ဟော့ပေါ့စားရင်း အိုးထပေါက်တဲ့ တရုတ်နိုင်ငံက နာမည်ကြီး ဟော့ပေါ့ဆိုင် (ဗီဒီယို)

0
2611
ဟော့ပေါ့စားရင်း
ဟော့ပေါ့စားရင်း

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မေလ ၁၅ရက်နေ့က တရုတ်နိုင်ငံ ယူနန်က နာမည်ကြီး Haidilao ဟော့ပေါ့ဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ အဖြစ်အပျက်ကို စီစီတီဗွီ ကင်မရာကနေ ရယူခဲ့တာဖြစ်ပြီး အွန်လှိင်းကနေ တစ်ဆင့်ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။ စီစီတီဗွီ မှတ်တမ်းအရ ထိုဟော့ပေါ့ဆိုင်က စားပွဲဝိုင်းမှာ စားသုံးသူနှစ်ဦး မျက်နှာချင်း ဆိုင်ထိုင်နေရင်း စားပွဲထိုးမှ ဟော့ပေါ့အိုးထဲကနေ သတ္တုဇွန်းနဲ့ ငါးကို ဆယ်ယူပေးနေတာဖြစ်ပါတယ်။

-Advertisement-

ထိုအချိန်မှာပဲ စားပွဲထိုးရဲ့ အိတ်ထဲကမီးခြစ်ဟာ ပွတ်ပွတ်ဆူနေတဲ့ အိုးထဲကို ကျသွားပြီး ထိုကနေတစ်ဆင့် ထပေါက်ခဲ့တာပါ။ စားပွဲထိုးရဲ့ မျက်နှာတစ်ခုလုံး ဟင်းရေပူတွေ လောင်သွားခဲ့ပြီး စားသုံးသူ ၂ဦးက ကြီးကြီးမားမား ဒဏ်ရာ ရရှိတာမျိုးမရှိပါဘူး။ ဒါပေမဲ့ စားပွဲထိုးလေးကတော့ အရေးပေါ်ဆေးရုံ တင်လိုက်ရပါတယ်။ စားပွဲထိုးလေးရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် အထက်ပိုင်းတစ်ခုလုံး ဟင်းရည်ပူ အလောင်းခံရတာဖြစ်ပြီး စားသုံးသူ နှစ်ဦးလည်း ကြီးကြီးမားမား ဒဏ်ရာရရှိတာမျိုးမရှိပေမဲ့ ဆိုင်ရှင်တွေအနေနဲ့ ကိုယ့်ဆိုင်ရဲ့ ဖောက်သည်တွေဖြစ်တာကြောင့် ဂရုတစိုက်ဆေးကုသမှု ခံယူပေးခဲ့တယ်လို့ ဆိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

စားပွဲထိုးမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆိုင်ရှင်တွေအနေနဲ့ အမြန်ဆုံး အခက်အခဲမရှိသက်သာလာဖို့ မျှော်လင့်နေပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ရက်နေ့တုန်းကလည်း ချုံကင်းမြို့ရဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာလည်း ဒီလိုအဖြစ်မျိုးဖြစ်ပျက်ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ ဘယ်သူမှ ဒဏ်ရာမရရှိခဲ့ပါဘူး။ အပူရှိန်အရမ်းပြင်းတာကြောင့် မီးခြစ်တို့လို အခြား ပေါက်ကွဲတတ်တဲ့ပစ္စည်းမျိုး ဟော့ပေါ့စားသုံးသူတွေအနားကို မယူမိစေဖို့ စားသုံးသူတွေရာ အခြားသူတွေအနေနဲ့ပါ သတိထားစားသုံးဖို့လိုအပ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

မိုင်ပေါင်း ၂သောင်းဝေးတဲ့ သမီးဆီ သစ်သားကား ကိုယ်တိုင်လုပ်ပြီး မွေးနေ့လက်ဆောင်လာပေးတဲ့ အဖေ

