Home Health & Beauty သြားဖက္ဆိုင္ရာ သမားေတာ္ရဲ႕အၾကံျပဳခ်က္အရ သင့္ရဲ႕သြားက်န္းမာေရးအတြက္ ဘယ္ေတာ့မွမလုပ္သင့္တဲ့ အရာ(၉) ခ်က္

သြားဖက္ဆိုင္ရာ သမားေတာ္ရဲ႕အၾကံျပဳခ်က္အရ သင့္ရဲ႕သြားက်န္းမာေရးအတြက္ ဘယ္ေတာ့မွမလုပ္သင့္တဲ့ အရာ(၉) ခ်က္

0
43

သြားက်န္းမာေရးဟာ ကၽြန္ေတာ္တို႔ခႏၶာကိုယ္ရဲ႕ အလံုးစံုက်န္းမာေရးေတြထဲက အေရးအႀကီးဆံုး အရာတစ္ခုျဖစ္ပါတယ္။
လူအေတာ္မ်ားမ်ားကေတာ့ သြားက်န္းမာေရးအတြက္ ခံတြင္းသန္႔ရွင္းေရးုကို လိုက္နာၾကေသာ္လည္း သတိမထားတဲ့ အျပဳအမူတခ်ိဳ႕က သင့္အံသြားေတြရဲ႕ က်န္းမာေရးကို ဆိုးရြားစြာထိေရာက္ေစပါတယ္။ တကယ္လို႔သင့္ရဲ႕သြားေတြမွာ ျပႆနာရွိေနရင္လည္း သိပ္ၿပီးစိုးရိမ္စရာ မလိုပါဘူး။ ယခုေဖာ္ျပမယ့္ သြားဖက္ဆိုင္ရာသမားေတာ္ရဲ႕ အၾကံေပးေတြက သင့္အတြက္အေထာက္အကူျဖစ္ေစပါလိမ့္မယ္။
၁။ အေရာင္ရင့္တဲ့အရည္ေတြကို မ်ားျပားစြာေသာက္သံုးျခင္း
အေရာင္ရင့္တဲ့ အရည္ေတြမွာ pH ပမာဏအလြန္နည္းပါးစြာ ရွိေနပါတယ္။ ဒီလို နည္းပါးျခင္းဟာ အက္ဆစ္ဓာတ္ပိုမိုျဖစ္ေစၿပီး သြားေတြကိုဆိုးဆိုးဝါးဝါး ထိခိုက္ေစပါတယ္။ ဒါေၾကာင့္ pH ပမာဏနည္းပါးတဲ့အရည္ေတြကို ေရွာင္က်ဥ္ၿပီး pH ပမာဏျမင့္မားတဲ့အရည္ေတြကို ပိုမိုေသာက္သံုးေပးပါ။

။ ေကာ္ဖီ
ေကာ္ဖီဟာ အရမ္းကိုအခ်ဥ္ေပါက္ေစၿပီး အေရာင္ရင့္တာေၾကာင့္ သင့္ရဲ႕သြားေတြကိုလည္း ဝါေစပါတယ္။ အလြန္အကၽြံေသာက္သံုးလွ်င္ သြားေတြပိုၿပီး သိသိသာသာ အေရာင္ေျပာင္းလာတာကို ေတြ႔ျမင္ရမွာပါ။ ဒါေပမယ့္ သတင္းေကာင္းကေတာ့့ ေကာ္ဖီေၾကာင့္ျဖစ္တဲ့ သြားအစြန္းအထင္းေတြကို ခၽြတ္ရတာ အျခားအရည္ေတြေၾကာင့္ အစြန္းေတြကိုခၽြတ္ရတာထက္ ပိုလြယ္ေၾကာင္း ဆရာဝန္ေတြက ဆိုပါတယ္။

