Home Celebrity သ႐ုပ္ေဆာင္ပီျပင္မႈေတြ၊ မိတ္ကပ္ေတြရယ္ေၾကာင့္ မမွတ္မိေလာက္ေအာင္ေျပာင္လဲသြားတဲ့ သ႐ုပ္ေဆာင္ေတြ

သ႐ုပ္ေဆာင္ပီျပင္မႈေတြ၊ မိတ္ကပ္ေတြရယ္ေၾကာင့္ မမွတ္မိေလာက္ေအာင္ေျပာင္လဲသြားတဲ့ သ႐ုပ္ေဆာင္ေတြ

0
106
သ႐ုပ္ေဆာင္
သ႐ုပ္ေဆာင္

ေဟာလီဝုဒ္ဇာတ္ကားေတြထဲမွာေတာ့ ရင္းႏွီးၿပီးသားျဖစ္တဲ့ ဇာတ္ေကာင္ေတြဟာ ကၽြန္ေတာ့တို႔ ႐ုပ္ရွင္ထဲမွာသာရင္းႏွီးေနေပမဲ့ အျပင္က သူတို႔ရဲ႕ သ႐ုပ္အမွန္ကိုေတာ့ သိတဲ့သူရွားပါတယ္။ သူတို႔ရဲ႕ မိတ္ကပ္အျပင္အဆင္နဲ႔ အဆင္တန္ဆာေတြ ဖုံးအုပ္ထားတာရယ္၊ သ႐ုပ္ေဆာင္ပီျပင္မႈေတြရယ္ေၾကာင့္ သူတို႔ကိုရဲ႕ သ႐ုပ္အမွန္ကို ဘယ္သူမွ မွတ္မိေလာက္မယ္မထင္ပါဘူး။ ဒါ့ေၾကာင့္ ႐ုပ္ရွင္ထဲက ဇာတ္ေကာင္နဲ႔ အျပင္က သူတို႔ရဲ႕ ပုံသ႑ာန္ေတြ ဘယ္လိုကြာျခားသြားလဲဆိုတာ ေဖာ္ျပေပးလိုက္တယ္ေနာ္။

Karen Gillan

Karen Gillan
Karen Gillan

Guardians of the Galaxy ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ Nebula အျဖစ္ သ႐ုပ္ေဆာင္ခဲ့တာ Karen Gillan ပဲျဖစ္ပါတယ္။ Karen Gillan ဟာ လူၾကမ္းအခန္းက႑န္မွာ ပါဝင္သ႐ုပ္ေဆာင္ရသူတစ္ဦးျဖစ္ၿပီး ဇာတ္ေကာင္အရ သူမရဲ႕ ဦးေခါင္းကို ကတုံး တုံးခဲ့ရပါတယ္။ ကတုံးအျပင္ မိတ္ကပ္ေတြ၊ ကြန္ပ်ဴတာရဲ႕ ဖန္တီးမႈေတြေၾကာင့္ သူမရဲ႕ အျပင္သ႐ုပ္အမွန္ကို ဘယ္သူမွ မမွတ္မိေလာက္ပါဘူး။

Rebecca Romijn

Rebecca Romijn
Rebecca Romijn

X-Men ႐ုပ္ရွင္ဇာတ္ကားထဲမွာ Mystique ဇာတ္ေကာင္အျဖင့္ သ႐ုပ္ေဆာင္ခဲ့ရတာ Rebecca Romijn မင္းသမီးပဲျဖစ္ပါတယ္။ သူမဟာ ပေရာ္ဖက္ရွင္နယ္ေမာ္ဒယ္တစ္ေယာက္လဲျဖစ္သလို ေဟာလီဝုဒ္မင္းသမီးတစ္ဦးလဲျဖစ္ပါတယ္။ ထို X-Men ဇာတ္ကားထဲမွာ သူမရဲ႕ ခႏၶာကိုယ္တစ္ခုလုံး ၆၀% ေလာက္ကုိ မိတ္ကပ္နဲ႔ ဖုံးလႊမ္းခဲ့တာေၾကာင့္ သူမရဲ႕ပင္ကုိယ္႐ုပ္ေတာင္ လုံးဝမေပၚလြင္ေတာ့ပါဘူး။ ထိုဇာတ္ကားထဲက ဇာတ္ေကာင္ျဖစ္ဖို႔အတြက္ မိတ္ကပ္လိမ္းခ်ယ္တာ အခ်ိန္ ၉နာရီထိေလာက္ယူခဲ့ရတယ္လို႔လဲ ဆိုပါတယ္။

