သႀကၤန္မွာ ေရပက္ခံထြက္မယ့္ပ်ိဳေမေတြ၊ မ႑ပ္ထိုင္မယ့္ ပ်ိဳေမေတြဟာ အ၀တ္အစား၊ ဖက္ရွင္ ေရြးခ်ယ္မႈ႕သာမက မိတ္ကပ္ေရြးခ်ယ္ လိမ္းခ်ယ္မႈကလည္း အေရးပါပါတယ္။
သႀကၤန္မွာ ေနကအရမ္းပူတဲ့အတြက္ အသားအေရေနေလာင္တာ၊ ညိဳတာ မျဖစ္ေအာင္ အျပင္ထြက္တဲ့အခါ Suncream ျဖစ္ျဖစ္၊ SPF ပါ၀င္တဲ့ ခရမ္ျဖစ္ျဖစ္ လိမ္းခ်ယ္ေပးသင့္ပါတယ္ေနာ္။ မိတ္ကပ္ကို အရမ္းအထူႀကီးမလိမ္းဘဲ ေရစိုခံမယ့္ cushion ေလးေတြ၊ မိတ္ကပ္ေလးေတြ ေရြးခ်ယ္လိမ္းေပးသင့္ပါတယ္။ ႏႈတ္ခမ္းနီကို အနီေရာင္လိုအေရာင္ေတာက္ေတာက္ေလးေတြ ေရြးခ်ယ္သင့္ပါတယ္။ သႀကၤန္မွာ ေရပတ္ခံထြက္မယ့္ ပ်ိဳေမတို႔အတြက္ မိတ္ကပ္ကို တာရွည္ခံၿပီး ေရစိုခံေနေစဖို႔ ဘယ္လို မိတ္ကပ္ေလးေတြကို ေရြးခ်ယ္လိမ္းမလဲဆိုတာကို မွ်ေ၀ေပးလိုက္ပါတယ္။
ဒီႏွစ္သႀကၤန္မွာ အမ်ားနဲ႔မတူဘဲ ထူးျခားတဲ့ ဆံပင္စတိုင္ေလးေတြနဲ႔ လန္းခ်င္တဲ့ ပ်ိဳေမေတြေတြအတြက္
၁။ Primer
ေရစိုခံမိတ္ကပ္မလိမ္းခင္မွာ Primer foundation ကို အရင္ဆံုးလိမ္းေပးဖို႔ လိုပါတယ္။ အရည္အေသြးေကာင္းတဲ့ အလွကုနု္ကို ၀ယ္ယူသင့္တဲ့အျပင္ ၎က ဆီလီကြန္္ကို အေျခခံထားတဲ့ ေဖာ္ျမဴလာျဖစ္ဖို႔လည္း အေရးႀကီးပါတယ္။ ဒီပါ၀င္ပစၥည္းေတြက ေရႏွင့္ သင့္အသားအေရၾကား အတားအဆီးကဲ့သို႔ ျပဳလုပ္ေပးတာေၾကာင့္ ေႏြရာသီေရစိုခံမိတ္ကပ္လိမ္းခ်ယ္တဲ့ေနရာမွာ မရွိမျဖစ္အေရးပါပါတယ္။

၂။ Foundation
ေရစိုခံမိတ္ကပ္လိမ္းခ်ယ္တဲ့အခါ သင့္အသားအေရအမ်ိဳးအစားအတြက္ ၿပီးျပည့္စံုတဲ့ ေအာက္ခံမိတ္ကပ္ အသံုးျပဳပါလို႔ အႀကံျပဳပါတယ္။ ပူျပင္းတဲ့ရာသီအတြင္းမွာ အဆီအေျခခံတဲ့ ေဖာင္ေဒးရွင္းေတြကို သံုးျခင္းက သင့္အသားအေရကို အဆီပိုျပန္ေစတာေၾကာင့္ အဲ့ဒီအစား ဆီလီကြန္အေျခခံတဲ့ ေဖာင္ေဒးရွင္းကို ေရြးခ်ယ္သင့္ပါတယ္။
ဒါ့အျပင္ သင့္ေအာက္ခံမိတ္ကပ္အေပၚမွာ translucent face powder ကိုဘရပ္ေလးနဲ႔ ပုတ္လိမ္းေပးတာကလည္း သင့္မိတ္ကပ္ကို သိပ္သိပ္ညက္ညက္ေလးျဖစ္ေစၿပီး မိတ္ကပ္ကို တာရွည္ခံေစပါတယ္။ အထူးသျဖင့္ သင့္ရဲ႕ T-Zone ေတြေပၚမွာ လိမ္းပါ။
၃။ Concealer
တစ္ေန႔တာလံုး လွပေနေစဖို႔နဲ႔ သင့္အသားအေရရဲ႕ အျပစ္အနာအဆာေတြကို ဖံုးကြယ္ဖို႔ ေရစိုခံ ကြန္ဆီလာကို အသံုးျပဳေပးပါ။ ေရစိုခံကြန္ဆီလာကို ကမ္းေျခေတြ၊ ေရကူးကန္ေတြသြားတဲ့အခါလည္း လိမ္းေပးႏိုင္ပါတယ္။
၄။ Eyeshadow
