ဟားဗတ်စိတ်ပညာရှင်တွေ အကြံပြုကြတဲ့ ထိပ်တန်းမိဘအုပ်ထိန်းမှု နည်းလမ်း ၆ ချက်

0
42

ကလေးတစ်ယောက်ကို လိမ္မာရေးခြားရှိပြီး ထက်မြက်သူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ရတာ မလွယ်ကူကြောင်း မိဘတိုင်းသိကြမှာပါ။ ဟားဗတ်တက္ကသိုလ်က စိတ်ပညာရှင်တွေဟာ မိဘအုပ်ထိန်းမှုနဲ့ ပတ်သတ်ပြီး အရေးကြီးတဲ့ အုပ်ထိန်းမှုနည်းလမ်းတွေကို အကြံပြုခဲ့ကြပါတယ်။
၁။ ကလေးရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေကို ကူညီဖြေရှင်းပေးပါ

ကလေးတစ်ယောက်ဟာ မကောင်းတဲ့စိတ်ခံစားချက်တွေဖြစ်တဲ့ ဒေါသ၊ မနာလိုမှု၊ အရှက်ရမှု သို့မဟုတ် မုန်းတီးမှု စတဲ့ စိတ်ခံစားချက်တွေကို ခံစားဖူးကြပါတယ်။ ဒီလိုကလေးမှာ မကောင်းတဲ့စိတ်ခံစားချက်ကို ဘယ်အရာတွေက ဖြစ်စေတာလဲဆိုတာ မိဘတိုင်းသိရှိအောင်ကြိုးစားပြီး ကူညီပေးဖို့လိုပါတယ်။ ကလေးရဲ့ ဒီလိုခံစားချက်တွေကို ရင်ဆိုင်နိုင်စွမ်းရှိအောင် ငယ်ရွယ်စဥ်အချိန်မှာတည်းက သင်ကြားပေးထားခြင်းဖြင့် အရွယ်ရောက်လာတဲ့အခါ သနားကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့သူတွေအဖြစ် ကြီးပြင်းလာစေပါတယ်။

၂။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် သင်ပေးပါ


မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးကို ပြဿနာတွေကနေ ရှောင်ပုန်းတတ်သူတွေမဖြစ်အောင် လေ့ကျင့်ပေးဖို့လည်း လိုပါတယ်။ ကလေးရဲ့ငယ်ရွယ်စဥ်အချိန်မှာတည်းက ပြဿနာတိုင်းကို ရင်ဆိုင်နိုင်စွမ်းရှိမှသာ အရွယ်ရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိလာစေမှာ ဖြစ်ပါတယ်။ တကယ်လို့သင့်ကလေးက ကျောင်းတက်ဖို့အတွက် အကြောက်အကန်ငြင်းဆန်နေရင် ရိုက်နှက်ဆုံးမပြီး အတင်းအဓမ္မ ကျောင်းတက်ခိုင်းတာထက် ကျောင်းမတက်ချင်ရခြင်းအကြောင်းရင်းကို သေချာစွာမေးမြန်းပြီး ကျောင်းတက်ခြင်းကြောင့် ဘယ်လိုကောင်းကျိုတွေရှိလာမယ်၊ ကျောင်းမှာ သူငယ်ချင်းအများကြီးနဲ့ပျော်စရာကောင်းတာတွေ ရှိတဲ့အကြောင်းကို ကလေးနားလည်အောင် ရှင်းပြပါ။ ကျောင်းမနေသေးတဲ့အရွယ်မှာတည်းက ကြိုတင်ပြောထားရင် ပိုကောင်းပါတယ်။

