Home News ဟိုင်းဝေးလမ်းမ ဖြတ်ကူးတဲ့ မြွေကြီးကို လုံခြုံစွားလမ်းဖြတ်ကူးဖို့ ကားတွေရပ်ပြီးတားပေးတဲ့ ဘရာဇီးနိုင်ငံ

ဟိုင်းဝေးလမ်းမ ဖြတ်ကူးတဲ့ မြွေကြီးကို လုံခြုံစွားလမ်းဖြတ်ကူးဖို့ ကားတွေရပ်ပြီးတားပေးတဲ့ ဘရာဇီးနိုင်ငံ

0
891
အန်ဒါကွန်နာ မြွေကြီး
အန်ဒါကွန်နာ မြွေကြီး

ဘရာဇီးနိုင်ငံရဲ့ BR- 364 ဟိုင်းဝေးလမ်းမကြီးမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က အံ့အားသင့်စရာ ထူခြားတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါကတော့ ကားမောင်းသမားတွေ ကားမောင်းလာရင် ထိုလမ်းမကြီးပေါ်မှာ အမှတ်မထင် လမ်းဖြတ်ကူးနေတဲ့ မြွေကြီးတစ်ကောင်ကို တွေ့သွားလို့ပါပဲ။ အဆိုပါ မြွေကြီးဟာ အလျား ၉.၈ပေခန့်ရှိပြီး Porto Velho မြို့ရဲ့ အနောက်မြောက်ဘက်ရှိ ဟိုင်းဝေးလမ်းမကြီးကို ဖြတ်သွားခဲ့တာဖြစ်ပါတယ်။ ကားမောင်းသမားတွေကလည်း ဆိုပါ မြွေကြီးကို တွေ့တွေ့ချင်း ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်အောင် ကားတွေကို ဘရိတ်အုပ်ပြီး ရပ်ပေးကြပါတယ်။

ဒီအဖြစ်အပျက်ကို Nascimento Fernandes ဆိုတဲ့ အမျိုးသားရဲ့ ဇနီးလည်းတွေ့မြင်ခဲ့ရပြီး သူတို့လည်း မြွေသွားတာမြင်တော့ ကားပေါ်က ဆင်းပြီး မြွေကြီး ကောင်းကောင်းမွန်မွန်သွားနိုင်ဖို့ အခြားကားတွေကို တားပေးခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ အခုမှမဟုတ်ပါဘူး အရင်တုန်းကလည်းဟိုင်းဝေးလမ်းမမှာ မြွေတွေဖြတ်ကူးတာ ကြုံဖူးတယ်လို့လည်း ဆိုပါတယ်။

Facebook ပေါ်မှာ အဆိုပါ မြွေကြီးရဲ့ ဗီဒီယိုများစွာ တက်လာပြီး မြွေကြီးဟာ အလွန်အန္တရာယ်များတဲ့ ဟိုင်းဝေးလမ်းကို အသက်နဲ့ရင်းပြီး ကူးလာခဲ့ရတာဖြစ်ပါတယ်။ တဖြည်းဖြည်းခြင်း တွားသွားပြီး ကားလမ်းမ အလယ်မှာရှိတဲ့ အင်္ဂတေ ဘလောက်တုံးတွေကိုတောင် ဖြည်းဖြည်းခြင်း ကျော်တက်သွားတာတွေ့မြင်ရပါတယ်။ ဇီဝဗေဒပညာရှင် Flavio Terassani ရဲ့ အဆိုအရ အဆိုပါမြွေဟာ အန်နာကွန်ဒါ မြွေမျိုးဖြစ်ပြီး ခန့်မှန်းခြေအရ အသန့် ၁၀နှစ်ဝန်းကျင်လောက်ရှိမယ်လို့ သိရပါတယ်။ အစာရှာထွက်ရင် ဒါမှမဟုတ် နားခိုဖို့အတွက် နေရာရှာရင်နဲ့ အခုလို ကားလမ်းမအလယ်ကို ဖြတ်လာခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။

အခုဗီဒီယိုဖိုင်မှာ တွေ့မြင်ရတဲ့ အန်နာကွန်ဒါမြွေကြီးဟာ ကြောက်စရာကောင်းပေမဲ့ တကယ့်တကယ့်တော့ အဆိပ်ရှိတဲ့ မြွေဆိုးတစ်ကောင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်တွေကတော့ အဆိုပါမြွေကြီးနားကို မသွားသင့်ကြောင်း အခက်မသင့်ရင် လူကို အန္တရာယ်သေးနိုင်ကြောင်း သတိပေးထားပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ထိုင်းနိုင်ငံရဲ့ အပူလှိုင်းကျရောက်မှုကြောင့် သေးဆုံးသွားတဲ့ အိမ်မွေးအလှခွေးလေးတွေ

