သွားတွေကို ကျန်းမာနေစေချင်ရင် ရပ်တန့်သင့်တဲ့ အရာ (၇)ခု

0
551

သွားကြွေလွှာက ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှ အသန်စွမ်းဆုံး substance ဖြစ်ပါတယ်။ ၎င်းက သွားတွေကို နေ့စဉ်နှင့်အမျှ ယိုယွင်းပျက်စီးမှုကနေ ကာကွယ်ပေးတဲ့ အမာကျောဆုံး အပြင်အလွှာဖြစ်ပါတယ်။ သင်စားသောက်လိုက်တဲ့ အပူ၊ အအေးတွေကနေ အစွန်းရောက် အပူချိန်တွေ ခံစားရခြင်းမှ ကာကွယ်ပေးပါတယ်။ အပေါ်ဆုံးကြွေလွှာက မာကျောတယ်ဆိုပေမယ့် ဒီလိုအကြောင်းရင်းတွေကြောင့် သွားပျက်စီးတာ၊ ကြွေလွှာပါးတာတွေ ဖြစ်နိုင်ပါတယ်။

-Advertisement-

၁။ သွားကို အရောင်စွန်းစေတဲ့ အစားအစာတွေ အများကြီး စားသုံးတာ

ကော်ဖီ၊ ဝိုင်နီနှင့် ဘလက်တီးကဲသို့သော ဖျော်ရည်များမှာ ဆိုးဆေးလို့ခေါ်တဲ့ ပါဝင်ပစ္စည်တွေ ပါဝင်ပါတယ်။ သူတို့က သင့်သွားကို အရောင် ဒြပ်ပေါင်းတွေ စွဲမြဲစေပြီး သွားဝါစေဖို့ ဦးတည်နိုင်ပါတယ်။ ဘလက်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးနှင့် ချယ်ရီသီး ကဲ့သို့သော ဘယ်ရီသီးများ၊ ခရမ်းချဉ်သီးနှင့် သကြားလုံးတွေကလည်း အစွန်းအထင်းတွေ ဖြစ်စေနိုင်ပါတယ်။

၂။ သွားတိုက်နည်း မှားယွင်းတာ

သင့်သွားကို အရမ်းမာကျောတာနဲ့ မတိုက်ပါနဲ့။ သင့် သွားဖုံးတွေ၊ သွားတွေကို ပျက်စီးနိုင်ပြီး သွားတွေကို sensitivity ဖြစ်စေပါတယ်။ သွားတွေကို ကန့်လန့်ဖြတ် ဘေးတိုက် မတိုက်ပါနဲ့။ သွားတိုက်တဲ့အခါ သွားဖုံးကနေစပြီး အပေါ်အောက် စက်ဝိုင်းသဏ္ဍာန် လှုပ်ရှားမှုဖြင့် ဘယ်ကနေညာ၊ ညာကနေ ဘယ်ကို တစ်ဖက်ချင်းစီ အချိန်ပေးပြီး တိုက်ပါ။ ခန့်မှန်ခြေအားဖြင့် ၂မိနစ်တိုက်ပေးပါ။ ရောက်ဖို့ ခက်တဲ့ အတွင်းထဲထိ သေချာတိုက်ပေးပါ။
အစားစားပြီးပြီးချင်း သွားမတိုက်ပါနဲ့။ အက်ဆစ်ပါဝင်တဲ့ အစားအစာများက သင့်ကြွေလွှာတွေကို အားနည်းသွား စေနိုင်ပါတယ်၊
သွားတိုက်တံကို တစ်ချောင်းထဲ အချိန်အကြာကြီး မသုံးပါနဲ့။ အနည်းဆုံး ၃လ ၄လလောက်မှာ လဲပေးပါ။