၃။ ကလေးကိုအချိန်ပေးပါ

သင့်ကလေးက ဘယ်အကြောင်းကို တွေးနေတယ်၊ ဘယ်အရာကိုလုပ်ရတာပျော်ရွင်တယ်ဆိုတာကို သိရှိထားဖို့လိုပါတယ်။ ဒီလိုသိရှိထားခြင်းဖြင့် သူပျော်ရွင်တဲ့အရာတွေအပေါ်မှာ သင်ကအချိန်ပေးပြီး အတူတူဖြတ်သန်းလိုက်ပါ။ ကလေးကိုအချိန်ပေးခြင်းဟာ မိဘနဲ့သားသမီး သံယောဇဥ်ကို ပိုတိုးစေပါတယ်။ ကလေးကိုသူငယ်ချင်းကောင်းတစ်ယောက်လို ဆက်ဆံပေးတဲ့အခါ သင့်ကိုပိုမိုပွင့်လင်းလာပြီး ကလေးရဲ့စိတ်ကို သက်တောင့်သက်သာပိုဖြစ်စေပါတယ်။ ဘဝရဲ့သင်ခန်းစာတွေကို သင့်ဆီကနေ လေ့လာနိုင်ဖို့ အခွင့်အရေးပေးပါ။ သင့်ရဲ့စကားနဲ့ လုပ်ရပ်တွေဟာ သင့်ကလေးကို ပုံဖော်ပေးနိုင်ဖို့ နက်ရှိုင်းစွာ ပတ်သတ်နေပါတယ်။ သင့်ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေး ဘယ်လောက်အထိဖွံ့ဖြိုးတယ်ဆိုတာဟာ သင့်ရဲ့အမူအကျင့်အပေါ်မှာ အများကြီးသက်ဆိုင်နေပါတယ်။

၄။ အိမ်မှုကိစ္စတွေသင့်ကို ကူညီအောင်လေ့ကျင့်ပေးပြီး ကျေးဇူးတင်ပြုကို ဖော်ပြပါ

ကလေးတွေကို ငယ်စဥ်အချိန်မှာတည်းက အိမ်မှုဝေယျာဝစ္စတွေ ဆောင်ရွက်နိုင်အောင်း သင်ကြားပေးခြင်းဟာ သူတို့ကြီးလာတဲ့အခါ တာဝန်ယူတတ်ပြီးလွတ်လပ်တဲ့လူကြီးတွေဖြစ်လာစေပါတယ်။ဒါကြောင့် အရမ်းမခက်ခဲတဲ့အလုပ်တွေဖြစ်တဲ့ ပန်းကန်ရေသုတ်တာတွေ၊ ပန်းပင်ရေလောင်းတာတွေကို သင်နဲ့အတူကူညီလုပ်ကိုင်စေဖို့ တာဝန်ပေးပါ။ သူတို့ကူညီပေးတဲ့အတွက်လည်း ကျေးဇူးတင်ဖို့ကို မမေ့ပါနဲ့။ သင့်ရဲ့အသိအမှတ်ပြုမှုကို ခံရတဲ့အခါ အခြားသူတွေရဲ့ အားထုတ်မှုကိုလည်း ဘယ်လိုကျေးဇူးတင်သင့်တယ်၊ ကျေးဇူးတင်ရမယ်ဆိုတာကို သူတို့နားလည်လာပြီး စာနာစိတ်ရှိသူ၊ ကျေးဇူးသိတတ်သူတွေအဖြစ် ကြီးပြင်းလာစေပါတယ်။

၅။ သူတို့ဟာ သင့်အတွက်ကမ္ဘာကြီးတစ်ခုဖြစ်ကြောင်း ပြောပြပါ


သင့်ရဲ့သားသမီးတွေဟာ သင့်ရဲ့ဘဝမှာ အရေးအကြီးဆုံးအရာတွေဖြစ်ကြောင်း အမြဲတမ်းကလေးကို ပြောပြပေးပါ။ ယခုလိုသူတို့ရဲ့အရေးပါပုံနဲ့ သင့်ရဲ့မိဘမေတ္တာကို ခံစားရတဲ့အခါ သူတို့စိတ်မှာ လုံခြုံနွေးထွေးမှုတွေကို ခံစားရစေပါတယ်။