၃။ ဝိုင္နီ
ဝိုင္အနီဟာ ဘယ္ေလာက္ထိစြန္းထင္းေစေၾကာင္း လူတိုင္းသိၿပီးသားပါ။ ဝိုင္အနီရ႕ အက္ဆစ္ဓါတ္က သင့္ရဲ႕သြားေတြကို ပိုၿပီးဝါက်င္ေစႏိုင္ပါတယ္။ ဆိုးေဆးေတြလည္း ပါဝင္တာေၾကာင့္ အလြန္အမင္းေသာက္သံုးမႈကို ဆင္ျခင္ေပးပါ။

၄။ ဝိုင္အျဖဴ
ဝိုင္းအျဖဴဟာ အျဖဴေရာင္ျဖစ္တဲ့အတြက္ သင့္ရဲ႕သြားေတြကို မထိခိုက္ေစႏိုင္ဘူးလို႔ မထင္ပါနဲ႔။ သူ႕မွာရွိတဲ့အက္ဆစ္ဓါတ္က သြားရဲ႕ေၾကြလႊာေတြကို ပ်က္စီးေစႏိုင္ပါတယ္.

၅။ ေရခဲဝါးျခင္း
ေရခဲဝါးျခင္းဟာ ေက်ာက္တံုးကိုကိုက္သကဲ့သို႔ သင့္ရဲ႕သြားအတြက္ အလြန္အမင္းထိခိုက္ေစေၾကာင္း အေမရိကန္သြားဖက္ဆိုင္ရာ ေျပာခြင့္ရသူတစ္ဦးက ဆိုပါ။ လူရဲ႕သြားေတြဟာ အစားအစာေတြအတြက္ သင့္ေတာ္ေသာ္လည္း ေရခဲဝါးျခင္းအတြက္ေတာ့ လံုးဝမသင့္ေတာ္ပါဘူး။ ဒီလိုမၾကာခဏဝါးျခင္းေၾကာင့္ သြားကိုက္ျခင္းနဲ႔ တစ္႐ႈးေတြပ်က္စီးျခင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။

၆။ အေထြေထြ အက်င့္ဆိုးမ်ား
ဆိုးဝါးတဲ့အေလ့အက်င့္ေတြက သင့္သြားေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ ဆိုးဝါးတဲ့အေလ့အက်င့္ေတြျဖစ္တဲ့
(၁) လက္သည္းကိုက္ျခင္း
လက္သည္းကိုက္ျခင္းဟာ တကိုယ္ရည္သန္႔ရွင္းမႈကို ထိခိုက္ေစယံုသာမက သင့္ရဲ႕လက္သည္းအလွကိုလည္း ပ်က္စီးေစပါတယ္။ ခံတြင္းေရာဂါေတြကိုလည္း ကူးစက္ေစႏိုင္တဲ့အတြက္ လက္သည္းကိုက္ျခင္းကို ေရွာင္က်ဥ္ေပးပါ။

(၂) လက္မစုပ္ျခင္း
ကေလးေတြအေတာ္မ်ားမ်ား လက္မစုပ္တတ္ၾကၿပီး တခ်ိဳ႕လူႀကီးေတြမွာေတာင္မွ အခုလိုအေလ့အက်င့္ ရွိေနတတ္ပါတယ္။ လက္မစုပ္ျခင္းဟာ သြားေတြကိုအေရွ႕သို႔ ေခါလာေစၿပီး အစားအစာစားတဲ့အခါေတြမွာလည္း ျပႆနာေတြကို ၾကံဳေတြ႕ေစႏိုင္ပါတယ္။

