အခက္မသင့္ရင္ အဆိပ္သင့္ၿပီး လူကိုအႏၱရာယ္ေပးေစႏိုင္တဲ့ ငါးရွဥ့္စားသုံးျခင္းအေၾကာင္း

0
1465
ငါးရွဥ့္
ငါးရွဥ့္

ငါးရွဥ့္ဟာ အေရွ႕တိုင္းေဆးပညာရပ္မွာ က်န္းမာေရးအတြက္အက်ိဳးရွိေစတာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ား စားသုံးၾကပါတယ္။ ငါးရွဥ့္မွာ ပ႐ုိတိန္းဓာတ္၊ အဆီဓာတ္၊ ေဖာ့စေဖာ့ရက္၊ ကယ္ဆီယမ္၊ သံဓာတ္၊ ဗီတာမင္ A, D, B1, B2, B6 စတဲ့ အဟာရဓာတ္ေပါင္းမ်ားစြာပါဝင္ပါတယ္။ ဒါ့ေၾကာင့္ ဂ်ပန္ႏိုင္ငံမွာဆို ေစ်းႀကီးႀကီးေပးစားရတဲ့ ဇိမ္ခံဟင္းလ်ာအျဖစ္ သတ္မွတ္ၿပီး အဆင့္ျမင့္စားေသာက္ဆိုင္ေတြမွာ ေရာင္းခ်ေနတာပဲျဖစ္ပါတယ္။ ဒါေပမဲ့ ငါးရွဥ့္မွာ မ်ားစြာေသာ အဟာရဓာတ္ေတြပါဝင္ေပမဲ့ စနစ္တက် မစားသုံးရင္ေတာ့လူကို အဆိပ္သင့္ေစပါတယ္။ ဒါ့ေၾကာင့္ ငါးရွဥ့္စားေတာ့မယ္ဆိုရင္ ဘယ္လိုမ်ိဳးစားသင့္တယ္၊ ဘာေတြေရွာင္ရမယ္ဆိုတာ ဗဟုသုတအေနနဲ႔ မွ်ေဝေပးလိုက္ပါတယ္။

၁။ ငါးရွဥ့္နဲ႔ အေအးစာကို တြဲမစားပါနဲ႔။
အဟာရဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ေတြရဲ႕ အဆိုအရ ငါးရွဥ့္ကို ခ႐ု၊ ေယာက္သြား၊ ကမာ၊ ပင္လယ္စာ၊ ဖရဲသီး၊ သခြားသီး၊ နာနတ္သီး စတဲ့ အေအးစားေတြနဲ႔ တြဲဖက္စားသုံးမိတဲ့အခါ အဆိပ္သင့္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ငါး႐ွဥ့္စားေတာ့မယ္ဆိုရင္အေအးစာ မစားမိေအာင္ ေရွာင္ၾကဥ္ဖို႔လိုအပ္ပါတယ္။

၂။ မလတ္ဆက္တဲ့ ငါးရွဥ့္ကို မစားပါနဲ႔။
ငါးရွဥ့္စားသုံးတဲ့အခါ လတ္လတ္ဆက္ဆက္ ရွိတဲ့ ငါးရွဥ့္ကို ဝယ္ယူစားသုံးဖို႔လိုအပ္ပါတယ္။ ငါးရွဥ့္မွာပါဝင္တဲ့ ဓာတ္ေတြဟာ လတ္ဆက္တဲ့အခ်ိန္မွာသာ အာနိသင္ပိုရွိပါတယ္။ အစားအေသာက္နဲ႔ အဟာရကြက္ကဲေရးပညာရွင္ေတြရဲ႕ ေျပာဆိုခ်က္အရ ငါးရွဥ့္ရဲ႕ ကိုယ္ထဲမွာပါဝင္တဲ့ Histidine ဟာ ထိုငါးမေသခင္မွာဆို အလြန္းေကာင္းမြန္တဲ့ အဟာရဓာတ္ကို ေပးစြမ္းႏိုင္ေပမဲ့ ေသဆုံးသြားရင္ေတာ့ အဆိုပါ Histidine ဟာ အဆိပ္အျဖစ္သို႔ ေျပာင္းလဲသြားတယ္လို႔ဆိုပါတယ္။ အဆုိပါ အဆိပ္ဟာခုံခံအားေကာင္းမြန္တဲ့အခ်ိန္မွာ မသိသာေပမဲ့ ခႏၶာကိုယ္ထဲ ဝင္ေရာက္သြားတဲ့အဆိပ္ပမာဏမ်ားသြားရင္ေတာ့ အႏၱရာယ္ရွိႏိုင္ပါတယ္။ ခုံခံအားက်ဆင္းေနတဲ့အခ်ိန္၊ ကေလးေတြ ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္မ်ိဳးမွာ စားသုံးမိရင္ ပိုၿပီး လူကို ဒုကၡေပးေစပါတယ္။

