ဟင်းချက်ရာမှာ ဆရာတစ်ဆူဖြစ်လာစေဖို့ရာ သိထားသင့်တဲ့ ဖြတ်လမ်းနည်းများ

0
106

ဟင်းချက်ရတာ ဝါသနာပါသူတွေ၊ မီးဖိုချောင်တွင်း အမြဲဝင်နေရသူများအနေနဲ့ အချိန်ကိုချွေတာနိုင်ပြီး လက်ဝင်တာသက်သာစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို အမြဲရှာနေကြရပါတယ်။ မီးဖိုချောင်ကို တာဝန်ယူထားရသူတွေ သို့မဟုတ် တစ်ကိုယ်တည်းနေနေရသူများအတွက် အစားအစာတွေကို အချိန်အကြာကြီး သိမ်းဆည်းထားနိုင်ဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် စာဖတ်သူတို့အတွက် အသုံးဝင်စေမယ့် မီးဖိုချောင်တွင်း ဖြတ်လမ်းနည်းလေးတွေကို ရှာတွေ့ထားလို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

၁။ ကြက်ဥတွေကို လတ်လတ်ဆတ်ဆတ်ဖြစ်စေအောင်

ဥတွေကို ဟင်းသီးဟင်းရွက်ဆီနဲ့ သုတ်လိမ်းပြီးမှ ရေခဲသေတ္တာထဲမှာ ထည့်သွင်းသိမ်းဆည်းမယ်ဆိုပါက အချိန်ကြာကြာ အထားခံမှာဖြစ်ပါတယ်။

၂။ ကြက်ဥအခွံခွာရလွယ်ကူစေဖို့

ကြက်ဥပြုတ်တွေကို အခွံခွာဖို့ရာ နည်းလမ်းမျိုးစုံရှိပါတယ်။ ဒီအထဲကတစ်ခုကတော့ ကြက်ဥပြုတ်အခွံကို ပတ်ပတ်လည်လိုက်ခေါက်ပေးလိုက်ပြီး ရေအေးအေးထဲထည့်ပေးထားလိုက်ပါ။

၃။ ပျော့သွားတဲ့အာလူးကြော်တွေကို ပြန်ပြီးစားလို့ရအောင်

ကိုယ်က အာလူးကြော်တစ်ထုပ်ဝယ်လာပြီး စားလို့မကုန်ဘဲ ဒီအတိုင်းထားလိုက်မယ်ဆိုရင် နောက်တစ်နေ့မှာ ပျော့သွားနိုင်ပါတယ်။ ကိုယ်ကလွှင့်လည်းမလွှင့်ပစ်ချင်ဘူးဆိုရင်တော့ ပန်းကန်ပြားတစ်ချပ်ကိုယူလိုက်ကာ အပေါ်ကနေ Kitchen Towel ကို တင်ကာ အာလူးကြော်တွေထည့်လိုက်ပါ။ နောက်ထပ် Kitchen Towel နဲ့ အပေါ်ကထပ်အုပ်ပြီး မိုက်ခရိုဝေ့ဖ်ထဲ စက္ကန့် ၃၀ ထည့်ပြီးနွှေးလိုက်မယ်ဆိုရင်တော့ ပြန်ပြီးကြွပ်ရွလာပါလိမ့်မယ်။

၄။ အလှပဆုံး ကြက်ဥကြော်လေးရစေဖို့

စားဖိုမှူးတွေကြော်သလိုမျိုး ကြက်ဥဝိုင်းဝိုင်းလေးကိုရစေဖို့အတွက် ကြက်သွန်နီကြီးကြီးတစ်လုံးကို အကွင်းလိုက်လှီးကာ အတွင်းသားတွေဖယ်ထုတ်လိုက်ပါ။ မကပ်တဲ့ဒယ်အိုးထဲကို ကြက်သွန်နီကွင်းအရင်ထည့်ပြီး ကြက်ဥခွဲထည့်လိုက်ပါ။

၅။ ငါးကင်တဲ့အခါ

ငါးကိုမီးသွေးနဲ့ကင်တဲ့အခါမှာ အကင်ပြားမှာ ကပ်မသွားစေဖို့အတွက် အောက်ကနေ လီမွန်အပြားလေးတွေ ခံပေးလိုက်ပါ။ ငါးလည်းမကပ်တော့သလို လီမွန်နံ့သင်းသင်းလေးလည်း ဖြစ်သွားပါလိမ့်မယ်။