၆။ သူတို့ရဲ့ကမ္ဘာကြီးဟာ ဘယ်လောက်ကြီးပြီး ဘယ်လောက်ထိမတူညီတာတွေ ရှိကြောင်းပြောပြပါ

 ကလေးတွေဟာ သူတို့ရဲ့ကမ္ဘာကြီးကို သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့မိသားစုတွေသာ ပါဝင်ကြောင်း ယူဆထားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးရဲ့ အစောပိုင်းအရွယ်မှာတင် လောကရဲ့အမှန်တရား၊ မတူကွဲပြားမှုတွေ၊ စိတ်ဝင်စားစရာတွေ အများအပြားရှိကြောင်းကို ပြောပြပေးပါ။
ဒါ့ကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်တွေ၊ လူတွေ၊ တိရိစ္ဆာန်တွေနဲ့ အခြားအရာတွေကို လေ့လာစေပြီး မိသားစုနိစ္စဓူဝ ကိစ္စတွေကနေ ကျော်လွန်ပြီး သိရှိပါစေ။ ရုပ်ရှင်တွေ၊ ဓါတ်ပုံတွေ၊ စာအုပ်တွေကနေလည်း ကွဲပြားမှုတွေကို သင်ကြားပေးနိုင်ပါတယ်။ ဒီလိုသင်ကြားပေးခြင်းကြောင့် စူးစမ်းလေ့လာမှု၊ စွန့်စားမှုကို မကြောက်တဲ့ သူတွေအဖြစ် ကြီးပြင်းလာစေမှာ ဖြစ်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

Zawgyi Font

ဟားဗတ္စိတ္ပညာရွင္ေတြ အႀကံျပဳၾကတဲ့ ထိပ္တန္းမိဘအုပ္ထိန္းမႈ နည္းလမ္း ၆ ခ်က္
ကေလးတစ္ေယာက္ကို လိမၼာေရးျခားရွိၿပီး ထက္ျမက္သူတစ္ေယာက္ျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ရတာ မလြယ္ကူေၾကာင္း မိဘတိုင္းသိၾကမွာပါ။ ဟားဗတ္တကၠသိုလ္က စိတ္ပညာရွင္ေတြဟာ မိဘအုပ္ထိန္းမႈနဲ႔ ပတ္သတ္ၿပီး အေရးႀကီးတဲ့ အုပ္ထိန္းမႈနည္းလမ္းေတြကို အႀကံျပဳခဲ့ၾကပါတယ္။
၁။ ကေလးရဲ႕မေကာင္းတဲ့စိတ္ခံစားခ်က္ေတြကို ကူညီေျဖရွင္းေပးပါ ကေလးတစ္ေယာက္ဟာ မေကာင္းတဲ့စိတ္ခံစားခ်က္ေတြျဖစ္တဲ့ ေဒါသ၊ မနာလိုမႈ၊ အရွက္ရမႈ သို႔မဟုတ္ မုန္းတီးမႈ စတဲ့ စိတ္ခံစားခ်က္ေတြကို ခံစားဖူၾကပါတယ္။
ဒီလိုကေလးမွာ မေကာင္းတဲ့စိတ္ခံစားခ်က္ကို ဘယ္အရာေတြက ျဖစ္ေစတာလဲဆိုတာ မိဘတိုင္းသိရွိေအာင္ႀကိဳးစားၿပီး ကူညီေပးဖို႔လိုပါတယ္။ ကေလးရဲ႕ ဒီလိုခံစားခ်က္ေတြကို ရင္ဆိုင္ႏိုင္စြမ္းရွိေအာင္ ငယ္႐ြယ္စဥ္အခ်ိန္မွာတည္းက သင္ၾကားေပးထားျခင္းျဖင့္ အ႐ြယ္ေရာက္လာတဲ့အခါ သနားၾကင္နာတတ္ၿပီး ဂ႐ုစိုက္တတ္တဲ့သူေတြအျဖစ္ ႀကီးျပင္းလာေစပါတယ္။