အိုင္းရွဲဒိုး သို႔မဟုတ္ ပါးနီကို အသံုးျပဳမယ္ဆိုလွ်င္ သင့္အသားအေရကို ေတာက္ပမႈႏွင့္ ေရဓါတ္ရေစတဲ့ creamy ေဖာ္ျမဴလာကို ေရြးခ်ယ္ပါ။ အိုင္းရွဲဒုိး ေရြးခ်ယ္တဲ့အခါ တာရွည္ခံမယ့္ အမ်ိဳးအစားကို ေရြးခ်ယ္၀ယ္ယူပါ။
၅။ Eyeliner နဲ႔ Mascara
ေႏြရာသီ သႀကၤန္လည္မယ့္ ေရစိုခံမိတ္ကပ္အတြက္ ေနာက္ထပ္အသံုး၀င္မယ့္ အႀကံေပးခ်က္ကေတာ့ အၿမဲတမ္းေရစိုခံမယ့္ အိုင္းလိုင္နာႏွင့္ မ်က္ေတာင္ေကာ့ေဆးကို လိမ္းခ်ယ္ဖုိ႔ ျဖစ္ပါတယ္။ အဲ့ဒီအလွကုန္ႏွစ္ခုက ေရစိုမခံလွ်င္ မ်က္ေတာင္ေကာ့ေဆးမည္းမည္းေတြက အရည္ေပ်ာ္ၿပီး သင့္ကို ပန္ဒါမ်က္လံုးလို ျဖစ္သြားေစတာေၾကာင့္ ျဖစ္ပါတယ္။ အိမ္ျပန္ေရာက္လို႔ Eye Makeup ေတြဖ်က္တဲ့အခါမွာလည္း waterproof makeup remover ကို သံုးေပးၿပီး ညင္သာစြာ ဖ်က္ေပးပါ။ ဆဲလ္ေသေတြက ေရစိုခံမိတ္ကပ္ကို ၾကာရွည္ခံေစဖို႔အတြက္ အဆိုးဆံုးရန္သူျဖစ္တာေၾကာင့္ အပတ္တိုင္း သင့္မ်က္ႏွာကို Scrub ျပဳလုပ္ေပးပါ။ သင့္ခႏၶာကုိယ္ အတြင္းအျပင္ ေရဓါတ္ထိန္းသိမ္းဖို႔ မေမ့ေလ်ာ့ပါနဲ႔။ SPF ကာကြယ္မႈ မရွိဘဲ ေနေရာင္ျခည္နဲ႔ ထိေတြ႕မႈကို မျပဳလုပ္သင့္ပါဘူး။
#Lifestyle_Myanmar
#TB_Nandar
Unicode
သင်္ကြန်လည်တဲ့အခါ ရေစိုခံမိတ်ကပ် လိမ်းချယ်ခြင်းအကြောင်း သိကောင်းစရာများ
သင်္ကြန်မှာ ရေပက်ခံထွက်မယ့်ပျိုမေတွေ၊ မဏ္ဍပ်ထိုင်မယ့် ပျိုမေတွေဟာ အဝတ်အစား၊ ဖက်ရှင် ရွေးချယ်မှု့သာမက မိတ်ကပ်ရွေးချယ် လိမ်းချယ်မှုကလည်း အရေးပါပါတယ်။
သင်္ကြန်မှာ နေကအရမ်းပူတဲ့အတွက် အသားအရေနေလောင်တာ၊ ညိုတာ မဖြစ်အောင် အပြင်ထွက်တဲ့အခါ Suncream ဖြစ်ဖြစ်၊ SPF ပါဝင်တဲ့ ခရမ်ဖြစ်ဖြစ် လိမ်းချယ်ပေးသင့်ပါတယ်နော်။ မိတ်ကပ်ကို အရမ်းအထူကြီးမလိမ်းဘဲ ရေစိုခံမယ့် cushion လေးတွေ၊ မိတ်ကပ်လေးတွေ ရွေးချယ်လိမ်းပေးသင့်ပါတယ်။ နှုတ်ခမ်းနီကို အနီရောင်လိုအရောင်တောက်တောက်လေးတွေ ရွေးချယ်သင့်ပါတယ်။ သင်္ကြန်မှာ ရေပတ်ခံထွက်မယ့် ပျိုမေတို့အတွက် မိတ်ကပ်ကို တာရှည်ခံပြီး ရေစိုခံနေစေဖို့ ဘယ်လို မိတ်ကပ်လေးတွေကို ရွေးချယ်လိမ်းမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
၁။ Primer
ရေစိုခံမိတ်ကပ်မလိမ်းခင်မှာ Primer foundation ကို အရင်ဆုံးလိမ်းပေးဖို့ လိုပါတယ်။ အရည်အသွေးကောင်းတဲ့ အလှကုနု်ကို ဝယ်ယူသင့်တဲ့အပြင် ၎င်းက ဆီလီကွန််ကို အခြေခံထားတဲ့ ဖော်မြူလာဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဒီပါဝင်ပစ္စည်းတွေက ရေနှင့် သင့်အသားအရေကြား အတားအဆီးကဲ့သို့ ပြုလုပ်ပေးတာကြောင့် နွေရာသီရေစိုခံမိတ်ကပ်လိမ်းချယ်တဲ့နေရာမှာ မရှိမဖြစ်အရေးပါပါတယ်။
