အကြွေးဆပ်ဖို့ အတွက် ဆိုင်းဘုတ်မှာ စာရေးပြီး ကျောက်ကပ်ရောင်းနေတဲ့ အမျိုးသား

0
81
ကျောက်ကပ်

ပြီးခဲ့တဲ့ ရက်ပိုင်းက မလေးရှားနိုင်ငံ ပီနန်မှာ ဆိုင်းဘုတ်ကိုင်ပြီး ကျောက်ကပ် ရောင်းနေတဲ့ အမျိုးသားတစ်ဦးကို တွေ့ခဲ့ရပါတယ်။ အဆိုပါ အမျိုးသားဟာ နေပူကြီးထဲ ကားပေါ်မှာ ထီးဒီမိုးပြီး ကလေးနှစ်ယောက်နဲ့ အတူ အဆိုပါ ဆိုင်းဘုတ်ကို ကိုင်ထားတာဖြစ်ပါတယ်။ ဆိုင်းဘုတ်ထဲမှာတော့ သွေးအမျိုးအစားက B သွေးပါ လိုအပ်လျှင် ကျောက်ကပ်လှူချင်ပါတယ်ဆိုတဲ့ စာသားကို ရေးထားတာပဲဖြစ်ပါတယ်။

-Advertisement-

အွန်းလိုင်းပေါ်မှာ အဆိုပါ ပုံ ပျံ့နှံ့ခဲ့ပြီးနောက် လူအချို့က ကျောက်ကပ်လှူဒါန်းချင်တာမြန်း ကိုယ်တွင်းကလီစာ အလှူခံတဲ့ ဌာန ဒါမှမဟုတ် ဆေးရုံကို အကြောင်းကြာရင် ရတာပဲလို့ ဆိုကြပါတယ်။ တကယ်တမ်းတော့ mStar ရဲ့ ဖော်ပြချက်အရ အသက် ၃၁နှစ်အရွယ်အဆိုပါအမျိုးသားဟာ ငွေရေးကြေးရေ အကြပ်အတည်းဖြစ်နေပြီး သူ့ခန္ဓာကိုယ်အတွင်းက ကျောက်ကပ်ကို ရောင်းချင်တာပဲဖြစ်ပါတယ်။

အဲ့ဒီတုန်းက သူနဲ့အတူ ကလေးငယ် ၂ယောက်လည်းရှိနေတာကြောင့် ကလေးတွေဆီက ကျောက်ကပ်ကို ရောင်းတယ်ထင်မှာဆိုးလို့ ကျောက်ကပ်လှူဒါန်းချင်တယ်ဆိုပြီး ပြောင်းလဲရေးသားထားတာပါလို့ ရှင်းပြထားပါတယ်။ ဒါပေမဲ့ အဆိုပါ အမျိုးသားဟာ ၂၀၁၂ ခုနှစ်တုန်းကကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ လှူဒါန်းဖို့ စာရင်းပေးသွင်းခဲ့ဖူးပါတယ်။

ဖော်ပြချက်တွေအရ သူဟာ လွန်ခဲ့တဲ့ ၂လက RM 3000 ချေးငွေ ထုတ်ယူခဲ့ပါတယ်။ အဲ့ဒါကလည်း မိသားစု အဆင်ပြေအောင် အိမ်အနီးနားမှာ ကြက်ကြော်ဆိုင်လေး ဖွင့်ပေးဖို့ ချေးခဲ့တာပါလို့ ဆိုပါတယ်။ ဒါပေမဲ့ အမြတ်ဝင်ငွေက တစ်နေ့ကို RM 50-60 သာရပြီးချေးထားတဲ့ ငွေအတွက် အတိုးဖိုးတွေက တစ်နေ့ကို 36RM ပေးနေရပါတယ်။

တည်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ စာချုပ်ချုပ်ဆိုရတဲ့အတွက် အတိုးဖို့ကို နေ့စဉ်မှန်မှန်သွင်းပေးရပါတယ်။ ပျက်ကွက်မှုရှိရင်လည်း တရားရင်ဆိုင်ရတာတွေ၊ စာချုပ်ပါအတိုင်း လုပ်ဆောင်မှုတွေ ရှိတာကြောင့် အခက်ခဲများစွာ ကြုံနေရပါတယ်။ ဒါ့ကြောင့် မူလအစီအစဉ်က ကျောက်ကပ်ကို လှူဒါန်းဖို့ ဆန္ဒရှိပေမဲ့ အခုလိုအခက်ခဲအမျိုးမျိုးရင်ဆိုင်နေရတာကြောင့် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါလို့ ဆိုပါတယ်။