၂။ ျပႆနာေတြကို ရင္ဆိုင္ေျဖရွင္းႏိုင္ေအာင္ သင္ေပးပါ
မိဘေတြအေနနဲ႔ ကိုယ့္ရဲ႕ကေလးကို ျပႆနာေတြကေန ေရွာင္ပုန္းတတ္သူေတြမျဖစ္ေအာင္ ေလ့က်င့္ေပးဖို႔လည္း လိုပါတယ္။ ကေလးရဲ႕ငယ္႐ြယ္စဥ္အခ်ိန္မွာတည္းက ျပႆနာတိုင္းကို ရင္ဆိုင္ႏိုင္စြမ္းရွိမွသာ အ႐ြယ္ေရာက္လာတဲ့အခါ ကိုယ့္ကိုယ္ကိုယုံၾကည္မႈ ပိုရွိလာေစမွာ ျဖစ္ပါတယ္။ တကယ္လို႔သင့္ကေလးက ေက်ာင္းတက္ဖို႔အတြက္ အေၾကာက္အကန္ျငင္းဆန္ေနရင္ ႐ိုက္ႏွက္ဆုံးမၿပီး အတင္းအဓမၼ ေက်ာင္းတက္ခိုင္းတာထက္ ေက်ာင္းမတက္ခ်င္ရျခင္းအေၾကာင္းရင္းကို ေသခ်ာစြာေမးျမန္းၿပီး ေက်ာင္းတက္ျခင္းေၾကာင့္ ဘယ္လိုေကာင္းက်ိဳေတြရွိလာမယ္၊ ေက်ာင္းမွာ သူငယ္ခ်င္းအမ်ားႀကီးနဲ႔ေပ်ာ္စရာေကာင္းတာေတြ ရွိတဲ့အေၾကာင္းကို ကေလးနားလည္ေအာင္ ရွင္းျပပါ။ ေက်ာင္းမေနေသးတဲ့အ႐ြယ္မွာတည္းက ႀကိဳတင္ေျပာထားရင္ ပိုေကာင္းပါတယ္။

၃။ ကေလးကိုအခ်ိန္ေပးပါ
သင့္ကေလးက ဘယ္အေၾကာင္းကို ေတြးေနတယ္၊ ဘယ္အရာကိုလုပ္ရတာေပ်ာ္႐ြင္တယ္ဆိုတာကို သိရွိထားဖို႔လိုပါတယ္။ ဒီလိုသိရွိထားျခင္းျဖင့္ သူေပ်ာ္႐ြင္တဲ့အရာေတြအေပၚမွာ သင္ကအခ်ိန္ေပးၿပီး အတူတူျဖတ္သန္းလိုက္ပါ။ ကေလးကိုအခ်ိန္ေပးျခင္းဟာ မိဘနဲ႔သားသမီး သံေယာဇဥ္ကို ပိုတိုးေစပါတယ္။ ကေလးကိုသူငယ္ခ်င္းေကာင္းတစ္ေယာက္လို ဆက္ဆံေပးတဲ့အခါ သင့္ကိုပိုမိုပြင့္လင္းလာၿပီး ကေလးရဲ႕စိတ္ကို သက္ေတာင့္သက္သာပိုျဖစ္ေစပါတယ္။ ဘဝရဲ႕သင္ခန္းစာေတြကို သင့္ဆီကေန ေလ့လာႏိုင္ဖို႔ အခြင့္အေရးေပးပါ။ သင့္ရဲ႕စကားနဲ႔ လုပ္ရပ္ေတြဟာ သင့္ကေလးကို ပုံေဖာ္ေပးႏိုင္ဖို႔
နက္ရႈိင္းစြာ ပတ္သတ္ေနပါတယ္။ သင့္ကေလးရဲ႕ ကိုယ္ရည္ကိုယ္ေသြး ဘယ္ေလာက္အထိဖြံ႕ၿဖိဳးတယ္ဆိုတာဟာ သင့္ရဲ႕အမူအက်င့္အေပၚမွာ အမ်ားႀကီးသက္ဆိုင္ေနပါတယ္။

