0
317
အုတ်ဂျုံ (Oats) ကိုနေ့စဉ် စားပေးပါက သင့်ခန္ဓာကိုယ်အတွက် ရရှိနိုင်တဲ့ ကောင်းကျိုးများ
Hydrogen peroxide, 3% solution.
၎။ ရေခဲကပ်ပါ
၅။ ကြက်သွန်ဖြူ
၆။ မာလကာရွက်
Guava fruit
၇။ ဂျုံမြက်နု
Shot glass of wheat grass with fresh cut wheat grass and wheat grains
၈။ ကြက်သွန်နီ
ဒီဆောင်းပါးဆေးနည်းလေးတွေကို ဖတ်ပြီး သင့်ရဲ့အမြင်လေးတွေကို မျှဝေနိုင်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-brightside
Unicode
သွားနာ/သွားကိုက်ခြင်းကို ပျောက်ကင်းစေမယ့် အိမ်သုံးဆေးနည်း ၈မျိုး
သွားနာခြင်းကို လူတိုင်း တသက်တာမှာ အနည်းဆုံး တစ်ကြိမ်တော့ ကြုံတွေ့ခဲ့ကြမှာပါ။ စစ်တမ်းတစ်ခုအရ အရွယ်ရောက်သူ 90%ကျော်သည် သွားယိုယွင်းမှုပုံစံအချို့ ရှိခဲ့ပါတယ်။ သွားကိုက်သွားနာခြင်းမှာ သွားပိုးစားခြင်းကြောင့်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေကြေးကုန်ကျမှုမရှိဘဲ သွားနာ/သွားကိုက်ခြင်းကို ပျောက်ကင်းစေမယ့် အိမ်သုံးဆေးနည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဒါပေမယ့် သင်သည် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် သို့မဟုတ် ဆေးကုသမှုခံနေရတဲ့ အခြေအနေမှာရှိပါက ဒီဆေးဘက်ဝင်ပစ္စည်းများက အကျိုးသက်ရောက်မှု ရှိစေနိုင်တာကြောင့် ဒီကုစားမှုကို အသုံးမပြုခင် သွားဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါတယ်။
၁။ ဆားရည်နှင့် ပလုတ်ကျင်းပါ
ဆားရည်က သဘာဝပိုးသတ်ဆေးတစ်ခုဖြစ်ပြီး သွားနာ၊ သွားကိုက်တာကို ကုသဖို့ လွယ်ကူပြီး ထိရောက်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ ရေနွေးနွေးတစ်ခွက်ထဲကို ဆား စားပွဲတင်ဇွန်း တစ်ဝက်ထည့်မွှေပါ။ ထိုဆားရည်ဖြင့် ပလုတ်ကျင်းပါ။ ဒါက ရောင်ရမ်းခြင်းကို ကာကွယ်တားဆီးပြီး သွားနာနေတဲ့နေရာတဝိုက်ကို သန့်ရှင်းစေပါတယ်။ နနွင်းမှုန့်စစ်စစ်ကို ရေနွေးနွေးနဲ့ရောပြီး ပလုတ်ကျင်းလို့လည်း ရပါတယ်။
၂။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်က နာကျင်မှုကို သက်သာစေပါတယ်။ သွားကျောက်တွေကို လျှော့ချပေးနိုင်ယုံသာမက သွားဖုံးသွေးထွက်တာကိုလညး် ကုစားပေးနိုင်ပါတယ်။ ဆားရည်လိုပဲ ပလုတ်ကျင်းအသုံးပြုနိုင်ပါတယ်။ ဒါကိုအသုံးပြုဖို့ ရေအချိုးအစားတူနှင့်အတူ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ၃%ထည့်ရောမွှေပါ။ သတိထားရမှာက မျိုမချပါနဲ့။
၃။ လေးညှင်းပွင့် သို့မဟုတ် လေးညှင်းဆီ
လေးညှင်းက သဘာဝပိုးသတ်ဆေးဖြစ်တဲ့ eugenol ပါရှိတာကြောင့် ခေတ်အဆက်ဆက် သွားနာခြင်းကို ကုသခဲ့တာဖြစ်ပါတယ်။ သွားပေါ်မှာ လေးညှင်းမှုန့် ပမာဏအနည်းငယ်သိပ်ပြီး အသုံးပြုနိုင်သလို လေးညှင်းပွင့်အနည်းငယ်ကို ၀ါးခြင်းဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် လေးညှင်းဆီ ပမာဏနည်းနည်း(၂စက်ခန့်)ကို နာနေတဲ့ သွားပေါ်မှာ အစက်ချပြီးလည်း သုံးနိုင်ပါတယ်။