၃။ ပုလင်းအဖုံးတွေကို သွားနဲ့ ကိုက်ဖွင့်ခြင်း

အဝတ်အစားကိုက်ဖြဲဖို့၊ ဘီယာပုလင်းကို ဖွင့်ဖို့ လက်နက်တစ်ခုအဖြစ် သွားကို အသုံးပြုတာက အဆင်ပြေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် သင့်သွားတွေကို ပျက်စီးစေတဲ့အတွက် မလုပ်ရပါဘူး။

၄။ မကောင်းတဲ့ အလေ့အထရှိခြင်း

လက်သည်းကိုက်တာက သွားဖုံးတွေကို ပျက်စီးစေနိုင်ပြီး သွားတွေကို ပဲ့စေပါတယ်။ ခဲတံတွေ ဘောပင်တွေကဲ့သို့ စားလို့မရတဲ့ အရာဝတ္တုတွေ ဝါးတာကလည်း အလားတူ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
သွားကြိတ်ခြင်းက သင့်မျက်နှာ အသွင်အပြင်ကိုတောင် ပြောင်းလဲစေနိုင်ပြီး မေးရိုးပြဿနာနှင့်အတူ ကျိုးပဲ့တာတွေကို ဖြစ်စေနိုင်ပါတယ်။

၅။ သွားကြားရှင်းကြိုးကို မှားယွင်းစွာသုံးခြင်း

Close-up Of A Man Flossing His Teeth

Flossing လုပ်တာက အစားအစာ အစိတ်အပိုင်းတွေကို ဖယ်ရှားပေးနိုင်ပြီး သွားဖုံးရောဂါတွေကို တားဆီးပေးပါတယ်။ တချို့လူတွေက သွားကြားရှင်းကြိုးကို သွားဖုံးအောက်ခြေထိရောက်အောင် ပွတ်တိုက်ကြပါတယ်။ နောက်ထပ်အမှားက သွားဖုံးတွေကို ပျက်စီးစေနိုင်တဲ့ လွှဆွဲသလို သွားကြားရှင်းကြိုးကို သုံးခြင်းပါပဲ။

၆။ မုန့်ပဲသရေစာ မပြတ်စားခြင်း

သရေစာမုန့်ကို ခဏခဏစားလျှင် အစားအစာမှာပါတဲ့ အက်ဆစ်ဟာ သင့်သွားနဲ့ အဆက်မပြတ်ထိတွေ့နေရပြီး သွားအခေါင်းပေါက်တွေကို ဖြစ်စေပါတယ်။

၇။ သွားကို မမှန်မကန်အစွန်းချွတ်ခြင်း၊ မကြာခဏလုပ်ခြင်း

သွားဖြူစေဖို့ အန္တရာယ်အကင်းဆုံးနည်းလမ်းက အရည်အချင်းပြည့်ဝတဲ့ ဆရာဝန်ဆီ သွားဖို့ ဖြစ်ပါတယ်။ အရောင်ချွတ်ဆေးတွေ ဝယ်ပြီး ကိုယ့်ဘာသာ လုပ်ဖို့ ဆုံးဖြတ်ရင် သင်ဘယ်လို မှန်မှန်ကန်ကန် လုပ်ရမလဲဆိုတာ သေချာသိရပါမယ်။ ဒီလိုမှမဟုတ်ဘဲ ရမ်းလုပ်ရင် သင့်သွားကို sensitivity ဖြစ်စေပြီး သွားဖုံးတွေ လောင်သွားစေပါလိမ့်မယ်။ သင့်မှာ သွားယိုယွင်းတာ၊ သွားဖုံးရောဂါ ကဲ့သို့သော သွားပြဿနာတွေ ရှိပါက ပထမဆုံး သွားဆရာဝန်နှင့် တိုင်ပင်ပါ။