Zawgyi fonts

ဟိုင္းေဝးလမ္းမ ျဖတ္ကူးတဲ့ ေႁမြႀကီးကို လုံျခဳံစြားလမ္းျဖတ္ကူးဖို႔ ကားေတြရပ္ၿပီးတားေပးတဲ့ ဘရာဇီးနိုင္ငံ
ဘရာဇီးနိုင္ငံရဲ့ BR- 364 ဟိုင္းေဝးလမ္းမႀကီးမွာ ၿပီးခဲ့တဲ့ တနလၤာေန႔က အံ့အားသင့္စရာ ထူျခားတဲ့ အျဖစ္အပ်က္တစ္ခုနဲ႔ ၾကဳံေတြ႕ခဲ့ရပါတယ္။ ဒါကေတာ့ ကားေမာင္းသမားေတြ ကားေမာင္းလာရင္ ထိုလမ္းမႀကီးေပၚမွာ အမွတ္မထင္ လမ္းျဖတ္ကူးေနတဲ့ ေႁမြႀကီးတစ္ေကာင္ကို ေတြ႕သြားလို႔ပါပဲ။ အဆိုပါ ေႁမြႀကီးဟာ အလ်ား ၉.၈ေပခန္႔ရွိၿပီး Porto Velho ၿမိဳ႕ရဲ့ အေနာက္ေျမာက္ဘက္ရွိ ဟိုင္းေဝးလမ္းမႀကီးကို ျဖတ္သြားခဲ့တာျဖစ္ပါတယ္။ ကားေမာင္းသမားေတြကလည္း ဆိုပါ ေႁမြႀကီးကို ေတြ႕ေတြ႕ခ်င္း ေျဖာင့္ေျဖာင့္တန္းတန္း သြားနိုင္ေအာင္ ကားေတြကို ဘရိတ္အုပ္ၿပီး ရပ္ေပးၾကပါတယ္။

ဒီအျဖစ္အပ်က္ကို Nascimento Fernandes ဆိုတဲ့ အမ်ိဳးသားရဲ့ ဇနီးလည္းေတြ႕ျမင္ခဲ့ရၿပီး သူတို႔လည္း ေႁမြသြားတာျမင္ေတာ့ ကားေပၚက ဆင္းၿပီး ေႁမြႀကီး ေကာင္းေကာင္းမြန္မြန္သြားနိုင္ဖို႔ အျခားကားေတြကို တားေပးခဲ့ၾကပါတယ္။ ဒီအျဖစ္အပ်က္ဟာ အခုမွမဟုတ္ပါဘူး အရင္တုန္းကလည္းဟိုင္းေဝးလမ္းမမွာ ေႁမြေတြျဖတ္ကူးတာ ၾကဳံဖူးတယ္လို႔လည္း ဆိုပါတယ္။

Facebook ေပၚမွာ အဆိုပါ ေႁမြႀကီးရဲ့ ဗီဒီယိုမ်ားစြာ တက္လာၿပီး ေႁမြႀကီးဟာ အလြန္အႏၲရာယ္မ်ားတဲ့ ဟိုင္းေဝးလမ္းကို အသက္နဲ႔ရင္းၿပီး ကူးလာခဲ့ရတာျဖစ္ပါတယ္။ တျဖည္းျဖည္းျခင္း တြားသြားၿပီး ကားလမ္းမ အလယ္မွာရွိတဲ့ အဂၤေတ ဘေလာက္တုံးေတြကိုေတာင္ ျဖည္းျဖည္းျခင္း ေက်ာ္တက္သြားတာေတြ႕ျမင္ရပါတယ္။ ဇီဝေဗဒပညာရွင္ Flavio Terassani ရဲ့ အဆိုအရ အဆိုပါေႁမြဟာ အန္နာကြန္ဒါ ေႁမြမ်ိဳးျဖစ္ၿပီး ခန္႔မွန္းေျခအရ အသန္႔ ၁၀ႏွစ္ဝန္းက်င္ေလာက္ရွိမယ္လို႔ သိရပါတယ္။ အစာရွာထြက္ရင္ ဒါမွမဟုတ္ နားခိုဖို႔အတြက္ ေနရာရွာရင္နဲ႔ အခုလို ကားလမ္းမအလယ္ကို ျဖတ္လာခဲ့တာျဖစ္နိုင္တယ္လို႔ဆိုပါတယ္။

အခုဗီဒီယိုဖိုင္မွာ ေတြ႕ျမင္ရတဲ့ အန္နာကြန္ဒါေႁမြႀကီးဟာ ေၾကာက္စရာေကာင္းေပမဲ့ တကယ့္တကယ့္ေတာ့ အဆိပ္ရွိတဲ့ ေႁမြဆိုးတစ္ေကာင္ေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ကၽြမ္းက်င္ပညာရွင္ေတြကေတာ့ အဆိုပါေႁမြႀကီးနားကို မသြားသင့္ေၾကာင္း အခက္မသင့္ရင္ လူကို အႏၲရာယ္ေသးနိုင္ေၾကာင္း သတိေပးထားပါတယ္။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here