၄။ အိမ္မႈကိစၥေတြသင့္ကို ကူညီေအာင္ေလ့က်င့္ေပးၿပီး ေက်းဇူးတင္ျပဳကို ေဖာ္ျပပါ
ကေလးေတြကို ငယ္စဥ္အခ်ိန္မွာတည္းက အိမ္မႈေဝယ်ာဝစၥေတြ ေဆာင္႐ြက္ႏိုင္ေအာင္း သင္ၾကားေပးျခင္းဟာ သူတို႔ႀကီးလာတဲ့အခါ တာဝန္ယူတတ္ၿပီးလြတ္လပ္တဲ့လူႀကီးေတြျဖစ္လာေစပါတယ္။ဒါေၾကာင့္ အရမ္းမခက္ခဲတဲ့အလုပ္ေတြျဖစ္တဲ့ ပန္းကန္ေရသုတ္တာေတြ၊ ပန္းပင္ေရေလာင္းတာေတြကို
သင္နဲ႔အတူကူညီလုပ္ကိုင္ေစဖို႔ တာဝန္ေပးပါ။ သူတို႔ကူညီေပးတဲ့အတြက္လည္း ေက်းဇူးတင္ဖို႔ကို မေမ့ပါနဲ႔။ သင့္ရဲ႕အသိအမွတ္ျပဳမႈကို ခံရတဲ့အခါ အျခားသူေတြရဲ႕ အားထုတ္မႈကိုလည္း ဘယ္လိုေက်းဇူးတင္သင့္တယ္၊ ေက်းဇူးတင္ရမယ္ဆိုတာကို သူတို႔နားလည္လာၿပီး စာနာစိတ္ရွိသူ၊ ေက်းဇူးသိတတ္သူေတြအျဖစ္ ႀကီးျပင္းလာေစပါတယ္။

၅။ သူတို႔ဟာ သင့္အတြက္ကမာၻႀကီးတစ္ခုျဖစ္ေၾကာင္း ေျပာျပပါ
သင့္ရဲ႕သားသမီးေတြဟာ သင့္ရဲ႕ဘဝမွာ အေရးအႀကီးဆုံးအရာေတြျဖစ္ေၾကာင္း အၿမဲတမ္းကေလးကို ေျပာျပေပးပါ။ ယခုလိုသူတို႔ရဲ႕အေရးပါပုံနဲ႔ သင့္ရဲ႕မိဘေမတၱာကို ခံစားရတဲ့အခါ သူတို႔စိတ္မွာ လုံၿခဳံေႏြးေထြးမႈေတြကို ခံစားရေစပါတယ္။

၆။ သူတို႔ရဲ႕ကမာၻႀကီးဟာ ဘယ္ေလာက္ႀကီးၿပီး ဘယ္ေလာက္ထိမတူညီတာေတြ ရွိေၾကာင္းေျပာျပပါ
ကေလးေတြဟာ သူတို႔ရဲ႕ကမာၻႀကီးကို သူတို႔ကိုယ္တိုင္နဲ႔ သူတို႔ရဲ႕မိသားစုေတြသာ ပါဝင္ေၾကာင္း ယူဆထားၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကေလးရဲ႕ အေစာပိုင္းအ႐ြယ္မွာတင္ ေလာကရဲ႕အမွန္တရား၊ မတူကြဲျပားမႈေတြ၊ စိတ္ဝင္စားစရာေတြ အမ်ားအျပားရွိေၾကာင္းကို ေျပာျပေပးပါ။
ဒါ့ေၾကာင့္ စိတ္ဝင္စားစရာေကာင္းတဲ့ျဖစ္ရပ္ေတြ၊ လူေတြ၊ တိရိစာၦန္ေတြနဲ႔ အျခားအရာေတြကို ေလ့လာေစၿပီး မိသားစုနိစၥဓူဝ ကိစၥေတြကေန ေက်ာ္လြန္ၿပီး သိရွိပါေစ။ ႐ုပ္ရွင္ေတြ၊ ဓါတ္ပုံေတြ၊ စာအုပ္ေတြကေနလည္း ကြဲျပားမႈေတြကို သင္ၾကားေပးႏိုင္ပါတယ္။ ဒီလိုသင္ၾကားေပးျခင္းေၾကာင့္
စူးစမ္းေလ့လာမႈ၊ စြန္႔စားမႈကို မေၾကာက္တဲ့ သူေတြအျဖစ္ ႀကီးျပင္းလာေစမွာ ျဖစ္ပါတယ္။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here