Aymeline Valade

Aymeline Valade
Aymeline Valade

Valerian and the City of a Thousand Planets ဆိုတဲ့ ႐ုပ္ရွင္ကားထဲမွာ Emperor Haban Limai ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့တာAymeline Valade မင္းသမီးပဲျဖစ္ပါတယ္။ သူမဟာ ျပင္သစ္ေမာ္ဒယ္တစ္ဦးျဖစ္ၿပီး သူမရဲ႕ ပုံသ႑ာန္ဟာ ေခတ္မွီဆန္းျပားတဲ့ အသြင္ပုံစံရွိတာေၾကာင့္ ထိုဇာတ္ကားရဲ႕ ဇာတ္ေကာင္ဖန္တီးတဲ့ေနရာမွာ မိတ္ကပ္ျပင္ဆင္မႈေတြနဲ႔ မမွတ္မိေလာက္ေအာင္ျဖစ္ခဲ့ပါတယ္။

Naomie Harris

Naomie Harris
Naomie Harris

Pirates of the Caribbean ႐ုပ္ရွင္ဇာတ္ကားထဲမွာ Tia Dalma ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့တာ Naomie Harris ပဲျဖစ္ပါတယ္။ Pirates of the Caribbean ဇာတ္ကားဟာ ပင္လယ္ဓားျပဇာတ္ကားတစ္ကားျဖစ္ၿပီး ထိုကားထဲမွာ သူမရဲ႕ ပုံစံဟာ စုန္းကေဝတစ္ေယာက္ပုံစံအျဖစ္သ႐ုပ္ေဆာင္ရတာျဖစ္ၿပီး သူမရဲ႕ သ႐ုပ္ေဆာင္ၿပီျပင္မႈေတြေၾကာင့္ အားလုံးက Namie Harris မင္းသမီးမွန္းမသိေအာင္ျဖစ္ခဲ့ပါတယ္။

John Rhys-Davies

John Rhys-Davies
John Rhys-Davies

John Rhys-Davies ဟာ The Lord of the Rings ဇာတ္ကားထဲမွာ Gimli ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူပဲျဖစ္ပါတယ္။ ထိုဇာတ္ကားထဲမွာ John Rhys-Davies ရဲ႕ ပုံစံဟာ ရွည္လ်ားၿပီး အုံထူတဲ့ မုတ္ဆိတ္ေမႊးႀကီးနဲ႔ ၿပီၿပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ဇာတ္ေကာင္ရဲ႕ပုံစံကိုသာ ပရိတ္သတ္ေတြ ရင္းႏွီးခဲ့ၾကၿပီး အျပင္ပုံစံကိုက်ေတာ့ သိပ့္မရင္းႏွီးက်ပါဘူး။

Cara Delevingne

Cara Delevingne
Cara Delevingne

Cara Delevingne ဟာ Suicide Squad ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ Enchantress ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့သူပဲျဖစ္ပါတယ္။ Cara Delevingne ဟာ နာမည္ႀကီး ေမာ္ဒယ္ မင္းသမီးတစ္ေယာက္ျဖစ္ၿပီး Suicide Squad ဇာတ္ကားထဲမွာ မေကာင္းဆိုးဝါးတစ္ေကာင္လို လူအမ်ားကို လိုက္လံ သတ္ျဖတ္သူတစ္ဦးျဖစ္ၿပီး သူမရဲ႕ဇာတ္ေကာင္ပုံသ႑ာန္နဲ႔ သူ မရဲ႕ အသံေတြဟာ ဇာတ္ေကာင္တစ္ေယာက္အတြက္ ၿပီျပင္ခဲ့တာေၾကာင့္ အျပင္ပုံစံေတာင္ မမွတ္မိေလာက္
ေအာင္ျဖစ္ခဲ့ပါတယ္။

Ray Park

Ray Park
Ray Park

Ray Park ဟာ Star Wars ဇာတ္ကားရဲ႕ ပထမပိုင္း The Phantom Menace မွာ Darth Maul ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ အ႐ိုးရွင္းဆုံးေျပာရရင္ ဒီဇာတ္ကားထဲမွာ သူ႔ရဲ႕ ဇာတ္ေကာင္အရ မ်က္ႏွာကို ေဆးသုတ္ၿပီး မိတ္ကပ္လိမ္းျခယ္ခ့ဲတာေၾကာင့္ Ray Park ရဲ႕ ႐ုပ္ဟာ မမွတ္မိေလာက္ေအာင္ ေျပာင္းလဲသြားခဲ့တာပဲျဖစ္ပါတယ္။