#Lifestyle_Myanmar

အိမ် ၃လုံး ပိုင်ဆိုင်ရဖို့ ၁၆နှစ်တိတိ ဒုက္ခခံခဲ့ရတဲ့ ဂျပန်အမျိုးသမီး

Zawgyi fonts

အေႂကြးဆပ္ဖို႔ အတြက္ ဆိုင္းဘုတ္မွာ စာေရးၿပီး ေက်ာက္ကပ္ေရာင္းေနတဲ့ အမ်ိဳးသား
ၿပီးခဲ့တဲ့ ရက္ပိုင္းက မေလးရွားနိုင္ငံ ပီနန္မွာ ဆိုင္းဘုတ္ကိုင္ၿပီး ေက်ာက္ကပ္ ေရာင္းေနတဲ့ အမ်ိဳးသားတစ္ဦးကို ေတြ႕ခဲ့ရပါတယ္။ အဆိုပါ အမ်ိဳးသားဟာ ေနပူႀကီးထဲ ကားေပၚမွာ ထီးဒီမိုးၿပီး ကေလးႏွစ္ေယာက္နဲ႔ အတူ အဆိုပါ ဆိုင္းဘုတ္ကို ကိုင္ထားတာျဖစ္ပါတယ္။ ဆိုင္းဘုတ္ထဲမွာေတာ့ ေသြးအမ်ိဳးအစားက B ေသြးပါ လိုအပ္လၽွင္ ေက်ာက္ကပ္လွူခ်င္ပါတယ္ဆိုတဲ့ စာသားကို ေရးထားတာပဲျဖစ္ပါတယ္။

အြန္းလိုင္းေပၚမွာ အဆိုပါ ပုံ ပ်ံ႕ႏွံ့ခဲ့ၿပီးေနာက္ လူအခ်ိဳ႕က ေက်ာက္ကပ္လွူဒါန္းခ်င္တာျမန္း ကိုယ္တြင္းကလီစာ အလွူခံတဲ့ ဌာန ဒါမွမဟုတ္ ေဆး႐ုံကို အေၾကာင္းၾကာရင္ ရတာပဲလို႔ ဆိုၾကပါတယ္။ တကယ္တမ္းေတာ့ mStar ရဲ့ ေဖာ္ျပခ်က္အရ အသက္ ၃၁ႏွစ္အရြယ္အဆိုပါအမ်ိဳးသားဟာ ေငြေရးေၾကးေရ အၾကပ္အတည္းျဖစ္ေနၿပီး သူ႔ခႏၶာကိုယ္အတြင္းက ေက်ာက္ကပ္ကို ေရာင္းခ်င္တာပဲျဖစ္ပါတယ္။

အဲ့ဒီတုန္းက သူနဲ႔အတူ ကေလးငယ္ ၂ေယာက္လည္းရွိေနတာေၾကာင့္ ကေလးေတြဆီက ေက်ာက္ကပ္ကို ေရာင္းတယ္ထင္မွာဆိုးလို႔ ေက်ာက္ကပ္လွူဒါန္းခ်င္တယ္ဆိုၿပီး ေျပာင္းလဲေရးသားထားတာပါလို႔ ရွင္းျပထားပါတယ္။ ဒါေပမဲ့ အဆိုပါ အမ်ိဳးသားဟာ ၂၀၁၂ ခုႏွစ္တုန္းကကိုယ္တြင္းအဂၤါအစိတ္အပိုင္းေတြ လွူဒါန္းဖို႔ စာရင္းေပးသြင္းခဲ့ဖူးပါတယ္။

ေဖာ္ျပခ်က္ေတြအရ သူဟာ လြန္ခဲ့တဲ့ ၂လက RM 3000 ေခ်းေငြ ထုတ္ယူခဲ့ပါတယ္။ အဲ့ဒါကလည္း မိသားစု အဆင္ေျပေအာင္ အိမ္အနီးနားမွာ ၾကက္ေၾကာ္ဆိုင္ေလး ဖြင့္ေပးဖို႔ ေခ်းခဲ့တာပါလို႔ ဆိုပါတယ္။ ဒါေပမဲ့ အျမတ္ဝင္ေငြက တစ္ေန႔ကို RM 50-60 သာရၿပီးေခ်းထားတဲ့ ေငြအတြက္ အတိုးဖိုးေတြက တစ္ေန႔ကို 36RM ေပးေနရပါတယ္။

တည္းၾကပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုရတဲ့အတြက္ အတိုးဖို႔ကို ေန႔စဥ္မွန္မွန္သြင္းေပးရပါတယ္။ ပ်က္ကြက္မွုရွိရင္လည္း တရားရင္ဆိုင္ရတာေတြ၊ စာခ်ဳပ္ပါအတိုင္း လုပ္ေဆာင္မွုေတြ ရွိတာေၾကာင့္ အခက္ခဲမ်ားစြာ ၾကဳံေနရပါတယ္။ ဒါ့ေၾကာင့္ မူလအစီအစဥ္က ေက်ာက္ကပ္ကို လွူဒါန္းဖို႔ ဆႏၵရွိေပမဲ့ အခုလိုအခက္ခဲအမ်ိဳးမ်ိဳးရင္ဆိုင္ေနရတာေၾကာင့္ ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့တာပါလို႔ ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here