ဘဝဟာ ခန့်မှန်းရခက်တဲ့ အရာတစ်ခုဖြစ်ပြီး တစ်ခါတစ်လေမှာ တချို့အမှန်တရားတွေကို လက်ခံဖို့တောင်မှ တကယ့်ကို ခက်ခဲတဲ့အရာတစ်ခုပါ။ တချို့သောအရာတွေဟာ သင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဖြစ်ပွားနေတာကြောင့် ဒီလိုအရာတွေကို ရင်ဆိုင်ဖို့သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကို အဆင်သင့်ပြင်ထားရမှာ ဖြစ်ပြီး လက်ခံနိုင်ဖို့ကြိုးစားရပါလိမ့်မယ်။ နှလုံးသားနာကျင်ရမှုတွေကို လူသားတိုင်းရှောင်လွှဲလို့မရပါဘူး။
ဒါပေမယ့် သင်ဟာသင်္ခါရတရားကို သဘောပေါက်သူတစ်ယောက်ဖြစ်ပြီး၊ အဆိုးတွေအတွက် ကိုယ့်ကိုကိုယ်ကြိုတင်ပြင်ဆင်ထားသူတစ်ယောက်ဖြစ်ပါက ဘယ်လိုအဆိုးတွေကိုမဆို ရင်ဆိုင်နိုင်ပြီး ဘဝကိုပိုပြီးပျော်ရွင်အောင် ဖြတ်သန်းနိုင်ပါလိမ့်မယ်။ ဒါကြောင့် လူတိုင်းကြုံတွေ့ရနိုင်မယ့် အမှန်တရား(၈) ချက်ကို မျှဝေပေးလိုက်ပါတယ်။ ဒီအချက်တွေဟာ လူတိုင်းရင်ဆိုင်ဖို့ မလွယ်ကူပေမယ့် တကယ်ဖြစ်လာမယ့် အရာတွေပါပဲ။
၁။ သင်ချစ်ရတဲ့သူတွေဟာ တစ်နေ့သင့်ကိုစွန့်ခွာသွားပါလိမ့်မယ်
ဘဝဟာ တိုတောင်းတဲ့ ခရီးတစ်ခုဖြစ်တာကြောင့် သင်ချစ်ရတဲ့သူတွေနဲ့ အလှပဆုံးအခိုက်အတန့်လေးတွေနဲ့ပဲ ကုန်ဆုံးနိုင်အောင် ကြိုးစားပါ။ ဘာကြောင့်လည်းဆိုတော့ မနက်ဖြန်ဆိုတာကြီးကို သင်မသိနိုင်သလို ခန့်မှန်းလို့လည်း မရနိုင်ပါဘူး။ သင်ချစ်ရတဲ့ မိဘတွေဟာလည်း အဲဒီ့နေ့ကို မလွှဲမသွေ ရောက်ရှိလာမှာဖြစ်တာကြောင့် သင့်ရဲ့လက်ရှိအချိန်လေးတွေကို သူတို့အတွက်ရည်စူးပြီး ပျော်ရာတွေဖန်တီးပေးပါ။ သူတို့အတွက်အချိန်ပေးပေးပါ။ သင့်ရဲ့အချစ်တွေကို မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ဖော်ပြပြီး ပျော်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေကို ဖန်တီးခြင်းဟာ သင့်ကိုစိတ်ချမ်းသာတဲ့အမှတ်တရတွေ ပေးပါလိမ့်မယ်။
၂။ သင့်ရဲ့ဘဝက သင့်လက်ထဲမှာပါ
သင့်ရဲ့ဘဝကို သင်တစ်ယောက်သာလျှင် ထိန်းချုပ်နိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ သင့်ရဲ့ဘဝကို အခြားသူတွေရဲ့ ဘဝတွေနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ သင့်ကိုပျော်ရွင်စေမယ့် အရာတွေအပေါ်မှာပဲ အာရုံစိုက်ထားပါ။ ဘာကြောင့်လဲဆိုတော့ ပိုက်ဆံဟာ ပျော်ရွင်မှုတွေအတွက် အာမမခံပေးနိုင်ပါဘူး။ သင်ဟာကုန်စုံဆိုင်တစ်ခုမှာ အလုပ်လုပ်နေရင်တောင်မှ ပျော်ရွင်စေနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အတွေးနဲ့ အလုပ်က သင့်ဘဝကိုငြိမ်းချမ်းစေပြီး အဓိပ္ပာယ်ပြည့်ဝစေမှာပါ။ ဒါကြောင့် အမြဲတမ်းသင့်ရဲ့ စိတ်အတွင်းပိုင်းကိုပဲ ကြည့်စေချင်ပါတယ်။
