသူေတြအတြက္ ကင္ဆာအႏၱရာယ္ကိုျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါ့အျပင္ အသုံးျပဳသူေတြအေနနဲ႔ မ်က္စိနဲ႔ ဦးေႏွာက္အာ႐ုံေၾကာစနစ္ ပုံမွန္မဟုတ္ျခင္း၊ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာျပႆနာမ်ား၊ ရင္ဘက္နာက်င္ျခင္းနဲ႔ အန္ျခင္း စတဲ့အျခားေရာဂါေတြ ပါျဖစ္လာႏိုင္ပါတယ္။

၃။ လည္သည္းဆိုးေဆး အေျခာက္ခံစက္

Dr. Susan Swetter ရဲ႕ အဆိုအရ လက္သည္းဆိုးေဆးဆိုးၿပီးတဲ့အခါ အျမန္ေျခာက္ေသြ႕ဖို႔အတြက္ အလင္းေရာင္ျခည္ကို အသုံးျပဳၿပီး အေျခာက္ခံတဲ့စက္ဟာ အေရျပားကင္ဆာကိုျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။ အဆိုပါစက္မွာ တပ္ဆင္ထားတဲ့ မီးေရာင္ျခည္ဟာ ခရမ္းလြန္ေရာင္ျခည္ေတြပါဝင္ေနတာေၾကာင့္ ကင္ဆာအေရျပားကိုျဖစ္ေပၚေစႏိုင္တယ္လို႔ ဆိုပါတယ္။

၄။ နားဖာေခ်းထုတ္တဲ့ ဖေယာင္းတိုင္

ယခုေနာက္ပိုင္းမွာ နားထဲက နားဖာေခ်းကို ထုတ္ဖို႔အတြက္ နားၾကပ္ဖေယာင္းကို မီး႐ိႈ႕ၿပီး နားမွာ စိုက္တဲ့ နည္းပညာ ေတာ္ေတာ္ေလး ေခတ္စားလာပါတယ္။ ဒါေပမဲ့ အဆိုပါ ကုထုံးဟာ သင့္နားအတြင္းပိုင္းကို မီးေလာင္ဒဏ္ရာမ်ားျဖစ္ေပၚေစျခင္း၊ နားျပြန္ကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အဆိုပါ လုပ္နည္း လုပ္ထုံးဟာ သင့္က်န္မာေရးအတြက္ ေကာင္းမြန္တဲ့ နည္းလမ္းတစ္ခုမဟုတ္ပါဘူး။

၅။ အဆီခ် ခါးပတ္

Dr. Brad Thomas အ႐ိုးခြဲစိတ္ဆရာဝန္နဲ႔ ၿမိဳ႕ျပ အ႐ိုးအထူးကုဆရာဝန္ႀကီးမ်ား၊ အားကစားဆိုင္ရာ ေဆးပညာရွင္တို႔အျပင္ Livestrong က်န္းမာေရးေစာင့္ေရွာင္မႈ အဖြဲအစည္းရဲ႕ အဆိုအရ အဆီခ်ခါးပတ္ကို ပတ္ထားျခင္းဟာ ဝမ္းဗိုက္ ကိုယ္တြင္းအဂၤါေတြျဖစ္တဲ့ အသည္း၊ ေက်ာက္ကပ္နဲ႔ အူ အေပၚ ထိခိုက္မႈရွိေစတဲ့အျပင္ ေသြးလည္ပတ္စီးဆင္းမႈကိုလည္း ေလ်ာ့ခ်ေစႏိုင္တယ္လို႔ ဆိုပါတယ္။