Sofia Boutella

Sofia Boutella
Sofia Boutella

Sofia Boutella ဟာ Star Trek ႐ုပ္ရွင္ကားႀကီးထဲမွာ Jaylah ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ Sofia Boutella ဟာျပင္သစ္မင္းသမီးတစ္ေယာက္ျဖစ္ၿပီး ထိုဇာတ္ကားထဲမွာ သူမရဲ႕ ပုံစံဟာ အျဖဴေရာင္ဆံပင္နဲ႔ မ်က္လုံးနဲ႔ မ်က္ႏွာျပင္ေပၚမွာ ေဆးျခယ္လိမ္းထားတာေၾကာင့္ သူမရဲ႕ အျပင္ပုံစံ နဲ႔ ဇာတ္ေကာင္ပုံစံဟာ လုံးဝကြာျခားသြားပါတယ္။

Heath Ledger

Heath Ledger
Heath Ledger

Heath Ledger မင္းသားဟာ The Dark Knight ဇာတ္ကားမွာ Joker ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ ထိုဇာတ္ကားထဲမွာ Heath Ledger ဟာ ဂ်ိဳကာတစ္ေကာင္ထက္ ထူးျခားတဲ့ ပုံသ႑ာန္မ်ိဳးရွိၿပီး သူ႔ရဲ႕ သ႐ုပ္ေဆာင္မႈအပိုင္းအရ အျပင္ပုံသ႑ာန္နဲ႔ လုံးဝ ကြာဟသြားပါတယ္။

Warwick Davis

Warwick Davis
Warwick Davis

Warwick Davis ဟာ ဟယ္ရီေပၚတာ ဇာတ္ကားထဲမွာ Griphook ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။ Warwick Davis ရဲ႕ ပုံစံဟာ လုံးဝမွတ္မိမွာမဟုတ္ပါဘူး။ ထိုဇာက္ကားထဲမွာ သူရဲ႕ ပုံစံဟာ ရွည္လ်ားတဲ့ ႏွာေခါင္းနဲ႔ နားရြက္ေတြ၊ မ်က္ႏွာအသြင္အျပင္ေတြက အျပင္နဲ႔ လုံးဝမတူေအာင္ မိတ္ကပ္လိမ္းျခယ္ထားတာေၾကာင့္ ဘယ္လိုမွ မမွတ္မိေလာက္ပါဘူး။

Michael J. Fox

Michael J. Fox
Michael J. Fox

Michael J. Fox ဟာ Back to the Future ဇာတ္ကားရဲ႕ အပိုင္း ၂မွာ Marlene Mcfly အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။ မမွတ္မိေလာက္ေအာင္ ထူျခားသြားတာက ေယာက်္ားတစ္ေယာက္ျဖစ္ေပမဲ့ ထိုဇာတ္ကားထဲမွာ အရမ္းၾကင္နာတတ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ပုံစံအျဖစ္ ဇာတ္ေကာင္သြင္းတာတာေၾကာင့္ လုံးဝမမွတ္မိေလာက္ေအာင္ ျဖစ္ခဲ့ရပါတယ္။

Charlize Theron

Charlize Theron
Charlize Theron

Charlize Theron မင္းသမီးဟာ Mad Max: Fury Road ဇာတ္ကားႀကီးထဲမွာ Imperator Furiosa အျဖစ္ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ အျပင္မွာ ေခ်ာေမာလွပသေလာက္ ထိုဇာတ္ကားထဲမွာေတာ့ ဇာတ္ေကာင္ရဲ႕ ပုံစံအရ ကတုံးဆံပင္ေက၊ ေဟာင္းႏြမ္းၿပီး ဖုန္တေလာင္းေလာင္းထေနတဲ့ အဝတ္အစားဒီဇိုင္းေတြ၊ လက္တစ္ဖက္မပါတဲ့ စုတ္တီးစုတ္ျပတ္ ပုံစံေတြေၾကာင့္ ဘယ္သူမွ မမွတ္မိေလာက္ေအာင္ ျဖစ္ခဲ့ပါတယ္။