၃။ ငါးရွဥ့္ကို မခ်က္ျပဳတ္ဘဲ မစားပါနဲ႔။
လြဲမွားတဲ့ အယူအဆေတြနဲ႔ ငါးရွဥ့္ေသြးေသာက္ရင္အားရွိတယ္၊ ေဆးဘက္ဝင္တယ္ဆိုၿပီး ခ်က္ျပဳတ္ျခင္းမရွိဘဲ စားသုံးသူေတြ ရွိပါတယ္။ ငါးရွဥ့္ဟာ အသက္ရွင္ဖို႔ အလြန္ခက္ခဲတဲ့ ရႊံ႕ေတြ၊ ႏြံေတြ၊ ေျမာင္းႀကိဳေျမာင္းၾကား ေနရာေတြမွာေတာင္ အသက္ရွင္ေနထိုင္ႏိုင္တဲ့အတြက္ သူ႔ကိုယ္မွာ မျမင္ႏိုင္တဲ့ ကပ္ပါးေကာင္ေတြ၊ ဘက္တီးရီးယားပိုးေတြ မ်ားစြာ ပါဝင္ေနပါတယ္။ ဒါ့ေၾကာင့္ အစားအေသာက္ ၾကည့္ၾကပ္ေရးဌာနကလည္း အဆိုပါ ငါးကိုစားသုံးတဲ့အခါ ေသခ်ာစနစ္တက် ခ်က္ျပဳတ္ၿပီးမွ စားသုံးဖို႔ အႀကံျပဳထားပါတယ္။

၄။ ေဂါက္ေရာဂါ (ဒူလာ) ရွိတဲ့သူ မစားပါနဲ႔။
ေဂါက္လို႔ေခၚတဲ့ ဒူလာေရာဂါဟာ ခႏၶာကိုယ္အတြင္း ကူရစ္အက္ဆစ္မ်ားပ်ားတဲ့အခါ ထိုေရာဂါမ်ိဳးကိုျဖစ္ပြားတတ္ပါတယ္။ ငါးရွဥ့္မွာ ပ႐ိုတိန္းဓာတ္ျမင့္မားသလို ယူရစ္အက္ဆစ္ပမာဏမ်ားျပားစြာပါဝင္တာေၾကာင့္ စားသုံးမိတဲ့အခါ ေရာဂါအေျခအေနကို ပိုမိုဆိုးရြားေစပါတယ္။

#Lifestyle_Myanmar

#Thar_Nage

သြားဖက္ဆိုင္ရာ သမားေတာ္ရဲ႕အၾကံျပဳခ်က္အရ သင့္ရဲ႕သြားက်န္းမာေရးအတြက္ ဘယ္ေတာ့မွမလုပ္သင့္တဲ့ အရာ(၉) ခ်က္

Unicode

အခက်မသင့်ရင် အဆိပ်သင့်ပြီး လူကိုအန္တရာယ်ပေးစေနိုင်တဲ့ ငါးရှဉ့်စားသုံးခြင်းအကြောင်း
ငါးရှဉ့်ဟာ အရှေ့တိုင်းဆေးပညာရပ်မှာ ကျန်းမာရေးအတွက်အကျိုးရှိစေတာကြောင့် လူတော်တော်များများ စားသုံးကြပါတယ်။ ငါးရှဉ့်မှာ ပရိုတိန်းဓာတ်၊ အဆီဓာတ်၊ ဖော့စဖော့ရက်၊ ကယ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင် A, D, B1, B2, B6 စတဲ့ အဟာရဓာတ်ပေါင်းများစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ဂျပန်နိုင်ငံမှာဆို စျေးကြီးကြီးပေးစားရတဲ့ ဇိမ်ခံဟင်းလျာအဖြစ် သတ်မှတ်ပြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ရောင်းချနေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ငါးရှဉ့်မှာ များစွာသော အဟာရဓာတ်တွေပါဝင်ပေမဲ့ စနစ်တကျ မစားသုံးရင်တော့လူကို အဆိပ်သင့်စေပါတယ်။ ဒါ့ကြောင့် ငါးရှဉ့်စားတော့မယ်ဆိုရင် ဘယ်လိုမျိုးစားသင့်တယ်၊ ဘာတွေရှောင်ရမယ်ဆိုတာ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