၆။ အေမႊးကၽြတ္ေကာ္

ဆီးခုံေနရာတစ္ဝိႈက္မွာရွိတဲ့ အေမႊးအမွ်င္ေတြကို ဖယ္ရွားဖို႔ အသုံးျပဳတဲ့ Brazilian Wax ေကာ္ဟာ အေရျပားအတြက္ အႏၱရာယ္ျဖစ္ေစတယ္လို႔ နယူးေယာက္အေရျပားကုဆရာဝန္ ေဒါက္တာ Whitney Bowe ကဆိုပါတယ္။ အဆိုပါ ေကာ္ကို အသုံးျပဳၿပီး အေမႊးခၽြတ္ျခင္းေၾကာင့္ ဆီးခုံတစ္ဝိႈက္မွာရွိတဲ့ ဘက္တီးရီးယားနဲ႔ အျခားမလိုလားအပ္တဲ့ ေရာဂါပိုးေတြကို ဆန္႔က်င့္ေပးတဲ့ အေရးျပားဒိုင္းလႊာပ်က္စီးဆုံး႐ႈံးမႈကိုျဖစ္ေပၚေစပါတယ္။ ဒါ့အျပင္ လိင္အဂၤါ ယားယံျခင္းနဲ႔ ေရာဂါပိုးကူးစက္လြယ္မႈတို႔ကို ျဖစ္ေပၚေစပါတယ္။

#Lifestyle_Myanmar

#Thar_Nage

အသက္ ၅၁ႏွစ္ရွိတာေတာင္ လူငယ္တစ္ေယာက္လိုႏုပ်ိဳေနတဲ့ ဦးေလးႀကီးရဲ႕ လွ်ိဳဝွက္ခ်က္

Unicode

အခက်မသင့်ရင် ဆေးရုံတက်ရမဲ့ အဆင့်ရှိတဲ့ အလှအပဆိုင်ရာ လုပ်ထုံးလုပ်နည်းအမှား ၆မျိုး
၁။ မျက်ခုံးမွှေး
မျက်ခုံးမွှေးအလှဆင်တဲ့ Microblading ဆိုတဲ့ လုပ်ထုံးလုပ်နည်းကြောင့် အမျိုးသမီးတစ်ယောက် ဆေးရုံတင်ခဲ့ရပါတယ်။ အဆိုပါ လုပ်ထုံးလုပ်နည်းဟာ မျက်ခုံးမွှေးပါးသူတွေ မညီမညာဖြစ်သူတွေအတွက် တက်တူးနဲ့ မျက်ခုံးမွှေးအလှဖော်ပေးတာပဲဖြစ်ပါတယ်။ သူမဟာ အဆိုပါ နည်းလမ်းနဲ့ သူမရဲ့ မျက်ခုံးမွှေးကို အလှဖော်ပြီးတဲ့အခါမှာတော့ ရက်အနည်းငယ်ကြာတဲ့အခါမျက်ခုံးနေရာတစ်ဝှိုက်က ရောင်ရမ်းပြီး နာကျင်ခြင်းကိုဖြစ်ပေါ်ပါတယ်။ ဒါနဲ့ သူမဟာ IV antibiotics and steroids လို့ခေါ်တဲ့ အရေပြားနဲ့ ပတ်သတ်တဲ့ဆေးခန်းကို သွားရောက်ပြသခဲ့တဲ့အခါမှာတော့ အရေပြာအထူးကုဆရာဝန် Dr Stephen Gretkin ရဲ့ အဆိုအရ သူမရဲ့ မျက်ခုံးမွှေးမှာ ဆွဲထားတဲ့ တက်တူးဟာ အရေပြားနဲ့ မတည့်တာလို့ ဆိုပါတယ်။ ရောင်ရမ်းပြီး အနာဖြစ်ပေါ်တဲ့နေရာတစ်ဝှိုက်ကို ပိုးကူးစက်မှုမရှိအောင် သေသေချာချာ ဆေးကုသမှုခဲ့ပြီး အလှအပအတွက် အဆိုပါ လုပ်ထုံးလုပ်နည်းဟာ ၁၀၀% လုံခြုံမှုရှိတဲ့ လုပ်နည်းမျိုးမဟုတ်ဘူးလို့
ဆိုခဲ့ပါတယ်။

၂။ ဆံပင်ဖြောင့်ခြင်း
FDA လုပ်ထုံးလုပ်နည်းကို အသုံးပြုပြီး ဆံပင်ဖြောင့်တဲ့ ထုတ်ကုန်ဟာ ကင်ဆာအန္တရာယ်အထိ ဖြစ်လာနိုင်ပါတယ်။ အဆိုပါ ထုတ်ကုန်မှာပါဝင်တဲ့ Formaldehyde ဟာ အနံ့ပြင်းပြီးကျန်မာရေးအတွက် စိုးရိမ်ဖွယ်ကောင်းလောက်အောင်မြင့်မားတာကြောင့် အသုံးပြုသူတွေအတွက် ကင်ဆာအန္တရာယ်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေအနေနဲ့ မျက်စိနဲ့ ဦးနှောက်အာရုံကြောစနစ် ပုံမှန်မဟုတ်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ၊ ရင်ဘက်နာကျင်ခြင်းနဲ့ အန်ခြင်း စတဲ့အခြားရောဂါတွေ ပါဖြစ်လာနိုင်ပါတယ်။