Lifestyle_Myanmar

LM_Nandar

ZawGyi

သြားေတြကို က်န္းမာေနေစခ်င္ရင္ ရပ္တန္႔သင့္တဲ့ အရာ (၇)ခု
သြားေႂကြလႊာက ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ထဲမွ အသန္စြမ္းဆုံး substance ျဖစ္ပါတယ္။ ၎က သြားေတြကို ေန႔စဥ္ႏွင့္အမွ် ယိုယြင္းပ်က္စီးမႈကေန ကာကြယ္ေပးတဲ့ အမာေက်ာဆုံး အျပင္အလႊာျဖစ္ပါတယ္။ သင္စားေသာက္လိုက္တဲ့ အပူ၊ အေအးေတြကေန အစြန္းေရာက္ အပူခ်ိန္ေတြ ခံစားရျခင္းမွ ကာကြယ္ေပးပါတယ္။ အေပၚဆုံးေႂကြလႊာက မာေက်ာတယ္ဆိုေပမယ့္ ဒီလိုအေၾကာင္းရင္းေတြေၾကာင့္ သြားပ်က္စီးတာ၊ ေႂကြလႊာပါးတာေတြ ျဖစ္ႏိုင္ပါတယ္။

၁။ သြားကို အေရာင္စြန္းေစတဲ့ အစားအစာေတြ အမ်ားႀကီး စားသုံးတာ

ေကာ္ဖီ၊ ဝိုင္နီႏွင့္ ဘလက္တီးကဲသို႔ေသာ ေဖ်ာ္ရည္မ်ားမွာ ဆိုးေဆးလို႔ေခၚတဲ့ ပါဝင္ပစၥည္ေတြ ပါဝင္ပါတယ္။ သူတို႔က သင့္သြားကို အေရာင္ ျဒပ္ေပါင္းေတြ စြဲၿမဲေစၿပီး သြားဝါေစဖို႔ ဦးတည္ႏိုင္ပါတယ္။ ဘလက္ဘယ္ရီသီး၊ ဘလူးဘယ္ရီသီးႏွင့္ ခ်ယ္ရီသီး ကဲ့သို႔ေသာ ဘယ္ရီသီးမ်ား၊ ခရမ္းခ်ဥ္သီးႏွင့္ သၾကားလုံးေတြကလည္း အစြန္းအထင္းေတြ ျဖစ္ေစႏိုင္ပါတယ္။

၂။ သြားတိုက္နည္း မွားယြင္းတာ

သင့္သြားကို အရမ္းမာေက်ာတာနဲ႔ မတိုက္ပါနဲ႔။ သင့္ သြားဖုံးေတြ၊ သြားေတြကို ပ်က္စီးႏိုင္ၿပီး သြားေတြကို sensitivity ျဖစ္ေစပါတယ္။ သြားေတြကို ကန္႔လန္႔ျဖတ္ ေဘးတိုက္ မတိုက္ပါနဲ႔။ သြားတိုက္တဲ့အခါ သြားဖုံးကေနစၿပီး အေပၚေအာက္ စက္ဝိုင္းသ႑ာန္ လႈပ္ရွားမႈျဖင့္ ဘယ္ကေနညာ၊ ညာကေန ဘယ္ကို တစ္ဖက္ခ်င္းစီ အခ်ိန္ေပးၿပီး တိုက္ပါ။ ခန္႔မွန္ေျခအားျဖင့္ ၂မိနစ္တိုက္ေပးပါ။ ေရာက္ဖို႔ ခက္တဲ့ အတြင္းထဲထိ ေသခ်ာတိုက္ေပးပါ။
အစားစားၿပီးၿပီးခ်င္း သြားမတိုက္ပါနဲ႔။ အက္ဆစ္ပါဝင္တဲ့ အစားအစာမ်ားက သင့္ေႂကြလႊာေတြကို အားနည္းသြား ေစႏိုင္ပါတယ္၊
သြားတိုက္တံကို တစ္ေခ်ာင္းထဲ အခ်ိန္အၾကာႀကီး မသုံးပါနဲ႔။ အနည္းဆုံး ၃လ ၄လေလာက္မွာ လဲေပးပါ။