၆။ အသီးအရွက်တွေကို စိမ်းစိမ်းလေးအတိုင်း သိမ်းထားနိုင်အောင်

ဈေးကနေ အသီးအရွက်တွေဝယ်လာပြီးရင် ရေဆေးပြီး ခြောက်အောင်ထားလိုက်ပါ။ ခြောက်သွားပြီဆိုရင် ပလတ်စတစ်အိတ်ထဲထည့်ကာ အပေါ်မှာလေချန်ပြီးတော့ ချည်လိုက်ပါ။ အခုလိုပြုလုပ်ပေးပါက အသီးအရွက်တွေကို အရောင်ပြောင်းသွားစေမှာမဟုတ်တော့ပါဘူး။

၇။ ဓားသွေးချင်ရင်

ဓားသွေးကျောက်သီးသန့်မဝယ်ထားမိဘူးဆိုရင် သာမန်မြေအိုး သို့မဟုတ် ခွက်ကို အသုံးပြုပေးနိုင်ပါတယ်။ အိုးကိုပြောင်းပြန်လှန်ကာ ဖင်ကိုဓားသွေးကျောက်အဖြစ် အသုံးပြုပေးနိုင်ပါတယ်။

၈။ စဥ့်နှီတုံးချော်ထွက်မသွားအောင်

အသားငါး သို့မဟုတ် ဟင်းသီးဟင်းရွက် လှီးနေတုန်း စဥ့်နှီတုံးချော်ထွက်သွားတာမျိုး မဖြစ်စေဖို့အတွက် အောက်ကနေ အဝတ်စိုတစ်ခုခံထားပေးလိုက်ပါ။

Lifestyle_Maanmar

Thinzar

Source-brightside

Zawgyi

ဟင္းခ်က္ရာမွာ ဆရာတစ္ဆူျဖစ္လာေစဖို႔ရာ သိထားသင့္တဲ့ ျဖတ္လမ္းနည္းမ်ား

ဟင္းခ်က္ရတာ ဝါသနာပါသူေတြ၊ မီးဖိုေခ်ာင္တြင္း အၿမဲဝင္ေနရသူမ်ားအေနနဲ႔ အခ်ိန္ကိုေခြၽတာႏိုင္ၿပီး လက္ဝင္တာသက္သာေစဖို႔အတြက္ နည္းလမ္းေကာင္းေလးေတြကို အၿမဲရွာေနၾကရပါတယ္။ မီးဖိုေခ်ာင္ကို တာဝန္ယူထားရသူေတြ သို႔မဟုတ္ တစ္ကိုယ္တည္းေနေနရသူမ်ားအတြက္ အစားအစာေတြကို အခ်ိန္အၾကာႀကီး သိမ္းဆည္းထားႏိုင္ဖို႔ကလည္း အင္မတန္အေရးႀကီးပါတယ္။ ဒါေၾကာင့္ စာဖတ္သူတို႔အတြက္ အသုံးဝင္ေစမယ့္ မီးဖိုေခ်ာင္တြင္း ျဖတ္လမ္းနည္းေလးေတြကို ရွာေတြ႕ထားလို႔ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

၁။ ၾကက္ဥေတြကို လတ္လတ္ဆတ္ဆတ္ျဖစ္ေစေအာင္

ဥေတြကို ဟင္းသီးဟင္း႐ြက္ဆီနဲ႔ သုတ္လိမ္းၿပီးမွ ေရခဲေသတၱာထဲမွာ ထည့္သြင္းသိမ္းဆည္းမယ္ဆိုပါက အခ်ိန္ၾကာၾကာ အထားခံမွာျဖစ္ပါတယ္။

၂။ ၾကက္ဥအခြံခြာရလြယ္ကူေစဖို႔

ၾကက္ဥျပဳတ္ေတြကို အခြံခြာဖို႔ရာ နည္းလမ္းမ်ိဳးစုံရွိပါတယ္။ ဒီအထဲကတစ္ခုကေတာ့ ၾကက္ဥျပဳတ္အခြံကို ပတ္ပတ္လည္လိုက္ေခါက္ေပးလိုက္ၿပီး ေရေအးေအးထဲထည့္ေပးထားလိုက္ပါ။