၃။ လုံဝပြည့်စုံခြင်းဆိုတာ မရှိဘူးဆိုတာကို လက်ခံပါ
ဒီကမ္ဘာကြီးဟာ အရာအားလုံးပြည့်စုံမှု မရှိပါဘူး။ တစ်ခုခြင်းဆီမှာ အကောင်းရယ်အဆိုးရယ်ဆိုပြီး ဒွန်တွဲနေပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ဒီလိုမပြည့်စုံမှုတွေ အတွက်နဲ့တော့ သင့်ရဲ့ relationship အပေါ်ကိုမထိခိုက်ပါစေနဲ့။ သင်ဟာလူတွေရဲ့ အားသာချက်တွေကို တန်းဖိုးထားတတ်ရင် သူတို့ရဲ့အားနည်းချက်တွေကိုလည်း လက်ခံပေးနိုင်ရပါမယ်။ ကောင်းမွန်တဲ့ဆက်ဆံပြောဆိုမှုတွေဟာ Relationship တစ်ခုကိုခိုင်မြဲစေတဲ့ အဓိကသော့ချက်တစ်ခု ဖြစ်ပါတယ်။
၄။ ဘဝဟာကစားပွဲတစ်ခုပါ
တကယ်လို့ သင်ဟာသင့်ဘဝရဲ့ ဘယ်အခြေအနေကိုရောက်နေလဲဆိုတာကိုမသိခဲ့ရင် သင်ဘာကိုလိုချင်လဲ ဆိုတာကိုတွေးတောသင့်ပါတယ်။ သင်လိုချင်တဲ့အရာကို သိရတဲ့အခါ သင့်ရဲ့ရည်ရွယ်ချက်တွေကိုပြင်ဆင်ပြီး အဲ့အရာတွေအတွက် အလုပ်လုပ်ပါ။ တကယ်လိုသင့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ဆွတ်ခူးချင်တယ်ဆိုရင်တော့ သင်ပိုပြီးကြိုးစားမှရပါလိမ့်မယ်။ ဒါပေမယ့် သင်ကြိုးစားသလောက် မဖြစ်လာပဲ အစီအစဉ်တွေမအောင်မြင်တဲ့အခါ ဘယ်တော့မှစိတ်ပျက်ဖို့ အလိုအပ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာဟာ များပြားတဲ့ဝန်တွေထမ်းပြီး သွားရတဲ့လမ်းတစ်ခုပါ။ ဒီလိုအဆင်မပြေဖြစ်မှုတွေက သင့်ကိုသင်ခန်းစာတွေ ပေးပါလိမ့်မယ်။
၅။ မသေခြင်းဆိုတာမရှိ
ထာဝရတည်မြဲနေတဲ့အရာဆိုတာ မရှိကြောင်း သင်လက်ခံဖို့ လိုအပ်ပြီး အနှေးနဲ့အမြန်ဆိုသလို အရာအားလုံးအဆုံးသတ်ရပါလိမ့်မယ်။ ဒါကြောင့် သင်ဖြစ်ချင်တဲ့အရာတွေနဲ့ပဲ သင့်ဘဝကိုကုန်ဆုံးဖို့ ကြိုးစားပါ။တစ်နေ့နေ့မှာ သင်လည်းအိုမင်ပြီးတော့ သေဆုံးရပါလိမ့်မယ်။ ဒီလိုမရဏသဘောကို သင်ဆင်ခြင်မိတဲ့အခါ သင့်ရဲ့ဘဝကိုပိုမိုတန်ဖိုးထားတတ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့အရာတွေကို လုပ်ဆောင်ပါ၊ သင်သေသွားရင်တောင်မှ သင့်ကိုသတိရနေစေဖို့ ကောင်းတဲ့အရာတွေကို အခြားသူတွေအတွက် ချန်ထားခဲ့ပေးပါ။