Zawgyi fonts

ေဟာ့ေပါ့စားရင္း အိုးထေပါက္တဲ့ တ႐ုတ္နိုင္ငံက နာမည္ႀကီး ေဟာ့ေပါ့ဆိုင္ (ဗီဒီယို)
ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ေမလ ၁၅ရက္ေန႔က တ႐ုတ္နိုင္ငံ ယူနန္က နာမည္ႀကီး Haidilao ေဟာ့ေပါ့ဆိုင္မွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အဆိုပါ အျဖစ္အပ်က္ကို စီစီတီဗြီ ကင္မရာကေန ရယူခဲ့တာျဖစ္ၿပီး အြန္လွိင္းကေန တစ္ဆင့္ျပန္႔ႏွံ့သြားခဲ့တာျဖစ္ပါတယ္။ စီစီတီဗြီ မွတ္တမ္းအရ ထိုေဟာ့ေပါ့ဆိုင္က စားပြဲဝိုင္းမွာ စားသုံးသူႏွစ္ဦး မ်က္ႏွာခ်င္း ဆိုင္ထိုင္ေနရင္း စားပြဲထိုးမွ ေဟာ့ေပါ့အိုးထဲကေန သတၱဳဇြန္းနဲ႔ ငါးကို ဆယ္ယူေပးေနတာျဖစ္ပါတယ္။

ထိုအခ်ိန္မွာပဲ စားပြဲထိုးရဲ့ အိတ္ထဲကမီးျခစ္ဟာ ပြတ္ပြတ္ဆူေနတဲ့ အိုးထဲကို က်သြားၿပီး ထိုကေနတစ္ဆင့္ ထေပါက္ခဲ့တာပါ။ စားပြဲထိုးရဲ့ မ်က္ႏွာတစ္ခုလုံး ဟင္းေရပူေတြ ေလာင္သြားခဲ့ၿပီး စားသုံးသူ ၂ဦးက ႀကီးႀကီးမားမား ဒဏ္ရာ ရရွိတာမ်ိဳးမရွိပါဘူး။ ဒါေပမဲ့ စားပြဲထိုးေလးကေတာ့ အေရးေပၚေဆး႐ုံ တင္လိုက္ရပါတယ္။ စားပြဲထိုးေလးရဲ့ မ်က္ႏွာနဲ႔ ခႏၶာကိုယ္ အထက္ပိုင္းတစ္ခုလုံး ဟင္းရည္ပူ အေလာင္းခံရတာျဖစ္ၿပီး စားသုံးသူ ႏွစ္ဦးလည္း ႀကီးႀကီးမားမား ဒဏ္ရာရရွိတာမ်ိဳးမရွိေပမဲ့ ဆိုင္ရွင္ေတြအေနနဲ႔ ကိုယ့္ဆိုင္ရဲ့ ေဖာက္သည္ေတြျဖစ္တာေၾကာင့္ ဂ႐ုတစိုက္ေဆးကုသမွု ခံယူေပးခဲ့တယ္လို႔ ဆိုင္ရဲ့ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ဆိုပါတယ္။

စားပြဲထိုးမွာ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ဆိုင္ရွင္ေတြအေနနဲ႔ အျမန္ဆုံး အခက္အခဲမရွိသက္သာလာဖို႔ ေမၽွာ္လင့္ေနပါတယ္။ အလားတူပဲ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၂ရက္ေန႔တုန္းကလည္း ခ်ဳံကင္းၿမိဳ႕ရဲ့ စားေသာက္ဆိုင္တစ္ဆိုင္မွာလည္း ဒီလိုအျဖစ္မ်ိဳးျဖစ္ပ်က္ခဲ့ၿပီး ကံေကာင္းေထာက္မစြာနဲ႔ ဘယ္သူမွ ဒဏ္ရာမရရွိခဲ့ပါဘူး။ အပူရွိန္အရမ္းျပင္းတာေၾကာင့္ မီးျခစ္တို႔လို အျခား ေပါက္ကြဲတတ္တဲ့ပစၥည္းမ်ိဳး ေဟာ့ေပါ့စားသုံးသူေတြအနားကို မယူမိေစဖို႔ စားသုံးသူေတြရာ အျခားသူေတြအေနနဲ႔ပါ သတိထားစားသုံးဖို႔လိုအပ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here