(၃) သြားႀကိတ္ျခင္း
သြားႀကိတ္ျခင္းဟာ အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ ျဖစ္ေလ့ရွိတတ္ၿပီး ေပ်ာက္ကင္းေအာင္လုပ္ဖို႔ အေတာ္ကိုခက္ခဲပါတယ္။ စိတ္ဖိစီးမႈမ်ားတဲ့အခ်ိန္ေတြမွာဆိုရင္ သြားႀကိတ္တာဟာ ပိုမိုျဖစ္ေလ့ရွိပါတယ္။ ညအိပ္တဲ့အခါ ေပါ့ေပါ့ပါးပါးဝတ္စံုေတြကိုဝတ္ျခင္း ႏူးညံ့တဲ့အစားအစာေတြကို မအိပ္ခင္စားျခင္း စတဲ့အေလ့အက်င့္ေတြကို ျပဳလုပ္ေပးပါ။

၇။ သြားတိုက္ပံုမမွန္ျခင္း
သြားတိုက္ပံုမမွန္ျခင္းဟာ သြားေတြကိုေရရွည္ထိခိုက္ေစႏိုင္ပါတယ္။ သြားတိုက္နည္းအမွားမ်ားကေတာ့
(၁) ၾကမ္းတမ္းစြာတိုက္ျခင္း
သြားကိုၾကမ္းတမ္းစြာတိုက္ျခင္းဟာ သြားဖံုးေတြနဲ႔ သြားရဲ႕ေၾကြလႊာေတြကို ပ်က္စီးေစႏိုင္ပါတယ္။
(၂) မနက္စာမစားခင္မဟုတ္ပဲ စားၿပီးမွတိုက္ျခင္း
မိုးလင္းတာနဲ႔ သြားတိုက္တဲ့အေလ့အက်င့္ကို ျပဳလုပ္ေပးသင့္ၿပီး တခုခုစားၿပီးမွ သြားတိုက္ျခင္းကို ေရွာင္ရွားပါ။ သင့္ရဲ႕ခံတြင္းမွာ
ဘက္တီးရီးယားေတြ တညလံုးရွိေနတာေၾကာင့္ ႏိုးႏိုးခ်င္းသြားတိုက္ၿပီးမွ အစားစားပါ။
(၃) စားၿပီးတာနဲ႔ သြားတိုက္ျခင္း
တခ်ိဳ႕က အစားစားၿပီးတာနဲ႔ သြားတိုက္တတ္ၾကပါတယ္။ ဒီလိုအေလ့အက်င့္ဟာ မွားယြင္းတယ္လို႔ေျပာပါရေစ။ အက္ဆစ္ဓါတ္မ်ားတဲ့
အစားအစာေတြကိုစားၿပီး သြားတန္းတိုက္ျခင္းေၾကာင့္ သင့္သြားရဲ႕ေၾကြလႊာေတြကို လြယ္ကူစြာပ်က္စီးေစႏိုင္ပါတယ္။
(၄) မကာကြယ္ထားတဲ့ သြားတိုက္တံနဲ႔ သြားတိုက္ျခင္း
သြားတိုက္တံကို မဖံုးအုပ္ထားးတဲ့ အျခားသူေတြရဲ႕သြားတိုက္တံေတြနဲ႔ အတူတူထားရွိျခင္းဟာ ခံတြင္းေရာဂါေတြကို ကူစက္ေစႏိုင္ပါတယ္။ ဘက္တီးရီးယားေတြဟာ ေလထဲမွာရွိေနတာေၾကာင့္လည္း ျဖစ္ပြားႏိုင္ပါတယ္။

၈။ အခ်ိဳမ်ားတဲ့ အစားအစာေတြကိုစားျခင္း
အခ်ိဳမ်ားတဲ့ အစားအစာေတြကို လြန္ကၽြံစြာစားသံုးျခင္းေၾကာင့္ ကေလးငယ္ေတြမွာ သြားပိုးစားျခင္း အျဖစ္မ်ားပါတယ္။ ဒါတင္မက လူႀကီးေတြရဲ႕ သြားမွာပါ ထိခိုက္ေစႏိုင္တာေၾကာင့္ အခ်ိဳေတြကိုအလြန္အကၽြံစားသံုးျခင္းကို ေရွာင္က်ဥ္ပါ။