၆။ သေးငယ်တဲ့အရာလေးတွေဆီကနေ ပျော်စရာကိုရှာဖွေတတ်ပါစေ
ဘဝရဲ့ ကုန်ဆုံးချိန်ဟာ အရမ်းကိုမြန်သော်လည်း သင်ကိုယ်တိုင် နှေးအောင်လုပ်ဖို့ လိုအပ်ပါတယ်။ နေဝင်ချိန်ကို ကြည့်တဲ့အခါ လှပတဲ့မတ်ခွက်လေးနဲ့ လ္ဘက်ရည်သောက်သလိုမျိုး သေးငယ်တဲ့အရာလေးတွေ ဆီကနေပျော်စရာလေးတွေကို ရှာဖွေနိုင်ပါတယ်။ သဘာဝတရားထဲမှာ အချိန်ကိုကုန်ဆုံးပါစေ၊ ဒါဟာအကောင်းဆုံး ကုသခြင်းနဲ့ငြိမ်းချမ်းခြင်း တစ်ခုပါပဲ။ အားလပ်ရက်တွေမှာ အပြင်ထွက်လမ်းလျှောက်ရင်း ပျော်စရာတစ်ခုခုကို ရှာဖွေပါ။ တသက်လုံးအလုပ်ရှုပ်နေပြီး မပျော်ရွင်ရတဲ့ဘဝထဲကို သင့်ကိုယ်သင်မစတေးလိုက်ပါနဲ့။
၇။ ကြီးကျယ်တဲ့အရာတွေက သင့်ကိုတောင်းဆိုနေပါတယ်
ဘဝမှာ ပျော်ရွင်အောင်နေတတ်ဖို့ အရေးကြီးသလိုပဲ သင့်ဘဝကိုပိုမို အဓိပ္ပာယ်ပြည့်ဝစေမယ့် အောင်မြင်မှုတွေဟာလည်း အရေးပါပါတယ်။ တကယ်လို့သင်ဟာ ပန်းချီပညာကိုမြတ်နိုးတဲ့သူ ဒါမှမဟုတ် စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့သူ ဆိုပါက သင့်ရဲ့အိမ်မက်တွေကိုထိုင်ပြီးစောင့်နေရုံနဲ့ ဘာမှရမလာဘူးဆိုတာကို သတိရသင့်ပါတယ်။ သင်အလုပ်ကြိုးစားဖို့ လိုအပ်ပါတယ်။ ပြီးတော့ သင်အရှုံးပေးသင့်တယ်လို့ ခံစားမိရင်တောင်မှဒီအတွက် ဘယ်တော့မှ အရှုံးမပေးပါနဲ့။
၈။ ပြစ်တင်ပြောဆိုခြင်းဟာ အကူအညီမရပါဘူး
တကယ်လို့ တစ်ခြားသူတစ်ယောက်ကြောင့် ဖြစ်စေ သင့်ကိုယ်သင်ကြောင့်ဖြစ်စေ ဆိုးဝါးတဲ့အရာတွေ ရင်ဆိုင်တွေ့တဲ့အခါ အပြစ်တင်စကားပဲ ဆိုမနေပါနဲ့ ။ သင့်ရဲ့ဘဝဘယ်လောက်ထိ ခက်ခဲကြောင်း၊ ဆိုးဝါးကြောင်း အပြစ်ဆိုငြီးငြူနေမယ့်အစား သင့်ရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အဖြေတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။ အပြစ်တင်နေခြင်းဟာ ဘယ်အရာကိုမှ ပြောင်းလဲမသွားနိုင်ပါဘူး၊ ဒါ့အပြင် ဘာမှပြောင်းလဲမှုမရှိပဲ အပြစ်ဆိုညည်းညူနေခြင်းကိုဘယ်သူမှကြာရှည်နားမထောင်ချင်တဲ့အတွက် သင်ကလူတွေရဲ့ အဝေးကိုရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အရာရာတိုင်းကို အကောင်းမြင်နိုင်အောင်ကြိုးစားသင့်ပြီး တိုတောင်းတဲ့ဘဝကို ပျော်စရာတွေနဲ့ပဲ ကုန်ဆုံးနိုင်အောင် ကြိုးစားခြင်းဟာ သင့်အတွက် အရေးအကြီးဆုံး အရာတစ်ခုဖြစ်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Ref-gottadotherightthing.com