၃။ ပုလင္းအဖုံးေတြကို သြားနဲ႔ ကိုက္ဖြင့္ျခင္း

အဝတ္အစားကိုက္ၿဖဲဖို႔၊ ဘီယာပုလင္းကို ဖြင့္ဖို႔ လက္နက္တစ္ခုအျဖစ္ သြားကို အသုံးျပဳတာက အဆင္ေျပတယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ သင့္သြားေတြကို ပ်က္စီးေစတဲ့အတြက္ မလုပ္ရပါဘူး။

၄။ မေကာင္းတဲ့ အေလ့အထရွိျခင္း

လက္သည္းကိုက္တာက သြားဖုံးေတြကို ပ်က္စီးေစႏိုင္ၿပီး သြားေတြကို ပဲ့ေစပါတယ္။ ခဲတံေတြ ေဘာပင္ေတြကဲ့သို႔ စားလို႔မရတဲ့ အရာဝတၱဳေတြ ဝါးတာကလည္း အလားတူ အက်ိဳးသက္ေရာက္မႈ ရွိႏိုင္ပါတယ္။
သြားႀကိတ္ျခင္းက သင့္မ်က္ႏွာ အသြင္အျပင္ကိုေတာင္ ေျပာင္းလဲေစႏိုင္ၿပီး ေမး႐ိုးျပႆနာႏွင့္အတူ က်ိဳးပဲ့တာေတြကို ျဖစ္ေစႏိုင္ပါတယ္။

၅။ သြားၾကားရွင္းႀကိဳးကို မွားယြင္းစြာသုံးျခင္း

Flossing လုပ္တာက အစားအစာ အစိတ္အပိုင္းေတြကို ဖယ္ရွားေပးႏိုင္ၿပီး သြားဖုံးေရာဂါေတြကို တားဆီးေပးပါတယ္။ တခ်ိဳ႕လူေတြက သြားၾကားရွင္းႀကိဳးကို သြားဖုံးေအာက္ေျခထိေရာက္ေအာင္ ပြတ္တိုက္ၾကပါတယ္။ ေနာက္ထပ္အမွားက သြားဖုံးေတြကို ပ်က္စီးေစႏိုင္တဲ့ လႊဆြဲသလို သြားၾကားရွင္းႀကိဳးကို သုံးျခင္းပါပဲ။

၆။ မုန္႔ပဲသေရစာ မျပတ္စားျခင္း

သေရစာမုန္႔ကို ခဏခဏစားလွ်င္ အစားအစာမွာပါတဲ့ အက္ဆစ္ဟာ သင့္သြားနဲ႔ အဆက္မျပတ္ထိေတြ႕ေနရၿပီး သြားအေခါင္းေပါက္ေတြကို ျဖစ္ေစပါတယ္။

၇။ သြားကို မမွန္မကန္အစြန္းခြၽတ္ျခင္း၊ မၾကာခဏလုပ္ျခင္း

သြားျဖဴေစဖို႔ အႏၲရာယ္အကင္းဆုံးနည္းလမ္းက အရည္အခ်င္းျပည့္ဝတဲ့ ဆရာဝန္ဆီ သြားဖို႔ ျဖစ္ပါတယ္။ အေရာင္ခြၽတ္ေဆးေတြ ဝယ္ၿပီး ကိုယ့္ဘာသာ လုပ္ဖို႔ ဆုံးျဖတ္ရင္ သင္ဘယ္လို မွန္မွန္ကန္ကန္ လုပ္ရမလဲဆိုတာ ေသခ်ာသိရပါမယ္။ ဒီလိုမွမဟုတ္ဘဲ ရမ္းလုပ္ရင္ သင့္သြားကို sensitivity ျဖစ္ေစၿပီး သြားဖုံးေတြ ေလာင္သြားေစပါလိမ့္မယ္။ သင့္မွာ သြားယိုယြင္းတာ၊ သြားဖုံးေရာဂါ ကဲ့သို႔ေသာ သြားျပႆနာေတြ ရွိပါက ပထမဆုံး သြားဆရာဝန္ႏွင့္ တိုင္ပင္ပါ။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here