၉။ အစားအစာမဟုတ္တာေတြကို ဝါးျခင္း
အခ်ိဳ႕လူေတြဟာ အစားအစာမဟုတ္ပဲ အျခားအရာေတြကို စိတ္လြတ္ကိုယ္လြတ္ ဝါးေနတတ္တဲ့ အေလ့အက်င့္ရွိေနတတ္ၾကပါတယ္။ သင္ကိုယ္တိုင္လည္း ခဲတံကိုပဲျဖစ္ျဖစ္ စာရြက္ေတြကိုပဲျဖစ္ျဖစ္ ဝါးေနႏိုင္ပါတယ္။ ဒီလိုအေလ့အက်င့္ေတြဟာ သြားအတြက္မေကာင္းဖူးဆိုတာကို
ေျပာပါရေစ။

LM_Naung_Naung

Lifestyle_Myanmar

အစိမ္းေရာင္အလင္းတန္းေလးေတြ႕လို႔ စူးစမ္းၾကည့္ရမွ ကံေကာင္းသြားတဲ့ ဇႏွီးေမာင္ႏွံ

သွားဖက်ဆိုင်ရာ သမားတော်ရဲ့အကြံပြုချက်အရ သင့်ရဲ့သွားကျန်းမာရေးအတွက် ဘယ်တော့မှမလုပ်သင့်တဲ့ အရာ(၉) ချက်


သွားကျန်းမာရေးဟာ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးတွေထဲက အရေးအကြီးဆုံး အရာတစ်ခုဖြစ်ပါတယ်။ လူအတော်များများကတော့ သွားကျန်းမာရေးအတွက် ခံတွင်းသန့်ရှင်းရေးုကို လိုက်နာကြသော်လည်း သတိမထားတဲ့ အပြုအမူတချို့က သင့်အံသွားတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာထိရောက်စေပါတယ်။ တကယ်လို့သင့်ရဲ့သွားတွေမှာ ပြဿနာရှိနေရင်လည်း သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ ယခုဖော်ပြမယ့် သွားဖက်ဆိုင်ရာသမားတော်ရဲ့ အကြံပေးတွေက သင့်အတွက်အထောက်အကူဖြစ်စေပါလိမ့်မယ်။
၁။ အရောင်ရင့်တဲ့အရည်တွေကို များပြားစွာသောက်သုံးခြင်း
အရောင်ရင့်တဲ့ အရည်တွေမှာ pH ပမာဏအလွန်နည်းပါးစွာ ရှိနေပါတယ်။ ဒီလို နည်းပါးခြင်းဟာ အက်ဆစ်ဓာတ်ပိုမိုဖြစ်စေပြီး သွားတွေကိုဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။ ဒါကြောင့် pH ပမာဏနည်းပါးတဲ့အရည်တွေကို ရှောင်ကျဉ်ပြီး pH ပမာဏမြင့်မားတဲ့အရည်တွေကို ပိုမိုသောက်သုံးပေးပါ။

၂။ ကော်ဖီ
ကော်ဖီဟာ အရမ်းကိုအချဉ်ပေါက်စေပြီး အရောင်ရင့်တာကြောင့် သင့်ရဲ့သွားတွေကိုလည်း ဝါစေပါတယ်။ အလွန်အကျွံသောက်သုံးလျှင် သွားတွေပိုပြီး သိသိသာသာ အရောင်ပြောင်းလာတာကို တွေ့မြင်ရမှာပါ။ ဒါပေမယ့် သတင်းကောင်းကတော့ ကော်ဖီကြောင့်ဖြစ်တဲ့ သွားအစွန်းအထင်းတွေကို ချွတ်ရတာ အခြားအရည်တွေကြောင့် အစွန်းတွေကိုချွတ်ရတာထက် ပိုလွယ်ကြောင်း ဆရာဝန်တွေက ဆိုပါတယ်။