၂။ Foundation
ရေစိုခံမိတ်ကပ်လိမ်းချယ်တဲ့အခါ သင့်အသားအရေအမျိုးအစားအတွက် ပြီးပြည့်စုံတဲ့ အောက်ခံမိတ်ကပ် အသုံးပြုပါလို့ အကြံပြုပါတယ်။ ပူပြင်းတဲ့ရာသီအတွင်းမှာ အဆီအခြေခံတဲ့ ဖောင်ဒေးရှင်းတွေကို သုံးခြင်းက သင့်အသားအရေကို အဆီပိုပြန်စေတာကြောင့် အဲ့ဒီအစား ဆီလီကွန်အခြေခံတဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်သင့်ပါတယ်။
ဒါ့အပြင် သင့်အောက်ခံမိတ်ကပ်အပေါ်မှာ translucent face powder ကိုဘရပ်လေးနဲ့ ပုတ်လိမ်းပေးတာကလည်း သင့်မိတ်ကပ်ကို သိပ်သိပ်ညက်ညက်လေးဖြစ်စေပြီး မိတ်ကပ်ကို တာရှည်ခံစေပါတယ်။ အထူးသဖြင့် သင့်ရဲ့ T-Zone တွေပေါ်မှာ လိမ်းပါ။
၃။ Concealer
တစ်နေ့တာလုံး လှပနေစေဖို့နဲ့ သင့်အသားအရေရဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့ ရေစိုခံ ကွန်ဆီလာကို အသုံးပြုပေးပါ။ ရေစိုခံကွန်ဆီလာကို ကမ်းခြေတွေ၊ ရေကူးကန်တွေသွားတဲ့အခါလည်း လိမ်းပေးနိုင်ပါတယ်။
၄။ Eyeshadow
အိုင်းရှဲဒိုး သို့မဟုတ် ပါးနီကို အသုံးပြုမယ်ဆိုလျှင် သင့်အသားအရေကို တောက်ပမှုနှင့် ရေဓါတ်ရစေတဲ့ creamy ဖော်မြူလာကို ရွေးချယ်ပါ။ အိုင်းရှဲဒိုး ရွေးချယ်တဲ့အခါ တာရှည်ခံမယ့် အမျိုးအစားကို ရွေးချယ်ဝယ်ယူပါ။
၅။ Eyeliner နဲ့ Mascara
နွေရာသီ သင်္ကြန်လည်မယ့် ရေစိုခံမိတ်ကပ်အတွက် နောက်ထပ်အသုံးဝင်မယ့် အကြံပေးချက်ကတော့ အမြဲတမ်းရေစိုခံမယ့် အိုင်းလိုင်နာနှင့် မျက်တောင်ကော့ဆေးကို လိမ်းချယ်ဖို့ ဖြစ်ပါတယ်။ အဲ့ဒီအလှကုန်နှစ်ခုက ရေစိုမခံလျှင် မျက်တောင်ကော့ဆေးမည်းမည်းတွေက အရည်ပျော်ပြီး သင့်ကို ပန်ဒါမျက်လုံးလို ဖြစ်သွားစေတာကြောင့် ဖြစ်ပါတယ်။ အိမ်ပြန်ရောက်လို့ Eye Makeup တွေဖျက်တဲ့အခါမှာလည်း waterproof makeup remover ကို သုံးပေးပြီး ညင်သာစွာ ဖျက်ပေးပါ။ ဆဲလ်သေတွေက ရေစိုခံမိတ်ကပ်ကို ကြာရှည်ခံစေဖို့အတွက် အဆိုးဆုံးရန်သူဖြစ်တာကြောင့် အပတ်တိုင်း သင့်မျက်နှာကို Scrub ပြုလုပ်ပေးပါ။ သင့်ခန္ဓာကိုယ် အတွင်းအပြင် ရေဓါတ်ထိန်းသိမ်းဖို့ မမေ့လျော့ပါနဲ့။ SPF ကာကွယ်မှု မရှိဘဲ နေရောင်ခြည်နဲ့ ထိတွေ့မှုကို မပြုလုပ်သင့်ပါဘူး။
#Lifestyle_Myanmar
#TB_Nandar