သွားနှင့် သွားဖုံးကျန်းမာရေးအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ

0
1

လူတိုင်းမှာ လုံးဝကျန်းမာနေတဲ့ သွားတွေရှိဖို့ဆိုတာ ခက်ခဲလှပါတယ်။ ဥရောပနှင့် အမေရိကန်နိုင်ငံက ကလေး 20%_90%ဟာအသက် ၆နှစ်မှာပဲ သွားတွေယိုယွင်းလာကြပါတယ်။ ကျွန်တော်တို့ရဲ့ သွားနှင့် သွားဖုံးရောဂါအတော်များများဟာ တိုးလာဖို့သာအကြောင်းရှိတာကြောင့် သူတို့ကိုကာကွယ်မှရမှာပါ။

ကျွန်တော်တို့ အသက်ကြီးလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ သွားနှင့် သွားဖုံးတွေကို ကျန်းမာတဲ့အခြေအနေတစ်ခုမှာ ထိန်းသိမ်းဖို့ဆိုတာ အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာပျော်ရွင်တဲ့ အပြုံးတစ်ခုရှိဖို့ သွားကျန်းမာရေးအတွက် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းလေးတွေ အကြံပြုမျှဝေပေးလိုက်ပါတယ်။

သွားဖုံးမကျန်းမာဘူးဆိုတာ ဘယ်လိုခွဲခြားသိနိုင်မလဲ?
အောက်ပါအချက်အလက်တစ်ချို့က သင့်သွားဖုံးတွေ မကျန်းမာဘဲ ပျက်စီးနေတယ်ဆိုတာ ပြသနိုင်ပါတယ်။
သွားဖုံးရောင်ရမ်းခြင်း
ထိလိုက်တာနဲ့ နာကျင်ခြင်း
သွားဖုံးနီမြန်းခြင်း
သွားဖုံးဖောင်းနေခြင်း
သွားဖုံးတွေမှာ သွေးထွက်လေ့ရှိခြင်း
အထက်ပါအကြောင်းအရာတွေက သွားဖုံးရောဂါ အစောပိုင်းအဆင့်မှာဖြစ်တဲ့ သွားဖုံးရောင်ခြင်း လက္ခဏာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် သွားပတ်ဝန်းကျင်က ဒီပြောင်းလဲမှုတွေကို တားဆီးနိုင်ပါတယ်။

၁။ ကယ်လစီယမ် စားသုံးမှုကို တိုးမြှင့်ပါ

ရောဂါအများစုက သင့်အစားအသောက်နှင့် အနီးစပ်ဆုံး ဆက်စပ်နေပါတယ်။ သွားဖုံးကျန်းမာရေးအတွက် သင့်အစားအသောက်ထဲမှာ ကယ်လစီယမ်ပမာဏကို တိုးမြှင့်ဖို့လိုပါတယ်။
ဥပမာ- နို့စိမ်း၊ ဗာဒံသီး၊ ကိုက်လံ၊ ငါးသေတ္တာ၊ ဒိန်ချဉ်၊ ဘရိုကိုလီ၊ ရုံးပတီသီး၊ ဒိန်ခဲ တို့ဖြစ်ပါတယ်။

၂။ သင့်ရဲ့ သွားဘက်ဆိုင်ရာ ကိရိယာတွေကို မှန်မှန်ပြောင်းလဲပေးပါ

သွားတိုက်တံ၊ ခံတွင်းသန့်စင်ဆေးတွေမှာ သက်တမ်းကုန်ဆုံးရက်စွဲတွေ ရှိပါတယ်။ ဒီအကြောင်းကို မေ့နေလျှင် သင့်သွားတိုက်တံက ဘက်တီးရီးယားနှင့် မှိုများ မွေးမြူရာစခန်းဖြစ်သွားသလို သွားဖုံးကျန်းမာရေးအတွက် ငွေကုန်ကြေးကျ ရှိလာပါလိမ့်မယ်။ ဒါ့ကြောင့် သွားတိုက်တံကို ၃လ- ၄လနေရင် တစ်ခါလဲပေးဖို့လိုပြီး ခံတွင်းသန့်စင်ဆေးကို ထုတ်လုပ်မှု ရက်စွဲပြီးနောက် ၂နှစ်-၃နှစ်နေရင် လဲပေးရပါမယ်။ သွားတိုက်ဆေးကို ထုတ်လုပ်မှုရက်စွဲပြီးနောက် ၂နှစ်၊ လျှာတိုက်တံနှင့် cleansersကို ၂လနေရင် လဲပေးရပါမယ်။