၃။ ဝိုင်နီ
ဝိုင်အနီဟာ ဘယ်လောက်ထိစွန်းထင်းစေကြောင်း လူတိုင်းသိပြီးသားပါ။ ဝိုင်အနီရ့ အက်ဆစ်ဓါတ်က သင့်ရဲ့သွားတွေကို ပိုပြီးဝါကျင်စေနိုင်ပါတယ်။ ဆိုးဆေးတွေလည်း ပါဝင်တာကြောင့် အလွန်အမင်းသောက်သုံးမှုကို ဆင်ခြင်ပေးပါ။

၄။ ဝိုင်အဖြူ
ဝိုင်းအဖြူဟာ အဖြူရောင်ဖြစ်တဲ့အတွက် သင့်ရဲ့သွားတွေကို မထိခိုက်စေနိုင်ဘူးလို့ မထင်ပါနဲ့။ သူ့မှာရှိတဲ့အက်ဆစ်ဓါတ်က သွားရဲ့ကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်.

၅။ ရေခဲဝါးခြင်း
ရေခဲဝါးခြင်းဟာ ကျောက်တုံးကိုကိုက်သကဲ့သို့ သင့်ရဲ့သွားအတွက် အလွန်အမင်းထိခိုက်စေကြောင်း အမေရိကန်သွားဖက်ဆိုင်ရာ ပြောခွင့်ရသူတစ်ဦးက ဆိုပါ။
လူရဲ့သွားတွေဟာ အစားအစာတွေအတွက် သင့်တော်သော်လည်း ရေခဲဝါးခြင်းအတွက်တော့ လုံးဝမသင့်တော်ပါဘူး။ ဒီလိုမကြာခဏဝါးခြင်းကြောင့် သွားကိုက်ခြင်းနဲ့ တစ်ရှုးတွေပျက်စီးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

၆။ အထွေထွေ အကျင့်ဆိုးများ
ဆိုးဝါးတဲ့အလေ့အကျင့်တွေက သင့်သွားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဆိုးဝါးတဲ့အလေ့အကျင့်တွေဖြစ်တဲ့
(၁) လက်သည်းကိုက်ခြင်း
လက်သည်းကိုက်ခြင်းဟာ တကိုယ်ရည်သန့်ရှင်းမှုကို ထိခိုက်စေယုံသာမက သင့်ရဲ့လက်သည်းအလှကိုလည်း ပျက်စီးစေပါတယ်။ ခံတွင်းရောဂါတွေကိုလည်း ကူးစက်စေနိုင်တဲ့အတွက် လက်သည်းကိုက်ခြင်းကို ရှောင်ကျဉ်ပေးပါ။

(၂) လက်မစုပ်ခြင်း
ကလေးတွေအတော်များများ လက်မစုပ်တတ်ကြပြီး တချို့လူကြီးတွေမှာတောင်မှ အခုလိုအလေ့အကျင့် ရှိနေတတ်ပါတယ်။ လက်မစုပ်ခြင်းဟာ သွားတွေကိုအရှေ့သို့ ခေါလာစေပြီး အစားအစာစားတဲ့အခါတွေမှာလည်း ပြဿနာတွေကို ကြုံတွေ့စေနိုင်ပါတယ်။

(၃) သွားကြိတ်ခြင်း
သွားကြိတ်ခြင်းဟာ အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်လေ့ရှိတတ်ပြီး ပျောက်ကင်းအောင်လုပ်ဖို့ အတော်ကိုခက်ခဲပါတယ်။ စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာဆိုရင် သွားကြိတ်တာဟာ ပိုမိုဖြစ်လေ့ရှိပါတယ်။ ညအိပ်တဲ့အခါ ပေါ့ပေါ့ပါးပါးဝတ်စုံတွေကိုဝတ်ခြင်း နူးညံ့တဲ့အစားအစာတွေကို မအိပ်ခင်စားခြင်း
စတဲ့အလေ့အကျင့်တွေကို ပြုလုပ်ပေးပါ။