Jacob Tremblay

Jacob Tremblay
Jacob Tremblay

ကေလးသ႐ုပ္ေဆာင္ Jacob Tremblay ဟာ Wonder ဇာတ္ကားမွာ Collins Syndrome ေရာဂါခံစားေနရသူ Auggie အျဖစ္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ထိုကားထဲမွာ Auggie ရဲ႕ ဇာတ္ေကာင္သ႐ုပ္ကို ေပၚလြင္ေစဖို႔ Syndrome ေရာဂါ ခံစားေနရာသူေတြနဲ႔ အတူ သြားေရာက္ေတြ႕ဆုံခဲ့ၿပီး သူတို႔ရဲ႕ အသြင္အျပင္ေတြကို မိတ္ကပ္နဲ႔ ၁နာရီခြဲခန္႔ ဖန္တီးယူရပါတယ္။ မိတ္ကပ္ဖန္တီးမႈေတြအျပင္ သ႐ုပ္ေဆာင္မႈ ေကာင္းတဲ့အတြက္ အျပင္႐ုပ္ကိုေတာင္ မမွတ္မိေလာက္ေအာင္ျဖစ္ခဲ့ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

Unicode

ဟောလီဝုဒ်ရုပ်ရှင်ထဲက နာမည်ကြီးဇာတ်ကောင်တွေရဲ့ နောက်ကွယ်က သရုပ်ဆောင်တွေ
ဟောလီဝုဒ်ဇာတ်ကားတွေထဲမှာတော့ ရင်းနှီးပြီးသားဖြစ်တဲ့ ဇာတ်ကောင်တွေဟာ ကျွန်တော့တို့ ရုပ်ရှင်ထဲမှာသာရင်းနှီးနေပေမဲ့ အပြင်က သူတို့ရဲ့ သရုပ်အမှန်ကိုတော့ သိတဲ့သူရှားပါတယ်။ သူတို့ရဲ့ မိတ်ကပ်အပြင်အဆင်နဲ့ အဆင်တန်ဆာတွေ ဖုံးအုပ်ထားတာရယ်၊ သရုပ်ဆောင်ပီပြင်မှုတွေရယ်ကြောင့် သူတို့ကိုရဲ့ သရုပ်အမှန်ကို ဘယ်သူမှ မှတ်မိလောက်မယ်မထင်ပါဘူး။ ဒါ့ကြောင့် ရုပ်ရှင်ထဲက ဇာတ်ကောင်နဲ့ အပြင်က သူတို့ရဲ့ ပုံသဏ္ဍာန်တွေ ဘယ်လိုကွာခြားသွားလဲဆိုတာ ဖော်ပြပေးလိုက်တယ်နော်။

၁။ Karen Gillan
Guardians of the Galaxy ရုပ်ရှင်ဇာတ်ကားကြီးမှာ Nebula အဖြစ် သရုပ်ဆောင်ခဲ့တာ Karen Gillan ပဲဖြစ်ပါတယ်။ Karen Gillan ဟာ လူကြမ်းအခန်းကဏ္ဍန်မှာ ပါဝင်သရုပ်ဆောင်ရသူတစ်ဦးဖြစ်ပြီး ဇာတ်ကောင်အရ သူမရဲ့ ဦးခေါင်းကို ကတုံး တုံးခဲ့ရပါတယ်။ ကတုံးအပြင် မိတ်ကပ်တွေ၊ ကွန်ပျူတာရဲ့ ဖန်တီးမှုတွေကြောင့် သူမရဲ့ အပြင်သရုပ်အမှန်ကို ဘယ်သူမှ မမှတ်မိလောက်ပါဘူး။

၂။ Rebecca Romijn
X-Men ရုပ်ရှင်ဇာတ်ကားထဲမှာ Mystique ဇာတ်ကောင်အဖြင့် သရုပ်ဆောင်ခဲ့ရတာ Rebecca Romijn မင်းသမီးပဲဖြစ်ပါတယ်။ သူမဟာ ပရော်ဖက်ရှင်နယ်မော်ဒယ်တစ်ယောက်လဲဖြစ်သလို ဟောလီဝုဒ်မင်းသမီးတစ်ဦးလဲဖြစ်ပါတယ်။ ထို X-Men ဇာတ်ကားထဲမှာ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ၆၀% လောက်ကို မိတ်ကပ်နဲ့ ဖုံးလွှမ်းခဲ့တာကြောင့် သူမရဲ့ပင်ကိုယ်ရုပ်တောင် လုံးဝမပေါ်လွင်တော့ပါဘူး။ ထိုဇာတ်ကားထဲက ဇာတ်ကောင်ဖြစ်ဖို့အတွက် မိတ်ကပ်လိမ်းချယ်တာ အချိန် ၉နာရီထိလောက်ယူခဲ့ရတယ်လို့လဲ ဆိုပါတယ်။