၃။ ေပ်ာ့သြားတဲ့အာလူးေၾကာ္ေတြကို ျပန္ၿပီးစားလို႔ရေအာင္

ကိုယ္က အာလူးေၾကာ္တစ္ထုပ္ဝယ္လာၿပီး စားလို႔မကုန္ဘဲ ဒီအတိုင္းထားလိုက္မယ္ဆိုရင္ ေနာက္တစ္ေန႔မွာ ေပ်ာ့သြားႏိုင္ပါတယ္။ ကိုယ္ကလႊင့္လည္းမလႊင့္ပစ္ခ်င္ဘူးဆိုရင္ေတာ့ ပန္းကန္ျပားတစ္ခ်ပ္ကိုယူလိုက္ကာ အေပၚကေန Kitchen Towel ကို တင္ကာ အာလူးေၾကာ္ေတြထည့္လိုက္ပါ။ ေနာက္ထပ္ Kitchen Towel နဲ႔ အေပၚကထပ္အုပ္ၿပီး မိုက္ခ႐ိုေဝ့ဖ္ထဲ စကၠန႔္ ၃၀ ထည့္ၿပီးေႏႊးလိုက္မယ္ဆိုရင္ေတာ့ ျပန္ၿပီးႂကြပ္႐ြလာပါလိမ့္မယ္။

၄။ အလွပဆုံး ၾကက္ဥေၾကာ္ေလးရေစဖို႔

စားဖိုမႉးေတြေၾကာ္သလိုမ်ိဳး ၾကက္ဥဝိုင္းဝိုင္းေလးကိုရေစဖို႔အတြက္ ၾကက္သြန္နီႀကီးႀကီးတစ္လုံးကို အကြင္းလိုက္လွီးကာ အတြင္းသားေတြဖယ္ထုတ္လိုက္ပါ။ မကပ္တဲ့ဒယ္အိုးထဲကို ၾကက္သြန္နီကြင္းအရင္ထည့္ၿပီး ၾကက္ဥခြဲထည့္လိုက္ပါ။

၅။ ငါးကင္တဲ့အခါ

ငါးကိုမီးေသြးနဲ႔ကင္တဲ့အခါမွာ အကင္ျပားမွာ ကပ္မသြားေစဖို႔အတြက္ ေအာက္ကေန လီမြန္အျပားေလးေတြ ခံေပးလိုက္ပါ။ ငါးလည္းမကပ္ေတာ့သလို လီမြန္နံ႔သင္းသင္းေလးလည္း ျဖစ္သြားပါလိမ့္မယ္။

၆။ အသီးအ႐ြက္ေတြကို စိမ္းစိမ္းေလးအတိုင္း သိမ္းထားႏိုင္ေအာင္

ေဈးကေန အသီးအ႐ြက္ေတြဝယ္လာၿပီးရင္ ေရေဆးၿပီး ေျခာက္ေအာင္ထားလိုက္ပါ။ ေျခာက္သြားၿပီဆိုရင္ ပလတ္စတစ္အိတ္ထဲထည့္ကာ အေပၚမွာေလခ်န္ၿပီးေတာ့ ခ်ည္လိုက္ပါ။ အခုလိုျပဳလုပ္ေပးပါက အသီးအ႐ြက္ေတြကို အေရာင္ေျပာင္းသြားေစမွာမဟုတ္ေတာ့ပါဘူး။

၇။ ဓားေသြးခ်င္ရင္

ဓားေသြးေက်ာက္သီးသန႔္မဝယ္ထားမိဘူးဆိုရင္ သာမန္ေျမအိုး သို႔မဟုတ္ ခြက္ကို အသုံးျပဳေပးႏိုင္ပါတယ္။ အိုးကိုေျပာင္းျပန္လွန္ကာ ဖင္ကိုဓားေသြးေက်ာက္အျဖစ္ အသုံးျပဳေပးႏိုင္ပါတယ္။

၈။ စဥ့္ႏွီတုံးေခ်ာ္ထြက္မသြားေအာင္

အသားငါး သို႔မဟုတ္ ဟင္းသီးဟင္း႐ြက္ လွီးေနတုန္း စဥ့္ႏွီတုံးေခ်ာ္ထြက္သြားတာမ်ိဳး မျဖစ္ေစဖို႔အတြက္ ေအာက္ကေန အဝတ္စိုတစ္ခုခံထားေပးလိုက္ပါ။

Lifestyle_Maanmar

Thinzar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here