၇။ သွားတိုက်ပုံမမှန်ခြင်း
သွားတိုက်ပုံမမှန်ခြင်းဟာ သွားတွေကိုရေရှည်ထိခိုက်စေနိုင်ပါတယ်။ သွားတိုက်နည်းအမှားများကတော့
(၁) ကြမ်းတမ်းစွာတိုက်ခြင်း
သွားကိုကြမ်းတမ်းစွာတိုက်ခြင်းဟာ သွားဖုံးတွေနဲ့ သွားရဲ့ကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။
(၂) မနက်စာမစားခင်မဟုတ်ပဲ စားပြီးမှတိုက်ခြင်း
မိုးလင်းတာနဲ့ သွားတိုက်တဲ့အလေ့အကျင့်ကို ပြုလုပ်ပေးသင့်ပြီး တခုခုစားပြီးမှ သွားတိုက်ခြင်းကို ရှောင်ရှားပါ။ သင့်ရဲ့ခံတွင်းမှာ ဘက်တီးရီးယားတွေ တညလုံးရှိနေတာကြောင့် နိုးနိုးချင်းသွားတိုက်ပြီးမှ အစားစားပါ။
(၃) စားပြီးတာနဲ့ သွားတိုက်ခြင်း
တချို့က အစားစားပြီးတာနဲ့ သွားတိုက်တတ်ကြပါတယ်။ ဒီလိုအလေ့အကျင့်ဟာ မှားယွင်းတယ်လို့ပြောပါရစေ။ အက်ဆစ်ဓါတ်များတဲ့ အစားအစာတွေကိုစားပြီး သွားတန်းတိုက်ခြင်းကြောင့် သင့်သွားရဲ့ကြွေလွှာတွေကို လွယ်ကူစွာပျက်စီးစေနိုင်ပါတယ်။
(၄) မကာကွယ်ထားတဲ့ သွားတိုက်တံနဲ့ သွားတိုက်ခြင်း
သွားတိုက်တံကို မဖုံးအုပ်ထားးတဲ့ အခြားသူတွေရဲ့သွားတိုက်တံတွေနဲ့ အတူတူထားရှိခြင်းဟာ ခံတွင်းရောဂါတွေကို ကူစက်စေနိုင်ပါတယ်။ ဘက်တီးရီးယားတွေဟာ လေထဲမှာရှိနေတာကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။

၈။ အချိုများတဲ့ အစားအစာတွေကိုစားခြင်း
အချိုများတဲ့ အစားအစာတွေကို လွန်ကျွံစွာစားသုံးခြင်းကြောင့် ကလေးငယ်တွေမှာ သွားပိုးစားခြင်း အဖြစ်များပါတယ်။ ဒါတင်မက လူကြီးတွေရဲ့ သွားမှာပါ ထိခိုက်စေနိုင်တာကြောင့် အချိုတွေကိုအလွန်အကျွံစားသုံးခြင်းကို ရှောင်ကျဉ်ပါ။

၉။ အစားအစာမဟုတ်တာတွေကို ဝါးခြင်း
အချို့လူတွေဟာ အစားအစာမဟုတ်ပဲ အခြားအရာတွေကို စိတ်လွတ်ကိုယ်လွတ် ဝါးနေတတ်တဲ့ အလေ့အကျင့်ရှိနေတတ်ကြပါတယ်။ သင်ကိုယ်တိုင်လည်း ခဲတံကိုပဲဖြစ်ဖြစ် စာရွက်တွေကိုပဲဖြစ်ဖြစ် ဝါးနေနိုင်ပါတယ်။ ဒီလိုအလေ့အကျင့်တွေဟာ သွားအတွက်မကောင်းဖူးဆိုတာကို
ပြောပါရစေ။

LM_Naung_Naung

Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here