၃။ Aymeline Valade
Valerian and the City of a Thousand Planets ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ Emperor Haban Limai ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တာAymeline Valade မင်းသမီးပဲဖြစ်ပါတယ်။ သူမဟာ ပြင်သစ်မော်ဒယ်တစ်ဦးဖြစ်ပြီး သူမရဲ့ ပုံသဏ္ဍာန်ဟာ ခေတ်မှီဆန်းပြားတဲ့ အသွင်ပုံစံရှိတာကြောင့် ထိုဇာတ်ကားရဲ့ ဇာတ်ကောင်ဖန်တီးတဲ့နေရာမှာ မိတ်ကပ်ပြင်ဆင်မှုတွေနဲ့ မမှတ်မိလောက်အောင်ဖြစ်ခဲ့ပါတယ်။

၄။ Naomie Harris
Pirates of the Caribbean ရုပ်ရှင်ဇာတ်ကားထဲမှာ Tia Dalma ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တာ Naomie Harris ပဲဖြစ်ပါတယ်။ Pirates of the Caribbean ဇာတ်ကားဟာ ပင်လယ်ဓားပြဇာတ်ကားတစ်ကားဖြစ်ပြီး ထိုကားထဲမှာ သူမရဲ့ ပုံစံဟာ စုန်းကဝေတစ်ယောက်ပုံစံအဖြစ်သရုပ်ဆောင်ရတာဖြစ်ပြီး သူမရဲ့ သရုပ်ဆောင်ပြီပြင်မှုတွေကြောင့် အားလုံးက Namie Harris မင်းသမီးမှန်းမသိအောင်ဖြစ်ခဲ့ပါတယ်။

၅။ John Rhys-Davies
John Rhys-Davies ဟာ The Lord of the Rings ဇာတ်ကားထဲမှာ Gimli ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့သူပဲဖြစ်ပါတယ်။ ထိုဇာတ်ကားထဲမှာ John Rhys-Davies ရဲ့ ပုံစံဟာ ရှည်လျားပြီး အုံထူတဲ့ မုတ်ဆိတ်မွှေးကြီးနဲ့ ပြီပြီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဇာတ်ကောင်ရဲ့ပုံစံကိုသာ ပရိတ်သတ်တွေ ရင်းနှီးခဲ့ကြပြီး အပြင်ပုံစံကိုကျတော့ သိပ့်မရင်းနှီးကျပါဘူး။

၆။ Cara Delevingne
Cara Delevingne ဟာ Suicide Squad ရုပ်ရှင်ဇာတ်ကားကြီးမှာ Enchantress ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သူပဲဖြစ်ပါတယ်။ Cara Delevingne ဟာ နာမည်ကြီး မော်ဒယ် မင်းသမီးတစ်ယောက်ဖြစ်ပြီး Suicide Squad ဇာတ်ကားထဲမှာ မကောင်းဆိုးဝါးတစ်ကောင်လို လူအများကို လိုက်လံ သတ်ဖြတ်သူတစ်ဦးဖြစ်ပြီး သူမရဲ့ဇာတ်ကောင်ပုံသဏ္ဍာန်နဲ့ သူ မရဲ့ အသံတွေဟာ ဇာတ်ကောင်တစ်ယောက်အတွက် ပြီပြင်ခဲ့တာကြောင့် အပြင်ပုံစံတောင် မမှတ်မိလောက်
အောင်ဖြစ်ခဲ့ပါတယ်။

၇။ Ray Park
Ray Park ဟာ Star Wars ဇာတ်ကားရဲ့ ပထမပိုင်း The Phantom Menace မှာ Darth Maul ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အရိုးရှင်းဆုံးပြောရရင် ဒီဇာတ်ကားထဲမှာ သူ့ရဲ့ ဇာတ်ကောင်အရ မျက်နှာကို ဆေးသုတ်ပြီး မိတ်ကပ်လိမ်းခြယ်ခဲ့တာကြောင့် Ray Park ရဲ့ ရုပ်ဟာ မမှတ်မိလောက်အောင် ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။