၁။ ငါးရှဉ့်နဲ့ အအေးစာကို တွဲမစားပါနဲ့။
အဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ ငါးရှဉ့်ကို ခရု၊ ယောက်သွား၊ ကမာ၊ ပင်လယ်စာ၊ ဖရဲသီး၊ သခွားသီး၊ နာနတ်သီး စတဲ့ အအေးစားတွေနဲ့ တွဲဖက်စားသုံးမိတဲ့အခါ အဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ငါးရှဉ့်စားတော့မယ်ဆိုရင်အအေးစာ မစားမိအောင် ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

၂။ မလတ်ဆက်တဲ့ ငါးရှဉ့်ကို မစားပါနဲ့။
ငါးရှဉ့်စားသုံးတဲ့အခါ လတ်လတ်ဆက်ဆက် ရှိတဲ့ ငါးရှဉ့်ကို ဝယ်ယူစားသုံးဖို့လိုအပ်ပါတယ်။ ငါးရှဉ့်မှာပါဝင်တဲ့ ဓာတ်တွေဟာ လတ်ဆက်တဲ့အချိန်မှာသာ အာနိသင်ပိုရှိပါတယ်။ အစားအသောက်နဲ့ အဟာရကွက်ကဲရေးပညာရှင်တွေရဲ့ ပြောဆိုချက်အရ ငါးရှဉ့်ရဲ့ ကိုယ်ထဲမှာပါဝင်တဲ့ Histidine ဟာ ထိုငါးမသေခင်မှာဆို အလွန်းကောင်းမွန်တဲ့ အဟာရဓာတ်ကို ပေးစွမ်းနိုင်ပေမဲ့ သေဆုံးသွားရင်တော့ အဆိုပါ Histidine ဟာ အဆိပ်အဖြစ်သို့ ပြောင်းလဲသွားတယ်လို့ဆိုပါတယ်။ အဆိုပါ အဆိပ်ဟာခုံခံအားကောင်းမွန်တဲ့အချိန်မှာ မသိသာပေမဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတဲ့အဆိပ်ပမာဏများသွားရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ ခုံခံအားကျဆင်းနေတဲ့အချိန်၊ ကလေးတွေ နေမကောင်းဖြစ်နေတဲ့အချိန်မျိုးမှာ စားသုံးမိရင် ပိုပြီး လူကို ဒုက္ခပေးစေပါတယ်။

၃။ ငါးရှဉ့်ကို မချက်ပြုတ်ဘဲ မစားပါနဲ့။
လွဲမှားတဲ့ အယူအဆတွေနဲ့ ငါးရှဉ့်သွေးသောက်ရင်အားရှိတယ်၊ ဆေးဘက်ဝင်တယ်ဆိုပြီး ချက်ပြုတ်ခြင်းမရှိဘဲ စားသုံးသူတွေ ရှိပါတယ်။ ငါးရှဉ့်ဟာ အသက်ရှင်ဖို့ အလွန်ခက်ခဲတဲ့ ရွှံ့တွေ၊ နွံတွေ၊ မြောင်းကြိုမြောင်းကြား နေရာတွေမှာတောင် အသက်ရှင်နေထိုင်နိုင်တဲ့အတွက် သူ့ကိုယ်မှာ မမြင်နိုင်တဲ့ ကပ်ပါးကောင်တွေ၊ ဘက်တီးရီးယားပိုးတွေ များစွာ ပါဝင်နေပါတယ်။ ဒါ့ကြောင့် အစားအသောက် ကြည့်ကြပ်ရေးဌာနကလည်း အဆိုပါ ငါးကိုစားသုံးတဲ့အခါ သေချာစနစ်တကျ ချက်ပြုတ်ပြီးမှ စားသုံးဖို့ အကြံပြုထားပါတယ်။

၄။ ဂေါက်ရောဂါ (ဒူလာ) ရှိတဲ့သူ မစားပါနဲ့။
ဂေါက်လို့ခေါ်တဲ့ ဒူလာရောဂါဟာ ခန္ဓာကိုယ်အတွင်း ကူရစ်အက်ဆစ်များပျားတဲ့အခါ ထိုရောဂါမျိုးကိုဖြစ်ပွားတတ်ပါတယ်။ ငါးရှဉ့်မှာ ပရိုတိန်းဓာတ်မြင့်မားသလို ယူရစ်အက်ဆစ်ပမာဏများပြားစွာပါဝင်တာကြောင့် စားသုံးမိတဲ့အခါ ရောဂါအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here