၃။ သွားစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ

သွားဖုံးနှင့် သွားကျန်းမာချင်ရင် သွားဆရာဝန်နှင့် ပုံမှန်စစ်ဆေးဖို့ မမေ့ပါနဲ့။ ၆လတစ်ကြိမ်တိုင်း – ပုံမှန်စစ်ဆေးမှုပြုလုပ်ပါ။ ၃လ-၆လတစ်ကြိမ်တိုင်း နေ့စဉ်သွားဂရုစိုက်မှုနှင့်အတူ ကျွမ်းကျင်သူများနဲ့ သွားသန့်ရှင်းရေးကို ပြုလုပ်ပေးပါ။
တစ်ကြိမ်မှာ အနည်းဆုံး ၂မိနစ်လောက် သင့်သွားကို နေ့တိုင်းတိုက်ပေးပါ။
အစာစားပြီးနောက် သွားကြားရှင်းကြိုး သို့ သွားကြားထိုးတံ ကိုအသုံးပြုပါ။

၄။ သွားနှင့် သွားဖုံးကျန်းမာရေးအတွက် အိမ်သုံး ကုစားနည်း တစ်မျိုးကို အသုံးပြုပါ

အချိန်ကြာလာတာနှင့်အမျှ သွားဂရုစိုက်မှု မမှန်တာတွေ၊ ဆေးလိပ်သောက်ခြင်းကဲ့သို့ ကျန်းမာရေးနှင့် မညီညွတ်တဲ့ အလေ့အထတွေကြောင့် သွားဖုံးရေစီးကမ်းပြိုတဲ့ ပြဿနာတွေ ဖြစ်လာပါတယ်။ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အကြံပြုချက်တစ်ချို့ ရှိပါတယ်။
ယူကလစ်ဆီ ၁စက် ၂စက်ကို ရေ လက်ဖက်စားဇွန်း ၁ဇွန်း-၂ဇွန်းနှင့် ရောပြီး သင့်သွားဖုံးအပေါ်ကို ညင်သာစွာ ပွတ်ပေးပါ။
စနစ်တကျ သွားဘယ်လိုတိုက်ရမလဲဆိုတာ လေ့လာပါ။ သေးငယ်တဲ့ သွားတိုက်တံကို ပြောင်းပါ။
မနက်တိုင်း green tea တစ်ခွက်သောက်ပါ။ ၎င်းမှာပါတဲ့ အင်တီအောက်ဆီဒင့်က သွားဖုံးကို ကျန်းမာစွာ ထိန်းသိမ်းပေးပါလိမ့်မယ်။
သွားတိုက်ဆေး သို့ ခံတွင်းသန့်စင်ဆေးတစ်ခုအဖြစ် ရှားစောင်းလပ်ပတ်ကိုသုံးပါ။( သွားတိုက်ဆေးဖြင့် သွားတိုက်ပြီးနောက်မှ ရှားစောင်းလပ်ပတ်ကို ရေနှင့်ရောပြီး)
သံပုရာဆီနှင့် ပိုးမွှားတွေကို သတ်ပါ။ သံလွင်စီစစ်စစ် တစ်အောင်စကို သံပုရာသီးတစ်လုံးရဲ့ အရည် ၄ပုံ ၁ပုံနှင့် ရောပါ။ ခံတွင်းဆေးရည်အဖြစ် သုံးပါ။

၅။ ဆီနှင့်ပလုပ်ကျင်းပါ

ဆီနှင့် ပလုပ်ကျင်းရတာက အရမ်းမနှစ်မြို့စရာဖြစ်ပေမယ့် ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းဖို့ အစွမ်းထက်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အုန်းဆီစစ်စစ် လက်ဖက်စားဇွန်း ၁ဇွန်းကို ပါးစပ်ထဲမှာ မိနစ် ၂၀လောက် ငုံထားပါ။ မျိုမချပါနဲ့။ ပြီးမှထွေးထုတ်ပြီး သင့်သွားတွေကို တိုက်ပါ။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here