၄။ ရေခဲကပ်ပါ
အအေးကပ်တာက သင်တွေ့ကြုံနေရတဲ့ ဘယ်နာကျင်မှုကိုမဆို ထိရောက်ပါတယ်။ ပလတ်စတစ်အိတ်တစ်ခုထဲမှာ ရေခဲထည့်ပြီး သို့မဟုတ် ရေခဲအိတ်တစ်ခုသုံးပြီး အဝတ်ပါးတစ်ခုဖြင့် ထုပ်ပိုးပါ။ ထိုရေခဲထုပ်ကို သွားနာနေတဲ့ နေရာပေါ်မှာ အာရုံကြောတွေထုံသွားအောင် ၁၅မိနစ်လောက် ကပ်ထားပေးပါ။ ဒါက ရောင်ရမ်းခြင်းနှင့် နာကျင်မှုကို လျော့နည်းစေပါတယ်။
၅။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ ၎င်း၏ဆေးဘက်ဝင် ဂုဏ်သတ္တိများကြောင့် လူသိများ အသုံးများပါတယ်။ ဒါက နာကျင်မှုကို ပျောက်စေပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေပါတယ်။ ကြက်သွန်ဖြူကို ညှက်အောင်ထောင်းပြီး နာနေတဲ့ သွားပေါ်မှာ သိပ်ထားခြင်း၊ ဒါမှမဟုတ် ဖြည်းဖြည်းချင်း ၀ါးနိုင်ပါတယ်။ နာကျင်မှုကို ပျောက်တဲ့အထိ ရက်အနည်းငယ်တော့ ဒီသဘာဝကုသမှုကို ပြုလုပ်ပေးရပါမယ်။
၆။ မာလကာရွက်
မာလကာရွက်ဟာ ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး antimicrobial ဖြစ်ကြပါတယ်။ သူတို့ဟာ သွားနာတာကို သက်သာစေယုံသာမက ပါးစပ်အနာနှင့် သွားဖုံးရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ မာလကာရွက် ၂ရွက်လောက်ကို အရည်ထွက်တဲ့အထိ ၀ါးပေးခြင်း သို့မဟုတ် မာလာရွက်အနည်းငယ်ကို ပြုတ်ပြီး အအေးခံပါ။ ထိုမာလကာရွက်ပြုတ်ရည်ထဲကို ပင်လယ်ဆားဖြူးပြီး ပလုတ်ကျင်းရေအဖြစ် သုံးနိုင်ပါတယ်။
၇။ ဂျုံမြက်နု
ဂျုံမြက်နုသည် သွားယိုယွင်းခြင်းနှင့် နာကျင်မှုကို တားဆီးပေးတဲ့ antibacterial ဂုဏ်သတ္တိရှိပါတယ်။ သွားနာတဲ့အခါ ဂျုံမြက်နုရွက်ကို တိုက်ရိုက်ဝါးခြင်း သို့မဟုတ် ၎င်းရဲ့အရည်ကို ပလုတ်ကျင်းရည်အဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါက သွားဖုံးကနေ အဆိပ်တွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယား ရှင်သန်မှုကို လျော့ကျစေပါတယ်။
၈။ ကြက်သွန်နီ
ကြက်သွန်နီဟာ ကူးစက်ရောဂါတွေအတွက် ပိုးမွှားတွေကို ပစ်မှတ်ထားတာကြောင့် photochemicals ပါရှိပါတယ်။ နာကျင်မှုကို ပျောက်ကင်းစေနိုင်ပါတယ်။
အသုံးပြုဖို့ ကြက်သွန်နီ တစ်စိတ်ကို နာကျင်နေတဲ့ သွားဘက်မှာ အရည်ထွက်တဲ့အထိ ၀ါးပေးပါ။ ၀ါးဖို့ နာကျင်မှုက ပြင်းထန်လွန်းနေတယ်ဆိုရင် နာနေတဲ့သွားပေါ်မှာ ထောင်းထားတဲ့ ကြက်သွန်ဖက်တွေကို အုံထားပေးနိုင်ပါတယ်။
ဒီဆောင်းပါးဆေးနညး်လေးတွေကို ဖတ်ပြီး သင့်ရဲ့အမြင်လေးတွေကို မျှဝေနိုင်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-brightside
LEAVE A REPLY
Please enter your comment!
Please enter your name here