၈။ Sofia Boutella
Sofia Boutella ဟာ Star Trek ရုပ်ရှင်ကားကြီးထဲမှာ Jaylah ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Sofia Boutella ဟာပြင်သစ်မင်းသမီးတစ်ယောက်ဖြစ်ပြီး ထိုဇာတ်ကားထဲမှာ သူမရဲ့ ပုံစံဟာ အဖြူရောင်ဆံပင်နဲ့ မျက်လုံးနဲ့ မျက်နှာပြင်ပေါ်မှာ ဆေးခြယ်လိမ်းထားတာကြောင့် သူမရဲ့ အပြင်ပုံစံ နဲ့ ဇာတ်ကောင်ပုံစံဟာ လုံးဝကွာခြားသွားပါတယ်။

၉။ Heath Ledger
Heath Ledger မင်းသားဟာ The Dark Knight ဇာတ်ကားမှာ Joker ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ထိုဇာတ်ကားထဲမှာ Heath Ledger ဟာ ဂျိုကာတစ်ကောင်ထက် ထူးခြားတဲ့ ပုံသဏ္ဍာန်မျိုးရှိပြီး သူ့ရဲ့ သရုပ်ဆောင်မှုအပိုင်းအရ အပြင်ပုံသဏ္ဍာန်နဲ့ လုံးဝ ကွာဟသွားပါတယ်။

၁၀။ Warwick Davis
Warwick Davis ဟာ ဟယ်ရီပေါ်တာ ဇာတ်ကားထဲမှာ Griphook ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ Warwick Davis ရဲ့ ပုံစံဟာ လုံးဝမှတ်မိမှာမဟုတ်ပါဘူး။ ထိုဇာက်ကားထဲမှာ သူရဲ့ ပုံစံဟာ ရှည်လျားတဲ့ နှာခေါင်းနဲ့ နားရွက်တွေ၊ မျက်နှာအသွင်အပြင်တွေက အပြင်နဲ့ လုံးဝမတူအောင် မိတ်ကပ်လိမ်းခြယ်ထားတာကြောင့် ဘယ်လိုမှ မမှတ်မိလောက်ပါဘူး။

၁၁။ Michael J. Fox
Michael J. Fox ဟာ Back to the Future ဇာတ်ကားရဲ့ အပိုင်း ၂မှာ Marlene Mcfly အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ မမှတ်မိလောက်အောင် ထူခြားသွားတာက ယောကျ်ားတစ်ယောက်ဖြစ်ပေမဲ့ ထိုဇာတ်ကားထဲမှာ အရမ်းကြင်နာတတ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံစံအဖြစ် ဇာတ်ကောင်သွင်းတာတာကြောင့် လုံးဝမမှတ်မိလောက်အောင် ဖြစ်ခဲ့ရပါတယ်။

၁၂။ Charlize Theron
Charlize Theron မင်းသမီးဟာ Mad Max: Fury Road ဇာတ်ကားကြီးထဲမှာ Imperator Furiosa အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ အပြင်မှာ ချောမောလှပသလောက် ထိုဇာတ်ကားထဲမှာတော့ ဇာတ်ကောင်ရဲ့ ပုံစံအရ ကတုံးဆံပင်ကေ၊ ဟောင်းနွမ်းပြီး ဖုန်တလောင်းလောင်းထနေတဲ့ အဝတ်အစားဒီဇိုင်းတွေ၊ လက်တစ်ဖက်မပါတဲ့ စုတ်တီးစုတ်ပြတ် ပုံစံတွေကြောင့် ဘယ်သူမှ မမှတ်မိလောက်အောင် ဖြစ်ခဲ့ပါတယ်။

၁၃။ Jacob Tremblay
ကလေးသရုပ်ဆောင် Jacob Tremblay ဟာ Wonder ဇာတ်ကားမှာ Collins Syndrome ရောဂါခံစားနေရသူ Auggie အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ထိုကားထဲမှာ Auggie ရဲ့ ဇာတ်ကောင်သရုပ်ကို ပေါ်လွင်စေဖို့ Syndrome ရောဂါ ခံစားနေရာသူတွေနဲ့ အတူ သွားရောက်တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ အသွင်အပြင်တွေကို မိတ်ကပ်နဲ့ ၁နာရီခွဲခန့် ဖန်တီးယူရပါတယ်။ မိတ်ကပ်ဖန်တီးမှုတွေအပြင် သရုပ်ဆောင်မှု ကောင်းတဲ့အတွက် အပြင်ရုပ်ကိုတောင် မမှတ်မိလောက်အောင်ဖြစ်ခဲ့ပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here