၃။ လည်သည်းဆိုးဆေး အခြောက်ခံစက်
Dr. Susan Swetter ရဲ့ အဆိုအရ လက်သည်းဆိုးဆေးဆိုးပြီးတဲ့အခါ အမြန်ခြောက်သွေ့ဖို့အတွက် အလင်းရောင်ခြည်ကို အသုံးပြုပြီး အခြောက်ခံတဲ့စက်ဟာ အရေပြားကင်ဆာကိုဖြစ်နိုင်ချေပိုများပါတယ်။ အဆိုပါစက်မှာ တပ်ဆင်ထားတဲ့ မီးရောင်ခြည်ဟာ ခရမ်းလွန်ရောင်ခြည်တွေပါဝင်နေတာကြောင့် ကင်ဆာအရေပြားကိုဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

၄။ နားဖာချေးထုတ်တဲ့ ဖယောင်းတိုင်
ယခုနောက်ပိုင်းမှာ နားထဲက နားဖာချေးကို ထုတ်ဖို့အတွက် နားကြပ်ဖယောင်းကို မီးရှို့ပြီး နားမှာ စိုက်တဲ့ နည်းပညာ တော်တော်လေး ခေတ်စားလာပါတယ်။ ဒါပေမဲ့ အဆိုပါ ကုထုံးဟာ သင့်နားအတွင်းပိုင်းကို မီးလောင်ဒဏ်ရာများဖြစ်ပေါ်စေခြင်း၊ နားပြွန်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဆိုပါ လုပ်နည်း လုပ်ထုံးဟာ သင့်ကျန်မာရေးအတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုမဟုတ်ပါဘူး။

၅။ အဆီချ ခါးပတ်
Dr. Brad Thomas အရိုးခွဲစိတ်ဆရာဝန်နဲ့ မြို့ပြ အရိုးအထူးကုဆရာဝန်ကြီးများ၊ အားကစားဆိုင်ရာ ဆေးပညာရှင်တို့အပြင် Livestrong ကျန်းမာရေးစောင့်ရှောင်မှု အဖွဲအစည်းရဲ့ အဆိုအရ အဆီချခါးပတ်ကို ပတ်ထားခြင်းဟာ ဝမ်းဗိုက် ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ အသည်း၊ ကျောက်ကပ်နဲ့ အူ အပေါ် ထိခိုက်မှုရှိစေတဲ့အပြင် သွေးလည်ပတ်စီးဆင်းမှုကိုလည်း လျော့ချစေနိုင်တယ်လို့ ဆိုပါတယ်။

၆။ အမွှေးကျွတ်ကော်
ဆီးခုံနေရာတစ်ဝှိုက်မှာရှိတဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့ အသုံးပြုတဲ့ Brazilian Wax ကော်ဟာ အရေပြားအတွက် အန္တရာယ်ဖြစ်စေတယ်လို့ နယူးယောက်အရေပြားကုဆရာဝန် ဒေါက်တာ Whitney Bowe ကဆိုပါတယ်။ အဆိုပါ ကော်ကို အသုံးပြုပြီး အမွှေးချွတ်ခြင်းကြောင့် ဆီးခုံတစ်ဝှိုက်မှာရှိတဲ့ ဘက်တီးရီးယားနဲ့ အခြားမလိုလားအပ်တဲ့ ရောဂါပိုးတွေကို ဆန့်ကျင့်ပေးတဲ့ အရေးပြားဒိုင်းလွှာပျက်စီးဆုံးရှုံးမှုကိုဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် လိင်အင်္ဂါ ယားယံခြင်းနဲ့ ရောဂါပိုးကူးစက်လွယ်မှုတို့ကို ဖြစ်ပေါ်စေပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here